Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, March 24, 2017

လူသားကွန်ပျူတာဟု ခေါ်ဆိုနိုင်မည့် အသက်အငယ်ဆုံး သင်္ချာပညာရှင်

လူသားကွန်ပျူတာဟု ခေါ်ဆိုနိုင်မည့် အသက်အငယ်ဆုံး သင်္ချာပညာရှင် ပေါ်ထွက်



လန်ဒန်၊ မတ် ၂၃

လူသားကွန်ပျူတာဟု ဘွဲ့ပေးနိုင်မည့် အသက် ၁၄ နှစ်အရွယ် သင်္ချာထူးချွန်ကျောင်းသားလေး တစ်ဦးကို တက္ကသိုလ်မှ လူကြီးများအား သင်္ချာပုစ္ဆာများ ကူညီဖြေရှင်းပေးနိုင်ရန် ဆရာအဖြစ် ခန့်အပ်လိုက်ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

အသက် ၁၄ နှစ်အရွယ်ရှိ ယာရှာ အက်စ်လေဆိုသူကို Leicester တက္ကသိုလ်က ဘွဲ့ရကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်ပြီး ဆရာအဖြစ် ခန့်အပ်လိုက်သောကြောင့် တက္ကသိုလ်၏ အသက်အငယ်ဆုံး ဝန်ထမ်းတစ်ဦး ဖြစ်လာကြောင်း ယင်းသတင်းက ဆိုသည်။

ယာရှာကို Leicester တက္ကသိုလ်က ခေါ်ယူပြီး ဆရာခန့်ရန် အင်တာဗျူးစဉ်က ၁၃ နှစ်သာ ရှိသေးပြီး ပြိုင်ဘက်လူကြီးများ အားလုံးကို ကျော်ဖြတ်ကာ အနိုင်ရပြီး ဆရာဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူ့အသက်က ငယ်လွန်းသော်လည်း သင်္ချာတွင် ထူးချွန်လွန်းသောကြောင့် မြို့တော်ကောင်စီသည် အထူးအခွင့်အရေးများပေးပြီး ဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရသည်။

ယာရှာ၏ အလုပ်မှာ ကျောင်းသားကြီးများသည် ဆရာများက ပေးလိုက်သည့် သင်္ချာပုစ္ဆာများကို တွက်ချက်ခြင်း မပြုနိုင်ပါက အကူအညီပေးသည့် အနေနှင့် တစ်ဦးချင်းကို လိုက်လံရှင်းပြရန်အတွက် တာဝန်ပေးအပ်ခြင်း ခံရသည်ဟု The Guardian တွင် ရေးသားထားသည်။

“ကျွန်တော့်ဘ၀အတွက် အကောင်းဆုံးနှစ် ရောက်လာပါပြီ။ ကျွန်တော် တက္ကသိုလ်ကို သွားရတာလည်း သဘောကျတယ်။ ကျောင်းသားတွေကို သင်္ချာကူညီပြီး တွက်ပေးရတဲ့ ကျွန်တော့် အလုပ်ကိုလည်း နှစ်သက်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ယာရှာက မိမိအနေနှင့် ကျောင်းယူနီဖောင်း မဝတ်ရဘဲ တက္ကသိုလ်သို့ လာနေရခြင်းကို ပိုပြီး နှစ်သက်မိကြောင်း၊ တက္ကသိုလ်ကလည်း သူ့ကို နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး အနေနှင့် လက်ခံပေးထားပြီး၊ သင်တန်းပြီးဆုံးလျှင် Ph.D ဘွဲ့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

သူသည် မူလတန်းကတည်းက သင်္ချာဘာသာရပ်တွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ် အသက် ၁၂ နှစ် အရွယ်ကတည်းက တက္ကသိုလ်အဆင့် သင်္ချာများကို အားလုံး တွက်ချက်နိုင်ခဲ့ပြီး ဖြစ်သည်။

အသက် ၈ နှစ်အရွယ်တွင် သင်္ချာစစ်ဆေးမှု ၆ ခု ဖြေဆိုရာတွင် ၂ ခုတွင် ၁၀၀ မှ ၉၉ မှတ်အထိ ရခဲ့ပြီး သင်္ချာအဆင့်တိုင်းတွင် A အဆင့်ကို ရရှိခဲ့သော ကမ္ဘာ့သင်္ချာအတော်ဆုံး ကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။ 

အသက် ၁၀ နှစ်သား အရွယ်ကတည်းက A Levels အဆင့်ကို အောင်မြင်ထားသူဖြစ်ကာ ၆ တန်းအဆင့် ပြီးကတည်းက တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့် ရခဲ့သူလည်း ဖြစ်သည်။ 

No comments:

Post a Comment