Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 13, 2017

သိပ္ပံနည်းကျ စွနွတ်တော်ငါးခု

သိပ္ပံနည်းကျ စွနွတ်တော်ငါးခု




စွနွတ်တော်များတွင်  တမန်တော်မြတ်(စွ)၏ လုပ်ဖွယ်ဆောင်ဖွယ်များ အားလုံးပါဝင်သည်။ မွတ်စလင်လူထုသည် ၎င်းစွနွတ်တော်များကို မိမိရဲ့ ကိုယ်ကျင့်တရား ပျိုးထောင်ရန် ဘဝ တစ်လျှောက်လုံး တွင် လိုက်နာဆောင်ရွက်ကြသည်။ စွနွတ်တော်များသည်  အလ္လာဟ်အသျှမြတ်က တမန်တော်ကို သင်ကြားပေးသော အမိန့်တော်များဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤကျင့်စဉ်သည် စိတ်ပိုင်းဆိုင်ရာအပြင် သိပ္ပံနည်းနှင့် အံဝင်ကွင်းကျဖြစ်၍ အလွန်ပင် အကျိုးများလှပေသည်။ 



နှစ်ပေါင်းမျာစွာသုတေသနပြုလုပ်ပြီး နောက် သိပ္ပံပညာရှင်များက စွနွတ်တော်များ၏ အကျိုးများကို သက်သေခံနေကြသည်။ ယင်းကို တမန်တော်မိုဟာမ္မဒ်က နှစ်ပေါင်း ၁၄၀၀ကျော်က သင်ပေးခဲ့ခြင်းဖြစ်သည်။ အောက်တွင် သိပ္ပံပညာရှင်များက အသိအမှတ်ပြုထားသော စွနွတ်တော် အချို့ကိုဖော်ပြပါမည်။



၁။ စောစောထ၊ စောစောအိပ်




Source: Daily Mail

တမန်တော်မြတ်၏ သာဝကကြီးများအရ,  တမန်တော်မြတ်သည် အမြဲတမ်း အေရှ နုမားဇ် ဝတ်ပြုပြီး စောစောအိပ်လေ့ရှိခဲ့သည်။ ထို့ပြင် မိုးလင်းချိန်အကြို အိပ်ရာမှ ထ လေ့ရှိသည်။ 


အာဘူ ဘာရ်ဇာဟ် (ရသွ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(စွ)သည် အေရှားနုမားဇ် ဝတ်ပြုခြင်း အကြို အိပ်ခြင်းနှင့် အေရှနုမားဇ် အပြီး စကားစမြည်းပြောဆိုခြင်းကို မနှစ်သက်ခဲ့ချေ။ (မုစ်လိမ်)




ခေတ်သိပ္ပံပညာရှင်၏ သက်သေခံ တွေ့ရှိချက်များ။    ။ ခေတ်မီသိပ္ပံပညာရှင်များက ဖော်ထုတ်ပြောဆိုခဲ့ သည်မှာ လူ့ခန္ဓာကိုယ်သည် ညအချိန်တွင် အဆိပ်ဖြေကြသည်။ ကောင်းစွာ အဆိပ်ဖြေနိုင်စေရန် လူတစ်ယောက်သည် နေ့အလုပ်ချိန်ကို ၉ PM အထိ လုပ်ပြီး ၁၁ နာရီမှ ၅ နာရီထိ နက်ရှိုင်းစွာ အိပ်သင့်သည်။ 



၂။  နေ့လည်နေ့ခင်းတွင် ခတ္တခဏ မှေးခြင်း။ ငိုက်ခြင်း။




အနောစ် ဘိန် မာလိခ်သခင်က ဆင့်ပြန်ခဲ့သည်။ “အုမ်မေ့ ဆောလ်မား (ရသွ့) သခင်မသည် သူ့အိမ်၌ တမန်တော်မြတ် အတွက် နေ့လည်နေခင်း ခေတ္တအိပ်စက်နိုင်ရန် သားရေအိပ်ရာခင်းတစ်ခု ခင်းပေးလေ့ ရှိခဲ့သည်။  ၎င်း၌ တမန်တော်မြတ်(စွ) အိပ်စက်လေ့ရှိသည်။ 



