Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 3, 2021

အဂၤလိပ္ သန္းေခါင္စာရင္းမွတ္တမ္းမွာ ႐ိုဟင္ဂ်ာ ဆိုတ့ဲနာမည္ ဘယ္လို ေပ်ာက္ေနသလဲ


အဂၤလိပ္သန္းေခါင္စာရင္းမွတ္တမ္းမွာ ႐ိုဟင္ဂ်ာ ဆိုတ့ဲနာမည္ ဘယ္လို ေပ်ာက္ေနသလဲ


အဂၤလိပ္ကိုလိုနီေခတ္မွာ အဲ့ဒီ -နာမည္ ဘာေၾကာင့္ ေပ်ာက္ကြယ္ေနခဲ့သလဲ။ ၁၇၉၉ က မွတ္တမ္းေတြမွာေတာင္ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ရိွေနတယ္။ ကိုလိုနီေနာက္ပိုင္း မွတ္တမ္းေတြမွာလည္း ႐ိုဟင္ဂ်ာ ဆိုတဲ့ နာမည္ရိွေနတယ္။ ၿဗိတိသွ်သန္းေခါင္းစာရင္းမွာက်ေတာ့ ဘယ္လို ေပ်ာက္ေနသလဲ။

ဒီေမးခြန္းရဲ႕ အေျဖက သမိုင္းေလ့လာသူတိုင္း အတပ္သိၾကတယ္။ ဒီလိုျဖစ္ရျခင္းရဲ႕ ေနာက္ကြယ္က အေျခအေန ႏွစ္ရပ္ရိွတယ္။ ပထမတစ္ခ်က္ကေတာ့ အေနာက္တိုင္းယဥ္ေက်းမႈနဲ႔ အဂၤလိပ္ဘာသာစကား ပ်ံ႕ႏွံ႔ေအာင္ ေဆာင္ရြက္ခဲ့တဲ့ ၿဗိတိသွ်တို႔ရဲ႕ ေပၚလစီ ျဖစ္တယ္။ ၿဗိတိသွ်ေတြဟာ နယ္ေျမေတြ က်ဴးေက်ာ္သိမ္းပိုက္တာနဲ႔ တစ္ၿပိဳင္တည္း သူတို႔ရဲ႕ စာေပယဥ္ေက်းမႈ၊ ဘာသာစကားေတြကိုပါ ပ်ံ႕ႏွံ႔ေအာင္ ဒြန္တြဲေဆာင္ရြက္ခဲ့တယ္။ လက္ေအာက္ခံသိမ္းထားတဲ့ ႏိုင္ငံေတြရဲ႕ ႐ံုးသံုးစကားေတြ၊ ေနရာေဒရဲ႕ နာမည္ေတြ ေျပာင္းေပးလိုက္ၾကတယ္။ 

