အဲ့ဒါ ငါ့အမျိုး ရိုဟင်ဂျာ
~~~~~~~~~~~~
ဆင်းရဲတာထက် ရိုသားတာအကြမ်းဖက်ဖို့ဆိုတာ မစဉ်းစား
နေခွင့်ရသမျှ ငြိမ်းချမ်းစွာနေတတ်တာ
အဲ့ဒါ ငါ့အမျိုး ရိုဟင်ဂျာ။
မိဘဆိုတာ အမြဲဦးထိပ်ထားပြီးသား
အိုးအိမ်တွေ မီးရှို့ခံရတဲ့အခါ
ပထမဆုံး လိုက်ရှာမိတာက မိနှင့်ဘ
အဲ့ဒါ ငါ့မျိုး ရိုဟင်ဂျာ။
ထမ်းစရာ ရှာမတွေ့အား
လက်လှမ်းမီရာကို ကပျာကယာဆွဲယူကာ
အမေအိုကို ထမ်းခေါ်လာ
ရက်စက်မှုအပေါင်းမှ ဝေးရာသို့သာ
အဲ့ဒါ ငါ့အမျိုး ရိုဟင်ဂျာ။
သွားရာ လမ်းတစ်လျှောက်မှာ
သားက အမေကို ဖြေသိမ့်ပေးရှာ
"အမေရေ .... စိတ်မပူပါနဲ့ ...
သားထမ်းခေါ်သွားမှာပါ"
"အဲ့ဒီ လူ့စိတ်မရှိတဲ့ အစိမ်းဝတ်စုံလက်ထဲ
အမေ ဘာမှမဖြစ်ရဘူး စိတ်သာချ"
ဒီလိုပြောရင်း အားမလျော့ဘဲ အမေကယ်တာ
အဲ့ဒါ ငါ့အမျိုး ရိုဟင်ဂျာ။
____________________
ယျာတင် (ရိုဟင်းသား)
——————————
ဓာတ်ပုံ - ရခိုင်မြောက်ပိုင်းမှာ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ်တွေ မီးရှို့၊ လူတွေကိုသတ်ဖြတ် နေတဲ့ အာဏာပိုင်တွေရဲ့ ဘေးဒုက္ခမှ ထွက်ပြေးလွှတ်မြောက်နိုင်ရန် ကြိုးစားနေသည့် ဒေသခံရိုဟင်ဂျာတို့၏ပုံရိပ်။
Credit- မူရင်းတင်သူ
No comments:
Post a Comment