Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, May 19, 2019

Prince Qajar (သို့မဟုတ်) အလှတရားရဲ့ နိယာမကို တော်လှန်ခဲ့သူ



သက္ကရာဇ်​ ၁၉၀၀ ဝန်းကျင်​က ပါရှားပြည်​မှာ ထင်​ရှားခဲ့တဲ့ ​တော်​ဝင်​မင်းသမီး Zahra Khanum ဖြစ်တယ်။
သူမရဲ့နာမည်အရင်းက ​ Taj Al Saltaneh Qajar (1884-1936)၊ မင်းဆက်​ Naser Al Din Shah Qajar ရဲ့ သမီး​​တော် Princess Qajar လို့လည်း​ခေါ်ကြတယ်​။ သူမရဲ့ ငြင်းဆိုမှုကြောင့် အမျိုးကောင်းသား တော်ဝင်လူငယ် ၁၃ ယောက် အသည်းကွဲပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် ခဲ့ပါတယ်။

Princess Qajar (သို့မဟုတ်) အလှတရားရဲ့နိယာမကိုတော်လှန်ခဲ့သူ

သူဟာ အီရန်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူဖြစ်သလို ပန်းချီ စာပေစတဲ့နေရာမှာလည်း အင်မတန် ထူးချွန်ပါတယ်။ ခေတ်ပညာတတ် အမျိုးသမီးတယောက်ဖြစ်ပြီး သူမရဲ့အိမ်မှာတစ်ပတ်ကို တစ်ခါ စာပေဆွေးနွေးပွဲ လုပ်ပီး နိုင်ငံရေးနဲ့အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးစတာတွေကို နှီးနှောဖလှယ်တယ်။  ပြောရရင် သူ့ခေတ်သူ့အခါက အတိုင်းထက်လွန်ေ​​​တ်ာတဲ့ ပညာတတ်အမျိုးသမီးတယောက်ပေါ့။


ဘာသာရေးရိုးရာ အစဉ်အလာအရ ဝတ်ဆင်ရတဲ့ Hijab ကို စွန့်ပီး အနောက်တိုင်းဝတ်စုံကို ရဲရဲကြီး စတင်ဝတ်ဆင်ခဲ့တဲ့ ပထမဆုံးအာရပ်အမျိုးသမီး တစ်ဦးဖြစ်တယ်။ သူ့ရဲ့အကြောင်းကို လက်ရှိမှာ အီရန်ရဲ့ မြို့တော် တီဟီရန် တက္ကသိုလ်ကနေ ဟားဗတ်အထိ သင်ရိုးထဲမှာ သင်ရပါတယ်။

ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ ကဗျာတွေကောင်းကောင်းဖွဲ့တတ်သလို စာအုပ်တွေလည်း ထုတ်တယ်။
ထိုခေတ်ကအီရန်ပြည်ရဲ့  မြေအောက် အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့အဖွဲ့ကို စတင် တည်ထောင်တာ လည်း သူပဲဖြစ်တယ်။

အရည်အချင်းရှိတဲ့သူမဟာ ထိုခေတ်က အီရန်(ပါရှား)ပြည်ရဲ့အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရသလို ယောက်ျားတွေရဲ့ပေါ်ပြူလာဖြစ်ခံရဆုံး အမျိုးသမီးလည်းဖြစ်ပြီး သူမရဲ့ အလှအပအကြောင်းကို ယောက်ျားတွေဟာ ကဗျာတွေသီ သီချင်းတွေပါဖွဲ့ဆိုကြပါတယ်။

Qajar မင်းသမီးဟာ အမျိုးသားပေါင်း ၁၀၀ကျော်ရဲ့ လက်ထပ်ခွင့်တောင်းခံခြင်းကိုခံခဲ့ရပြီး သူငြင်းပယ်ခဲ့တဲ့ အထဲက ၁၃ယောက်ဟာ သူ့အချစ်ကို မရလို့ ကိုယ့်ကိုယ်ကိုတောင်သေကြောင်းကြံခဲ့ပါတယ်။

တကယ်တော့ မင်းသမီး Qajar ဟာ ပုံမှန်အမြင်အရဆို အရပ်ပုပုနဲ့ဝဝဖိုင့်ဖိုင့် အမျိုးသမီးတယောက်ပါ။  ဒါ့အပြင် မျက်နှာကလည်း အမျိုးသမီးမဆန်ပဲနှုတ်ခမ်းမွေးရေးရေးနဲ့ ပုံမှန်လူတွေရဲ့ အလှတရားဆိုတဲ့ "စံ"နဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။

ထိုခေတ်က ပါရှားပြည်က လူတွေရဲ့ စဉ်းစားတွေးခေါ်မှုဟာ အရမ်းကောင်းတယ်။  ပညာတတ်တွေလည်း ပေါများတယ်။ Qajar မင်းသမီးရဲ့အဖေ ဘုရင်ကြီး Naser Al Din ဟာ မိန်းမချောလေးများကို အလွန်နှစ်သက်ပါတယ်။ တနေ့မှာ သူမေးခွန်းတခုကို စဉ်းစားမိခဲ့ပါတယ်။

