Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 27, 2019

လသာချိန် ကစားမလား၊ ရိုကစားနည်းနဲ့ မြူးထူးကြ

ပုံ-အင်တာနက်


လသာချိန် ကစားမလား၊ ရိုကစားနည်းနဲ့ မြူးထူးကြ
🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄🏄

ရေးသား📚  ရိုဟင်လေး


ကျေးလက်၌ ငယ်ဘဝကို ဖြတ်သန်းရတာကလည်း တမူထူးခြားလှပါတကား။ ကျေးလက်ပုံပြင်၊ ရိုးရာ၊ အားကစားတွေက လူငယ်တွေရဲ့ အဖိုးမပြတ်နိုင်တဲ့ ပျော်ပါးမြူထူး အရွယ်ကလေးကို လန်းဆန်းစေပါတယ်။ အနာဂတ်ဘဝ ထူထောင်ရာ အားဖြည့်စေပါတယ်။  ဘဝတစ်သက်သာလုံးအတွက် အာဟာရ သဖွယ် ဖြစ်တဲ့ အဲ့ဒီအချိန်ကာလကို တစ်ကိုယ်တော်ထီးကျန် နေတဲ့ခါ တစိမ့်စိမ့် တွေးရင် မျက်နှာငွေလ ဝင်းပပနဲ့ ဟိုခေတ်သို့ တခေါက်ပြန်လှည့်ချင်တဲ့ခါ ပြန်လိုချင်တဲ့ တွေးမဝတဲ့ ပီတိကို ခံစားစေရပါတယ်။


ယနေ့လောက် မဖွံ့ဖြိုးခဲ့သော ခေတ်တခေတ်လည်း တို့တွေ ဖြတ်သန်းခဲ့ဖူးသည်။ ထိုခေတ်က ခေတ်မီ အီလက်ထရွန်နစ် ပစ္စည်းများ ရုပ်မြင်သံကြား၊ မိုဘိုင်းဖုန်း၊ ဗီဒီယိုဂိမ်း စသည်တို့ မရှိခဲ့ချေ။ ထိုခေတ်က လူကြီးတွေ၊ ကလေးတွေ ဘယ်လိုနည်းနဲ့ ရှည်လျားသော ညည့်နက်ကို ကုန်ဆုံးစေသလဲ။ ဒါက ယနေ့ခေတ် လူငယ်တွေရဲ့ သိလိုစိတ် မေးခွန်းတစ်ခုဖြစ်တယ်။

ရှေးခေတ်က လူတွေဟာ သက်ဆိုင်ရာ ပတ်ဝန်းကျင်အလိုက်၊ လူမျိုးဓလေ့ထုံးစံအလိုက်  ညည့်အခါကျရင် ပုံပြင်တွေပြော၊ ဒဏ္ဍာရီတွေဖတ်၊ မြေဝိုင်းကပွဲတွေနဲ့ ဖျော်၊ စကားထာ ထိုးပွဲတွေလုပ် စတဲ့ ကစားနည်း အမျိုးမျိုးဖြင့် တိတ်ဆိတ်နေသောညကို ပွဲသဘင်ကဲ့သို့ ပျော်မြူးကြတယ်။ အဲ့လို ဂိမ်းတွေမှာ အိမ်တွင်း ကစားတဲ့ ဂိမ်းနဲ့ ကွင်းပြင်ထွက် ကစားရတဲ့ ဂိမ်း ဟူ၍ နှစ်မျိုးရှိပါတယ်။  ဒီမှာ အိမ်တွင်းကစားတဲ့ ကစားနည်း အချို့ကိုပဲ ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ဟာကို နောက်ကဏ္ဍတွေမှာ ဆွေးနွေးပေးပါမယ်။


“Cíyalor dhor nái bagór dhor, guithguitha zunaffoor.”

