Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 9, 2021

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။

သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။

ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့

အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း

နာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ

ထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး

အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။

၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ

နာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး

ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်

ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့

ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။


ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ

*********

၁။ Mask မတ်(စ်)တပ်ပါ။

၂။ လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ဆေးပါ။

၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။

၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။

၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဥ်ပါ။

၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။


ကြိုတင်ပြင်ဆင်မှုများ

************

၁။ ကိုယ်ခံအားကောင်းစေမည့် အစားအသောက်ကိုစားပါ။

၂။ အိပ်ရေးဝဝအိပ်ပါ။

၃။ Vit.C ကြွယ်ဝသော အစားအစာ စားပါ။ (သို့) Vit.C 100mg တနေ့တလုံးသောက်ပါ။

၄။ Zinc ပါသောအားဆေး မှီဝဲပါ။

၅။ မိမိအိမ်တွင်း ကိုယ်လက်လှုပ်ရှား အားကစား တနေ့အနည်းဆုံး မိနစ် ၂၀ ခန့်ပြုလုပ်ပါ။

၆။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပါ။ ပြုလုပ်နည်းကို Google တွင်ရှာပါ။

၇။ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်သော မိမိကြိုက်နှစ်သက်သည့် စာဖတ်ပါ။ (သို့) တရားထိုင်ပါ။

———————————————————


# Covid အတွက် ဆောင်ထားရမည့်ဆေးများကို ဤ post တွင် တစုတစည်းတည်းရှိနေစေရန် အောက်ပါစာများအား Hello Dr. မှကူးယူဖော်ပြပါသည်။


Covid အတွက် ဘာဆေးတွေ ဆောင် ထားမလဲ။


▶ ဖျားလျှင်

Paracetamol 500mg [မနက် နေ့ ည]

▶ ကိုယ်လက် ကိုက်ခဲလျှင်

Paracetamol 500mg [မနက် နေ့ ည]

သို့မဟုတ်

Aclofenac 100mg [မနက် ည (အစာစားပြီး သောက်ပါ)]

▶ နှာရည် ယိုလျှင်

Cetrizine [မနက် ည]

▶ ချောင်းဆိုးလျှင်

Presco [မနက် နေ့ ည]

▶ သလိပ်ရလျှင် ၊ လည်ချောင်းနာလျှင်

Amoxicillun 500mg ၂ ကတ် [မနက် နေ့ ည ၇ ရက်]

သို့မဟုတ်

Azithromycin 250 mg [မနကျ ည ၃ရကျ]

နှင့်

Strepsil or Degirol or Mybacin ငုံဆေးပြား[မနက် နေ့ ည]

▶ ဝမ်းလျှောလျှင်

ဓာတ်ဆား တိုက်ပါ။

▶ အန်လျှင်

Dimperidone 10mg [မနက် နေ့ ည

အစာမစားမီ နာရီဝက် ခန့် ကြို သောက်ပါ]


Cevit ၁၀လုံး [မနက် ည]

(တတ်နိုင်လျှင် Vitacee or Enervon C တရက် တလုံးသောက်ပါ)

အားဆေး တရက် တလုံး

Supravit, Zincovit, Becozinc, Nutrivita

Revicon max

(ကို​ယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ)


အစားအကုန်စားပါ။ 

ဝအောင်အိပ်ပါ။

စိတ်ကို ကြံ့ခိုင်အောင်ထား။

Mask တပ်ပါ။

မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့။


#Credit_to_owner

No comments:

Post a Comment