Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 30, 2022

အမျိုး၊ ဘာသာ ရောနှောခြင်း


အမျိုး၊ ဘာသာ ရောနှောခြင်းနှင့် ရှေးဗမာတို့၏ အမြင်


"၁၇ ရာစု အစပိုင်းတွင် အိန္ဒိယ၌ အရွယ်ရောက် အိမ်ထောင်မပြုသေးသော ဗြိတိသျှလူပျိုများ ရောက်ရှိလာခြင်း တိုးလာသည်နှင့်အမျှ ဗြိတိသျှ နှင့် အိန္ဒိယ အမျိုးအနွယ်ဆင်း ရောနှောလူမျိုး လူဦးရေ တိုးပွားလာမှုမှာ အစ၌ အနည်းငယ်သာရှိ၍ နောက်ပိုင်းတွင် မြေကြီးလက်ခတ်မလွှဲ အလျင်အမြန် တိုးပွားလာခဲ့သည်။"


— C.J.Huwes, Poor Relations: The Making of a Eurasian Community in British India , 1773-1833 (1996)

ကမ္ဘာ့လူသားမျိုးနွယ်အားလုံးသည် ကပြားများသာဖြစ်ကြပေသည်။ လူသားဟူသည် မြေကြီးမှ သစ်ပင်၊ ဝါးပင်ကဲ့သို့ ပေါက်ပွားလာခြင်းမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ပေါင်းသင်းခြင်းဖြင့်် ကမ္ဘာ့လူသားမျိုးနွယ်စု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့မည်သည့်လူသားသည် သွေးစစ်ဟူ၍ မရှိပေ။ သွေးနှောချည်းသာ ဖြစ်ပေသည်။


ဗမာပြည်တွင် နယ်ချဲ့ကိုလိုနီတို့၏ ခွဲခြားဖိနှိပ်မှုဂယက်ကြောင့် လူမျိုးရောနှောခြင်းအရေးကို အဆိုးမြင်အမြင်ကပ်လာခဲ့ကြသည်။ မတူကွဲပြားသော လူမျိုးမှ မွေးဖွားလာသော သားသမီးများကို ကပြားဟု အမည်တပ်ကာ ခွဲခြားနိမ့်ချလာခဲ့ကြသည်။ 


