"သွေးရဲရဲ အာဇာနည်"
-----------------
မင်းတို့ နာမည်နဲ့ ဘုရားကျောင်းလဲ မတည်ခဲ့ဘူး
မင်းတို့ နာမည်နဲ့ ဗလီကျောင်းလဲ မဆောက်ခဲ့ဘူး
ဒါပေမဲ့ ဓူဝံကြယ်ထက် တောက်ပတဲ့ ဂုဏ်ကျက်သရေ
မင်းတို့အား အနန္တဘုန်းဂုဏ်ကျက်သရေ အမိမြေက ချီးမြှင့်လိုက်ပြီ
တစ်ခါက ငါတို့ဆီစူးစူး ဆိုက်နေတဲ့ ဟိုကျည်ဆံတွေ
မင်းတို့က မိမိရဲ့ရင်တော်မှာ ဖြည့်လို့ မြေကြီးပေါ်လဲလောင်းသွားခဲ့
ဒီမြေက လိုလိုမှန်မှန် ဖိတ်ကြားတဲ့နေရာမှာ
မင်းတို့က သားငယ်သဖွယ် တရွှင်ရွှင် သွားအိပ်တော့တယ်
ဒီမြေက မိုးကောင်းကင်ဘက် လက်ဖြန့် ဆုတွေတောင်းတာရှိမယ်
မင်းတို့လို ဝီရစိတ်ရှင် သားရတနာတွေ ပိုင်ဆိုင်နိုင်ဖို့ကွယ်
အသက်သွေး စတေးရာမှာလဲ နှုတ်ခမ်းမှာ ဝေဖန်မှုတစ်ခုနဲ့
"စွန့်လွှတ်ဖို့ကို အသက်တစ်ချောင်းထက်ပို မရနိုင်ဘူးလား"တဲ့
မင်းတို့သာ မဟုတ်ခဲ့ရင်…
ဒီကမ္ဘာကြီး တောထဖြစ်ကုန်လိမ့်မယ်
မြေကြီးကို ဥယျာဉ်အဖြစ် သွေးရဲနဲ့ ဘယ်သူတန်ဆာဆင်မှာလဲ
လောကကြီးမှာ လူသားကတော့ ကုဋေကုဋာကွယ်
ဒါပေမဲ့ တို့အတွက် တပြုံးပြုံးနဲ့ ဘယ်သူ အသက်စွန့်လွှတ်မှာလဲ။
— လူထုဝဏ္ဏ
[ကဗျာဆရာ #Manoj_Muntashir ရဲ့ Tere Naam Pe Mandir Nhi Bani Kahin ကဗျာကို ဆီလျော်အောင်ပြန်ဆို]
No comments:
Post a Comment