Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 13, 2021

မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား


မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

( ၆ မေ ၁၆၅၈ - ၁၆၉၂ ဖြဈရပ်)

၁၇ ရာစုက ဘင်္ဂလားနှင့် သြရိဿပြည်နယ်တို့၏ ဘုရင်ခံ ရှားရှူးဂှားမှာ မဂိုဘုရင် ရှားဂျဟန်နှင့် မိဖုရား မွန်တပ်ချ်မဟာတို့၏ ဒုတိယသား ဖြစ်သည်။ မဂိုတို့သည် အိန္ဒိယကျွန်းဆွယ် တစ်ခုလုံးနီးပါး ကျယ်ပြန့်လှသည့် အင်ပါယာကြီးကို စိုးမိုးအုပ်ချုပ်သူများ ဖြစ်ကြသည်။ မူလက အာရှအလယ်ပိုင်း၌ နေထိုင်ကြသူများ ဖြစ်ပြီး တမ်မာလိန်း (ဆာမာကန်ဒေသကို အုပ်စိုးခဲ့သည့် ကြီးကျယ်ထင်ရှားသော စစ်ဘုရင်)မှ ဆင်းသက်သည့် ဂျင်ဂျစ်ခန် စသော မွန်ဂိုမင်းဆက်အနွယ်များဟု ဆိုကြသည်။ ပထမဆုံး မဂိုဘုရင် အာသာက ၁၅၂၆ ခုနစ်တွင် ဒေလီကို သိမ်းပိုက်ခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်ရာ ဂင်္ဂါလွင်ပြင် တစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်ခဲ့သည်။ ၁၆၁၂ ခုနစ်တွင် ကျန်ရှိနေသေးသော အာဖဂန်နှင့် ဟိန္ဒူများ ရှိရာ အရှေ့ပိုင်း ဘင်္ဂလားပြည်နယ်၏ ခုခံမှုများကို အပြီးသတ် ချေမှုန်းနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်စပ် ရွှံ့နွံတောကို ရောက်မှသာ စစ်ရပ်တော့သည်။ ဘင်္ဂလားစူလတန် မရှိတော့ဘဲ မဂိုပိုင် ဘင်္ဂလားနယ်သည် မြောက်ဦး၏ အိမ်နီးချင်းတိုင်းပြည် ဖြစ်လာသည်။

ရှာရှူးဂျားသည် ပထမတန်းစား စစ်သည်တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် စစ်ပွဲများစွာတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဘုရင်ခံဘဝတွင် ဒေသအုပ်ချုပ်ရေးကို နှစ်ကြိမ်တိုင် စွန့်ခွာကာ အနောက်မြောက်ပိုင်းဒေသ၊ ခိုင်ဘာတောင်ကြားလမ်း တစ်လျှောက်ရှိ အာဖဂန်သူပုန်များကို ဦးဆောင်တိုက်ခိုက်ခဲ့သည်။ မဂိုမင်းမျိုးမင်းနွယ် ပီသစွာ ရှားရှူးဂျားသည် အတတ်ပညာ ကောင်းစွာ ကျွမ်းကျင်သူ ဖြစ်သည်။ အနုပညာကို တန်ဖိုးထားကာ ယဉ်ကျေးရည်မွန်သူလည်း ဖြစ်သည်။ သူ၏ နန်းတော်တွင် ထူးချွန်ပြောင်မြောက်သော ပါရှင်းကဗျာဆရာများ၊ စာပေကျမ်းတတ် ပညာရှင်များနှင့် ပြည့်စုံနေသည်။ မြောက်ပိုင်းမှ ကမ်မာဂူပနယ်နှင့် ကွတ်ချ်ဘီဟာနယ်၏ လက်အောက်ခံ ပြည်နယ်ငယ်တို့နှင့် ရံဖန်ရံခါ နယ်စပ်တိုက်ပွဲ အသေးအဖွဲလေးများ ဆင်နွှဲရသည်မှအပ ဘင်္ဂလားပြည်နယ်မှာ အများအားဖြင့် အေးချမ်းနေသည်။ ဒေသခံ နယ်ပယ်စားများကလည်း မဂိုဘုရင်မင်းမြတ်၏ မိသားစုဝင်တစ်ဦး ကိုယ်တိုင် သူတို့၏ အုပ်ချုပ်သူ ဖြစ်လာ၍ အရှိန်အဝါကို ရွံ့နေကြသည်။ ရှားရှူးဂျားသည် ဒက္ကား၌ ခမ်းနားသော အဆောက်အဦးများ ဆောက်လုပ်သည်။ ဘင်္ဂလားနယ်၏ ကြွယ်ဝမှုများကို ဝေစုရယူလိုကြသော အင်္ဂလိပ်နှင့် ဒတ်ချ်ကုန်သည်များကိုလည်း ဘုရင်ခံက ဖိတ်ခေါ်ကြိုဆိုခဲ့သည်။

