Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, December 15, 2015

ကိုရီးယားရောက် ကွမ်းစားသူများနဲ့ ကွမ်းရောင်းသူများ သိစေဖို့ပါ။

ကိုရီးယားရောက် ကွမ်းစားသူများနဲ့ ကွမ်းရောင်းသူများ သိစေဖို့ပါ။
------------------------------------------------------------

ဒီနေ့ နေ့လယ်က ကျနော့်ဆီကို ဘူဖြောင်းရဲဌာနမှ နိုင်ငံခြားသားများ တာဝန်ခံ ရဲအရာရှိ၃ယောက် လာတွေ့ပါတယ်။
အကြောင်းကဘူဖြောင်းဒေသတွင်း မြန်မာများ သွားလာရာနေရာတွေမှာ မြန်မာတချို့ရဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများနှင့်စွန်းထင်နေတဲ့ ကွမ်းတံတွေးကွက်တွေကြောင့် ပတ်ဝန်းကျင် ညစ်ထေးမှုများဟာ တဖြေးဖြေး ဆိုးဝါးလာနေတာကြောင့် ကိုရီးယားဥပဒေအရ အရေးမယူမီ မိမိတို့ နိုင်ငံသားအချင်းချင်း အခြေအနေကို ၀င်ရောက် ထိမ်းသိမ်းပေးဖို့ 
မေတ္တာရပ်ခံပါတယ် ဆိုပြီး ပုံပါ သတိပေးစာကို လာရောက် ပေးသွားပါတယ်။သတိပေးစာပါ ပြစ်ဒဏ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ကွမ်းတံတွေးထွေးသူများအတွက် ပြစ်ဒဏ်
-------------------------------------------
* လမ်းပေါ်၊ ပန်းခြံ အစရှိတဲ့ လူအများသွားလာစုဝေးရာနေရာတွေမှာ တမင် တံတွေးထွေးပါက ဒဏ်ငွေ ၁သိန်းအောက် ကျခံရမည်။ ကွမ်းရောင်းသူများအတွက် ပြစ်ဒဏ်
---------------------------------------
* မည်သူမဆို အဆိပ်အတောက်ဖြစ်စေသော၊ ဖြစ်စေနိုင်တယ်လို့ သံသယရှိတဲ့ ပစ္စည်းများ ပါဝင်၊ လိမ်းကျံထားတဲ့ အစားအစာကို ရောင်းချခြင်း၊ ပြုလုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်း ယူဆောင်လာခြင်း၊ ဖန်တီး၊ ချက်ပြုတ်၊ သိမ်းဆည်း၊ ပို့ဆောင်၊ ဆိုင်တွင် တင်ထားခြင်း မပြုလုပ်ရ။ ကျူးလွန်ပါက ထောင်ဒဏ် ၁၀နှစ်အောက် နှင့် ငွေဒဏ် သိန်း၁ထောင် အောက် ကျခံရမည်။
မှတ်ချက်
=====
* ကိုရီးယားဥပဒေကို ချိုးဖောက်သူ နိုင်ငံခြားသားတယောက်ဟာ ပြစ်ဒဏ်ကျခံလို့ သူ့ရဲ့ အမှုဟာ ပြီးဆုံးမသွားပါ။ လူဝင်မှုကြီးကြပ်ရေးရဲ့ ပြစ်ဒဏ်ကိုပါ ထပ်ခံရပါတယ်။ လူဝင်မှုကြီးကြပ်ရေးရဲ့ ပြစ်ဒဏ်အဖြစ် ဗီစာဖျက်သိမ်းခံရခြင်း၊ သက်တမ်းတိုးပေးမှု ငြင်းဆိုခံရခြင်း၊ ကိုရီးယားကို ပြန်လည်လာရောက် အလုပ်လုပ်ခွင့် ငြင်းဆန်ခံရခြင်း စတဲ့ ဆိုးကျိုးများကိုလည်း ခံယူကြရမှာဖြစ်ပါတယ်။ ဒီတော့ သက်ဆိုင်သူများအနေဖြင့် မိမိတို့ရဲ့ ကွမ်းစား၊ ကွမ်းရောင်း အခွင့်အရေးများ မဆုံးရှုံးရအောင်ဘယ်လိုနေထိုင် ၊ ဘာတွေလုပ်ကိုင်သင့်သလဲဆိုတာကို မိမိတို့ အသိတရားဖြင့် သတိထားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်တော့ အများ မထိခိုက်စေရအောင် ထိမ်းပေးပါမယ်။
ကွမ်း စားသုံးခွင့်၊ ရောင်းချခွင့်ပေးထားပါလို့ ညှိုနှိုင်းထားသလိရဲတွေကလည်း မြန်မာအလုပ်သမားများ အပန်းပြေ ကွမ်းစားခြင်းကို နားလည်ပေးတဲ့ အနေနဲ့  အရေးမယူသေးပါဘူးလို့  သဘောတူထားပါတယ်။
သို့သော် ဆက်လက်ကျူးလွန်ကြဦးမယ်ဆိုရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်ကြလိမ့်မှာဖြစ်ပါကြောင်း။။။

မေတ္တာဖြင့် 
စိုးမိုးသူ
(Credit: Soe Moe Thu)

No comments:

Post a Comment