Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 18, 2017

စဉ်းစားကြည့်ပါ သူငယ်ချင်း


စဉ်းစားကြည့်ပါ သူငယ်ချင်း

===================

📝 ရှင်ခေမာစာရ 

မင်း ရှေ့ထွက်လိုက်ပါ သူငယ်ချင်း
မင်း နေရာက ရှေထွက်ဖို့ ခက်တယ်ဆိုပေမဲ့ 
မင်း ရှေထွက်လို့  မရအောင်
ပိတ်ထားတယ်ဆိုတဲ့ အသံတွေ
လက်တွေ အကာတွေ ငါလက်မခံပါဘူး။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ဗုဒ္ဓ ဘာသာသမိုင်း
အနော်ရထာနှင့် ရှင်အရဟံ
ကမ္ပည်းတင်ပြီး ဗျတ်ဝိ ဗျတ်တကို
အစ္စလာမ် သာသနာမှာ
ရာဇဝင်မှာ ချန်လှပ်ခဲ့လို ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
မင်းတို့ကို ဧည့်သည်လို့ သမုတ်
အစုတ်လို သဘောထား
တိုင်းပြည်က နှင်ထုတ်လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ငါ သိသလောက် ပြောရရင်
ကိုယ်သမိုင်း ကိုယ်ရေးမယ်ဆိုပြီး
လွတ်လပ်ရေးသမိုင်းမှာ
မင်းတိုကို ဖြုတ်ထားခဲ့လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ကိုထွန်းစိန် နဲ့  ကိုရာရှစ် မပါဘဲ
ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း
ကျောင်းသားသမဂ္ဂ မော်ကွန်းကို
ခွတ်ဒေါင်းသမိုင်းလို့ ရေးထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ရွှေတိဂုံဘုရား ခြေတော်ရင်းက
မျက်နှာဖြူ ကို အံတုတဲ့
ခေါင်းဆောင် ဆယ့်တစ်ဦးရဲ့ 
အမည်ကမ္ဗည်း မှာ
ကိုဘရှင် ကို ဖျက်ပြစ်ခဲ့ရင်
အမျိုးသားနေ့လို့ ခေါ်လို့ ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
အာဇာနည်နေ့ အခမ်းအနားကို
ဦရာဇာတ် နဲ့  ရဲဘော်ကိုထွေးမပါဘဲ
အာဇာနည်နေ့လို့ ကျင်းပလို့ရပြီလား။

မင်း စဉ်းစားကြည်ပါ သူငယ်ချင်း
ဒီမိုကရေစီအရေးတော်ပုံ
၁၉၈၈ မှာ မွတ်ဆလင်သမိုင်း
မင်းတို့ကို ချန်ပြီး
ကမ္ဗည်းထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ဗိုလ်မှုး သော်က မပါဘဲ
NLD သမိုင်းကို
အမေ ဒေါ်အောင်ဆန်းစုကြည်
တစ်ယောက်တည်း ရေးထိုးလို့ ရပြီလား။

မင်း စဉ်းစားကြည့်ပါ သူငယ်ချင်း
ရွှေဝါရောင်တော်လှန်ရေး မှာ
သံဃာတော်တွေနှင့် အတူပါဝင်ခဲ့ပြီး
တိုက်ပွဲဝင်ခဲ့သူ စည်သူမောင်ကို
ချန်ပစ်ထားလို့ ရပြီလား။

အို…..ကုန်ကုန်ပြောရရင်ကွာ
စိုးကျော်ကျော် သွင်းတဲ့  ဂိုးမိုလို့ 
ဒိုင်လူကြီး က ခရာရှည်မမှုတ်ပဲ နေလို့ ရပြီလား။

ထွန်ထွန်းမင်း…ဒူးခေါင်းတိုက်ချက်
လက်သီးထိုးချက်ကို
ချန်ပီယံ မဖြစ်စေရလို့ 
တားမြစ်ထားလို့  ရလို့လား။

ဒီတော့ 
တို့ နိုင်ငံ အနာဂါတ်အတွက်
တို့သွေး တို့ချွေးတွေ နဲ့ 
အမိမြေကို ကျေးဇူးဆပ်ဖို့ 
အတားအဆီးတွေ ကို ရိုက်ချိုးဖျက်လို့ 
မင်း ရှေထွက်လိုက်ပါ သူငယ်ချင်း။

ငါတို့နဲ့ အတူ
ရင်ချင်းအပ်ပြီး
လက်ချင်းချိတ်လို့
တမန်တော် မွေးနေ့
ရှေထွက်လိုက်ပါ သူငယ်ချင်း။          ။

==============================
အရှင် ခေမာစာရ (၁၅ ဇန်န၀ါရီ ၂၀၁၇) 

ဆ ရာ မောင် ကြေး မုံ သ တင်း ထောက်

No comments:

Post a Comment