A painting of ‘Esmat (painter unknown) in
the Bahman Bayani Collection. Courtesy
 
Women’s Worlds in Qajar Iran

"မိန်းကလေးတယောက်ရဲ့ စစ်မှန်တဲ့ အလှတရားဆိုတာ ဘာလဲ"တဲ့။
တကယ်ချောမောပီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာ ပိန်ရမယ်၊ မဝရဘူး၊  အသားအရေလေးက ကြည်ပီးဖွေးဖွေးလေးနဲ့ ရှိရမယ်ဆိုတဲ့ လူတွေရဲ့အမြင်ကို ဘုရင်ကြီးအနေနဲ့ လက်မခံချင်တော့ဘူး။  သူဟာနေ့တိုင်း မိန်းမချောလေးတွေနဲ့ ထိတွေ့မြင်နေရတာပဲ။ သူ့အတွက်ဘာမှ မဆန်းဘူး။
တဖြည်းဖြည်း သူနားလည်လာတယ်။ လူတွေနားလည်ထားတဲ့ မိန်းမတယောက်ရဲ့ စစ်မှန်တဲ့ အလှတရားဆိုတာ ရုပ်ရည်ပေါ် မူတည်တယ်ဆိုတဲ့ခေတ်ဟောင်းက အယူတွေကို သူမြေလှန်ဖို့ ကြိုးစားတယ်။ ဘုရင်ဖြစ်တဲ့သူ့ရဲ့ အယူအဆကို ပါရှားပြည်ရဲ့ပညာတတ် အသိုင်းအဝိုင်းက လက်ခံတယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တခုလုံးက လက်ခံလာတယ်ဆိုပါတော့။

၁၉၀၀ခုနစ်ကျော်ဦးပိုင်းကာလ ပါရှားပြည်က မိန်းမတယောက်ရဲ့ အလှတရားအပေါ်ခံယူတဲ့ သဘောထားဟာ အဲ့လိုကိုပြောင်းသွားတာပါ။

ဒီလိုအချိန်မှာ Qajar မင်းသမီးလို အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေးကိုတောင်းဆိုရဲတဲ့ ပညာတတ် အမျိုးသမီးထွက်လာတယ်။ ခေါင်းဆောင်စိတ်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ သူမကို လိုချင်တဲ့ယောက်ျားတွေ ဝိုင်းဝိုင်းလည်လာတာ ဆန်းတော့မဆန်းဘူး။

ဤသို့ဖြင့် Qajar မင်းသမီးဟာ ယောက်ျားတိုင်းရဲ့ လိုချင်ရတဲ့ မိန်းမသားတယောက်ဖြစ်လာတာပေါ့။
သင့်​အနေနဲ့ သူများလှတယ်ဆိုတိုင်း လိုက်ကြိုက်ဖို့မလိုဘူး။ သူများလှတိုင်း သူ့လို လိုက်လှဖို့လည်း မလိုဘူး။
သင့်​မှာလည်း ကိုယ်ပိုင်အလှတရား ဆိုတာရှိတယ်။ ကိုယ့်ရဲ့ရုပ်ရည်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့
အခြား လူတယောက်ရဲ့ ဆုံးဖြတ်ခွင့်ကို သင်​ခံယူနေစရာ မလိုပါဘူး။

အလှတရားဆိုတာ ပြင်ပရုပ်ရည်ပေါ်မှာပဲရှိနေတာမှ မဟုတ်တာ။  သင့်​ရဲ့အကျင့်သိက္ခာ စိတ်ဓာတ် အရည်အချင်း ဒါတွေက ရုပ်ရည်အသွင်အပြင်ထက်ပိုတဲ့ တကယ့် အလှတရားဖြစ်ပါတယ်။

သင်​ဘယ်လို ဝတ်တယ်စားတယ်၊ ဒါတွေက အဓိက မကျပါဘူး။  အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ပါပဲ။

အလှတရားဟာ စစ်မှန်တဲ့ အရည်အချင်း မဟုတ်ပါဘူး။  အရည်အချင်းကတော့ စစ်မှန်တဲ့ အလှတရား တစ်ခုဖြစ်နိုင်ပါလိမ့်မယ်။

Qajar မင်းသမီးဟာ ဒီ့အတွက် အကောင်းဆုံး သက်သေပြခဲ့ပီးပါပြီ။ သူလှသလို လိုက်လှနိုင်ဖို့ သင့်​မှာ အရည်အချင်းတွေ အများကြီးလိုပါလိမ့်မယ်။

မိန်းမတစ်​​ယောက်​ရဲ့ အလှဆိုတာ .. အဆင်းမဟုတ်​ပဲ အချင်းဆိုတာ သက်​​သေပြသွားတဲ့ သူတစ်​​ယောက်​ဆိုလည်း မမှားပါဘူး။

#may


No comments:

Post a Comment