Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 3, 2022

တရားမျှတမှု မရရှိသေးသော တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု


တရားမျှတမှုမရရှိသေးသော တောင်ကုတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု


"တရားမျှတမှုဆိုတာ တိုင်းပြည်တစ်ပြည် သာယာအေးချမ်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာဖြစ်ပါတယ်။"

                                                —ရိုဟင်းကိန်း

တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ယနေ့ဆိုလျှင် ၁၀ နှစ်တောင် ပြည့်သွားပါပြီ။ ဘာသာရေး အားထုတ်နေသော အပြစ်မဲ့ မွတ်စလင် ခရီးသည် (၁၀) ဦးကို ဝံသာနုရက္ခိတအဖွဲ့ မည်သော ရခိုင်အကြမ်းဖက်အဖွဲ့က ဦးဆောင်၍ သောင်းကျန်းသူပေါင်း ၃၀၀ ခန့်နှင့် ဝန်းရံကာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် နေ့အလင်းရောင်အောက် တောင်ကုတ်-သံတွဲ လမ်းဆုံ၌ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်မှု ဖြစ်ပွားနေချိန်တွင် ရဲနှင့် စစ်သားများသည် မည်သည့် အဟန့်အတားမျှ မပြုဘဲ လူသတ်ပွဲကို ဇာတ်ပွဲကြည့်သလို ရပ်ကြည့်နေသည်ဟု မျက်မြင်သက်သေများက ထွက်ဆိုသည်။ တောင်တွင်းကြီးနှင့် မြောင်းမြ ဇာတိဖြစ်သော အဆိုပါ မြႏ်မာမွတ်စလင် ၁၀ ဦးသည် သံတွဲမှ ရန်ကုန်သို့ ရိုးမသစ္စာယာဉ်ဖြင့် ခရီးပြန်နေသည့်သူများဖြစ်ကြသည်။


ဤမျှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ထိုချိန်က ဦးသိန်းစိန်အစိုးရသည် လျစ်လျူရှုခဲ့သည်။ နိုင်ငံတော်အစိုးရက မည်သည်႕ ဝမ်းနည်းကြောင်း သဝဏ်လွှမှာမှ မပို့ခဲ့ဘူး။ လက်သည် တရားခံများကို ချက်ချင်း ဖော်ထုတ်အရေးယူမည့်အစား ဇွန် ၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် "မွတ်စလင်ကုလား" ဟုသုံးနှုန်း၍ အပြစ်မဲ့ အသတ်ခံရသူများများကို ထိထိပါးပါး နိမ့်ချစော်ကားခဲ့သည်။ ဇွန် ၅ ရက်နေ့တွင် ရန်ကုန်၌ တရားမျှတမှုရရှိရေးအတွက် မွတ်စလင်များက ဆန္ဒပြတောင်းဆိုခဲ့သည်။ အစိုးရ၏ ဘက်လိုက်မှုနှင့် ကိုင်တွယ်မှု မ႐ိုးသားမႈကြောင့် ထိုမီးသည် ရခိုင်ပြည်တစ်ခုလုံး ပျံ့နှံ့သွားကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ပြောင်းလာခဲ့သည်။ ဦးသိန်းစိန်အစိုးရနှင့် မျိုးချစ်နိုင်ငံရေးသမားများက နိုင်ငံရေးအမြတ်ထုတ်ရန် မွတ်စလင် မုန်းတီးရေးကို အသက်သွင်းပေးခဲ့သည်။ မွတ်စလင်များစွာ၏ အသက်၊ အိုးအိမ် ဆုံးရှုံးခံခဲ့ရသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှအပ ကျန်မြို့များရှိမွတ်စလင်များကို မိမိတို့နေရပ်မှ မောင်းထုတ်ခဲ့သည်။ ထိုမွတ်စလင်များသည် ယနေ့အထိတိုင် မိမိနေရပ်သို့ ပြန်မလာနိုင်ခဲ့ချေ။ အိုင်ဒီပီ ဒုက္ခသည်စခန်း၌သာ ရှိနေဆဲ။ ရှေးအစိုးရ အဆက်ဆက် ရှိခဲ့သော ရိုဟင်ဂျာ သုတ်သင်ရှင်းလင်းရေး အစီအစဉ် အများစု အောင်မြင်ခဲ့လေသည်။ ထို့ပြင် ပြည်မရှိ မဘသ အကြမ်းဖက်အဖွဲ့၏ လုံဆော်မှုကြောင့် မြန်မာပြည်တစ်ဝန်း မွတ်စလင်များကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်မှုများ တရစပ်ဖြစ်ပွားခဲ့လေသည်။ မြန်မာပြည်မှာ လူနည်းစု မွတ်စလင်များ အသက်ရှုဖို့ ကြပ်တည်းလာခဲ့သည်။ မွတ်စလင်များသည် ရရာလမ်းကြောင်းမှ အသက်ကယ်ထွက်ပြေးရသည့် အခြေအနေ ရေက်ာသျားသည်။

ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်ခဲ့သော သတ်ဖြတ်မှုတစ်ခုကို နောက်မှာထက်လာသော အစိုးရကလည်း မည်သည့် အရေးတယူ ဖော်ထုတ်အရေးယူမှုမျှ မပြုခဲ့ချေ။ သမ္မတနေရာဖန်တီးရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးနှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

အခင်းဖြစ်ခါစက ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လ ကတည်းက ဟန်ပြဖွဲ့စည်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ၂၀၁၂ ခု ဒီဇင်ဘာလ ၅ ရက်တွင် လူသတ်မှု မမြောက်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဓိကရုဏ်း မီးပျံ့နှံ့သွား၍ ပြည်ပမီဒီယာများက ဝေဖန်ရှုတ်ချလာသောအခါ ကြံဖွတ်အစိုးရသည် အခင်းဖြစ်ပြီး တစ်နှစ်ကြာလာပြီးနောက် သတ်ဖြတ်ပွဲတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားပေါင်း ၃၀၀ ခန့် မှ လူ (၆) ယောက်ကို သံသယာဖြင့်သာ ဖမ်းဆီးခဲ့သည်ဟု ဟန်ဆောင်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အပြစ်ပေးစီရင်ခဲ့သည်မရှိချေ။ မြန်မာပြည်မှ မည်သည့်တက်ကြွလှုပ်ရှားသူများက ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ၏ ပွင့်လင်းမြင်သာသော တရားမျှတမှုရရှိရေးအတွက် အသံထုတ်ခဲ့သည်ဟူ၍လည်း မရှိခဲ့ချေ။

ဤ အကြမ်းဖက်သတ်ဖြတ်ပွဲသည် လူ ၁၀ ယောက်၏ အသက်နှင့် အစပြုခဲ့သော်လည်း သိန်းပေါင်းများစွာ၏ အသက်အိုးအိမ်တို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဘဝပေါင်းများစွာ နလန်မထူနိုင်အောင် ရိုက်ချိုးခဲ့သည်။ မြန်မာ့ပြည်သူတို့၏ စိတ်ဓာတ်ကို မွတ်စလင်မုန်းတီးလာအောင် ပြောင်းလဲပေးခဲ့သည်။ မြန်မာ့နိုင်ငံရေးကို မျိုးချစ်အသွင်တမျိုးပြောင်းစေခဲ့သည်။ မွတ်စလင်ကြောက်စိတ် ခေါင်းစဉ်တပ်၍ လူနည်းစုမွတ်စလင်ကို ရှင်းပစ်ခဲ့သည်။

ဤဖြစ်ရပ်များသည် အသေးအဖွဲ့လော။ မွတ်စလင်ဖြစ်သည်နှင့် မည်သူနှင့်မျှ မဆိုင်သလို လျစ်လျူရှုနေလျှင် သမိုင်းတွင်ခဲ့သော ဧရာမအမည်းစက် ပယ်ပျောက်မည်မဟုတ်ချေ။ မြန်မာပြည်က လူနည်းစု မွတ်စလင်များသည် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်ပွဲ၏ တရားမျှတသော စီရင်မှုကို တနေ့တချိန် ရရှိမည်ဟု မျှော်လင့်နေသတည်း။


-— နတ်မျက်စိ


#WeRemember3rdJune


No comments:

Post a Comment