ဒါနဲ႔ ဗမာျပည္မွာလဲ လူမ်ဳိး အမ်ားစုရဲ႕ နာမည္၊ ေဒသနာမည္၊ လမ္းပန္းနာမည္ေတြကို အဂၤလိပ္ဟန္နဲ႔ ေခၚခဲ့ၾကတာ အလံုးအသိပါပဲ။ ဒီအတိုင္းပဲ ႐ိုဟင္ဂ်ာ ဆိုတဲ့နာမည္ကလဲ အဲ့ဒီကိုလိုနီေပၚလစီရဲ႕ ဓားစားခံျဖစ္သြားခဲ့တာပဲ။ ဒါက ဒီနာမယ္ တစ္ခုတည္း မဟုတ္ဘူး။ သူတို႔လက္ေအာင္ေရာက္ေနတဲ့ ကိုလိုနီနယ္ေျမ တိုင္းမွာ က်င့္သုံးခဲ့တဲ့မူ တစ္ခုျဖစ္တယ္။ ျမန္မာျပည္မွာလည္း  အမ်ားႀကီးေျပာင္းလဲခဲ့တာ ရိွတယ္။ အဲဒီတုန္းက ရခိုင္ျပည္ရဲ႕နာမည္ကို အေနာက္ႏိုင္ငံသားေတြက အာရကန္နဲ႔ပဲ သိတာမ်ားတယ္။ အဂၤလိပ္တို႔ကလည္း အာရကန္ လို႔ပဲ ေခၚၾကတာကိုး။ ဒီေတာ့ အာရကန္ျပည္သူေတြကို အာရကာနိစ္ လို႔ သူတို႔ဟန္နဲ႔ သံုးႏႈန္းခဲ့တယ္။ အင္းဝသားေတြကိုလည္း ဗားမစ္လို႔ သံုးၾကတယ္မဟုတ္လား။ အိႏၵိယက ျပည္သူေတြကိုလည္း "ဘားရတီ၊ ဟင္ဒိုစ္တာနီ" လို႔မသံုးဘဲ အိႏၵိယန္လို႔ အဂၤလိပ္မူနဲ႔ သံုးၾကတာပါ။ အာရကန္မွာလည္း ဒီမူကို သံုးခဲ့တာေပါ့။ ၿပီးေတာ့ အာရကန္ျပည္ရိွ မြတ္စလင္ႏွင့္ ဗုဒၶဘာသာဝင္ေတြကို ခြဲျခား ေဖာ္ျပဖို႔အတြက္ အိစၥလာမ္ဘာသာကို မိုဟာေမဒင္၊ မြတ္စလင္ ဟုလည္းေကာင္း၊ ဗုဒၶဘာသာဝင္ေတြကို ဗုဒိစ္ ဟုလည္းေကာင္း ခြဲျခားသံုးႏႈန္းၾကတာ ျဖစ္တယ္။ 

ဒုတိယအခ်က္ကေတာ့ ကိုလိုနီအစိုးရက မဟာဗ်ဴဟာအျဖစ္သံုးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင္းျပည္တစ္ျပည္ရဲ႕အင္အားျဖစ္တဲ့ ျပည္သူ႕စည္းလံုးညီၫႊတ္မႈကို ပ်က္ျပားသြားေအာင္ ႀကံစည္ၿပီးေတာ့ အုပ္ခ်ဳပ္တဲ့စနစ္တစ္ခုေပါ့။ ဒါမွသာလွ်င္ သူတို႔ရဲ႕ မတရားအုပ္ခ်ဳပ္ေရးဟာ အသက္ရွည္ေတာ့တာ။ ဒီေပၚလစီကို မသိတသိ ထည့္သြင္းလိုက္လို႔ စာေပ၊ ယဥ္ေက်းမႈ၊ ဓေလ့ထံုးစံ ႏွင့္ အိုင္ဒန္တီတီ ကိုပါ အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္သြားေအာင္ မြဲေႏွာက္လိုက္တာပါပဲ။ အရာကိစၥတိုင္းမွာ အဂၤလိပ္မူ၊ အဂၤလိပ္ဟန္ေတြကို ထိုးသြင္းေပးလိုက္တာပါပဲ။ ႏိုင္ငံသားေတြရဲ႕ နာမည္ေတြ၊ တိုင္းျပည္ေတြရဲ႕ အမည္နာမေတြကို သူတို႔အလိုအတိုင္း မွည့္ေခၚခဲ့တယ္။ 