၁၆၅၇ ခုနစ် ဆောင်းဦးပေါက်တွင် ရှားဂျဟန်ဘုရင်ကြီး မမာမကျန်း ဖြစ်သည်။ ဘုရင်ကြီး နတ်ရွာစံပြီ၊ သားတော်ကြီး ဒါရာရှိကိုးမင်းသားက မိမိ ထီးနန်းသိမ်းပိုက်နိုင်ရန် အချိန်ရရေး အတွက် ဤသတင်းကို လျှို့ဝှက်ထားသည်ဟူသော ကောလဟာလများ ထွက်ပေါ်လာသည်။ ထိုအခါ ရှားရှူးဂျား အပါအဝင် အခြားမင်းသား သုံးပါးက ဒေလီသို့ ချီတက်လာကြသည်။ သွေးထွက်သံယို စစ်ပွဲများစွာ ဖြစ်ပွားပြီးသောအခါ သြရန်ဇက်မင်းသားက အနိုင်ရသွားခဲ့သည်။ ဒါရာမင်းသား ကွပ်မျက်ခံရသည်။ ရှားရှူးဂျားမှာမူ သြရန်ဇက်၏ တပ်မှူးကြီး မားဂျမလား၏ လိုက်လံတိုက်ခိုက်မှုကြောင့် အရှေ့ဘက်သို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

၁၆၅၈ ခုနစ် မေလ ၆ ရက်နေ့တွင် ရှားရှူးဂျားသည် ပေါ်တူဂီသင်္ဘောတစ်စီးကို စီးကာ ဒက္ကာမှ ရခိုင်သို့ ထွက်ခွာလာခဲ့သည်။ ၈ ရက်အကြာတွင် ရခိုင်ဘုရင်၏ ကိုယ်စားလှယ်များနှင့် အဆက်အသွယ် ရလေသည်။ မူလအကြံအစည်မှာ ရခိုင်၌ ခေတ္တခဏခိုပြီး ဒက္ကာသို့ ခရီးဆက်ကာ၊ ထိုမှ ပါရှား သို့မဟုတ် ကွန်စတန်တီနိုပယ်မြို့သို့ သွားရောက်ရန် ဖြစ်သည်။ သို့သော မုတ်သုံရာသီ ဝင်လာပြီ ဖြစ်၍ ပင်လယ်ပြင်တွင် လှိုင်းလေကြမ်းသောကြောင့် ရခိုင်ဘုရင်ထံ ခေတ္တခိုလှုံခွင့်နှင့် နောက်ပိုင်း အနောက်ဘက်သို့ ခရီးဆက်ရန် လိုအပ်သော အကူအညီပေးရန် တောင်းခံခဲ့သည်။

