Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 6, 2017

ခွဲခြားဆက်ဆံမှုကြောင့်မဟုတ်လား (လူထုဝဏ္ဏ ကဗျာ)





ခွဲခြားဆက်ဆံမှုကြောင့်မဟုတ်လား

📜 လူထုဝဏ္ဏ

(၁) သူတို့ကျတော့ ကြိုက်ရာတက္ကသိုလ်
တက်ကာသင်ကာ ဘဝမြင့်တင်
မွတ်ကဆိုရင် အမှတ်နဲ့မဆိုင်
ထူးချွန်အဂ္ဂ ဂုဏ်ထူးပေါင်းစုံလဲ
အသက်မွေးကျောင်း တက္ကသိုလ်ကောင်း
ပိတ်ပင်မြစ်ထား ခွဲခြားတာမဟုတ်လား။

(၂) သူတို့ကျတော့ နိုင်ငံတဝမ်း
ဗလာနတ္တိ ကခုန်ပျော်လှည့်
မွတ်ကဆိုရင် ကြေးကုန်ချွေးကုန်
ခွင့်ပြုချက်ယူလဲ
လိုရာခရီး မရောက်နိုင်စေ
ဖျောင်းဖျပိတ်ထား ခွဲခြားတာမဟုတ်လား။

(၃) သူတို့ကျတော့ လော့နဲ့ကျယ်လောင်
တရား၊ဟောပြော ကန့်ကွက်ပွဲဘာညာ
မွတ်ကဆိုရင် တမန်တော်နေ့ပင်
ခွင့်ပြုချက်ရလဲ
မုန်းပင်ကိုးကွယ် သူတစ်ထွေကြောင့်
ရုပ်သိမ်းရတာ ခွဲခြားတာမဟုတ်လား။

(၄) သူတို့ကျတော့ လမ်းဘေးတောင်ထိပ်
ဒဿ      နာဆောက် ပုထိုးစေတီ
မွတ်ကဆိုရင် ဘိုးဘေးပဝေသဏီ
ဒဿ      နိက အဆောက်အဦကိုပင်
နယ်ချဲ့ဝိုင်းပြိုခံရတာ ခွဲခြားတာမဟုတ်လား။

(၅) သူတို့ကျတော့ မကျေနပ်လို့
ဆန္ဒဖော်လို တရားမတရား လမ်းထွက်အော်
မွတ်ကဆိုရင် ဆန္ဒဖော်ခွင့်ဝေးစွ
ကိုယ့်ရဲ့တရား ဖော်ပြရင်တောင်
ခန္ဓာစဲရတာ ခွဲခြားတာမဟုတ်လား။

(၆) ပညာ၊ စီးပွား၊ သွားလာ၊ အိမ်ထောင်ကစ
လူမူ၊ ဘာသာ အရပ်ရပ်တွင်
သူတို့ကသာ ဗုဒ္ဓဝင်ဟု စိတ်လိုရာပြည့်
မွတ်ကဆိုရင် ဘဝထိုထို ဖိနှိပ်ခံလို့
ကျီးကန်းတောင်းမှောက်နေခဲ့ရတာ
ခွဲခြားတာမဟုတ်လား။

(၇) ဖိနှိပ်ရေစီးထဲ မျောပါလာရင်း
မနောကာယ လက်မြှောက်အရှုံးပေးလျက်
သည်းခံဓာတ်က ခြောက်ကုန်သွားလို့
ရင်ထဲပျိုးပွား မာန်ဒေါသနဲ့
အောင်ဆန်းနည်းနာ နယ်ချဲ့လိုက်ပမာ
ထကြွတော်လှန် ရှင်သန်ခွင့်တောင်းတာ
ခွဲခြားဆက်ဆံမှုကြောင့် မဟုတ်လား။






No comments:

Post a Comment