Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 27, 2025

မိဟ်ရာဘ် ၏နောက်ကွယ်က ရှေးခေတ် အသံချဲ့စနစ်နည်းပညာ

 



မီဟ်ရာဘ် အသံပဲ့တင်သံပြုသော နေရာလပ်ကို မသမာသူတို့၏ စွပ်စွဲချက်များအား ချေဖျက်ခြင်း


ဗလီတွေမှာ အီမာမ်ရှေ့ဆောင်ဆရာရဲ့ အရှေ့က အခွက်ပုံစံ နေရာကြီးကို မီဟ်ရာဘ် (Mihrāb) လို့ ခေါ်ပါတယ်။ ၎င်းဟာ မွတ်စလင်မ်တွေ ဆွလာသ် ဆုတောင်းဝတ်ပြုတဲ့အခါ မျက်နှာမူရမယ့် ကမ္ဘာပေါ်က မက္ကာမြို့ရှိ ကာဗာ ဝတ်ကျောင်းတော်ရဲ့ ဦးတည်ရာ (ကစ်ဘ်လာ)ကို ညွှန်ပြပေးခြင်းဖြစ်ပြီး ဗလီရဲ့ ဒီနံရံကို ကစ်ဘ်လာ နံရံ လို့ ခေါ်ကြပါသေးတယ်။ ကစ်ဘ်လာ ဦးတည်ချက်ပြဖို့အတွက် မီဟ်ရာ ဘ်တွေ ထားရှိရခြင်းဖြစ်တယ်။

အစ္စလာမ်ဘာသာမှာ အီမာမ် (ရှေ့ဆောင်) ဟာ အဲ့ဒီ အခွက်ပုံစံနေရာ (မီဟ်ရာဘ်) ရဲ့ ရှေ့မှာ မတ်တပ်ရပ်ပြီး အဖွဲ့လိုက် ဆုတောင်းဝတ်ပြုခြင်းကို ဦးဆောင်ရပါတယ်။ ကမ္ဘာပေါ်ရှိ ဗလီအားလုံးရဲ့ မီဟ်ရာဘ်ကို ဗလီရဲ့ အတွင်းပိုင်းမှာ အထူးအလှဆင်ထားလေ့ရှိပြီး၊ ဗလီတစ်ခုနဲ့တစ်ခု ဒီဇိုင်း တည်ဆောက်ထားပုံခြင်းလည်း မတူညီကြပါဘူး။ သူ့ဒေသရဲ့ ဗိသုကာဟန်တွေနဲ့ အများအားဖြင့် တည်ဆောက်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်း၎င်းပါပဲ။ ဗလီ တစ်ခုနဲ့တစ်ခု မီဟ်ရာဘ် ဗိသုကာလက်ရာတွေ မတူကြပါ။ ဒါပေမဲ့ ဗလီရဲ့ ဝတ်ပြုဆောင်အတွင်းမှာ မီဟ်ရာဗ်က အမြင်အားဖြင့် အဓိက အာရုံစိုက်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရာမြှောက်တဲ့ ဗသုကာတွေနဲ့ စီခြယ်အလှဆင်ထားကြလို့ပါပဲ။

မီဟ်ရာဘ်ကို အများအားဖြင့် နံရံမှာ ခွက်ပုံစံ (အခေါင်းပေါက်) အနေနဲ့ တည်ဆောက်ထားတာကြောင့် အသံကို ပိုမိုပြန့်ကျဲစေပြီး အီမာမ်ရဲ့ အသံကို ဝတ်ပြုသူတွေဆီ ပိုမိုကြားနိုင်စေတဲ့ ပဲ့တင်သံ (Acoustic) ရရှိစေပါတယ်။ ဒါဟာ ရှေးခေတ် ဗိသုကာပညာရဲ့ အသံကို အသုံးပြုတဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို ခွက်ပုံစံ တည်ဆောက်မှုက ခေတ်မီ မိုက်ခရိုဖုန်းတွေ မပေါ်ခင်ကတည်းက အီမာမ်ရဲ့ အသံကို ကျယ်လောင်ပြတ်သားစေဖို့ အထောက်အကူပြုခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ဗလီတိုင်းလိုလိုမှာ မိုက်ခ်နဲ့ စပီကာကိုသာ အသုံးပြုနေကြပါပြီ။