အဲ့လို စနစ္ဆိုးေတြရဲ႕ ၾကားညႇပ္ခံရေသာ ႐ိုဟင္ဂ်ာတို႔လည္း နစ္နာခဲ့တာခ်ည္းပဲ။ သူတို႔ ေခၚေနက် နာမည္ကို မေခၚဘဲ အဂၤလိပ္ဟန္နဲ႔ အာရ္ကာနိစ္လို႔ ျပင္လိုက္တယ္။ အဲ့မွာတစ္ခါ ထပ္ၿပီး ခြဲျခားလာေအာင္ အာရ္ကာနိစ္ မိုဟာေမဒင္၊ မူစလင္၊  အာရ္ကာနိစ္ ဗုဒီၶစ္၊ ေမာ့ဂ္ တို႔ ေခၚေဝၚ ကြဲျပားလာတယ္။ ဒီေလာက္နဲ႔ မဝေသးဘူး။ ျပန္တစ္ခါ ထပ္ခြဲတယ္။ အိႏၵီယန္တို႔၊ စစ္တေကာင္နီယန္တို႔၊ ပါထန္၊ ဘီဟာရီတို႔ စသည္ျဖင့္ အာရ္ကန္ျပည္ရဲ႕ စည္းလံုးညီညြတ္မႈတည္းဟူေသာ အားအင္ကို စနစ္တက် ႐ိုက္ခ်ဳိးခဲ့တယ္။ 

ဒီလိုနဲ႔ ႐ိုဟင္ဂ်ာ ဆိုတဲ့ နာမည္ဟာ အဲ့ဒီေခတ္က အဂၤလိပ္မွတ္တမ္းမွာပဲ ေပ်ာက္ေနတာ ျဖစ္တယ္။ အဲ့ေခတ္မွာ ေဒသခံေတြက ေရးသားခဲ့တဲ့ တျခား စာအုပ္စာေပေတြ၊ ကဗ်ာ၊ ေတးသီခ်င္းေတြမွာကား ရိွေနေသးတယ္။ အူရ္ဒူစာနဲ႔ ေရးထားတဲ့ သမိုင္းေတြမွတ္တမ္းေတြရိွတယ္။ အဲ့ဒီမွာၾကည့္ပါ။ ႐ိုဟင္ဂ်ာနာမည္ဟာ ထင္ထင္ရွားရွား ေတြ႕ရပါလိမ့္မယ္။ အထူးအဆန္းလို႔ ထင္ေနတဲ့ ဒီနာမည္က ေဒသခံေတြ ေခတ္အဆက္ဆက္ သံုးလာခဲ့တဲ့ နာမည္တစ္ခု ျဖစ္တယ္။ ၿပီးေတာ့ ရြာနာမည္၊ ေဒသနာမည္ ေတြလဲ ယေန႔ထက္ထိ ရိွေနတယ္။ 

႐ိုဟင္ဂ်ာ မရိွဘူးလို႔ စြပ္စြဲေနတဲ့ သူတခ်ဳိ႕က အထက္ေဖာ္ျပပါ အခ်က္အလက္ေတြကိုလည္း မစဥ္းစားသင့္ဘူးလား။ ၿဗိတိသွ် သန္းေခါင္စာရင္းမွာ မပါလို႔ ႐ိုဟင္ဂ်ာမရိွဘူး မ်က္စိပိတ္ယံုလိုက္ရင္ သမိုင္းမသိသူ ဒါမွမဟုတ္ မသိခ်င္သူ ဒါမွမဟုတ္ သိလ်က္နဲ႔ ဖံုးကြယ္ထားသူသာ ျဖစ္သြားလိမ့္မယ္။ အမွန္တရားကို ျမတ္ႏိုးရင္ေတာ့ နက္နက္နဲနဲ စူးစမ္းေလ့လာၾကည့္ၿပီးေတာ့မွ မွတ္ခ်က္ေပးသင့္တယ္။

—©RK


#Unicode

အင်္ဂလိပ်သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ က မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်းစာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့အောင် ဒွန်တွဲဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေရဲ့ နာမည်တွေ ပြောင်းပေးလိုက်ကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ သူတို့ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးကြတာပါ။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြား ဖော်ပြဖို့အတွက် အိစ္စလာမ်ဘာသာကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရ်ကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြား စာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။

—©RK








No comments:

Post a Comment