ကပြားလူဦးရေ အလျင်အမြန်တိုးလာခြင်းက ကိုလိုနီနယ်ချဲ့အုပ်ချုပ်ရေး၏ မလွဲမဖယ်နိုင်သော ရလဒ်တစ်ခု ဖြစ်လာသည်။ ကိုလိုနီလက်အောက်ရောက်နေချိန်တွင် သူတို့လက်အောက်ခံ နိုင်ငံများတွင် ကူးလူးသွားခြင်းကား အကန့်အသတ်မရှိခဲ့ချေ။ ထို့ကြောင့် တခြားနိုင်ငံသားများ    ဝင်ရောက်လာမှု များပြားခဲ့သည်။ ဗမာပြည်တွင် နိုင်ငံခြားသားများနှင့် ဗမာမိန်းကလေးတို့ ချစ်သံယောဇဉ်က ရှိမြဲရှိနေသည်။ ဗြိသျှအင်ပါယာ လူမျိုးခွဲခြားအုပ်ချုပ်ရေး ပေါ်လစီမူဝါဒ ရှိစေကာမူ ၂၀ ရာစု အစပိုင်း ဆယ်စုနှစ် အချို့အတွင်း ကပြား လူဦးရေ အကျယ်တဝင့် ပျံနှံလာခဲ့သည်။ တချိန်တည်းမှာ ဥရောပ-အာရှ ပြည်ပြေးသားများ လူမူအသိုင်းအဝိုင်းနှင့် မျိုရောနှောခြင်း၊ မျိုးမတူဘာသာမတူ လက်ထပ်ပေါင်းသင်းခြင်းကို ပြည်တွင်းအတော်များများက အထင်သေးမှု တိုးလာခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး တင်ထားသော  ၁၉၃၈ ပဋိပက္ခအရေးအခင်း မှတ်တမ်းအရ " ပြည်သူများ၏ စိတ်၌ အရင်းခံထားသော အဓိက သောက တစ်ခုက သူတို့၏ မိန်းကလေးများက ယေဘုယျအားဖြင့် နိုင်ငံခြားသားများ၊ အထူးသဖြင့် အိန္ဒိယကုလားများနှင့် လက်ထပ်ပေါင်းသင်းခြင်းက မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။" ၎င်းနှစ်တွင် ဆိုရှယ်လစ်ဝါဒီတို့က မကြာမီ ကြီးပွားရေး ပုံနှိပ်လုပ်ငန်း ထူထောင်ခဲ့သည်။ ၎င်းသည် မျိုးမတူ ဘာသာမတူ လက်ထပ်ခြင်း၊ မျိုးရောနှောခြင်းကို ဗမာစာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် တိုက်ခိုက်ဝေဖန်ခဲ့သည်။ ဦးဖိုးကလေး ရေးထားသော "ကပြား ပြဿနာ" အမည်ရှိ စာမျက်နှာ ၃၅၀ ရှိသောစာအုပ်၌ ဗမာအမျိုးသမီးများနှင့် အိန္ဒိယကုလားများ လက်ထပ်ပြီး ကပြားသားသမီးများရလာသည့် ပေါင်းစည်းမှုသည် ဗမာလူမျိုးစု၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းကို ထိုးဖောက်ပျက်စီးရေး၏ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု အခိုင်အမာဖော်ပြထားသည်။ ဥရောပ ခရီးသွားများနှင့် သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြချက်အရ တိုင်းပြည်တွင်း မျိုးခြားလက်ထပ်ခြင်းကို သည်းခံသူများနှင့် အားပေးထောက်ခံသူများရှိသည်ဟု တွေ့ရှိရသည်။ ဦးဖိုးကလေး၏ ကပြားပြဿနာ စာအုပ်သည် ဖောက်ပြန်မှုတစ်ခုလို တွေ့ရသည်။ သူ့၏ မျိုးခြားပေါင်းသင်းမှု ဆန့်ကျင်ဝေဖန်ခြင်းက ၁၉၂၀-၁၉၃၀ အတွင်း ဗမာပြည်ရဲ့ လူမူယဉ်ကျေးမှု အသိုင်းအဝိုင်းကို ထင်ဟပ်နေသည်။ ထိုခေတ်တွင်  ဗမာမိန်းကလေးများသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော၊ ဗမာလူမျိုးမဟုတ်သော နိုင်ခြားသားများနှင့် ရင်းနီးပေါင်းသင်းသောအခါ လူထု ဒေါသပွားပြောဆိုမှုများ၊ မကြာခဏ စွပ်စွဲရှုတ်ချမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအငြင်းအခုံ၌ မတူခွဲပြားသော ပေါင်းစည်းမှု နှစ်ခုမှာ (၁) အင်ဂလို-ဗမာ (ဥရောပသား ယောက်ျား+ဗမာမိန်းမ) နှင့် (၂) အင်ဒို-ဗမာ (အိန္ဒိယသား ယောက်ျား+ဗမာမိန်းမ) တို့ဖြစ်သည်။ ပထမအမျိုးအစားမှာ ဗမာအမျိုးသမီးကို ဗိုလ်ကတော် ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ဗိုလ် သည် ကိုလိုနီခေတ် စစ်သားဗိုလ်ဖြစ်သည်။ ကတော် သည် ‘ဇနီး၊မယား’ ဟု အဓိပ္ပာယ်ရသည်။ ရာထူးအဆင့်မြင့်မားသူ၏ မယားများကို အထူးသဖြင့် လေးလေးစားစား ခေါ်ဝေါသုံးစွဲသည်။ မင်းကတော်။ ဗိုလ်ကတော်သည် ကိုလိုနီ အရေးပိုင်ဗိုလ်၏ မယားဟု ဘွဲ့ဂုဏ်မြှင့် ခေါ်ဆိုခြင်းဖြစ်သည်။ အထက်ဖော်ပြချက်အရ ဗိုလ်သည် ဥရောပတိုက်သား ဖြစ်ပြီး ဗိုလ်ကတော်မှာ ဥရောပတိုက်သား၏ ကြင်ယာဖြစ်သည်။ ၎င်းအခေါ်ကို ‘ကုလားဖြူ အမျိုးသမီး' ဟု  ရှုတ်ချကဲ့ရဲ့ရန်အတွက်လည်း အသုံးပြုကြသည်။ ဤစကားလုံးသည်  မသိမသာ နှစ်မျိုး ကွဲပြားပုံဖော်နေသည်က ဥရောပတိုက်သားနှင့် ဗမာအမျိုးသမီး လက်ထပ်ခြင်းက တစ်ချိန်တည်းမှာ ဂုဏ်သိက္ခာကြီးမှုနှင့် သိက္ခာမဲ့မှု ဒွန်တွဲနေသည်။ သူ၏ မကောင်းသတင်း ရင်းမြစ်နဲ့ တစ်ပြိုင်နက် ဂုဏ်သိက္ခာကြီးသော ရင်းမြစ်လည်းဖြစ်သည်။ ကုလားနှင့် လက်ထပ်သော ဗမာအမျိုးသမီးများအတွက် စကားလုံးအထူးတလည် မတွင်ခဲ့ချေ။ ယေဘုယျအားဖြင့် ကုလားယူထားသော ဗမာအမျိုးသမီးကို ကုလားမ ဟုသာ နိမ့်ချခေါ်ခဲ့ကြသည်။  ဗိုလ်ကတော်နှင့် ကုလားကတော် ညီမျှမှုသည် အဘယ်အခါမှ သိသိသာသာ တိုးတက်မလာခဲ့ချေ။ ဂျပန်က ဗမာပြည်ကိုသိမ်းပိုက်လိုက်သော ကာလအတိုအတွင်းမှာပင် ဂျပန်ယူထားသော ဗမာအမျိုးသမီးကို ဂျပန်ကတော်ဟု ရည်ညွှန်းကြသည်။ ဤခြားနားချက်က ဖြစ်နိုင်ခြေအဖြေမှာ ဗိုလ်ကတော်က အမျိုးအဆင့်အတန်း၊ ယဉ်ကျေးမှု မြင့်မားစေသည့်အတွက် မြတ်သော လက်ထပ်ခြင်း ဖြစ်သည်ဟုပုံဖော်သည်။ ကုလား လက်ထပ်သူကို နှိမ့်သောလက်ထပ်ခြင်းဟု ပုံဖော်သည်။ သူတို့နှစ်မျိုးစလုံးက နိုင်ငံခြားသားများကိုပဲ လက်ထပ်ခြင်းဖြစ်သည်။ မွေးဖွားလာသည့် သားသမီးက ကပြားဖြစ်သည့်အတွက်ကြောင့် မကြာမီ တိုးတက်လာသည့်ပြဿနာ၌ ငြင်းခုံလာခဲ့ကြသည်။ ဤအချက်များသည် ကပြားပြဿနာနှင့် လွန်စွာ ပတ်သက်လာလေသည်။

