Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 13, 2018

ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ဖခင် အာဘီ စီနာဟ်


Ibn Sina : FB

ခေတ်သစ်ဆေးသိပ္ပံပညာ၏ဖခင် အဘီစီနာဟ်


Ibn Sina သည် ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ အနောက်တိုင်းတွင် Avicenna နာမည်ဖြင့် ထင်ရှားသည်။ သူ့ နာမည်ရင်းမှာ Abu-Ali Al-Husain Ibn Abdullah ibn Sina ဖြစ်သည်။ သူသည် ပါရှန်လူမျိုး တစ်ယောက်ဖြစ်ပြီး မွတ်စလင်ကမ္ဘာနှင့် အလယ်ခေတ် ဥရောပမှာ သြဇာရှိခဲ့သူဆိုလဲ မှားမည်မဟုတ်ချေ။ Uzbekistan နိုင်ငံ၊ Bukhara မြို့တွင် အေဒီ ၉၈၀ခန့်မှာ မွေးဖွားသန့်စင်ခဲ့သည်။ အေဒီ ၁၀၃၇ တွင် အီရန်နိုင်ငံ Hamadan မြို့တွင် ကွယ်လွန်ခဲ့သည်။ 

သူသည် ဂရိ နှင့် မွတ်စလင်တို့၏ အတွေးအခေါ်နှင့် တက္ကဗေဒပညာတွေကို လေ့လာသင်ယူခဲ့သည်။ အသက် ၁၆နှစ် အရွယ်တွင် ဆေးပညာကိုလေ့လာရင်းပင် ဥပဒေရေး အငြင်းပွားမှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။ အသက်၁၈နှစ်မှာတောင် ထူးချွန်သောဆေးပညာရှင်ဖြစ်နေပါပြီ။ ထို့နောက် ကျမ်းစာအုပ် ပေါင်းများစွာကို ရေးသားပြုစုခဲ့သည်။ သူ့အား သမိုင်းတွင် Prince of Physicians (သမားတော်အပေါင်း ၏ မင်းသား) ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။ 

သူသည် ဆေးပညာကို အချိန်တိုအတွင်း တက်မြောက်ခဲ့၍ ထူးချွန်သော သမားတော်ကြီးများကပင် သူ့ထံလာရောက် ပညာဆည်းပူးရသည်အထိ ပေါက်မြောက်လာခဲ့သည်။ လူနာများကို ကိုယ်တိုင် ကိုယ်ကျ ကုသရင်း လက်တွေ့အသုံးချဆေးပညာကို တတ်ကျွမ်းလာခဲ့သည်။ သူသည် အခက်ခဲကြုံလာသည့်အခါမျိုးတွင် ဗလီဝတ်ပြုကျောင်းတော်သို့ သွားရောက်ကာ ဖန်ဆင်းရှင်ထံ ဆုတောင်းလေ့ရှိသည်။ သူသည် ကျမ်းပေါင်း ၄၅၀ ခန့် ပြုစုခဲ့သည်။ သူပြုစုခဲ့သည့်  "ကိသာဗုရှ်ရှိဖာ (The Book of Healing)" ကျမ်းသည် ကမ္ဘာ့သမိုင်းတွင် ပုဂ္ဂိုလ်တစ်ဦးတည်းက ရေးသားပြုစုခဲ့သည့် ကျမ်းများအနက် အရှည်လျားဆုံး၊ အထူကဲဆုံးကျမ်းဖြစ်သည်သာမက သီအိုရီပိုင်း နှင့်လက်တွေ့ပိုင်း နှစ်ပိုင်းစလုံးပါဝင်သော စွယ်စုံကျမ်းကြီးဖြစ်ပေသည်။ 

The Canon of Medicine ကျမ်းသည်လည်း သူ၏ထင်ရှားသောလက်ရာမွန် ဖြစ်ပါသည်။ ဤစာအုပ်သည် ဆေးကျမ်းကြီးဖြစ်ပြီး ဥရောပမှာ အလွန်နာမည်ကြီးခဲ့လေသည်။ လက်တင်ဘာသာစကားဖြင့် ပြန်ဆို၍ ဥရောပတက္ကသိုလ်များတွင် သင်ပြပို့ချခဲ့သည်။ ဆေးပညာရပ်၏ ပင်မ မှီငြမ်းကျမ်းကြီးဟု ဆိုလျှင်လည်း မမှားချေ။ သူ့အား ခေတ်သစ်ဆေးသိပ္ပံပညာ၏ ဖခင်ကြီး (Father of Modern Medicine) ဟု နောင်ခေတ်ပညာရှင်တို့က ခေါ်ဆိုခဲ့ကြသည်။ ထို့ပြင်  The 100 Most Influential Scientists of All Time ကမ္ဘာ့သမိုင်းတွင် အလွှမ်းမိုးဆုံးသော သိပ္ပံပညာရှင် (၁၀၀) စာရင်းတွင် သူ့ကို ထည့်သွင်းဖော်ပြထားသည်။ 

သူသည် ဆေးပညာရပ်တစ်ခုတည်းမှာ မဟုတ်ဘဲ အခြားသိပ္ပံပညာရပ်များတွင်လည်း ထူးချွန်သည်။ ဘူမိဗေဒဆိုင်ရာ ကျမ်းတစ်ကျမ်းကိုလည်း ပြုစုခဲ့သေးသည်။ ထိုကျမ်းသည် ဘူမိဗေဒ ပညာရပ်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ဖော်ပြထားသည့် ကမ္ဘာ့ပထမဦးဆုံးကျမ်းဖြစ်ကြောင်း ပညာရှင်များက အတည်ပြုသည်။ Father of Geology (ဘူမိဗေဒ၏ ဖခင်ကြီး) ဟုခေါ်ဆိုရန် ထိုက်တန် သည်ဟု The History of Clinical Endocrinology: A Comprehensive Account of Endocrinology from the Earliest Times to the Present Day တွင် ဖော်ပြထားသည်။ သူ့ကို ဂုဏ်ပြုသောအားဖြင့် နေစကြ၀ဠာရှိ ဂြိုဟ်သိမ်ဂြိုလ်မွှား အမှတ် (၂၇၅၅) အား Avicenna ဟူ၍ ပေးထားကြောင်း Dictionary of Minor Planet Names, Volume 1 တွင် ဖော်ပြထားသည်။ 🔬

Source - Internet

No comments:

Post a Comment