Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 6, 2019

စေတနာ့ရှင် မျိုးစိတ်ကောင်း (ရိုဟင်လေး)

စေတနာ့ရှင် မျိုးစိတ်ကောင်း 

ရေးဖွဲ့သူ- ရိုဟင်လေး

 နွေဦးကာလ၊ ကျောင်းစပိတ်လျှင်
 အားမာန်ပြည့်ဖွင့်၊ စေတနာပွင့်ကျောင်း
 စာအုပ်စာတမ်း၊ ဖြည့်စွမ်းသာပင်
 စာသင်ကျောင်းတွင်၊ ထကြွလှုပ်ရှား
 ရိုဟင်ဂျာစေတနာ့၊ ဆရာငယ်တို့လေး……။

 သူငယ်အနာဂတ်၊ မွန်မြတ်ရအောင်
 ပညာမျိုးစေ့၊ ပျိုးကြဲသူဆောင်
 အရည်အသွေး၊ ထက်ချွန်ပျိုးထောင်
 မျိုးမည်းဘာသာ၊ ဖြူမခွဲခြား
 ကျယ်ပြန့်လွှမ်းခြုံ ချဉ်းကပ်နည်းနှင့်လေး..... ။

 ပညာတိုးပွား၊ ကျိုးများစေရန်
 စာပေသင်ကြား၊ စိတ်အားသူထက်သန်
 ဇာတိမျိုးမာန်၊ ရှင်ရေးစေသန်
 မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဦးထား
 စာရိတ္တပါ သင်ကြားပေးသည်နှင့်လေး..။

 သာရေးနာရေး၊ ရပ်ရေးပေါ်လျှင်
 သွားရောက်မေးမြန်း၊ သူထမ်းဆောင်သည်ပင်
 အလှူမင်္ဂလာ၊ မကျန်ကူဆောင်
 လုပ်ငန်းရုန်းခွင်၊ မြဲပင်လှုပ်ရှား
 စိတ်မနောပါ ကြိုးစားသည်နှင့်လေး ...။

 စေတနာသင်၊ ကလေးပျော်ကျောင်း
 သဒ္ဓါဖြူစင်၊ အာစရိယကောင်း....။



မှတ်ချက်။ ၂၀၀၉ ခုနှစ်မှ မောင်းတောမြောက်ပိုင်းတွင် သင်ကြားခဲ့သည့် နွေရာသီစေတနာ့ ပညာသင်ကြားရေး အစီအစဥ်အတွက် ရေးဖွဲ့သီဆိုခဲ့သည့် ကဗျာ။



No comments:

Post a Comment