ဒပြူးချောင်းကြေညာစာတမ်း ၁၉၄၇
ရိုဟင်ဂျာ တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီး အဗ္ဗဒူရှုက္ကုရ် သည် မူဂျာဟစ်လှုပ်ရှားမှုထဲမှာ ဦးစီးတပ်မှူး တစ်ဦးဖြစ်သည်။ တော်လှန်ရေး ခေါင်းဆောင် ဗိုလ်မှူးကြီး အဗ္ဗဒူရှုက္ကုရ် သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရန် ၁၉၄၇ ခု၊ ဩဂုတ်လ ၂၀ ရက်၌ ဘူးသီးတောင်မြို့နယ်၊ ဒပြူးချောင်းကျေးရွာတွင် တော်လှန်ရေးအင်အားစုညီလာခံကျင်းပပြီး ကြေညာစာတမ်းတစ်ခု ထုတ်ပြန်၍ မြန်မာအစိုးရကို အချက် (၇) ခု တောင်းဆိုခဲ့သည်။ အဆိုပါကြေညာစာတမ်းရှိ တောင်းဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ကုလားတန်မြစ်၏ အနောက်ဘက်ကနေ နတ်မြစ်၏ အရှေ့ပိုင်းအထိ နယ်ပယ်ဒေသဖြစ်သော ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များအပါအဝင် မြောက်အာရကာန်အမည်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင်ပြည်နယ်ဖွဲ့စည်းပေးရန်။ အဆိုပါ ဒေသသည် ပြည်ထောင်စုမြန်မာနိုင်ငံ လက်အောက်တွင် ရှိနေပါဦးမည်ဖြစ်သည်။
၂။ စစ်သင်တန်းရရှိသူ သို့မဟုတ် ဒေသတွင်းစစ်ရေးအတွေ့အကြုံရှိသော မွတ်စလင်လူငယ်များ၏ အကူအညီဖြင့် မြောက်ပိုင်း အာရကန်မွတ်စလင်တပ်ဖွဲ့အမည်ရှိသည့် စစ်တပ်ဖွဲ့စည်းပေးရန်။ ဒီတပ်ရင်းများ၏ မွတ်စလင် လူငယ်များသည် နိုင်ငံခြားကျူးကျော်လာမှု တစ်လက်မ အဖို့တောင် မိမိတို့ဘဝတွေကို စွန့်လွှတ်စတေးကာ ကာကွယ်သွားမည်။
၃။ အူရ်ဒူဘာသာစကားကို ဒေသိယဘာသာစကားနှင့် မြောက်အာရကန်ပြည်၏ ကြားခံဘာသာစကားအဖြစ်သတ်မှတ်ပေးရမည်။ သို့သော် မြန်မာဘာသာစကားသည် နိုင်ငံတော် အမျိုးသား ဘာသာစကားအဖြစ် မသင်မနေရ ရှိနေပါဦးမည်။
၄။ မြောက်အာရကန်တွင် ဒေသခံမွတ်စလင်များ ကို အစိုးရဝန်ထမ်းများ ခန့်အပ်ရမည်။ သို့သော် ဤဒေသတွင် မြန်မာနိုင်ငံတော် ဗဟိုအစိုးရ၏ အတိုင်အပင်ပုဂ္ဂိုလ်များ ဆက်လက်ရှိနေလိမ့်မည်။
၅။ မြောက်အာရကန်ရှိ မွတ်စလင် မဟုတ်သော လူနည်းစုအသိုင်းအဝိုင်းများသည် မြန်မာနိုင်ငံ၏ အခြားဒေသရှိ မွတ်စလင်လူနည်းစုကဲ့သို့ တန်းတူရည်တူ တရားမျှတစွာ ဆက်ဆံရမည်။
၆။ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာနအသီးသီးတို့သည် ဗဟိုအစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိနေပါဦးမည်။ ကျန်ရေးရာဌာနများ မည်သို့စီမံဆောင်ရွက်မည်ကို ဒေသခံအခွင့်အဏာရှိကိုယ်စားလှယ်များနှင့် ဗဟိုအစိုးရတို့ နှစ်ဘက်ကိုယ်စားလှယ်များ ပူးတွဲ ဆွေးနွေးခြင်းဖြင့် ဆုံဖြတ်ရမည်။ ထိုဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဗဟိုအစိုးရနှင့် ဒေသိယအုပ်ချုပ်ရေးတာဝန်ရှိသူများအကြား ချက်ချင်း မျှဝေပေးရမည်။
၇။ မြန်မာအစိုးရအနေဖြင့် အထက်ပါ တောင်းဆိုချက်များကို သဘောတူလက်ခံမှသာ မြန်မာအစိုးရနှင့် မူဂျာဟီဒ် နှစ်ဖက်ကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်မည်။ သို့သော် သဘောတူစာချုပ် လက်မှတ်မထိုးမီ မြောက်အာရကန်၏ မူဂျာဟစ်ပါတီနှင့်အတူ အခြား နိုင်ငံရေးခေါင်းဆောင်များအား အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာရပါမည်။ ဖော်ပြပါ စာချုပ်များ၏ တောင်းဆိုချက် အချက်အမှတ် (၂) နှင့်အညီ မြောက်အာရကန်က မွတ်စလင်တပ်ရင်းအဖြစ် လူသိများသည့်မူဂျာဟစ်ကို မြန်မာနိုင်ငံ၏ အမျိုးသားတပ်မတော်ကဲ့သို့ တူညီသော အခွင့်အရေးပေးရမည်။ မြောက်အာရကန် ဒေသ နယ်မြေ တပ်ရင်းစုအဖြစ် မြန်မာနိုင်ငံ၏ အမြဲတမ်း တပ်မတော်များတွင် ပါဝင်ခွင့်ပေးရမည်။
ဒပြူးချောင်းကြေညာစာတမ်း ကိုးကားမူရင်း-
အထက်ပါ တောင်းဆိုချက် ၇ ခုကို ညှိနှိုင်းရန် ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် မူဂျာဟစ်တပ်ဖွဲ့များအကြား ဆွေးနွေးမှုများရှိခဲ့သည်။




No comments:
Post a Comment