Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 13, 2021

မစၥတာဂျင်းနားက မောင်တောဒေသကို တောင်းဆိုမည်မဟုတ်




 #unicode


မစၥတာဂျင်းနားက မောင်တောကို တောင်းဆိုမည်မဟုတ်

အောင်ဆန်းက လုံးဝကျေနပ်ကြောင်းပြေ


ကရာချီ၊ ဇန်နဝါရီ ၈ရက်။

မွတ်စလင်လိဂ်အဖွဲ့ကြီး၏ဥက္ကဌ မိုဟာမက်အလီဂျင်းနားက

ယနေ့ ဤမြို့တွင် သတင်းထုတ်ပြန်ရာ၌ "မွတ်စလင်လိဂ်အဖွဲ့ကြီးသည်ဗမာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို ပါကစ္စတန်နိုင်ငံအတွင်းသို့ ထည့်သွင်းရန် ကိစ္စနှင့်စပ်လျဥ်းပြီ းစဥ်းစားဆွေးနွေးရန် ရည်ရွယ်ချက်မရှိကြောင်း" ကြေညာသည်။

မောင်တောဒေသသည် မွတ်စလင်တို့နေထိုင်သည့် ဒေသဖြစ်သည့်အတွက် ၄င်းကိုပါကစ္စတန်ပိုင်နက်အဖြစ် မွတ်စလင်လိဂ်အဖွဲ့ကြီးကတောင်းဆိုသတ်မှတ်မည်ဟူသေ ာကောလာဟလများ ပေါ်ပေါက်နေခြင်းမှ ာမောင်တေ ာမွတ်စလင်များက မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းထည့်သွင်းပေးပါရန် တောင်းဆိုချက်ကို မြောက်ဘန်ဂေါလ် အစိုးရကစာနာစွာစဥ်းစားမည်ဟု ဘန်ဂေါလ်ပြည်နယ်မွတ်စလင်လိဂ် ဝန်ကြီးချုပ်ဟတ်ဆန်ဆူရာဝါဒီ၏ ပြောဆိုချက်အပေါ်မူတည်၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကာလကတ္တားတွင် ခွဲစိတ်ကုသမှုခံယူရန်ရောက်ရှိနေသော ဗမာအစိုးရ အမှုဆောင်ကောင်စီအဖွဲ့ဝင် ဦးစောက မွတ်စလင်လိဂ်ခေါင်းဆောင်များ၏ မောင်တောနှင့်ပတ်သက်သည့် ရည်ရွယ်ချက်ကိုပြစ်တင်ဝေဖန်သည်။ ဗမာသတင်းစာများကလည်း ဤအဆိုပြုချက်ကို ရှုတ်ချကြသည်။

ယမန်နေ့ညက ကရာချိမြို့တွင် ဗမာအစိုးရအမှုဆောင်ကောင်စီ ဒုဥက္ကဌ ဦးအောင်ဆန်းနှင့်မစ္စတာဂျင်းနားတို့ဆွေးနွေးသည့်အကြောင်းအရာများတွင် မောင်တောကိစ္စလည်း ပါဝင်သည်။

ဦးအောင်ဆန်းက ယနေ့ထုတ်ပြန်ရာတွင်လည်း မောင်တောနှင့်ပတ်သက်၍ ဂျင်းနားကပေးသော အာမခံချက်ကို "လုံးဝကျေနပ်ကြောင်း" ဖော်ပြထားသည်။ ဦးအောင်ဆန်းနှင့် မစ္စတာဂျင်းနားတို့၏ ပြောဆိုချက်များကို ယနေ့မွန်းလွဲပိုင်းတွင် သတင်းစာများသို့ ထုတ်ပြန်ပေးသည်။

ဦးအောင်ဆန်း၏ ထုတ်ပြန်ချက်တွင် မောင်တောကို ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းမည်ဟူသော လူအချို့၏ ပြောဆိုနေမှုများနှင့်ပတ်သက်သည့် သတင်းစာပါသတင်းများကို မိမိသည် မစ္စတာဂျင်းနားနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ၄င်း၏ပြောဆိုချက်များကို မိမိလုံးဝကျေနပ်ကြောင်း၊ ဗမာပြည်သူများသည် ထိုသတင်းစာပါ သတင်းများကြောင့် စိတ်မသက်မသာဖြစ်ကြမည်မဟုတ်ဟု မျှော်လင့်ကြောင်း၊ ဗမာနှင့် မွတ်စလင်များအကြားတွင်၄င်း၊ ဗမာနှင့် အင်ဒီးယန်းများအကြားတွင်၄င် းရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးလျှင် အပြန်အလှန် ပူးပေါင်းဆောင်ရွက် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။