ဤလင်္ကာကား လသာသော ညတွင် ကလေးတွေ ကစားကြဖို့ ဖိတ်ခေါ်သံဖြစ်တယ်။ “မြေခွေး၊ ကျားတို့ကို တစို့တစိမှ ကြောက်စရာမလိုပါ၊ အကြောင်းမှာ လသည် ကောင်းကင်ပေါ် အလွန်ပင် တောက်ပနေတယ်။ ထွက်လာကြစို့…ကလေးတို့ရေ။”

ပုံပြင်ဖတ်ခြင်း ပြီးဆုံးတဲ့အခါလည်း လင်္ကာချိုးပြီး ပွဲပြီးစေတယ်။


“Ek ceer nun, Kissá fún, 
Ek ceer morís, Kissá dóris,  
Ek ceér tel, Kissá gel.”

ကစားနည်းအမျိုးမျိုး
၁။ ရော်ခ်ျဟောခ်ျ ကားလား   
၂။ ဘာဂ်ကုမ် ကားလား
၃။ ဩနီဘိုင်ယောရ် ထော်နီ ကားလား   
၎။ ဓူဓူကားလား  
၅။ မော်လ် ကေလား    
၆။ ဘာလ်တီ ကားလား  
၇။ ဆော်ဒီ ကိစ္စာ့


၁။ ရော်ခ်ျဟော်ခ်ျ ကားလား

ရော်ခ်ျဟော်ခ်ျ ကားလား သည် ညအခါ အိမ်တွင်း ကစားသော ကစားနည်း တစ်မျိုးဖြစ်သည်။ ငယ်ရွယ်သော ယောက်ျား၊ မိန်းကလေးမရွေး ပေါင်းပြီး ကစားနိုင်သည်။ လသာသော ညများတွင် သာမက လကွယ်ညများတွင်လည်း ကစားနိုင်သည်။ အများဆုံးတော့ အိမ်တွင်း ကစားကြသည်။ အိမ်ရှိ ညီကိုမောင်နှမများပေါင်းပြီး ကစားမြူးထူးကြသည်။

ကစားနည်းက သိပ်လွယ်ပါတယ်။ အဓိက ရေတွက်ရမယ့် နံမယ် ခြောက်ခုကို တတ်ထားရသည်။ အဲ့ဒီ နံမယ် ခြောက်ခု ရတာနဲ့ ကစားတတ်ပြီ။ နံမယ်များမှာ-


၁။ ရောခ်ျ         [Roic] 
၂။ ဟောခ်ျ       [Hoic] 
၃။ သျှိင်္ဂေါ        [Cíñgo] 
၎။ ဘုလ်ဘူလီ [Bulbili] 
၅။ မာလေခ်     [Malek] 
၆။ မုစ်တာခ်     [Mustaq] တို့ဖြစ်ကြတယ်။

ကစားဖော် ဘယ်နှယောက် မဆို တစ်ပေါင်းတစ်ခါတည်း ကစားနိုင်တယ်။ ကစားနည်းရဲ့ အဓိက အချက်က မှန်းရာပေါက်ခြင်း ဖြစ်တယ်။ ဦးစွာ ကစားဖော် အားလုံးက လက်နှစ်ဖက်ကို လက်ချောင်းတွေပြန့်ကာ ကြမ်းပေါ်တွင် ချထားရတယ်။ ပြီးတော့ တစ်ယောက်စီ မှန်းထားရာကို ခေါ်ပေးရတယ်။ ဥပမာ-တစ်ယောက်က ROIC ပေါက်မယ် မှန်းပြီး Roic လို့ခေါ်ရတယ်။ တစ်ဦးစီရဲ့ ခေါ်ချက်တွေကို ကိုယ်စီကိုယ်စီ မှတ်ထားရတယ်။ ပြီးရင် လက်တွေ ပြန်တင်ယူပြီးတော့ မိမိခေါ်ထားတဲ့ နံမယ်နဲ့ ထိအောင် ခန့်မှန်းပြီး လက်ချောင်းတွေ ပြန်ကြမ်းပေါ် ချထားရတယ်။ (တစ်ယောက်က ၁ ချောင်း၊ နောက်တယောက်က ကိုးချောင်း၊ နောက်တစ်ယောက်က 5 ချောင်း စသည်ဖြင့် မိမိခန့်မှန်းတာနဲ့ ကိုက်အောင် ချတာပေါ့) ကြမ်းပေါ်ချထားတဲ့ လက်ကို ပြန်တင်ယူလို့မရဘူး။ ကြမ်းပေါ်မထိခင် ဆိုရင် တင်ပြီး ပြန် လက်ချောင်း အနည်းအများပြောင်းပြီးတော့ ချနိုင်တယ်။ အားလုံး ချပြီးသွားရင် တစ်ယောက်က လက်ချောင်းတွေ အားလုံးကို အစဉ်အလိုက် ရေတွက်တယ်။ တစ်၊ နှစ်၊ သုံး၊လေး ဆိုပြီး ရေတွက်တာမဟုတ်ဘူးနော်။ ဟိုး ရောခ်ျ၊ ဟောခ်ျ၊ ချီင်္ဂေါ၊ ဘုလ်ဘူလီ၊ မာလေခ်၊ မုစ်တာခ် ဆိုပြီး ရေတွက်နည်းနဲ့ ရေတွက်တာဖြစ်တယ်။ လက်ချောင်း ခြောက်ချောင်းထက်များရင် မုစ်တာခ် ပြီးရင် ပြန်အစ ရောခ်ျကနေ ရေတွက်တယ်။ နောက်ဆုံး လက်ချောင်း ကို ရေတွက်သော နံမယ်သည် ပေါက်တဲ့ နံမယ်ဖြစ်တယ်။ နောက်ဆုံး လက်ချောင်းထိ ရောက်တဲ့အခါ ဟောခ်ျနဲ့ ဆုံးတယ် ဆိုပါစို့၊ အစက ဟေခ်ျ မှန်းခေါ်ခဲ့တဲ့ သူကနိုင်သွားပြီပေါ့……ဟား…ဟား