ယနေ့ အချို့အဖွဲ့အစည်းများက အလုပ်သမားများ နေ့လည်စာ စားပြီး  ခေတ္တအနားယူနိုင်ရန် မှေးခန်း (Nap Room)များကို စီစဉ်ပေးလေ့ရှိသည်။ Power Naps ဟု ခေါ်ကြသည်။ နေ့လည်နေ့ခင်း အနားယူခြင်းသည် ဦးဏှောက်ရှိ မှတ်ဥာဏ် လုပ်ငန်းအချို့ကို မွန်းမံတိုးတက်စေပြီး နံနက်ခင်း မှတ်ဥာဏ် အားကို ပြန်လည်သန့်ရှင်း အားဖြည့်စေသည်။



 ၃။ သမ်းဝေသည့်အခါ ပါးစပ်ရှေ့ လက်ကာခြင်း 




Source: NBC News



အကြင်သူသည် ဟထားသည့်အခါ လက်ဖြင့် ဟန့်ထားသင့်သည်။ အကြောင်းမှာ ယင်းသည် ရှိုက်တန် မိစ္ဆာကောင် ဝင်ကြသည်။



သမ်းဝေခြင်းသည်  ဇီဝကမ္မ ဘုံလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ လူတို့သမ်းဝေ သည့်အခါ လေထဲမှ များစွာသော ပိုးမွှားများကို တစ်ပြိုင်တည်း ရှူသွင်းကြသည်။ ထို့ကြောင့် တမန်တော်မြတ်သည် သမ်းဝေသည့်အခါ ပါးစပ်ရှေ့လက်ပြန့်ကာခြင်းဖြစ်သည်။ 



၎။ မီစ်ဝါက် ဖြင့် သွားတိုက်ခြင်း




Source: Gulf News

“ မစ်ဝါက်သည် ပါးစပ်ကို သန့်ရှင်းစေပြီး အသျှင်မြတ်အား ကြည်နူးစေသည်။ အကယ်၍ ငါ့ရဲ့ နောက်သား အုမ္မသ်များအတွက် လိုက်နာရန် အခက်အခဲ ဖြစ်လာမည်ကို မတွေ့ရှိပါက ငါသည် အုမ္မသ်ထုအား နုမာဇ် ဝတ်ပြုတိုင်း မီစ်ဝါက်နဲ့ သွားတိုက်ရန် အမိန့်ပေးလိမ့်မည်။ 


သုတေသီများက မီစ်ဝါက်တွင် သွား၏ ကျန်းမာရေးကို အကျိုးပြုနိုင်သည့် သဘာဝ ဆေးဖက်ဝင်ပစ္စည်း အမျိုးပေါင်း ၁၉ မျိုး ရှိကြောင်း ဖော်ထုတ်ခဲ့သည်။ ၎င်းတွင်ပါဝင်သော သဘာဝ ရောဂါပိုး သတ်ဆေးသည် ပါးစပ်ရှိ အန္တရာယ်ပြုနိုင်သော အနုမြူ ဇီဝရုပ်များကို သေကြေပျက်စီးစေသည်။ တာနစ် အက်စစ်သည် သွားဖုံးကို ရောဂါဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။ ရနံ့မွှေး အဆီသည် သွားရည်ကို တိုးပွားစေသည်။ 



၅။ ဆံပင်တွင် ဆီလိမ်းဖြီးခြင်း




Source: Fashion Central

အဘူဟူရိုက်ရာ (ရသွေ့) သခင်က  ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်မှာ “သံလွင်ဆီ (ဇိုက်တုန်) ကို သုံးဆောင်ကြ၊ မိမိကိုယ်တွင်လည်း လိမ်းသပ်ကြ၊ ၎င်းသည် အပင်ထူး အပင်မြတ်ပင် ဖြစ်သည်။ ဆံပင်ရှိသော မည်သူမဆို ၄င်းကို မြတ်နိုးဂုဏ်ပြုသင့်သည်။” (အာဘူဒါဝုဒ်ကျမ်းနှင့် အိဘန္န မာဂျာကျမ်း)



ယနေ့ခေတ်တွင် ဂျဲလ်နှင့် ကရီမ်များကို လူငယ်များက သုံးဆောင်ကြသည်မှာ ယင်း အရေအသွေးကို ရရှိရန်သာ ဖြစ်သည်။ အမျိုးသမီးများသည်လည်း ဆံပင် ကျန်းမာရေးကောင်းမွန်စေရေးနှင့် ထောက်ပစေ ရေးအတွက် ဆီအမျိုးမျိုးလိမ်းကြသည်။



No comments:

Post a Comment