Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, December 1, 2015

ရခိုင် ဘယ်သူလဲ (ဌေးလွင်ဦး)

ရခိုင် ဘယ်သူလဲ


နယ်ချဲ့ ဗမာများ လက်အောက်မှာ ရခိုင်သမိုင်းဟာ- နှစ်ဆင့်ရစ် အလိမ်ခံနေရကြောင်း-
(၁) ရခိုင်ဒေသနေ ပထမဆုံး မူလဘူတ လူမျိုးဟာ ယခု ရိုဟင်ဂျာ လို့ ခံယူသူများသာ ဖြစ်ပြီး အဲ့ဒီ ဒေသကို ပြည်မ ဗမာများက ရခိုင်ဒေသလို့ ခေါ်ကြောင်း- အဲ့ဒီ ဒေသကို ဗမာများ ၀င်ရောက်လာပြီးနောက်ပိုင်း ဗမာများက သြဇာလွှမ်းမိုးလာကာ အုပ်ချုပ်မှုပိုင်းမှာ နေရာယူလာကြောင်း-
(၂) အဆိုပါ ဗမာများမှ သူတို့အခေါ် ရခိုင်ဒေသ မှာ မွေးဘွားကြီးပြင်းလာသူများအား ရခိုင်သား (ရန်ကုန်သား၊ မန္တလေးသား၊ ပဲခူးသား ကဲ့သို့) ခေါ်တွင်လာရာမှ လူမျိုးသမိုင်းကိုပါ အမည်ခံယူလိုက်ကြောင်း--
ကျွန်တော် ရှင်းလင်းထားတဲ့ ရခိုင် နှင့် ရိုဟင်ဂျာ သမိုင်းတို့အား You Tube တွေကြည့်ပါ။ Google မှာ ရှာပြီး စာပေအဖြစ်လည်း ပြန်လည် ဖတ်ကြည့်ပါ။
ကျွန်တော်၏ ဖေါ်ထုတ်မှုတွင် ရိုဟင်ဂျာသည် ရခိုင်ပင် ဖြစ်၏။ ရိုဟင်ဂျာပြည် သည် ရခိုင်ပြည်ကို ခေါ်၏။ ရိုဟင်ဂျာ စကားသည် ရခိုင်စကားပင် ဖြစ်၏။-
ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင်သာ ဖြစ်၏။ ရိုဟင်ဂျာ စကားသည် ရခိုင်စကားသာ ဖြစ်၏။ ရိုဟင်ဂျာပြည် (ရိုဟမ်း) ဆိုသည်မှာ ရခိုင်ပြည်သာ ဖြစ်၏။ ဟု အခိုင်အမာ ၀န်ခံလာပြီး သမိုင်းပညာရှင်ကြီး ဒေါက်တာ အေးချမ်းရဲ့ အဆုံးအဖြတ်ကို ယခု ရခိုင်ဟု ခေါ်တွင်သူများ- အာဏာပိုင်များ မီဒီယာများ အတိုက်အခံ ကြီးငယ် များသာ မက - မြန်မာတစ်ပြည်လုံး ရှိလေသမျှသော လူမျိုးပေါင်းစုံမှ အတည်ပြုပေးနေကြောင်း- တွေ့ရပါတယ်။ (အေးချမ်းရဲ့ ၀န်ခံချက်ကို အောက်မှာ ကြည့်ပါ။)
ရခိုင် = ရိုဟင်ဂျာ သို့မဟုတ် ရိုဟင်ဂျာ = ရခိုင် ဆိုသော အဖြေအား ထပ်မံရှင်းစရာ လိုတော့မည် မထင်ပါ။
ဒါဆို- ရိုဟင်ဂျာ ရခိုင် ဆိုတဲ့ နာမည်ကို လုယူနေတဲ့ ယခု ရခိုင်ဆိုတာ ဘယ်သူတွေလဲ? (UN, US နဲ့ ကမ္ဘာ့ အသိုင်းအ၀ိုင်းကိုတော့ ကျွန်တော် ရှင်းလင်း တင်ပြပြီး အတည်ပြု ပြီး ဖြစ်ပါတယ်။) သို့သော် လက်ရှိ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပေါင်း အမှန်ကို သိရှိစေဘို့ လိုပါမယ်။ (သမိုင်းရှင်းတမ်း ဆိုတာ ကာလတစ်ခုမှာ အမှန်ကို လက်ခံလာမှာပါ။)
(၁) (ဗြိတိသျှ မတိုင်မှီ) ၁၇၉၉ ခု မှတ်တမ်းများအရ- လက်ရှိ ရခိုင်စကားဟာ ဗမာ စကားမျှသာ ဖြစ်ပြီး- ရိုဟင်ဂျာ ရခိုင်စကားနဲ့ လုံးဝ (လုံးဝ) မတူညီပါ။ အောက်ပါ ဓါတ်ပုံမှာ နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာရခိုင် စကားနဲ့ ဘင်္ဂလီ စကားလည်း မတူညီပါ။
(၂) မြန်မာ့ သမိုင်းများ မြန်မာ့ပထ၀ီများမှာ လက်ရှိ ရခိုင်ခံယူသူများသည် စကားသံကွဲသော သံကွဲမြန်မာများသာ ဖြစ်သည်လို့ သင်ရိုးများစွာ ရှိပါတယ်။
(၃) ၁၉၃၆ ခု လွတ်လပ်ရေး မရမှီ သန်းခေါင်စာရင်းမှာ လက်ရှိ ရခိုင်ဆိုသူများအား ဗမာ ဟူသည့် ခေါင်းစဉ်အောက်မှသာ သန်းခေါင်စာရင်း ကောက်ခဲ့ပါတယ်။
(၄) လက်ရှိ ရခိုင်သည် ဗမာ လူမျိုးသာ ဖြစ်သည် ဆိုတဲ့ အကြောင်းကြောင့်- ပင်လုံစာချုပ်မှာ ဗမာအားလုံးရဲ့ ကိုယ်စားလှယ်ကသာ လက်မှတ်ထိုးခဲ့ပြီး လက်ရှိ ရခိုင်များ ပါဝင်ခွင့် မရခဲ့ပါ။ (ရိုဟင်ဂျာ ရခိုင် များကိုသာ ဗိုလ်ချုပ်က ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။)
(၅) လက်ရှိ ရခိုင်ဟူသည် ဗမာလူမျိုးနွယ်သာ ဖြစ်ကြောင်း လူများစုကြီးရဲ့ အသိမှာ ခံစားထားပါတယ်။
ဒါကြောင့်- ကျွန်တော် အပါအ၀င် လက်ရှိရခိုင်လို့ ခံယူနေသူများဟာ ရခိုင်အစစ် ရိုဟင်ဂျာများရဲ့ မြေကိုရော သမိုင်းကိုပါ ခိုးယူ၊ လုယူထားသူများသာ ဖြစ်ပါကြောင်း----
သမိုင်း တစ်ဆင့်ကို ၀န်ခံရပါလိမ့်မယ်။
လက်ရှိရခိုင်ဟု ခံယူထားသူများဟာ ဗမာ မဟုတ်ကြောင်း သက်သေပြနိုင်တဲ့ သမိုင်းပညာရှင် ဆိုသူများနဲ့ ဆွေးနွေးလိုပါကြောင်း--

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Right Movement

No comments:

Post a Comment