နိုင်တဲ့သူက ဘာလုပ်မယ် ဆိုတာကို ကစားနည်းမစမီ ညီတူညီမျှ ဆုံးဖြတ်ရတယ်။ တစ်ချိန်းစီ ခေါင်းကိုတုမယ် သို့မဟုတ် လက်ဝါးကို လက်သန်း ကြမ်းထိပြီး အထက်သို့ လက်မမြောက်ပြန့်ကာ သတ်မယ်။ ဒုတိယနည်းကို နှစ်ယောက်တမ်း ကစားတာမှာ အသုံးများတယ်။ လက်ဝါးကို ခံသူက ရိုက်ချိန်မှာ အပေါ်သို့ မြင့်လိုက်ရင် ရိုက်ချက် လွှဲသွားနိုင်တယ်။ ရိုက်ချက်လွှဲသွားရင် ဆက်မရိုက်နိုင်တော့ဘူး။ ကစားနည်းကို ပြန်စရတယ်။ ဒီတစ်ခါ နိုင်တဲ့သူက သူ့လက်ချောင်းကနေစပြီး ဦးဆောင်ရေတွက်မှာဖြစ်တယ်။ အထက်နည်းအတိုင်း ဆက်လက်ကစားတယ်။ မှန်းရာပေါက်တဲ့သူ နိုင်တယ်၊ ရှုံးတဲ့သူ ခံပေါ့…ဒီလိုနဲ့ ညကို နွေးနွေးထွေးထွေး ကုန်ဆုံးစေပါတယ်။

ဒီလောက်ဆိုရင် ရှေးခေတ်က ကစားနည်းတစ်ခုကို တတ်သွားပြီ ထင်တယ်။ အိမ်မှာ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကစားကြည့်ပေါ့။ ပျော်စရာလား သိရမယ်၊ ရှေးခေတ်က ပျော်ရွှင်မှုတစ်ခု ကိုယ်တိုင်ခံစားနိုင်မယ်။ ကစားကြရအောင်…

၂။ ဘာဂ်ကုမ် ကားလား [Bákkum Kalá]

ဤ ကစားနည်းသည်လည်းပဲ ညအခါ ကစားသော ကစားနည်းတစ်မျိုးဖြစ်တယ်။ ရော်ခ်ျဟော်ခ်ျ ကစားနည်းနဲ့ ခပ်ဆင်ဆင် တူပါတယ်။ အများအားဖြင့် အိမ်တွင်း ကစားကြတယ်။ ညည့်အခါမက နေ့အခါ အားလပ်တဲ့ အချိန်တွေမှာလည်း ကစားကြတာကို တွေ့ရတယ်။

ကစားနည်းရဲ့ အဓိက သော့ချက်က လင်္ကာ တစ်ပုဒ်ဖြစ်တယ်။ အဲ့ဒီလင်္ကာကို ရေတွက် ကစားရတယ်။ လင်္ကာမှာ-


Bakkúm bakkúm kiáñraMuicé báiñggé thiañra. 