မစ္စတာဂျင်းနား၏ ထုတ်ပြန်ချက်တွင် "ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပြီး အိန္ဒိယနှင့် ဗမာနိုင်ငံရေးရာကိစ္စရပ်များအကြောင်း ပွင့်ပွင့်လင်းလင် းလွတ်လွတ်လပ်လပ် ဆွေးနွေးရသည်ကို နှစ်ထောင်းအားရရှိလှကြောင်း၊ ၄င်းအင်္ဂလန်သို့ သွားရောက်မည့် ရည်ရွယ်ချက်လည်းအောင်မြင်ပါစေရန် မိမိဆုတောင်းပါကြောင်း၊

"မွတ်စလင်လိဂ်အဖွဲ့ကြီး၏ မူဝါဒမှာ အလွန်ရှင်းလင်းကြောင်း၊ မိမိတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအရေးတွင်ပင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း၊ ဗြိတိသျှအိန္ဒိယအရေးကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မွတ်စလင်လိဂ်အဖွဲ့ကြီးသည် မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းသို့ သိမ်းသွင်းရန် ရည်ရွယ်ချက်မရှိကြောင်း ဗမာပြည်သူများကို မိမိအာမခံချက်ပေးကြောင်း မွတ်စလင်လိဂ်အဖွဲ့ကြီးသည် ထိုကဲ့သို့သော တောင်းဆိုချက်ကို မည်သည့်အခါကမျှမပြုလုပ်ခဲ့သလို နောင်တွင်လည်း ပြုလုပ်ရန် မရည်ရွယ်ကြောင်း၊

ဤကိစ္စသည် ဤတွင် အပြီးအပြတ်ဖြေရှင်းပြီး ဖြစ်ကြောင်း၊

မွတ်စလင်နှင့် ဗမာပြည်သူတို့၏ ပျော်ရွှင်ရင်းနှီးသော ဆက်ဆံရေးသည် မလျော့မပါး ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှုပြုကြရန် မိမိပန်ကြားကြောင်း" ပါရှိသည်။


— ဆြာသိန်


---------------------------------------------------------

#Zawgyi


မစၥတာဂ်င္းနားက ေမာင္ေတာကို ေတာင္းဆိုမည္မဟုတ္

ေအာင္ဆန္းက လံုးဝေက်နပ္ေၾကာင္းေျပာ


ကရာခ်ီ၊ ဇႏၷဝါရီ ၈ရက္။

မြတ္စလင္လိဂ္အဖြဲ႔ႀကီး၏ ဥကၠဌ မိုဟာမက္အလီဂ်င္းနားက

ယေန႔ ဤၿမိဳ႕တြင္ သတင္းထုတ္ျပန္ရာ၌ "မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ဗမာႏိုင္ငံ၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေမာင္ေတာေဒသကို ပါကစၥတန္ႏိုင္ငံအတြင္းသို႔ ထည့္သြင္းရန္ကိစၥႏွင့္စပ္လ်ဥ္းၿပီး စဥ္းစားေဆြးေနြးရန္ ရည္ရြယ္ခ်က္မရိွေၾကာင္း" ေၾကညာသည္။

ေမာင္ေတာေဒသသည္ မြတ္စလင္တို႔ေနထိုင္သည့္ေဒသျဖစ္သည့္အတြက္ ၄င္းကိုပါကစၥတန္ပိုင္နက္အျဖစ္ မြတ္စလင္လိဂ္အဖြဲ႔ႀကီးက ေတာင္းဆိုသတ္မွတ္မည္ဟူေသာ ေကာလာဟလမ်ားေပၚေပါက္ေနျခင္းမွာ ေမာင္ေတာမြတ္စလင္မ်ားက ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံအတြင္း ထည့္သြင္းေပးပါရန္ ေတာင္းဆိုခ်က္ကို ေျမာက္ဘန္ေဂါလ္အစိုးရက စာနာစြာစဥ္းစားမည္ဟု ဘန္ေဂါလ္ျပည္နယ္ မြတ္စလင္လိဂ္ ဝန္ႀကီးခ်ဳပ္ ဟတ္ဆန္ဆူရာဝါဒီ၏ ေျပာဆိုခ်က္ အေပၚမူတည္၍ ေပၚေပါက္လာျခင္းျဖစ္သည္။

ကာလကတၲားတြင္ ခြဲစိတ္ကုသမႈခံယူရန္ ေရာက္ရိွေနေသာ ဗမာအစိုးရအမႈေဆာင္ေကာင္စီအဖြဲ႔ဝင္ၪီးေစာက မြတ္စလင္လိဂ္ေခါင္းေဆာင္မ်ား၏ ေမာင္ေတာႏွင့္ပတ္သက္သည့္ ရည္ရြယ္ခ်က္ကို ျပစ္တင္ေဝဖန္သည္။ဗမာသတင္းစာမ်ားကလည္း ဤအဆိုျပဳခ်က္ကို ရႈတ္ခ်ၾက​သည္။