အစတွင် ရှားရှူးဂျားအား ရခိုင်ဘုရင်က လိုလိုလားလား လက်ခံခဲ့သည်။ ထိုစဉ်က ရခိုင်ဘုရင်မှာ စန္ဒသုဓမ္မ ဖြစ်သည်။ မြို့တော်၏ ဆင်ခြေဖုံးတွင် ဧည့်သည်တော်၏ အဆင့်အတန်းနှင့် ကိုက်ညီစေမည့် အိမ်တော်သစ် ဆောက်လုပ်ကာ နေရာချထားပေးသည်။ မြောက်ဦးမှာ အထွဋ်အထိပ်ရောက်နေချိန် ဖြစ်သည့်တိုင် ရှားရှူးဂျားကဲ့သို့သော ထိုကာလက ကမ္ဘာတွင် အကြီးကျယ်ဆုံးသော အင်ပါယာ၏ တော်ဝင်မိသားစုဝင် မဂိုမျိုးနွယ် မင်းသားတစ်ပါး အတွက်မူ ခေတ်နောက်ကျ မဖွံ့ဖြိုးသော တောကျကျ နေရာသာ ဖြစ်ဖွယ်ရာ ရှိသည်။ ထို့ကြောင့် သူက ရခိုင်နန်းတွင်းနှင့် အဆက်အဆံမလုပ်ဘဲ ကင်းကင်း နေသည်။ ထိုအခါ စန္ဒသုဓမ္မ အတွက် မနှစ်မြို့စရာ ဖြစ်လာသည်။ အတူပါလာသည့် များပြားလှစွာသော ရတနာပစ္စည်းများကိုလည်း စန္ဒသုဓမ္မက မျက်စိကျနေသည်။ ထိုအချိန်တွင် သြရန်ဇက်၏ သံအဖွဲ့ ရောက်ရှိလာကာ ဝရမ်းပြေးကို ပြန်အပ်ပါက ထို့ထက် များပြားသော ကျောက်မျက်ရတနာများကို လက်ဆောင်ပေးအပ်မည်ဟု ကမ်းလှမ်းလာသည်။ အချိန်ဆွဲရင်း တရွေ့ရွေ့နှင့် ရှစ်လတိုင်တိုင် ကြာမြင့်သွားလေသည်။ စန္ဒသုဓမ္မသည် ရှားရှူးဂျားကို မဂိုဘုရင် သြရန်ဇက်ထံ မအပ်နှံသော်လည်း မြောက်ဦးမှ ထွက်သွားခွင့်လည်း မပေးခဲ့။ ချစ်စိတ်မွှန်နေသော ရခိုင်ဘုရင်က ရှားရှူးဂျား၏ အကြီးဆုံး သမီးတော် အမီနာကို လက်ထပ်ခွင့် တောင်းလေသည်။

