ဓညဝတီခေတ်က ရွိုင်ဂျာစကား
သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။
ယခု ရခိုင်ပြည်နယ်ခေါ် အာရ်ကာန်မှာ ထင်းရှားခဲ့တဲ့ခေတ် ၄ ခေတ် (ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြေက်ဦးခေတ်) ရှိခဲ့တာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အာရ်ကာန်ဆိုတဲ့ အခေါ်အဝေါ်ဟာလည်း အာရဗ် အခေါ်အဝေါ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများကဆိုပါတယ်။
အာရ်ကာန်နိုင်ငံတော်ကြီးရဲ့ ဖော်ပြပါ ခေတ် ၄ ခေတ်လုံးမှာ အာရဗ်၊ ပါရှန်၊ မဂို၊ ဟိန္ဒူ၊ ဘင်္ဂလီ လူမျိုးများနဲ့၎င်းတို့ရဲ့ ယဉ်ကျေးမှုများ၊ အခေါ်အဝေါ် အသုံးအနှုန်းများကို သမိုင်းမှတ်တမ်းများ၌ ယနေ့တိုင် ထင်ထင်ရှားရှားတွေ့ရှိရပါတယ်။ ရိုဟင်ဂျာအမည်ကို အာရ်ကာန်နိုင်ငံတော်ကြီးမှာ အစောဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ အာရဗ်လူမျိုးက မည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၀၈ ခုနှစ်မှာ အမျိုးသားစာပေဆုရရှိတဲ့ စာရေးဆရာ (နာမည်ကျော် ဗေဒင်ဆရာကြီး) ဒေါက်တာ ဒဂုန် ရေးသားခဲ့တဲ့ “ရာဇ၀င်ထဲမှာပုဏ္ဏား” ဆိုတဲ့စာအုပ်မှာ ရိုဟင်ဂျာစကား (ဆရာကြီးစာအုပ်မှာ ရွိုင်ဂျာစကားလို့ရေးထားတယ်) ကို အကျယ်တ၀န်း ရေးသားဖော်ပြထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်ပြုစုရေးမှာ အချိန် ၂ နှစ် ကြာပါတယ်၊ ကျမ်းကိုးကျမ်းကား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ရှိတယ်လို့ဆိုပါတယ်။ ဤစာအုပ်ပြုစုခြင်းဟာ ဆရာကြီးရဲ့ ဘ၀တလျှောက်မှာ ဂုဏ်သိက္ခာအရှိဆုံး အလုပ်တခုလို့ဆိုပါတယ်။ ဆရာကြီး ဒေါက်တာ ဒဂုန် မှတ်တမ်းတင်ခဲ့တဲ့ “ပုဏ္ဏား” စကားဟာ ဓည၀တီခေတ်မှာ ရွိုင်ဂျာတို့ ပြောတဲ့စကားဖြစ်ကြောင့် အတိအလင်းရေးသားထားပါတယ်။ ၎င်း ရွိုင်ဂျာစကား အသုံးအနှုန်း အခေါ်အဝေါ်များကို ဆရာကြီးရဲ့စာအုပ်မှာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာစွာဘဲ ရေးသားဖော်ပြထားပါတယ်။
ယနေ့ ရိုဟင်ဂျာလူမျိုးပြောတဲ့စကား အသုံးအနှုန်း အခေါ်အဝေါ်များနဲ့ ဆရာကြီးရဲ့ စာအုပ်မှာရေးသားဖော်ပြထားတဲ့ ဓည၀တီခေတ်က ပုဏ္ဏားတို့ပြောတဲ့စကား အခေါ်အဝေါ် အသုံးအနှုန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စာအုပ်မျက်နှာဖုံးနဲ့ စကားအသုံးအနှုန်း ခွဲခြမ်းစိတ်ဖြာထားပုံကို ပူးတွဲတင်ပေးလိုက်ပါတယ်၊ လေ့လာကြည့်ပါ။
ရိုဟင်ဂျာ - ဗမာ
၁) ဘာဘာ - အဖေ
၂) မာ - အမေ
၃) ဒါဒါ - အဘိုး
၄) အဘွား - နာနူ
၅) ဗော(ရ့်)ဗာ - ဘေး
၆) မာမာ - ဦးကြီး
၇) ဇဲရာ - ဘကြီး
၈) ဇီး - ကြီးဒေါ်
၉) ပီ - အဒေါ်
၁၀) ဘာဆူ(ရ်) -ခဲအို (ယောကျ်ားအစ်ကို)
၁၁) ဒဲဂေါ(ရ်) - မတ်
၁၂) နောနော(င်) - ယောက်မ
၁၃) ခူကူး - ဘထွေး
၁၄) နိုက် - လင်
၁၅) မောက်(က်) - မယား
၁၆) ပွာ - သား
၁၇) ဇီး - သမီး
၁၈) နာတီ - မြေး
၁၉) ပူတီ - မြစ်
၂၀) ဆူတီ - တီ
၂၁) လူတီ - ကျွတ်
၂၂) မာမီ - ဦးကြီးမိန်းမ
၂၃) ဇေရီ - ဘကြီးမိန်းမ
၂၄) ဗို - ဦးလေးမိန်းမ
၂၅) မောဆာ - ကြီးဒေါ်ယောက်ျား
၂၆) ပီဆာ - အဒေါ်ယောက်ျား
၂၇) ဗောနီ - ခဲအို (အစ်မယောက်ျား)
၂၈) ဗိုး - ချွေးမ
၂၉) ဇာမိုင်(ယ်) - သမက်
၃၀) ဟိုး(ရ်) - ယောက္ခမ (အထီး)
၃၁) ဟောရီ - ယောက္ခမ (အမ)
၃၂) ဗျိုင်း(န်) - ခမည်းခမက်
၃၃) ကူရွန်(ခ်) - အမျိုး
၃၄) ဗောင်ဆော - မျိုးနွယ်
.
Arif Kassim ၏ (၀၁-၁၁-၂၀၂၀) ပို့စ်ကို ကူးယူတည်းဖြတ် ဖော်ပြသည်။
လူထုဝဏ္ဏ
၃--၁၁- ၂၀၂၀


No comments:
Post a Comment