Muic maittou gilám dé,Keça fúçi moillám dé. 

Bóuzi re bóuzi suñra duf,Suñrat kiállá dán, sulot dóri an. 

Sul ká hala, Nak haçi féla .Nak ot ká lou, Borbái ór buo. 

Borbái borbái gozzon tole,Cóñço bái cóñço bái tetói gasór tole. 

Tetói faittou gilám dé,Áff e sótor dóijje dé. 

Elóm fath, delóm fath,Haçi féla cúnar hát.


လင်္ကာ ပါဒ တစ်ခုစီကို လက်တစ်ချာင်းစီထိကာ ရေတွက်ရတယ်။ ကစားဖော်အားလုံးက လက်နှစ်ဖက်စီ ကြမ်းပြင်ပေါ်ချရတယ်ပေါ့။ ကစားဖော် (၂)ယောက်မက တပေါင်းတည်း ကစားနိုင်တယ်။

ကစားနည်း

ကစားဖော်များသည် ကြမ်းပြင်တွင် ဝိုင်းရံဝိုင်းဖွဲ့ ထိုင်ကြတယ်။ အစတွင် Borsáb တစ်ယောက် ရွေးရတယ်။ သူငယ်ချင်း အားလုံးက လက်နှစ်ဖက် စလုံးကို ကြမ်းပြင်ပေါ်ချထားရတယ်။ ပြီးတော့ ဘောရ်ဆာပ် ဖြစ်သူက အထက်ဖော်ပြခဲ့တဲ့ လင်္ကာကို တစ်ပါဒစီ ဆိုရင်း လက်ဝါးတစ်ခုစီ လက်ဆုပ်ထောင်နဲ့ အသာလေး ထိရတယ်။ ခပ်မာမာထိလိုက်ရင် နာမှာစိုးလို့။  အဲ့လို ရွတ်ရင်းထိရင်းနဲ့ လက်တွေ ကုန်သွားပြီ၊ လင်္ကာပုဒ်က မကုန်သေးဘူးဆိုရင် ကျန်နေတဲ့ လင်္ကာပါဒတွေကို ပထမလက်က ပြန်ရွတ်ထိရတယ်။ ဒီလိုနဲ့ လင်္ကာတစ်ပုဒ်လုံး ကုန်သွားပြီးဆိုရင် လင်္ကာနောက်ဆုံး ပါဒ ထိတဲ့ လက်ဟာ သိမ်းဆည်းခံလိုက်ရမယ့် လက်ဖြစ်တယ်။ ဒီတော့ လက်တစ်လက် လျော့သွားပြီပေါ့။ နောက်တစ်ခါ ပြန်စရတယ်။ နောက်ဆုံး ထိတဲ့လက်ကို သိမ်းလိုက်… ဒီလိုနဲ့ ကစားရင်း လက်တွေ ကုန်သွားတဲ့အထိ ကစားရတယ်။ နောက်ဆုံး လက်တစ်လက် ကျန်တဲ့သူက ဗိုလ်ဖြစ်နေပြီပေါ့။

ဒုတိယ ကျော့အနေနဲ့ မေးဖြေ ကစားရတယ်။ ဗိုလ်ကျတဲ့သူက ကျန်တဲ့သူတွေထံ မေးရမှာဖြစ်တယ်။
မေးခွန်းကတော့…


မေး- Tor hát hone loigiyé? 
ဖြေ- bilaiye. 
မေး- Bilaiye toré kidiyé? 
ဖြေ- Hóñlá Múla. 
မေး- Hóñla Múla haré diyós? 
ဖြေ- Tor natiré.

