ဗမာစစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုဘေးမှ ထွက်ရှောင်ကာ ဘင်္ဂလားနယ်စပ်အနီး၌ တဲထိုးနေသော ရိုမိသားစု |
ရိုဟင်ဂျာတို့_ကမ္ဘာမှာ
{ယျာတင်- ကဗျာ}🌿
တစ်မှိတ်၊ တစ်အောင့်၊ လက်တစ်ဖျစ်
ဒါတွေက တိုတောင်းတဲ့ ကာလ
အနှစ်နှစ်အလလ စုဆောင်းခဲ့ရသမျှ ချွေးစာများ
အဲ့ကာလအတွင်းမှာ ဖျက်ဆီးခံရတာပေါ့။
🌿
သိက္ခာဆယ်ရမလား ရိက္ခာသယ်ရမလား
အသက်လုရမလား သားသမီးတွေကိုရှာရမလား
ဘာဆိုဘာမှ မစဉ်းစားအား
လက်လှမ်းမီရာတွေကို ကောက်သိမ်းယူပြီး
ခြေဦးတည်ရာဆီ ပြေးခဲ့တာ
မောပန်းနွမ်းနယ်ပြီး လဲကျသွားတဲ့အထိပေါ့
ပြန်လှည့်ကြည့်ချိန် နားခိုစရာအိမ်တွေကို
မီးက မုန်းတီးစွာ ဝါမျိုးနေလေပြီ။
🌿
ရောက်ရာအရပ်မှာ တဲတိုး
မိုးဒဏ်မလုံ နေဒဏ်မလုံလည်း
မြန်မာအစိုးရလက်နက်ကိုတွေရဲ့ အန္တရာယ်တွေ
အကြီးတွေက ကင်းစောင့်ခဲ့ရနဲ့ကာပေးရင်း
ကိုယ့်အသက်နဲ့လဲပြီး သားသမီးအသက်တွေ ကယ်ပေးချင်
သားသမီးတွေကို ရရာကျွေးချင်
မိဘမေတ္တာ နှိုင်းမရဆိုပေမယ့်
စားစရာထည့်တဲ့ ပန်းကန်ပြားတွေ
ရက်ရက်စက်စက်ကို အထီးကျန်နေလေပြီ။
🌿
အမုန်းမရှိ နိုင်ငံရေးမသိ
နိုင်ငံသားမသိ လူ့အခွင့်အရေးမရှိ
လူမျိုးမသိ ဘာသာမသိ
အဲ့ဒီ မသိမှုတွေနဲ့ ကလေးငယ်တို့ကမ္ဘာမှာ
အဝတ်ကယ် မပါ ကိုယ်ဗလာ
ဗလာပန်းကန်ပြားကို စိုက်ကြည့်နေတာများ
ရင့်ကိုနင့်စေပြီး နှလုံးသားကို ဆူးလာစူးသလိုမျိုး
ခါးခါးသီးသီး နာကျင်မိတယ်။
🌿
ဒီမှာ ...
ခိုးဝင်ဆိုလည်း လူ၊ ဌာနေဆိုလည်း လူ
ဗမာတွေလည်း လူ၊ ရခိုင်တွေလည်း လူ
ဒေါ်အောင်ဆန်းစုကြည်လည်း လူ
ဗိုလ်ချုပ်မှုကြီးတွေလည်း လူ
အလာတူး ရိုဟင်ဂျာရော့ပဲလေ
ဘာကြောင့်လဲ?
🌿
လူလူချင်း အနိုင်ကျင့် နှိပ်စက်ကြမ်းကြုတ်နေတာ
ဘာကြောင့်လဲ?
🌿
မနက်တိုင်း ဘုန်းကြီးကျောင်းက ကြားရတဲ့ ဆုတောင်းမှု
"လူလူခြင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ"
"လောကခပ်သိမ်း ငြိမ်းချမ်းကြပါစေ" ဆိုတာတွေလည်း
အသံချဲစက်ရဲ့ အနီးကပ်မှာပဲ တဝဲဝဲရစ်နေလျက်ပဲ ရှိနေတယ်။
🌿
သတ်တဲ့လူက သတ်နေတယ်
လူသတ်သမားကို ကာကွယ်ပေးတဲ့လူက ကာကွယ်ပေးနေတယ်
ကြားထဲမှာ ....
သတ်နိုင်လို့ အောင်ပွဲခံနေသူက အောင်ပွဲခံနေချိန်
🌿
ငါတို့ ရိုဟင်ဂျာတို့ရဲ့ နှလုံးသားမှာ
သောကမီးမြစ်တွေ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေလျက်။
ရိုဟင်ဂျာတို့ကမ္ဘာမှာ အမှောင်အတိ ဖုံးလွမ်းလျက်။
🌿
တစ်နေ့နေ့တော့ ...........+။
___________________________
ယျာတင် (ရိုဟင်ဂျာသား)
——————————
No comments:
Post a Comment