Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 25, 2017

ကမ္ဘာ့ အလေးချိန်အများဆုံး အမျိုးသမီး အာဘူဒါဘီ ဆေးရုံတွင် ကွယ်လွန်



အီဂျစ်နိုင်ငံသူ ကမ္ဘာ့အလေးချိန်းအများဆုံး အမျိုးသမီးသည် အဘူဒါဘီဆေးရုံ ၊ ယူအေအီ၌ အလေးချိန်လျော့ချရန် ဆေးကူသမှုခံယူနေစဉ် နှလုံးနှောက်ယှက်မှု၊ ကျောက်ကပ်ပျက်စီးသွားမှုကြောင့် တနင်္လာနေ့တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာဝန် အယောက် ၂၀ ပါဝင်သော အဖွဲ့သည် ကုတင်စီး အီမာန် အဟ်မဒ် အဗ္ဗူလ်လတီပ် (၃၇ နှစ်) အား မေလတွင် ဗြုရ်ဂျေလ် ဆေးရုံ[Burjal Hospital]၌ ရောက်ရှိခဲ့သည့် အချိန်မှ စ၍ ကုသပြုစုလာခဲ့သည်။

အိမာန်အဟ်မဒ်သည် အစတွင် အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီးယားမြို့မှ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်မြို့သို့ အထူး အသင့်စီစဉ်ထားသော လေယာဉ်ဖြင့် အလေးချိန်လျော့ ဆေးကုသမှုခံယူရန် ဖေဖော်ဝါရီ အစပိုင်းတွင်း ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။


သူသည် ရောဂါရှုပ်ထွေမှုကြောင့် လေယာဉ်ပျံဖြင့် ခရီးထွက်ခွာရန် အချိန်အတန် စောင့်ခဲ့ရသည်။

သူသည် အဝလွန်ကဲ၌ လမ်းမလျှောက်နိုင်သဖြင့် အိမ်မှ အပြင်ထွက် မနိုင်သည်မှာ ဆယ်စုနှစ် နှစ်ခု လောက်တောင်ကြာ မြင့်ခဲ့သည်။ သူ့အလေးချိန်မှာ (၅၀၀) ကီလိုဂရမ်ခန့် (ပေါင် ၁၁၀၀) ရှိခဲ့သည်။

သူ၏ အိန္ဒိယ ဗီဇာအတွက် တောင်ပန်းချက်ကို အစက ငြင်းပယ်ခံရသော်လည်း သူ့အား စေတနာ့ ကုသပေးမည့် ဆရာဝန်အဖွဲ့က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးအား တွီတာမှ တဆင့် ကြားဝင်စေ့စပ် အသာနားခံခြင်းကြောင့် ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့သည်။ 

အစ်မ Shamee နှင့်အတူ


သူသည် bariatric ခွဲစိတ်ကုသမှု၊ a stomach-shrinking bypass procedure တို့ကို ၎င်းလတွင် ဆိုက်ဖီး ဆေးရုံ [Saifee Hospital] ၌ ကုသမှုခံယူ၍ အလေးချိန် ၁၀၀ ကီလိုဂရမ် လျော့ချ နိုင်ခဲ့သည်။

သူ၏ မိသားစုဝင်က ကလေးပေါက်စချိန်တွင် ဆင်ခန္ဓာဆန်ရောဂါ ကုသမှုခံယူရာ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဝပွလာခဲ့ကာ မလှုပ်မရှားနိုင်အောင် ဖြစ်လာခဲ့သည်ဟု ဆရာဝန်အား ပြောပြသည်။ 

သူ မွမ်ဘိုင်မှ ထွက်ခွာချိန်တွင် ဆရာဝန်က သူ၏ အလေးချိန် ထပ် တစ်ဝက်လျော့ရမည်ဟု ညွှန်ကြားခဲ့သည်။


သူ့ အစ်မ ရှာမီ အဟ်မဒ် သည် ဆေးရုံနှင့် အီမာန်၏ ကုသမှုနှင့် တိုးတက်မှု ဆိုင်ရာ ဆေးရုံနှင့် အငြင်းအခုံ ဖြစ်နေသည့်အချိန်တွင် သူတို့ မွမ်ဘိုင်မြို့မှ ထွက်ခွာသွားခဲ့သည်။ 

အာဘူဒါဘီမြို့၏ ဗြုရ်ဂျေဆေးရုံမှ ဆရာဝန်များက သူမကို လမ်းလျှောက်နိုင်သည့်အထိ ကုသ ကူညီရန် ကန့်လန့်ခဲ့ရာမှ UAE သို့ ရောက်ရှိခဲ့လေသည်။ 

အီမာန်သည် သူ၏ မွေးနေ့ကို လွန်ခဲ့သောလတွင် မိသားစုဝင်နှင့် ဆရာဝန်များနှင့်အတူ ပြုလုပ်ခဲ့သည်။

အလက်စ်ဇန်းဒြယားသူ အိမာန်သည် တစ်နေ့နေ့ ကမ်းခြေသို့ အလည်အပတ်သွားမည့် အိပ်မက်ရှိခဲ့သည်ဟု Indian Express သတင်းဌာနက အစ်မကို ကိုးကားပြီး ဖော်ပြခဲ့သည်။

No comments:

Post a Comment