By Min_Zay_Yar_Ko |
ဂိုဏ်းဆရာတစ်ယောက်သည် ခရီးသွားရင်း လမ်းတွင် ခရီးကြုံ လိုက်သူ အမျိုးသမီးငယ်တစ်ဦးကို ကားကြုံ တင်ခေါ်လာသည်။
ညအမှောင်ကလည်းဖြစ်နေ၊ အမျိုးသမီးငယ်၏ ၀တ်စား ဆင်ယင်ထားပုံတို့ကြောင့် ဂိုဏ်းဆရာ မရိုးမရွ ဖြစ်လာလေသည်။
သို့နှင့် ကားမောင်းရင်း အမျိုးသမီးငယ်၏ ပေါင်ကို မတော်တဆ ဂီယာချော်ထိုးမိသလို ကိုင်မိလိုက်သည်။
ထိုအခါ ...
အမျိုးသမီးငယ်က “ဆရာ၊ ကျင့်စဉ် အမှတ် (၁၂၉)ကို သတိပြု ဆင်ခြင်ပါ” ဟု ဆိုလိုက်သည်။
ဂိုဏ်းဆရာလည်း သတိဝင်လာပြီး လက်ကို ရုတ်လိုက်လေသည်၊ သို့သော်လည်း ခဏအကြာတွင်
နောက်တကြိမ် မတော်တဆလိုလိုနှင့် အမျိုးသမီးငယ်၏ပေါင်ကို ထိကိုင်မိပြန်သည်။
ထိုအခါ ...
အမျိုးသမီးငယ်က “ဆရာ၊ ကျင့်စဉ်အမှတ် (၁၂၉)ကို သတိပြု ဆင်ခြင်ပါ” ဟု ထပ်မံသတိပေးလေသည်။
ဂိုဏ်းဆရာလည်း ...
စိတ်မကောင်းဖြစ်သွားပြီး စိတ်မရှိပါနဲ့ဗျာ၊ လူ့စိတ်ဆိုတာ ထိန်းချူ ပ်ရခက်လို့ပါဗျာ ဟု #တောင်းပန်ပြီးလျှင် လက်ကို ရုတ်လိုက်သည်။
သို့နှင့် ... များမကြာမှီ ...
မြို့သို့ ပြန်လည်ရောက်ရှိလာကြရာ အမျိုးသမီးကို နှုတ်ဆက်ပြီး အိမ်သို့အမြန်ပြန်လေ၏။
အိမ်ရောက်သော အခါ ကျင့်စဉ်စာအုပ်ကို အမြန်ရှာဖွေပြီး ကျင့်စဉ်အမှတ်(၁၂၉)ကို လှန်ကြည့်ရာတွင်
ယ ခု လို ... မိန့် ဆို ထား လေ သည်။
“ေ နာ က် မ ဆု တ် ပဲ ကြိုး စား ပါ ၊ေ အာ င် မြ င် မှု ကို ရ လိ မ့် မ ည် ။”
(သင်ခန်းစာ ။ ။ မိမိနှင့် သက်ဆိုင်သည့်ဘာသာရပ်ကို မနှံ့စပ်လျှင် အခွင့်အရေးများ ဆုံးရှုံးနိုင်သည်။)😁😁
⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵⛵
No comments:
Post a Comment