ဟောံလား (Hóñlá)
ရေးသား- ရိုဟင်လေး|
ဟောံလားသည် ရိုဟင်ဂျာ ရိုးရာမင်္ဂလာတေး တစ်မျိုးဖြစ်သည်။ မူလသီဆိုသူများ၏ အမည်များကိုမူ အသိရနည်းသည်။ ဤတေးချင်းတွင် ကျေးလက်ဒေသ၏ နေ့စဉ်ဘဝဖြစ်သော ရိုမူရိုရာများကို တွေ့ရသည်။ မြန်မာကဗျာ အိုင်ချင်းနှင့် ခပ်ဆင်ဆင်တူသည်။ ဟောံလားတေး၏ ပိုဒ်ဆုံးတွင် ဟိုင်…ဟိုင်…တေးသံ နှင့် အဆုံးသတ်ရသည်။
နမူနာ ဟောံလားတေး တစ်ပိုဒ်
Nasito tuli diyé gura gura nattuá,
Naser de keñl lari la…ri…, mor haiñ haiñ re….
Amm fata lorer sorer hathol fata zoorer,
Hoinnar bourót hon góthana soler lé, mor haiñ haiñ re….
(Re: Shafi)
ဟောံလားကို မည်သည့်ခေတ်ကာလမှစ၍ ပေါ်ထွက်လာသည် တိတိကျကျပြောဆိုရန် ခဲယှဉ်းလှသည်။ ရိုဟင်ဂျာ ရိုးရာတေးများအနက် ရှေးကျသော တေးများထဲမှ တစ်မျိုးဟု ပြောစမှတ်ပြုကြသည်။ ဟောံလား ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ကြာပန်း ဖြစ်သည်။ ဟောံလားတေးကို ပဒုမာကြာပန်းကဲ့သို့ အဆင့်ဆင့်ထပ် သာယာနာပျော်ဖွယ် သီဆိုရသောကြောင့် ကြာတေးဟု အမည်တွင်းခြင်းဖြစ်သည်ဟု ဆိုသည်။ ဟောံလားကို အများအားဖြင့် မင်္ဂလာလက်ထပ်ပွဲများတွင် သီဆိုလေ့ရှိသည်။ အမျိုးသမီးများ စုပေါင်း၍ ဝိုင်းဖွဲ့ သီဆိုရသော မင်္ဂလာ ရိုးရာတေးတစ်မျိုးဖြစ်ပါသည်။
ရိုဟင်ဂျာ မင်္ဂလာလက်ထပ်ပွဲများတွင် အမျိုးသမီးများက မင်္ဂလာဧည့်ခံပွဲ အစားသောက်များ ပြင်ဆင်ရင်း ဟောံလားတေးကို သီဆိုလေ့ရှိကြသည်။ သီဆိုသူအမျိုးသမီးတစ်ဦးက လင်္ကာသွားများကို ချိုသာသောအသံဖြင့် သီဆိုသည်။ ပိုဒ်ဆုံးတွင် ကျန်အမျိုးသမီးများက တညီတညွတ်တည်း “ဟိုင်…ဟိုင်…ရေ” နှင့် တဆွဲဆွဲ တငင်ငင်ဆိုကာ အဆုံးသတ်ရသည်။ ဤနည်းဖြင့် ကျန်အပိုဒ်များကိုလည်း အလားတူ ဆက်လက် သီဆိုကြသည်။
ဟောံလားတေး တစ်ပုဒ်တွင် အနည်းဆုံး အပိုဒ် ၈ ပိုဒ် ပါရသည်။ တစ်ချို့တေးများသည် (၁၀) ပိုဒ် (၁၂) ပိုဒ်တောင် ဖွဲ့ဆိုကြသည်။ လင်္ကာ ပါဒတစ်ခုစီကို နှစ်ကြိမ်စီ သီဆိုကြသည်။ တေးစာသားသည် သတို့သား၊ သတို့သမီး ဘွဲ့များကို ဒေသပတ်ဝန်းကျင် အခြေအနေနှင့် ဆီလျော်စွာ ဖွဲ့ဆိုကြသည်။ ဟောံလားတေးကို ပြုံးရွှင်ဖွယ် တစ်လှည့်၊ ဝမ်းနည်းဖွယ် တစ်လှည့်ဖြစ်အောင် သီဆိုရသည်။ သတို့သား အိမ်တွင် သီဆိုလျှင် သတို့သမီးဖက်ကို သရော်၍ မိမိဖက်ကို ချီးကျုးဂုဏ်မြင့်၍ သီဆိုကြသည်။ သတို့သမီးအိမ်တွင် သီဆိုလျှင် ပြောင်းပြန် သရော်ပြောင်နှောက်၍ သီဆိုကြသည်။
ဟောံလားတေးကို ရိုဟင်ဂျာလူမျိုးများသာမက အာရကာန်ပြည်၌ မှီတင်းနေထိုင်သော ဟိန္ဒူများ၊ မရမာကြီးများကလည်း မင်္ဂလာပွဲများတွင် သီဆိုကြကို တွေ့ရသည်။ မြို့ကြီးပြကြီးများတွင် ဟောံလားတေး သီဆိုသည့်ဓလေ့ ပျောက်ကွယ်လုနီးပါးဖြစ်သော်လည်း ကျေးလက်တွင်မူ “ဟောံလားမပါ မင်္ဂလာပွဲမမြောက်” ဆိုသည့်အထိ နှစ်နှစ်ခြိုက်ခြိုက် သီဆိုခဲ့ကြသည်။ ရိုဟင်ဂျာမင်္ဂလာပွဲ၌ နာခ်ျချာဓူလားတေး နှင့် ဟောံလားတေးမှာ အထူးထင်ရှားသည်။ (ရိုအညာမင်္ဂလာပွဲအကြောင်းကို အခြားစာမျက်နှာတွင် ဖတ်ရှုပါရန်)
-----------------------------------------------------------
မိမိတို့ ဒေသပတ်ဝန်းကျင်တွင် တွေ့ရှိရသော ရိုဟင်ဂျာအမျိုးသား ရိုးရာဓလေ့ထုံးစံများကို RSF: International. FB page သို့လည်းကောင်း၊ ဘလောက်၏ ကောမန့် box တွင်လည်းကောင်း ပေးပို့ကာ ရိုဟင်ဂျာယဉ်ကျေးမှုကို ဖော်ထုတ်ရန် ဝိုင်းဝန်းကူညီနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။
No comments:
Post a Comment