နက္ခတ္တဗေဒပညာရှင် Abd al-Rahman Al-Sufi [အေဒီ ၉၀၃-၉၈၆]
အဗ္ဗဒုလ်ရာဟာမာန် အလ်ဆူဖီသည် ထင်ရှားသော နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်သည်။ အေဒီ ၉၀၃ ခု ဒီဇင်ဘာလ ၇ ရက်တွင် ပါရှန်နိုင်ငံ(အီရန်) ရဲမြို့တွင် ဖွားမြင်သည်။ Abd al-Rahman Abu al-Husayn ဟုလည်း လူသိများကြသည်။ အနောက်တိုင်းမှာမူ Azophi နှင့် Azophi Arabus ဟူ၍ ထင်ရှားသည်။
Abd al-Rahman Al-Sufi သည် အာကာသရှိ ကြယ်တာရာများအပေါ် ကျွန်ုပ်တို့ ကြည့်ရှုလေ့လာပုံ ရှုထောင့်ကို ထာဝရ ပြောင်းလဲစေခဲ့သည်။ ကမ္ဘာ့သြဇာအရှိဆုံး နက္ခတ္တဗေဒပညာရှင်တစ်ဦးအနေနှင့် သူသည် ကြယ်များ၊ ကြယ်စုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အသိပညာတိုးမြှင့်စေရန် သူ့ဘဝကို မြှုပ်နှံခဲ့သည်။ သူ့နာမည်ကို အစွဲပြု၍ လ၏ချိုင့်ကြီးကို "Azophi" ဟုလည်းကောင်း၊ အသေးအဖွဲ့ဂြိုဟ်ကို "12621 Alsufi" ဟုလည်းကောင်း အမည်ပေးခဲ့သည်။
Al-Sufi ၏ အကြီးမားဆုံးသော လုပ်ဆောင်ချက်များတွင် ဂရိနက္ခတ္တဗေဒပညာရှင် Ptolemy ၏ "ကြယ်များ၏ တောက်ပမှုနှင့် အရွယ်အစားကို တိုင်းတာခဲ့သည့် "အချက်များကို စိစစ်ခြင်းလည်း အပါအဝင်ဖြစ်သည်။ အေဒီ ၉၆၄ တွင် Al-Sufi သည် သူ၏ တွေ့ရှိချက်များကို Kitab al-Kawatib al-Thabit al-Musawwar (သို့) The Book of Fixed Stars စာအုပ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အများအပြားသော သုတေသနများတွင် သူသည် တိုလီမီ၏ ရှာဖွေတွေ့ရှိချက်များကို အတည်ပြုလက်ခံခဲ့သည်။ သို့သော် သူသည် ကြယ်စုများ သရုပ်ဖော်ခြင်းနှင့် ကြယ်တို့၏ အရောင်တောက်ပမှု နှင့်ပတ်သက်၍ တိုလမီ၏ လေ့လာတွေ့ရှိချက်အချို့ကို ပို၍တိကျမှန်ကန်အောင် ပြုပြင်ဖြည့်စွက်ပေးခြင်းဖြင့် သူ၏ သုတေသနပြုမှုကို တိုးတက်စေခဲ့သည်။
Abd al-Sufi က ကောင်းကင်ရှိ ကြယ်တာရာများ ကြည့်ရှုလေ့လာပုံကို လုံးလုံးလျားလျား ပြောင်းလဲပစ်ခဲ့သည်။ ယနေ့ နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီး နောက်တွင်ပင် နက္ခတ္တဗေဒပညာရပ် အများစုသည် သူ၏ တွေ့ရှိချက်အပေါ် မှီငြင်းအခြေပြုထားပြီး ယင်းတွေ့ရှိမှုများ မပါဘဲ မဖြစ်နိုင်ချေ။
မေလ ၂၅ ရက်၊ ၉၈၆ ခုတွင် အဗ္ဗဒ အလ်-ရာဟမန် အလ်-ဆူဖီ (အဇိုဖီ) ကွယ်လွန်သွားလေသတည်း။
—လူထုဝဏ္ဏ
Source - Internet
No comments:
Post a Comment