Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 13, 2017

တက္ကဝါ [ تقوى‎‎ ‎‎]

         
                     


أَفَمَنْ أَسَّسَ بُنْيَٰنَهُۥ عَلَىٰ تَقْوَىٰ مِنَ ٱللَّهِ وَرِضْوَٰنٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ 🔴فَٱنْهَارَ بِهِۦ فِى نَارِ جَهَنَّمَ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ

အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်း အပေါ်၌ လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌ လည်းကောင်း အုတ်မြစ်ချခဲ့၏။ ထိုသူသည် ပို၍ ကောင်းလေသလော့။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေ သလော။ ထိုသူသည် မိမိ အဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ် ငရဲဘုံ၏ မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်ရှင်မြတ်သည် မတရားကျင့်မှုပြုလုပ်သော သူတို့အား တရားလမ်းမှန်သို့  ပို့တော်မူသည် မဟုတ်ပေ။ [၉း ၁၀၉]”

တက္ကဝါသည် အိစ္စလာမ်သာသနာ့ဆိုင်ရာ ‘ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း’ဟူသော အယူအဆတစ်ခုဖြစ်သည်။ ၎င်းကို ကျမ်းတော်မြတ်ကုရ်အာန်၌ နာမ်အဖြစ်လည်းကောင်း၊ ကြိယာအဖြစ်လည်းကောင်း ၂၅၁ ကြိမ် လာရှိသည်။ တက္ကဝါဟူသော စကားလုံးသည် ‘ဝါကာယာ’ ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ် သည်။ အဓိပ္ပာယ်မှာ ကာကွယ်ခြင်း ဖြစ်သည်။ 

မကောင်းမှု ဒုစရိုက်မှ ကာကွယ်နိုင်ရန် ကြောက်ရွံ့ခြင်းသည်သာလျှင် ကာကွယ်နိုင်ခြင်း၏ အကြောင်းခံဖြစ် သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်{ﷲ͜عَزَّوَجَــــل}အား ကြောက်ရွံ့ခန့်ညားလျှင် အရှင်မြတ်သော လမ်းမှ ရှောင် ကြဉ်မည်ဖြစ်သည်။
သို့ဖြစ်ပေ၍   တက္ကဝါ ဆိုသည် မှာ အလ္လာဟ်အရှင်တော်မြတ်{ﷲ͜عَزَّوَجَــــل}အား ကြောက်ရွံခန့်ညားခြင်းပင် ဖြစ်ပေသည်။

တက္ကဝါသည် ကျွန်ုပ်တို့၏ အကျင့်စာရိတ္တမှာသာ ရှိသည်မဟုတ်ပါ။
တက္ကဝါသည် အိစ္စလာမ်လို ရုပ်ရည်သွင်ပြင် မြင်ရခြင်း မဟုတ်ပါ။
တက္ကဝါသည် မုတ်ဆိတ် ရှည်ရှည်ထားခြင်း၊ ဟီဂျဘ် ဝတ်ဆင်ခြင်း မဟုတ်ပါ။
တက္ကဝါသည် ရုပ်ရည်သွင်ပြင် အယောင်အဆောင်တစ်မျိုး မဟုတ်ပါ။ 

သို့သော်-

⭐အသင် နမာစ် တစ်ချိန်လွတ်သွားသောအခါ တစ်နေ့လုံး မချမ်းမသာ ဖြစ်ရခြင်းမှာ တက္ကဝါဖြစ်သည်။  

⭐အသင် မုသားစကား တစ်ခွန်းပြောမိသောအခါ ပင်ကိုယ်စရိုက်အားဖြင့် မကောင်းခံစားခြင်းမှာ တက္ကဝါပင်ဖြစ်သည်။ 

⭐တစ်စုံတစ်ယောက်ကို အသင် တမင်ကြံဖြစ်စေ၊ မတော်တဆဖြစ်စေ နာကျင်စေခဲ့သောအခါ အပြစ်ရှိသည်ဟု ထင်ရခြင်းမှာ တက္ကဝါဖြစ်သည်။

⭐အကုသိုလ် မကောင်းမှုကျုးလွန်မိပြီး အရှင်တော်မြတ် {ﷲ͜عَزَّوَجَــــل} ထံ အရှက်ကွဲ သောင်ဗာ ပြု ခြင်းမှာ တက္ကဝါ ဖြစ်သည်။ 

⭐မိဘအမိန့် နာမခံ မရိုမသေပြုမိသည့်အခါ တညည့်ပတ်လုံး အိပ်မပျော်နိုင်ခြင်းက တက္ကဝါဖြစ်ပါတယ်။ 

⭐ညည့်နက်တွင် အိပ်ယာမှ ထ၍ တစ်ပါးတည်းသော အရှင်မြတ်{ﷲ͜عَزَّوَجَــــل}အားသာ ကြောက်ရွံ ငိုကြွေးခြင်းမှာ တက္ကဝါဖြစ်ပါတယ်။ 

⭐ဖြတ်သန်းနေရသော တစ်နေ့ထက် တစ်နေ့ မိမိကိုယ်ကို အိစ္စလာမ် လမ်းစဉ်အရ သာ၍ကောင်းအောင် ကြိုးပမ်းခြင်းမှာ တက္ကဝါဖြစ်ပါတယ်။ 

⭐တက္ကဝါသည် သာသနာ့ ထကြွဆောင်ရွက်ခြင်း သာမဟုတ် ဆုတ်ယုတ်ခဲ့သော သာသနာ့အားထုတ်မှုကို ပြန်လည် ထထကြွကြွ ဆောင်ရွက်လာခြင်းလည်းဖြစ်သည်။  

အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခန့်ညားခြင်းဖြင့် မကောင်းမှု ဒုစရိုက်အပေါင်းမှ ရှောင်ကြဉ်၍ နိဗ္ဗာန်မဂ်လမ်း တည်ဆောက်နိုင်ပါစေ…

No comments:

Post a Comment