၃။ ဩနီဘိုင်ယောရ် ထော်နီ ကားလား

ဒီကစားနည်းကလည်း အထက်က ဖော်ပြခဲ့တဲ့ ကစားနည်းတွေရဲ့ အုပ်စုလို့ပဲ သတ်မှတ်နိုင်တယ်။  လင်္ကာရွတ် ကစားရတဲ့ ကစားနည်းဖြစ်တယ်။ ကစားပုံကစားနည်းကတော့ နည်းနည်းခြားတယ်။ ဖွက်ထားတဲ့ ပစ္စည်းလေး တစ်ခုကို ရှာဖွေနည်းဖြစ်တယ်။ ကစားဖော် နှစ်ယောက်မက ကစားနိုင်တယ်။ ကစားဖော်များလေ ပိုကောင်းလေပေါ့။ ၁၀ ယောက်ထက် များရင်တော့ ရှုပ်ကုန်မယ်။ ပါးစပ်က ရွက်ရမယ့် လင်္ကာမှာ အောက်ပါအတိုင်းဖြစ်တယ်။


Oní báiyór thooni, 
Árgua gásor boiro ni, 
Áre hawwá áré zaa, 
Maár hawwá dud bát ha, 
Aaré hawwa, leikká fuissá 
Harttú asé harttú nái 
Hoói félla hawwar maa.


ဒီလင်္ကာကို အဓိက တတ်ထားရမယ်။ ကဲ့… ကစားနည်း သင်ပေးမယ်!

ကစားနည်း

ပထမဦးဆုံး Hawwa တစ်ယောက်ရွေးရတယ်။ Hawwa ဆိုသူက ဖွက်ထားတဲ့ဟာကို ရှာပေးမယ့် သူဖြစ်တယ်။ ကစားပွဲ မစခင်တော့ ခေါင်းပန်းလှန် ရွေးတယ်။ ပြီးရင် ကစားဖော်တွေက လက်ကို ကိုယ်စီကိုယ်စီ ကိုယ်နဲ့ကပ် ဖိထားရတယ်။ တစ်ယောက်က ဖွက်မယ့် တုတ်တိုတုတ်စ သို့မဟုတ်  အခြားတစ်ခုခုကို လက်ဆုပ်ထဲ မမြင်ရအောင် ကိုင်ပြီး ကစားဖော်တွေရဲ့ လက်ထဲကို နှိုက်ပေးရတယ်။ နှိုက်ပေးတဲ့အခါ ပါးစပ်က အထက်လင်္ကာကို ရွတ်ရတယ်။ လင်္ကာ မဆုံးခင် တုတ်တိုတုတ်စကို ကစားဖော် တစ်ယောက်ယောက်၏ လက်ထဲမှာ ပြောင်းဖွက်ထားရတယ်။ ဟာဝါ လုပ်သူက သူတို့ ကစားနေတာကို သေသေချာချာ စောင့်ကြည့်နေရတယ်။ လင်္ကာဆုံးတာနဲ့ ဟာဝါက ရှာပေးရမယ့် အချိန်တန်ပြီ။ သူက ကစားခဲ့တဲ့ အမှုအရာကို ချင့်တွက်ပြီး ကစားနေတဲ့သူတွေထဲမှ တုတ်တိုစ ရှိမယ်လို့ ယူဆတဲ့သူကို ထောက်ပြပေးရတယ်။  သူထောက်ပြတဲ့ သူထံ တုတ်တိုစ ရှာတွေ့ရင် နိုင်သွားပြီ။ ဒီတစ်ခါ ဟာဝါလုပ်သူက ကစားရမယ်။ အဖမ်းခံရသူက ဟာဝါလုပ်ရမယ်။ ဒီအတိုင်း ဖွက်ရှာပြီး ကစားရင် ညကလေးကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးကြတာပေါ့။

ဆက်လက်စောင့်မျှော်ပါ…

ကျေးလက် ဆိုတာနဲ့ အညာဒေသ တောတောင် ပတ်ကုံး ဝန်းရံနေတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်။ အိုင်းချင်း ကဗျာတွေမှာ အလွန်ကို ရှေးတောရွာတို့ သိမြင်ခံစားနိုင်တယ်။ ပတ်ဝန်းကျင်အလျှောက် သူတို့ရဲ့ ငယ်ရွယ်ဘဝဟာလည်း





No comments:

Post a Comment