Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 7, 2015

ရှော်ဖီခါန်းပလီအား လုယူခြင်း

ရှော်ဖီခါန်းပလီအား လုယူခြင်း

ဒီဗလီဟာ စစ်တွေမြို့ မေယုလမ်းပေါ်မှာတည်ရှိခဲ့တဲ့ ရဲနွယ်စု ဗလီဖြစ်ပါတယ်။ဒီဗလီရဲ့သက်တမ်းဟာ နှစ်ရာနဲ့ချီရှိပါတယ်။နဝတ အစိုးရခေတ်တုန်းက ၁၉၉၉ ခုနှစ်နောက်ပိုင်းမှာ ဒီဗလီရဲ့ရှေ့မှာ လောကာ
နန္ဒာစေတီတော်ကို စတင်တည်ဆောက်ခဲ့ပါတယ်။
နဝတ အစိုးရတက်ပြီး ဗိုလ်ချုပ်ခင်ညွှန့်က ဗလီတွေနဲ့ကပ်ရပ် ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘုန်းကြီးကျောင်းတွေ ဘုရားတွေအများကြီးတည်ဆောက်ခဲ့ပါတယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့အဆောက်အအုံတွေနဲ့ ကပ်
ရပ် မရရအောင် ဗုဒ္ဓဘာသာ အဆောက်အဦးများတည်ဆောက်ခဲ့ပါတယ်။
စစ်တွေမြို့မှာတင် အဲလိုရှေ့ဟောင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေရှေ့မှာ နဝတ အစိုးရတက်ပြီး ဗုဒ္ဓဘာသာ အဆောက်အဦးတွေအများကြီးတည်ဆောက်ကာ ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာ
ဝင်တွေ မနေ့တစ်နေ့ကမှ ရောက်လာသလို ထင်ယောင်ထင်မှားစေတဲ့ ဝါဒဖြန့်မှုတွေကို ဗိုလ်ချုပ်
ခင်ညွှန့်မှ လုပ်ဆောင်ခဲ့ပြီး သမိုင်းဝင် အစ္စလာမ်ဘာသာဝင်တွေရဲ့ အဆောက်အဦးတွေကို စီမံကိန်းဖြင့်
ဖျိုဖျက်ပျက်စီးကာ အစ္စလာမ်ဘာသာဝင်တွေ မနေ့တစ်နေ့ကမှ ဘင်္ဂလားဒေခ်ျက ဝင်လာသလိုနဲ့ ဝါဒဖြန်ခဲ့ပါတယ်။ ဒီပုံတွေကို ဂျာမနီနိုင်ငံမှ Mandy ဆိုသူက ၂၀၀၇ ခုနှစ်တုန်းက ကျွန်တော့်မိသားစု
ထံလာရောက်ပြီး သူ့ရဲ့ History Research အတွက် စုံစမ်းကာ ရေးသားပြုစုခြင်းဖြစ်ပါတယ်။
သိပ်မကြာခင်ကဘဲ သူ စစ်တွေမြို့ကို ပြန်လည်သွားရောက်တော့ အတော်အံ့သြခဲ့ရကြောင်း မကြာခင်က
ဘဲ ကျွန်တော်နဲ့သူ မလေးရှားမှာတွေ့တုန်းက ပြောပြပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက သူလေ့လာ စူးစမ်း
ခဲ့တာတွေ ကျွန်တော်နဲ့အဖေ့ကို အင်တာဗျူးတာတွေကို သူ့ facebbok မှာ မကြာခင်ကတင်ထား 
တာတွေကိုတွေ့ရပါတယ်။သူအခု လက်ရှိလုပ်နေတဲ့အလုပ်က ဂျာမန်လူငယ်တွေနဲ့ ဂျာမန်ပြည်သူတွေက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နှိပ်စက်ခံရတာကို ဂျာမနီရှိ ရေဒီယို program တစ်ခြား program တွေဖြင့် လူအများသိရှိလာအောင် လုပ်ဆောင်မယ်လို့ သိရှိရပါတယ်။မကြာသေးခင်က သူက စစ်တွေအိမ် အထိသွားကာ အဖေ အမေနဲ့ အတူ ဓါတ်ပုံရိုကလာပြီး ကျွန်တော့်ကိုပြခဲ့ပါတယ်။ ကျွန်တော်တို့ ရဲနွယ်စု ဗလီဖျက်စီခံရပြီးနောက်ပိုင်းပုံလည်း တင်ပေးပါတယ်။ ကျွန်တော့်မိဘနဲ့ သူသွားရောက်တွေ့ဆုံတဲ့ပုံ
လည်း ဒီမှာတင်ထားပါတယ်။်

Ko Ko Naing(Jack Marson)


No comments:

Post a Comment