Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 25, 2018

ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် Volunteer Teacher လုပ်ကိုင်ပေးနေသူကို တောင်ကုတ်တွင် ဖမ်းဆီးထိန်းသိမ်း

ဆရာမ မလှဖြူ  စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခံရစဉ်။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် Volunteer Teacher လုပ်ကိုင်ပေးနေသူကို တောင်ကုတ်တွင် ဖမ်းဆီးထိန်းသိမ်း။

တောင်ကုတ်။       ၂၀၁၈ ခု  မေလ ၂၃ ရက် ၂၁း ၁၀ ချိန်တွင်  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှ ကျောက်ဖြူ -တောင်ကုတ်-ရန်ကုန် ကားလမ်းအတိုင်းမောင်းနှင်လာသော ယာဉ်အမှတ် 6L 3391 ရွှေအောင်လံ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ဆရာမ မရော်မီ(ခ) မလှဖြူ  (ဘ) ဦး ဇော်ဘော် ၂၃ နှစ်၊ အစ္စလာမ် ဘာသာ၊ ပထမနှစ် မြန်မာစာအထူးပြု ( ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည်စခန်း ) နေသူအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ပါသည်။

၎င်းသည် ကျောက်တလုံးဒုက္ခသည်စခန်းတွင်  စေတနာ့ သင်ဆရာ [Volunteer Teacher] အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၂၀၁၈ မေ ၂၃ရက် မနက်ပိုင်းတွင် ကျောက်ဖြူမှ ရမ်းဗြဲသို့ လိုင်းကားစီး၍ လည်းကောင်း၊ ရမ်းဗြဲမှ တောင်ကုတ်သို့ ရွှေပြည်တန်ရေယာဉ်ဖြင့်လည်းကောင်း တောင်ကုတ် ကားဝန်းမှ ရွှေအောင်လံ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါစဉ် စစ်ဆေး ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းနှင့် လဝက အက်ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ဇော်မင်းထိုက်


[FB- Zaw Min Htike]

No comments:

Post a Comment