Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, September 30, 2017

ကမ္ဘာ့ ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား

 ကိုယ်ဝန်ဆောင် အမျိုးသား သောမာစ် ဘေအတီ


Thomas Trace Beatie သည် ဇန္နဝါရီ ၂၀၊ ၁၉၇၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊  ဟားဝိုင်းယီ ပြည်နယ်၊ ဟိုနိုလိုလို တွင် မွေးဖွားခဲ့သည်။ မိခင်မှာ ဆန့်ဖရင့်စစ်ကိုမှဖြစ်ပြီး အင်္ဂလိပ်၊ အီရီခ်ျ၊ စကော့တီခ်ျ၊ ဝေ့လ် မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဖခင်မှာ ကိုရိယား၊ ဖလစ်ပိုင် မျိုးနွယ်မှ ဆင်းသက်လာ သူဖြစ်ပြီး ဟဝိုင်းယီမှာ ကြီးပြင်သူဖြစ်သည်။ ဘေတီသည် ဆယ်ကျော်သက် အရွယ်တွင် အမျိုးသမီး မော်ဒယ် တစ်ဦးဖြစ်ပြီး Miss Hawaii teen USA ပြိုင်ပွဲ၌ နောက်ဆုံးအဆင့်အထိ ရောက်ခဲ့သူဖြစ်သည်။ သူသည် အမျိုးသား တီဗီ အစီအစဉ်များတွင် ကိုယ်ကာယ ပညာပြအဖြစ် ပုံမှန် ဖော်ပြလေ့ရှိသည်။ နောက်တွင် Bodybuilder တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဟာဝိုင်ယီ တက္ကသိုလ်မမှ ကျန်းမာရေး သိပ္ပံဘွဲ့ရယူ ခဲ့သည်။ ၁၉၉၇ ခုတွင် အမှုဆောင် အမ်ဘီအေ ဘွဲ့ရရှိခဲ့သည်။ သူသည် Define Normal အမည်ဖြင့် အထည်ကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ်သည် ရုပ်ရှင်များမှာတောင် မြင်တွေ့ရလေသည်။ သူသည် ကိုယ်ကာယ ခုခံပညာတွင်လည်း အမည်းခါးပတ် ဆွတ်ခူးဖူးသူဖြစ်သည်။ 
အသက် ၂၃ နှစ် ၂၀၀၂ခုတွင် လိင်အင်္ဂါ ခွဲစိတ်ပြောင်းလဲခဲ့သည်။ သို့သော် ကိုယ်အတွင်းပိုင်း မျိုးပွား အင်္ဂါကို ပယ်မထုတ်ဘဲ နဂိုအတိုင်း ထားခဲ့သည်။ သူ၏ အထောက်အထားများ၊ မှတ်ပုံတင်များ မှန်သမျှတွင် လိင်ကို မိန်းမမှ ယောက်ျားအဖြစ် တရားဝင် ပြောင်းလဲလိုက်သည်။ 
၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် Nancy Gallaspie နှင့် ဟာဝိုင်ယီ ဓလေ့ထုံးစံအရ တရားဝင် လက်ထပ်ခဲ့သည်။ ထို့နောက် သူတို့ Bend, Oregon သို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ၂၀၀၈မှ ၂၀၁၀ထိ သူ၏ သား သုံးယောက်ကို ဖွားမြင်ခ့လေသည်။ ၂၀၁၂ ခုတွင် Nancy နှင့် ကွာရှင်းခဲ့ သည်။
Thomas Beatie
Thomas Beatie på Stockholm Pride 2011.JPG
Thomas Beatie at Stockholm Pride 2011
BornJanuary 20, 1974 (age 43)
HonoluluHawaii, United States
ResidencePhoenixArizona, United States
NationalityAmerican
Height5'10" (178cm)[1]
Spouse(s)Nancy Gillespie (2003-2012)
Amber Nicholas (2016-)
Children3
Websitedefinenormal.com










No comments:

Post a Comment