သမီးတော်ကို ဤတောသားတစ်ပိုင်း ခေါင်းဆောင်နှင့် လက်ထပ်ပေးရေးမှာ တွေးလေလေ ရှားရှူးဂျား အတွက် အမျက်ထွက်ရလေ ဖြစ်သည်။ ထွက်ပြေးရန်လည်း အခွင့်မသာနေချေ။ ထိုသို့ဖြင့် ကြံမိကြံရာ ရခိုင်ဘုရင်ကို အာဏာသိမ်းရန် ရှားရှူးဂျား ဆုံးဖြတ်ခဲ့သည်။ သူနှင့် အတူပါလာသော စစ်သည်ကောင်း ၂၀၀ အပြင် ဒေသခံ မူဆလင်အုပ်စုထဲက တချို့ကလည်း သူ့ဖက်မှ ပါဝင်နိုင်လောက်သည်။ အကြံအစည်ကို လျှို့ဝှက်ထားသော်လည်း ရခိုင်ဘုရင်က အချိန်မီ သိရှိသွားလေသည်။ ထိုအခါ ရှားရှူးဂျား၏ နောက်လိုက်များကို အလျင်အမြန် ဖမ်းဆီးခဲ့သည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှု ရှိခဲ့ပြီး မြို့တော်၏ အချို့နေရာများတွင် မီးလောင်ခဲ့သော်လည်း စန္ဒသုဓမ္မက အလွယ်တကူပင် အသာရခဲ့သည်။ ရှားရှူးဂျားသည် လက်လွတ်ထွက်ပြေးကာ တောထဲတွင် ပုန်းအောင်းနေရသည်။ ရက်သတ္တပတ်များစွာ အကြာတွင် ဖမ်းဆီးရမိသွားပြီး ကွပ်မျက်ခံရသည်။ သူယူဆောင်ခဲ့သော ရွှေငွေပစ္စည်းများကို အရည်ကြိုပြီး နန်းတော်သို့ သယ်ဆောင်သွားခဲ့သည်။ အမီနာနှင့် အခြားမင်းသမီးများကို ရခိုင်ဘုရင်က သိမ်းပိုက်လိုက်သည်။ တစ်နှစ်အတွင်းပင် ပုန်ကုန်ရန် ကြံစည်သည်ဟု သံသယဖြင့် ကျန်ရှိသမျှ တော်ဝင်မိသားစုဝင် အားလုံးကို ကွပ်မျက်လိုက်သည်။ ကိုယ်ဝန်အရင့်အမာနှင့် အမီနာပင် အသတ်ခံရသည်။ ရှားရှူးဂျား၏ သားများမှာ ခေါင်းဖြတ်သတ်ခံရသည်။

ဤသတင်းကို ဒေလီမှ သိရသောအခါ မဂိုဘုရင် သြရန်ဇက် ကြီးစွာ အမျက်ထွက်တော့သည်။ ရှားရှူးဂျားနှင့် ကျန်သူများကို မိမိကိုယ်တိုင် သတ်လိုက သတ်မည်။ သို့သော် နိုင်ငံခြားတိုင်းပြည်မှ မင်းတစ်ပါးက မိမိသွေးသားကို ကွပ်မျက်သည်ကို သည်းမခံနိုင်။ ရခိုင်ဘုရင်ကို သင်ခန်းစာ ပေးရတော့မည်။ ရခိုင်၏ နာမည်ကြီးသည့် စစ်အင်အားကိုလည်း အကဲစမ်းလိုသည်။ သို့နှင့် ၁၆၆၅ ခုနစ်တွင် ရှာရစ္စတာခန် ဆိုသည့် မဂိုလူမျိုး ဘင်္ဂလားဘုရင်ခံသစ်က စစ်သင်္ဘော ၃၀၀၀ မျှ ပါဝင်သော ရေတပ်မကြီးကို ဦးဆောင်ကာ အရှေ့ဘက်ဆီ ရွက်လွှင့်လာတော့သည်။ သံဒွပ်ကျွန်းတွင် တပ်စွဲထားသော ရခိုင်တပ်များကို တိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘူဇာတ်ယူမစ်ခန်၏ အင်အား ၆၅၀၀ ရှိသော တပ်များကလည်း ကမ်းရိုးတန်းတစ်လျှောက် တိုက်ခိုက်လာခဲ့သည်။ စစ်တကောင်းကိုမူ တစ်နှစ်အကြာ ဝိုင်းရံလုပ်ကြံမှ မဂိုတို့ သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် အရှေ့ဘင်္ဂလားကို ရခိုင်တို့ နှစ်ပေါင်းတစ်ရာခန့် အုပ်ချုပ်စိုးပိုင်ထားမှု အဆုံးသတ်သွားတော့သည်။ ရခိုင်သား ၂၀၀၀ ခန့်ကို ကျွန်ဈေးတွင် ရောင်းချကာ ရခိုင်သင်္ဘော တစ်ရာကျော်ကိုလည်း သိမ်းဆည်းသွားခဲ့သည်။ မြောက်ဦးတပ်မှ ကြေးစားပေါ်တူဂီစစ်သား များစွာပင် ဘက်ပြောင်းသွားကြလေသည်။ ထိုသူများကို မဂိုတို့က သူတို့ပိုင်နက်အတွင်း အခြေချနေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းတို့၏ အဆက်အနွယ်များသည် ယနေ့အထိ ဖာရင်ဂီဘဇား ဟူသည့် အရပ်တွင် နေထိုင်ကြဆဲ ဖြစ်သည်။ ထိုအရပ်သည် ဒက္ကာမြို့၏ တောင်ဘက် ၁၂ မိုင် အကွာတွင် တည်ရှိသည်။

