Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 6, 2021

ဗြိတိသျှခေတ်က The Arakan News သတင္းစာ

 

Pic: 19-1-1924 (sat) issued The Arakan News


ဗြိတိသျှခေတ်က The Arakan News သတင်းစာ


The Arakan News သတင်းစာသည် အာရကန်ပြည်၏ ပထမဆုံး အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေခဲ့သည့် သတင်းစာဖြစ်သည်။ Akyab မြို့သည် ဒေသခံသတင်းစာ The Arakan News ၏ မူလထုတ်ဝေရာမြို့ဖြစ်သည်။ အက္ကီယာပ် (စစ်တွေ) တွင် Akyab Weekly News Press မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

ပထမဆုံး အစောင်ကို ၁၈၅၃ ခုနှစ်တွင် The Akyab Commercial Advertiser (အက္ကီယာပ် ကူးသန်းရောင်းဝယ်ရေးကြော်ငြာရှင်) ခေါင်းစဉ်အောက်တွင် ထုတ်ဝေသည်။ သို့သော် နှစ်အနည်းငယ်အကြာတြင် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းကို မစ္စတာ အိပ်ချ်ဟေး (Mr. H Hey) က ဝယ်ယူခဲ့ပြီး The Arakan News အမည်ပြောင်းလဲကာ ဆက်လက် ထုတ်ဝေခဲ့သည်။ ၁၈၆၈ ခုနှစ်ခန့်တွင် ထိုပုံနှိပ်လုပ်ငန်းကို လေလံတင်ရောင်းချခဲ့ပြီး Mr. Hla Paw The နှင့် သူ့သား ဦးကျင်ခိုင် တို့က ဝယ်ယူကာ နှစ်ပေါင်း ၄၀ ခန့် ပိုင်ရှင်အဖြစ် ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ 

The Arakan News သတင်းစာ၏ အယ်ဒီတာချုပ်မှာ Mr. Tu Ahmed မူစလင်တစ်ဦးဖြစ်သည်။ ဆရာ အဟ်မတ်သည် ကာလကတ္တားရှိ St. Xavieras ကောလိပ်မှ ပညာသင်ယူခဲ့သည်။ Akyab Government High School တွင် လေးနှစ်လုံးလုံး ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ သုအဟ်မတ်သည် St. Johnas ကောလိပ်ကိုတည်ထောင်ခဲ့ပြီး သုံးနှစ်တာ ဆက်လက် လုပ်ဆောင်ခဲ့ပြီးနောက် Malabar Agency ကုမ္ပဏီလီမိတက်၊ Messrs နှင့် Bulloch Bros တို့တွင်လည်း တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ တချို့ ကိုးကားချက်အရ ဆရာ အဟ်မတ်သည် ၁၉၀၀ပြည့်နှစ်မှစ၍ The Arakan News စာတည်း အယ်ဒီတာချုပ်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ 

The Arakan News သတင်းစာကို တစ်ပတ်လျှင် နှစ်ကြိမ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်းတွင် ထုတ်ဝေသည်။ တစ်ကြိမ်လျှင် စောင်ရေ ၁၅၀ ထုတ်ဝေသည်။ သတင်းစာမျက်နှာဖုံး ထိပ်တွင် ဗြိတိသျှကိုလိုနီအစိုးရ၏ တံဆိပ်ပါရှိသည်။ တန်ဖိုးမှာ တစ်စောင် လေးပဲနှုန်းနှင့် ရောင်းချခဲ့သည်။ 


(လူထုဝဏ္ဏ)


ကိုးကား။

Twentieth century impressions of Burma : its history, people, commerce, industries, and resources, By  Wright,  Arnold.   Page 136


No comments:

Post a Comment