နိုင်ငံခြားသားများ၏ မယား၊ အမျိုးသမီးနှင့် ကပြား သားသမီးများ အဘယ့်ကြောင့် ပြဿနာတစ်ခု ဖြစ်လာသနည်း။ အထက်ပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် ကိုလိုနီဗမာပြည်တွင် မျိုးမတူဘာသာမတူ လက်ထပ်ခြင်းကို ရှင်းလင်းပေးသော  ကွဲလွဲပြောင်းလွဲသော သဘောထား အကြောင်းအရင်းများစွာကို စဉ်းစားမိသည်။ အမျိုးသားရေး ပြင်းထန်သူများသည် မိမိတို့၏ အမျိုးသမီးများကို မေတ္တာရပ်ခံသည်မှာ ဓလေ့ထုံးစံ အစဉ်အလာကို စောင့်ထိန်းကြ၊ ဗမာလူမျိုး၊ ယဉ်ကျေးမှုကို ကာကွယ်ကြ၊ ခွဲခြားဆက်ဆံမှု  ခိုင်မာစွာ အမြစ်တွယ်မှု၊ အကြွေးတင်မှု တိုးမြှင့်နေခြင်း၊ ဆင်းရဲခြင်းတို့သည် ၁၉၃၀ စီးပွားရေးကြပ်တည်းမှုမှ ရောနှောထားသော ပြည်ထောင်စု၏ ပြစ်တင်ဝေဖန်မှုများကို ဦးဆောင်နေသည်။ မျိုးမတူ ဘာသာခြားရောနှော လက်ထပ်ခြင်းကို အကျယ်တဝင့် ပြောကြောင်းရင်းမှာ ကိုလိုနီအုပ်ချုပ်ရေး၏ ကျားမသဘာဝမှာလည်း ရိုးတံရှည်ခြင်းလည်းဖြစ်သည်။ 

— လူထုဝဏ္ဏ

No comments:

Post a Comment