ရှားရှူးဂျား၏ နောက်လိုက်နောက်ပါ အချို့မှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည်။ မအောင်မြင်သော အာဏာလုပွဲ အပြီးတွင် အသတ်မခံရသူများကို ထိန်းသိမ်းကာ ရခိုင်ဘုရင်က လေးသည်တော်များ အဖြစ် အထူးနန်းစောင့်တပ် ဖွဲ့သည်။ ထိုတပ်ဖွဲ့ အိန္ဒိယမှ အသစ်ဝင်ရောက်လာသူများဖြင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာသည်။ ၁၆၉၂ ခုနစ်တွင် ထိုတပ်ဖွဲ့ကို အပြီးသတ် ဖျက်သိမ်းကာ ရမ်းဗြဲကျွန်းသို့ နယ်နှင်လိုက်သည်။ ၎င်းတို့၏ အဆက်အနွယ်များကို ယနေ့ခေတ်တွင် “ကမန်” ဟု သိကြသည်။ (ကမန် ဆိုသည်မှာ ပါရှားဘာသာဖြင့် လေး ဟု အဓိပ္ဗါယ်ရသည်။) ကမန်တို့သည် ရမ်းဗြဲကျွန်းတွင် သာမက ရခိုင်ပြည်နယ် အခြားဒေသများတွင်လည်း နေထိုင်ကြသည်။ ရခိုင်စကားကို ပြောလေ့ ရှိသော်လည်း သူတို့၏ ဘိုးဘေးဖြစ်သော အာဖဂန် သို့မဟုတ် ပါရှားတို့၏ သွင်ပြင်လက္ခဏာများလည်း ရှိနေသေးသည်။ (၎င်းတို့ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စုဝင်များထဲမှ တစ်ခု အဖြစ် အသိအမှတ် ပြုထားသည်။ မြန်မာတိုင်းရင်းသားအုပ်စုများတွင် မဂိုအင်ပါယာမှ ထွက်ပြေးလာသော မင်းသားတစ်ပါး၏ စစ်သည်အနွယ်အဆက်များာ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။)