အဓိက ပြောချင်တာက မီဟ်ရာဘ်ကို အသွင်တစ်ခုသဖွယ်ပုံဖော်ပြီး ဘာသာရေးစော်ကားမှုကို ဖော်ထုတ်ရခြင်းပါ။ ဘာလို့ အဲ့လို အခွက်ပုံစံတွေ တည်ဆောက်ထားရသလဲ ဆိုတာတွေပေါ့။ ဒါတွေသိရဖို့ ရှေးဟောင်းခေတ်ရဲ့ အသံမြှင့်တင်ခြင်း (Amplification) နည်းစနစ်ကို သိရှိနားလည်ဖို့ လိုပါတယ်။ ရှေးခေတ်လူမျိုးတွေဟာဆိုရင် နည်းပညာတွေ မရှိသေးပေမဲ့ အသံကို ပိုမိုကျယ်လောင်အောင်၊ ရှင်းလင်းအောင် ပြုလုပ်နိုင်တဲ့ နည်းပညာတွေ တီထွင်ဆန်းသစ်ခဲ့ကြတယ်။

ဂရိရုပ်ရှင်ရုံကြီးများ (Greek Amphitheaters) မှာ ဆိုရင် ဂရိလူမျိုးများ တည်ဆောက်ခဲ့သော ပြင်ပပွဲကြည့်စင်ကြီးများဟာ ဆီမီးကန့်လန့်ဖြတ် (Semicircular) ပုံစံရှိပြီး၊ ထိုင်ခုံတန်းများကို ထုံးကျောက် (Limestone) ကဲ့သို့သော မာကျောသောပစ္စည်းများဖြင့် အဆင့်ဆင့် တည်ဆောက်ထားကြပါတယ်။ ဒီပုံစံက စင်ပေါ်မှ စကားသံကို အနှောင့်အယှက်ကင်းစွာ ဖြန့်ကျက်နိုင်ပြီး ပရိသတ် ၁၄,၀၀၀ ခန့်အထိပင် စကားသံရှင်းလင်းပြတ်သားမှု (Speech Intelligibility) ကို အလွန်ကောင်းမွန်စွာ ရရှိစေပါတယ်။ Epidaurus ပြဇာတ်ရုံလည်း ယနေ့တိုင် အကောင်းဆုံး သက်သေပင်ဖြစ်တယ်။ ဘုရားရှိခိုးကျောင်းနှင့် ဗလီများမှာ ခုံးနှင့် ခွက်များ (Domes and Niches)ကို ရှေးယခင်က ဗိသုကာလက်ရာတွေအဖြစ် ထည့်သွင်း တည်ဆောက်လေ့ရှိကြတယ်။ ဘုရားရှိခိုးကျောင်းကြီးများရှိခုံးအမိုးများ (Domes)နှင့် ဗလီများရှိ မီဟ်ရတ်ကဲ့သို့သော ခွက်ပုံစံနေရာများက ပဲ့တင်သံ (Reverberation) ကို ဖန်တီးပေးပါတယ်။ ၎င်းပဲ့တင်သံက ဆရာတော် သို့မဟုတ် အီမာမ်ရဲ့ အသံကို မြှင့်တင်ပေးတာကြောင့် အဆောက်အအုံထဲက လူအများကို ကြားနိုင်စေပါတယ်။ ဒါကြောင့် အသံပြုမဲ့သူရဲ့ ရှေ့မှာ အခုံးအခွက်ပါတဲ့ နေရာလပ်တစ်ခုကို ထည့်သွင်း တည်ဆောက်ထားရခြင်းဖြစ်တယ်။ အစ္စလာမ် ဘာသာမှာတော့ စောနက တင်ပြသလို အသံပိုမိုဖြန့်ကျက်နိုင်ဖို့ တည်ဆောက်ခဲ့ကြတဲ့ ဗိသုကာလက်ရာအပြင် ၎င်းမှာ တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်လူအချို့ကတော့ ၎င်းတို့ရဲ့ တွေးထင်တဲ့ညစ်ပတ်သော ညဏ်စဉ်အတိုင်း စွပ်စွဲကြတာတွေဟာ သူတို့ရဲ့ ဘာသာရေး အဆင့်အတန်းကို ဖော်ကျူးရာရောက်ရုံကလွဲပြီး တခြားမရှိဟုသာ ပြောဆိုနိုင်ပါတော့တယ်။



(အောက်တိုဘာလ ၂၇၊ ၂၀၂၅ ​)

#အစ္စလာမ့်အကြောင်းလေ့လာစရာ 
#ယုံကြည်ခြင်းသဘောတရားများ 

No comments:

Post a Comment