Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 6, 2017

ဘော်လီဝုဒ်ရဲ့ ကြယ်ပွင့် အိုမ်ပူရီ နှလုံးရောဂါဖြင့် ကွယ်လွန်ရှာ




ဘော်လီဝုဒ်ရဲ့ ကြယ်ပွင့် အိုမ်ပူရီ နှလုံးရောဂါဖြင့် ကွယ်လွန်ရှာ၊

ဘော်လီဝုဒ်။     အိုမ်ပူရီရဲ့ ရုပ်ကလပ်မှာ အာနဒေရီ ရှိ သူနေအိမ်၌ ယူဆောင်သွားပြီး ဘော်လီဝုဒ်ရဲ့ မိတ်ဟောင်းမိတ်ဖက်များက နောက်ဆုံး နှုတ်ခွန်းဆက်သရန် ရောက်လာနေကြသည်။ 

ဘော်လီဝုဒ် ဝါရင့် ဇာတ်ဆောင်မင်းသား အိုမ်ပူရီ (Om Puri)၊ အသက် (၆၆)နှစ်သည် ဒီကနေ့ ၆.၁.၂၀၁၇ သောကြာနေ့ မနက်တွင် ပြင်းပြင်းထန်ထန် နှလုံးသွေးကြောပိတ်ဆို့မှုဖြင့် ကွယ်လွန်သွားခဲ့သည်။ ဘော်လီဝုဒ်ရုပ်ရှင် ကမ္ဘာရဲ့ အကျော်အမော် မိတ်ဖက်မိတ်ပေါင်းများက နောက်ဆုံး နှုတ်ခွန်းဆက်သရန် အစုလိုက် ရောက်လာနေကြသည်။ ရုပ်ကလပ်ကို  ကိုပါ ဆေးရုံ [Cooper Hospital] သို့ ခွဲစိတ်စုံစမ်း (Postmortem) ရန် ယူဆောင်သွားခဲ့သည်။ 

သတင်းကို အတည်ပြုရန် အိုမ်ပူရီ၏ အနီးဆုံး မိတ်ဆွေ တစ်ဦးဖြစ်သော ရုပ်ရှင်ထုတ်လုပ်သူ အာချိုခ် ပဏ္ဍိတ် ကို မေးမြန်းခဲ့ရာ “အိုမ်ပူရီဟာ ဒီနေ့မနက်တွင် နှလုံးပိတ်ဆို့မှုရောဂါကို ရုတ်တရက် ခံစားနေတယ်။ ကျနော်တို့ သူ့အိမ်ကို ခဏလေးနဲ့ ရောက်နေမယ်” ဟု ပြောကြားခဲ့တယ်။

ဝါရင့် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ရှားဘ်နာ အဇ်မီက တွီတာဖြင့် သတင်း အသေးစိတ်ကို မျှဝေခဲ့တယ်။ သူ တွီတာမှာ တင်တာက “အိုမ်ပူရီကို ကိုပါ ဆေးရုံတွင် ခွဲစိတ်စုံစမ်းနေပြီ။ ည ၃ နာရီတွင် တြီရှာလ် [Trishul] သို့ ယူဆောင်လာမယ်၊ ည ၆ နာရီတွင် အိုချီဝါရာ အီလက်ထရွန်နစ် ဆီမေတိုရီယာမ် [Oshiwara electric crematorium] ၌ ဈာပနာ အခမ်းအနား ကျင်းပမှာဖြစ်တယ်” ဟု ဖော်ပြထားတယ်။ 

အိုမ်ပူရီသည် ဘော်လီဝုဒ်၊ ပါကိစ္စတန်ရုပ်ရှင်၊ ဗြိတိသျှရုပ်ရှင်၊ ဟောလီဝုဒ် ရုပ်ရှင်လောက၌ပင် ခေတ်စားထင်ရှားခဲ့သည့် မင်းသားဖြစ်သည်။ သူသည် OBE ဆုအပြင် အိန္ဒိယရဲ့ စတုတ္ထ အမြင့်မြတ်ဆုံးဆုဖြစ်သော ပါဒ်မာ သျှီ ဆုကိုလည်း ရရှိခဲ့သည်။ နိုင်ငံတော် ဝန်ကြီးချုပ် နရီန္ဒြာ မိုဒီ ကလည်း သူဖြတ်သန်းခဲ့သော ရုပ်ရှင်ဘဝကို အောက်မေ့ရင်း ရုတ်တရက် ကွယ်လွန်ခြင်းအပေါ် ကြေကွဲ ဝမ်းနည်းမှု ဖော်ပြခဲ့တယ်။

အိုမ်ပူရီသည် ၁၉၅၀ ခုနှစ်တွင် ဟာရီယာနားပြည်နယ်၊ အမ်ဘာလိုက်မြို့ရှိ ဟီန္ဒူ-ပန်ဂျာပီ မျိုးနွယ်စု၌ ဖွားမြင်ခဲ့သည်။ ဖခင်သည် အိန္ဒယ ရထားဆက်သွယ်ရေး၌ အမှူးထမ်း တစ်ဦးဖြစ်သည်။ ယင်းမတိုင်မီ ဖခင်သည် အန္ဒိယ စစ်တပ်တွင်လည်း အမှူးထမ်းခဲ့ဖူးသည်။

အိုမ်ပူရီသည် အိန္ဒိယ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သင်တန်းကျောင်း [Film and Television Institute of India] နှင့် အမျိုးသား ပြဇာတ်ကျောင်း  [National School of Drama] ဆင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး Art Film လှုပ်ရှားမှု ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင်လောက၌ စတင်ဝင်ရောက်ခဲ့သည်။ ဂါဆီးရာမ် ကုသုဝါလ် [Ghasi Ram Kutuwal] အမည်ရှိ မာရာတီဇာတ်ကားတွင် ပထမဆုံး သရုပ်ဆောင်ကာ ခရီးစခဲ့သည်။ သူရဲ့ ကျော်ကြားသော ဇာတ်ကားအချို့မှာ Bhavni Bhavai (၁၉၈၀), Sadgati (၁၉၈၁), Ardh Satya (၁၉၈၂), Mirch Masala (၁၉၈၆) and Dharavi (၁၉၉၂) စသည်တို့ဖြစ်ကြတယ်

No comments:

Post a Comment