မဂိုတပ်များ ကျူးကျော်ဖျက်ဆီးပြီးနောက်ပိုင်းတွင် ရခိုင်သည် ဘုရင်အုပ်ချုပ်သော နိုင်ငံတစ်ခု အဖြစ် ကောင်းစွာ မရပ်တည်နိုင်တော့ပေ။ ဘင်္ဂလားပြည်နယ်များကို ဝင်ရောက်စီးနင်းပြီး ကျွန်များ ဖမ်းယူနိုင်ချေလည်း မရှိတော့ပေ။ မဂိုတို့က ဒတ်ချ်သင်္ဘောများ ရခိုင်ကမ်းခြေသို့ မကပ်သာအောင် အသေအချာ စောင့်ကြပ်တားဆီးထားသည်။ ရခိုင်ပြည်နယ်၏ အခြားတစ်ဖက်တွင်လည်း ကာကွယ်ရေး အလုံအခြုံဖြင့် မြန်မာဘုရင်များ ရှိနေသည်။ ဒီဘရစ်တိုနှင့် အခြားသော စိန်ခေါ်မှုများကို ဖြေရှင်းဖယ်ရှားပြီး ဖြစ်ကာ ရခိုင်ကျူးကျော်မှု မရှိစေရန် အခိုင်အမာ ကာကွယ်ထားသည်။ ဤသို့ဖြင့် မြောက်ဦး၏ သြဇာအာဏာမှာ တဖြည်းဖြည်းချင်း ယုတ်လျော့သွားလေသည်။ ၁၈ ရာစု အစောပိုင်းတွင် ရခိုင်ကျေးလက်ဒေသများတွင် မင်းမဲ့ဝါဒနှင့် ပဋိပက္ခများစွာ ဖြစ်ပေါ်လျှက် ရှိသည်။ ဆယ်စုနှစ်များစွာ ပုံမှန် ငလျင်လှုပ်ခြင်းများလည်း ရှိနေသည်။ ကာလပျက်၏ အစဟု လူအများက အသိအမှတ် ပြုကြသည်။ ၁၇၆၁ ခုနစ်တွင် အကြီးအကျယ် ငလျင်လှုပ်ရာ ကမ်းရိုးတန်းတစ်ခုလုံး ငါးပေခန့် မြင့်တက်သွားခဲ့သည်။ ရခိုင်ထီးနန်း ပျက်စီးချိန် တန်လေပြီ။


..................................................................


The Indian Prince who fled to Mrauk-U

[6 May 1658 - 1692]


Shah Shuja, the Mughal viceroy of Bengal and Orissa in the middle years of the seventeenth century, was the second son of the emperor Shah Jehan and the empress Mumtaj Mahal. The Mughals were the new overlords of a vast Indian empire that stretched across nearly the entire subcontinent. Originally Central Asians, they claimed descent from Genghis Khan through Tamerlane, the great conquering warrior of Samarkand (and the Tamburlaine of Christopher Marlowe). The first Mughal emperor, Badur, had taken Delhi in 1526. From there he and his successors expanded east, soon establishing their authority over the entire Ganges Basin and by 1612 crushing the last remaining pockets of Afghan and Hindu resistance in eastern Bengal, stopping only at the swampy frontiers of Arakan. The Bengal sultanate was gone, and Mughal Bengal was Mrauk-U’s new neighbor.

Shah Shuja was a first-rate soldier. As a young prince he had taken part in many military campaigns, and even as viceroy he twice broke his tenure to travel to the northwest, where he led the fighting against Afghan rebels along the Khyber Pass. A typical Mughal aristocrat, Shah Shuja was also a man of considerable learning, cultured and polished, and his court was soon filled with appropriately refined Persian poets and scholars. There were minor border wars, against the kingdom of Kamarupa in the north and the small dependency of Cooch Behar, but otherwise Bengal was largely at peace, and the local zamindars seemed overawed by the presence of a member of the imperial family as their immediate overlord. Grand buildings were built at Dacca, and the English and Dutch traders eager for a share of Bengal’s riches were welcomed.

In the autumn of 1675 the emperor fell ill. Rumors spread that the emperor had in fact died but that his death was being kept secret by his eldest son, Prince Dara Shikoh, to give him time to secure his position on the throne. The other three senior princes – Shuja included – then began their march on Delhi. In the end, and after many bloody battles, it was Prince Aurangzeb who emerged victorius. Dara was captured and killed, and Shuja, pursued by an imperial army under Mir Jumla, decided to flee to the east.

On 6 May 1658 Shah Shuja boarded at Dacca a Portuguese ship headed for Arakan and eight days later made contact with representatives of the Arakanese king. His plan was to stay in Arakan for only a short while and then to proceed to Mecca and ultimately to Persia or Constantinople. But the monsoon rains were just beginning, and the seas were rough. He asked for asylum in Arakan and help in later making his way to the west.