ယမန္ေန့ညက ကရာခ်ိၿမိဳ႔တြင္ ဗမာအစိုးရအမႈေဆာင္ေကာင္စီဒုဥကၠဌ ၪီးေအာင္ဆန္းႏွင့္ မစၥတာဂ်င္းနားတို႔ေဆြးေနြးသည့္အေၾကာင္းအရာမ်ားတြင္ ေမာင္ေတာကိစၥလည္းပါဝင္သည္။

ၪီးေအာင္ဆန္းက ယေန့ထုတ္ျပန္ရာတြင္လည္း ေမာင္ေတာႏွင့္ပတ္သက္၍ ဂ်င္းနားကေပးေသာ အာမခံခ်က္ကို "လံုးဝေက်နပ္ေၾကာင္း"ေဖာ္ျပထားသည္။ ၪီးေအာင္ဆန္းႏွင့္မစၥတာ ဂ်င္းနားတို႔၏ေျပာဆိုခ်က္မ်ားကိုယေန့မြန္းလြဲပိုင္းတြင္ သတင္းစာမ်ားသို႔ ထုတ္ျပန္ေပးသည္။

ၪီးေအာင္ဆန္း၏ထုတ္ျပန္ခ်က္တြင္ ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံထဲထည့္သြင္းမည္ဟူေသာ လူအခ်ိဳ႕၏ေျပာဆိုေနမႈမ်ားႏွင့္ ပတ္သက္သည့္သတင္းစာပါသတင္းမ်ားကို မိမိသည္ မစၥတာဂ်င္းနားႏွင့္ ပြင့္ပြင့္လင္းလင္းေဆြးေနြးခဲ့ေၾကာင္း၊ ၄င္း၏ေျပာဆိုခ်က္မ်ားကို မိမိလံုးဝေက်နပ္ေၾကာင္း၊ ဗမာျပည္သူမ်ားသည္ ထိုသတင္းစာပါသတင္းမ်ားေၾကာင့္ စိတ္မသက္မသာျဖစ္ၾကမည္မဟုတ္ဟု ေမ်ွာ္လင့္ေၾကာင္း၊ ဗမာႏွင့္မြတ္စလင္မ်ားအၾကားတြင္၄င္း၊ ဗမာႏွင့္အင္ဒီးယန္းမ်ားအၾကားတြင္၄င္ းရင္းႏွီးေသာဆက္ဆံေရးကို ဆက္လက္ ထိန္းသိမ္းၿပီးလ်ွင္ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ခ်စ္ၾကည္ရင္းႏွီးမႈကို ျမႇင့္တင္ႏိုင္မည္ဟု ေမ်ွာ္လင့္ေၾကာင္းပါရိွ

သည္။

မစၥတာဂ်င္းနား၏ထုတ္ျပန္ခ်က္တြင္ "ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ေတြ့ဆံုၿပီး အိႏၵိယႏွင့္ဗမာႏိုင္ငံေရးရာကိစၥရပ္မ်ားအေၾကာင္း ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္ေဆြးေနြးရသည္ကို ႏွစ္ေထာင္းအားရရိွလွေၾကာင္း၊ ၄င္းအဂၤလန္သို႔သြားေရာက္မည့္ ရည္ရြယ္ခ်က္လည္း ေအာင္ျမင္ပါေစရန္မိမိဆုေတာင္းပါေၾကာင္း၊

"မြတ္စလင္လိဂ္အဖြဲ႔ႀကီး၏ မူဝါဒမွာ အလြန္ရွင္းလင္းေၾကာင္း၊ မိမိတို႔သည္ အိႏၵိယႏိုင္ငံ၏ျပည္နယ္မ်ားအေရးတြင္ပင္ ဝင္ေရာက္စြက္ဖက္ရန္ဆႏၵမရိွေၾကာင္း၊ ၿဗိတိသ်ွအိႏၵိယအေရးကိုသာ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံအတြင္းသို႔ သိမ္းသြင္းရန္ရည္ရြယ္ခ်က္မရိွေၾကာင္ းဗမာျပည္သူမ်ားကို မိမိအာမခံခ်က္ေပးေၾကာင္း မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ ထိုကဲ့သို႔ေသာ ေတာင္းဆိုခ်က္ကို မည္သည့္အခါကမ်ွ မျပဳလုပ္ခဲ့သလို ေနာင္တြင္လည္းျပဳလုပ္ရန္ မရည္ရြယ္ေၾကာင္း၊

ဤကိစၥသည္ ဤတြင္အၿပီးအျပတ္ ေျဖရွင္းၿပီးျဖစ္ေၾကာင္း၊

မြတ္စလင္ႏွင့္ ဗမာျပည္သူတို႔၏ ေပ်ာ္ရႊင္ရင္းႏွီးေသာ ဆက္ဆံေရးသည္မေလ်ာ့မပါး ဆက္လက္တည္ရိွေနမည္ျဖစ္ၿပီး အျပန္အလွန္ ကူညီမႈျပဳၾကရန္ မိမိပန္ၾကားေၾကာင္း" ပါရိွသည္။


— ၾဆာသိန္


Credit.

No comments:

Post a Comment