Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 12, 2021

ရှေးစကား ရွှေအလား [၅]| ကျီးကန်းတောင်းမှောက် နေရဆဲ


ရှေးစကား ရွှေအလား (၅)


“Théñgór Konkuru, Bitíc ór Foilá gáñti Toung Bru.”

(ထဲ့ငေါ်ရ် ကောင်ကူရူ၊ ဗီတီသှ်ျ ဩရ် ဖိုအီလာ ဂါးဌီ တောင်ဗ)

ဤ ဆိုရိုးလင်္ကာသည် ကိုလိုနီဆိုး ကျွန်ဘဝကို  ရက်ရက်စက်စက်ခံခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတို့၏ ဘဝကို  သရုပ်ဖော်ပြနေခြင်းဖြစ်သည်။ ကိုလိုနီခေတ်အစောပိုင်းတွင် စပ်ဆိုခဲ့သော လင်္ကာဟု ခန့်မှန်းရသည်။

ဆိုရိုး၏ တိုက်ရိုက်အဓိပ္ပာယ်မှာ-
“ဗြိတိသျှကိုလိုနီ နယ်ချဲ့အစိုးသည် တောင်ပြို၌ စတင် ခြေကုပ်စခန်းချသည် အချိန်မှစ၍ မြန်မာပြည်သူပြည်သားတို့၏ လွတ်လပ်သော ဘဝသည် ခြေချင်းတပ်ခြင်းခံခဲ့ရလေသည်။” ဟူ၍ ဖြစ်သည်။ 

နယ်ချဲ့ကိုလိုနီတို့သည် ရခိုင်ပြည်နယ် နယ်စပ်တောင်ပြိုကို လက်ဦးသိမ်းပိုက်ခဲ့ချိန်မှ စ၍ ကျွန်စနစ်ကို ရက်ရက်စက်စက်ခံခဲ့ရကာ ကျွန်ဘဝသို့ ဒိုးဒိုးဒေါက်ဒေါက် ရောက်သွားခဲ့ရလေသည်။ 

၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်မြန်မာ ကျုးကျော်စစ်ပြီးနောက် ရခိုင်နှင့် တနင်္သာရီတို့သည် ကိုလိုနီ လက်အောက်ကျရောက်ခဲ့ရ၏။ ရခိုင်မှ တောင်ပြိုနှင့် မောင်တောတို့သည် ဗြိတိသျှတို့၏ လက်အောက်သို့ အဦးဆုံးကျခဲ့သည်။ ထိုစဉ် ကိုယ့်ပြည်ကိုယ့်မြေနှင့် လွတ်လွတ်လပ်လပ် နေထိုင်လာခဲ့သော တိုင်းရင်းသား ရိုဟင်ဂျာတို့သည် နယ်ချဲ့ကိုလိုနီတို့၏ ဖိနှိပ်ချုပ်ချယ်မှုကို အစောဆုံးနှင့် အခါးသီးဆုံး ခံခဲ့ရလေသည်။

ရိုဟင်ဂျာလူမျိုးစုသည် ဗမာပြည်တွင် တိုင်းရင်းသားလူမျိုးစု အားလုံးထက် အစောဆုံး ကျီးကန်းတောင်းမှောက် နေခဲ့ရသည့်အပြင် ကံအားလျော်စွာ ယနေ့အချိန်အထိ နှိပ်စက်မှု တွင်းနက်ထဲမှာပင် ကျန်ရှိနေဆဲဖြစ်လေသည်။ 

ထိုဘဝမှောင်ကို မှတ်တမ်းတင်သည့်အနေနှင့် ရိုဟင်ဂျာစာဆိုသည် ဤလင်္ကာဖြင့် မှတ်တမ်း ညည်းညူခဲ့လေသည်။ 

လူထုဝဏ္ဏ(ရိုဟင်လေး)
19-10-19


Ref. ဆင့်ပြန်သူ- Mayyu Ali

ဝေါဟာရအဖွင့်

Théñgór    = ခြေထောက်၏
Konkuru    = ခြေချင်း
Bitíc ór       = ဗြိတိသျှတို့ရဲ့
Foilá gáñti = ပထမဦးဆုံး စခန်း
Toung Bru  = တောင်ပြို


No comments:

Post a Comment