Shah Shuja was at first warmly received by the king of Arakan, Sanda Thudamma, and a house was built for the princely guest on the outskirts of the city. Mrauk-U, even in its heyday, must have seemed like a provincial backwater to the scion of the one of the greatest imperial families in the world. He is said to have remained aloof from the Arakanese court, and this did little to enamor him to Sanda Thudamma, who presently cast an envious eye over the enormous treasure Shuja had brought with him. Even greater treasure was soon offered by Aurangzeb’s envoys for the new emperor’s fugitive brother. Weeks went by, and then months, eight months altogether. Sanda Thudamma did not hand over Shah Shuja to the Mughals. But neither did he allow him to leave. Instead the love-struck Arakanese monarch (even without advantage of a “damp cloth”) asked for the hand of Shah Shuja’s eldest daughter, the beautiful princess Ameena.

The thought of his daughter marrying this half-barbarian chief drove the hapless prince over the top. He couldn’t escape, and in his desperation Shah Shuja decided to try to seize power. He had two hundred good men with him and the support of at least some of the local Muslim community. But the plot could not be kept secret, and the king heard of it in time. Shuja’s followers were quickly rounded up. There was fighting, and parts of the city were set on fire, but Sanda Thudamma’s position was never in peril. Shuja managed to escape to the interior, hiding in the jungle for weeks before he was found and executed. The great treasure he had brought was melted down and brought into the palace. Ameena and the other princesses were taken into the king’s harem. Within a year the king suspected a plot against him and killed all the surviving members of the imperial family, including Ameena, who was said to be in an advanced stage of pregnancy. Her brothers were beheaded.

When the news reached Delhi, Aurangzeb was incensed. He would have killed Shuja and the rest himself, but he couldn’t tolerate the idea of some distant foreign monarch’s spilling the blood of his kinsmen. He also wanted to teach the Arakanese a more general lesson and check their still formidable military power. In 1665, Shayista Khan, the new Mughal viceroy of Bengal, sailed east at the head of a huge fleet of nearly three hundred warships, driving the Arakanese out of their fortress on Sandwip Island, while another force of sixty-five hundred under Buzurg Umid Khan hacked its way down the coast. The following year, after a long siege, Chittagong fell to the Mughals, marking the end of Arakan’s century-long hold over eastern Bengal. Two thousand Arakanese were sold into slavery, and over a hundred ships were taken. Many of the Portuguese mercenaries at Mrauk-U had changed sides and were permitted to settle in Mughal territory; their descendants still live at a place called Feringhi Bazaar, twelve miles south of Dacca.

Some of Shah Shuja’s followers also survived. After his abortive takeover attempt, those who were not killed were retained by the Arakanese king as archers and formed a special palace guard, eventually growing in strength and helped by fresh arrivals from Indian lands. They were officially disbanded in 1692 and then deported to the island of Ramree. Their descendants are known to this day as Kaman (the Persian word for “bow”) and live both in Ramree and elsewhere in Arakan. They speak Arakanese but often retain the Afghan or Persian features of their forebears. The previous military government has categorized them as a distinct ethnic group and one of the 135 nationalities of the Union of Myanmar, surely the only one able to claim descent from the fleeing soldiers of an imperial prince.

Arakan as a kingdom did not fare very well after this onslaught of Mughal power. There was now no longer any possibility of raiding Bengal for slaves, and the Mughals made sure that Dutch ships steered clear of Arakanese ports. And on the kingdom’s other side more secure Burmese kings, rid of de Brito and other challenges, prevented any Arakanese aggression. The authority of Mrauk-U gradually shrunk, and by the early eighteenth century much of the countryside had lapsed into anarchy and conflict. Earthquakes regularly shook the land for decades, confirming in people’s minds the onset of bad times. And in 1761 an enormous earthquake raised the entire coastline by five feet. The end of the kingdom was near.

..................................................................

Ref: Lost Footsteps

(Credit - Kharo-Ma Facebook Page)




No comments:

Post a Comment