Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, March 30, 2016

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်ကို ထိုးနှက်နေသော အဝကျွန်းသားများ

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်ကို ထိုးနှက်နေသော အဝကျွန်းသားများ
✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧
အောင်အောင် - စစ်တွေ



ရခိုင်ပြည်နယ်တွင် ဒေသခံ ရခိုင်တိုင်းရင်းသား နှင့် အဝကျွန်းသားရခိုင် ဟူ၍ လူမျိုးနှစ်မျိုးရှိသည်။ အဝကျွန်း သားများသည် ယခင်က အရှေ့ပါကိစ္စတန်(ယခု ဘင်္ဂလားဒေ့ခ်ျ)တွင် နေထိုင်သည့် ရခိုင်များကို ခေါ်ဆိုခြင်းဖြစ်ပြီး ဒေသခံရခိုင်ဟူသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း လွတ်လပ်ရေး မရခင်ကတည်းက မှီတင်းနေထိုင်ကြသူများကို ခေါ်သည်။ (၂၀၁၀)ခုနှစ်အထိ အဝကျွန်းသား နှင့် ဒေသခံရခိုင်တို့ကြား တင်းမာမှုများ ရှိခဲ့သည်။ အဝကျွန်းသားများ သွားသည့် ဘုန်းကြီးကျောင်းကို ဒေသခံများ တက်ရောက်လေ့မရှိ၊ ပြုမူဆက်ဆံပုံနှင့် စရိုက်များလည်း မတူကြပေ။ ယခင်အရှေ့ပါကိစ္စတန်၌ ရခိုင် မာရမာ လူမျိုး(၃)သန်း နေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သည့်အချိန်မှစ၍ တဖြည်းဖြည်း ရခိုင်ပြည်နယ်သို့ စိမ့်ဝင်လာခဲ့ကြသည်။ အထူးသဖြင့် (၁၉၇၄)တွင် ရခိုင်ပြည်နယ်ဟူ၍ ဖြစ်လာသည့်အခါ အလုံးအရင်းဖြင့် ဝင်လာခဲ့ကြသည်။ ယခုအချိန်အထိ တိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေး အပြည့်အဝ ရယူခံစားနေကြသည့် ရခိုင်ဗုဒ္ဓဘာသာဝင် တစ် သန်းနီးပါး ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နေထိုင်ကြသည်။

မဆလအစိုးရ လက်ထက်တွင် ဗမာလူမျိုးကြီးဝါဒ အကောင်အထည်ဖော်ရေးအတွက် ရခိုင်ကို အသုံးချခဲ့ သည်။ အဝကျွန်းသားဖြစ်သော ဗိုလ်မှူးသာကျော်၊ ဗိုလ်မှူးကျော်မောင် စသူတို့အား အခွင့်အရေးများ ပေးခဲ့သည်။ ရခိုင်ပြည်အနှံ့၌လည်း အဝကျွန်းသားတို့၏ ကျူးကျော်ရပ်ကွက်များစွာ နှင့် အဝကျွန်းသား ဘုန်းကြီးကျောင်းများစွာ ရှိသည်။ (၁၉၈၈)မှစ၍ အဝကျွန်းသား ရခိုင်များသည် အာဏာရှင် နအဖ နှင့် ပူးပေါင်း၍ မောင်ခိုလုပ်ခွင့်ရသည့်အတွက် ချမ်းသာကြွယ်ဝလာခဲ့သည်။ သိန်းစိန်အစိုးရ လက်ထက်တွင် သိန်းစိန်အစိုးရ နှင့် နားလည်မှုရရှိ၍ YW, ယာဘာဆေး နှင့် တခြားမူးယစ်ဆေးဝါးအမျိုးမျိုးကို ဘင်္ဂလားဒေ့ခ်ျသို့ တင်သွင်းခွင့်ရရှိသည့်အတွက် ရခိုင်ပြည်နယ်၌ အဝကျွန်းသားများသာ အချမ်းသာဆုံး၊ ဩဇာအရှိဆုံး ဖြစ်လာပြီး ဒေသခံများအနက်မှ ပညာတတ်တန်းအလွှာများ နှင့် အခြေခံလူတန်းစား နေ့လုပ်နေ့စား များသည် ရခိုင်ပြည်နယ်ကို စွန့်ခွါ၍ ပြည်မသို့ ပြောင်းရွှေ့နေထိုင်လာခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်တို့အား တော်လှန်ရာတွင် ဗိုလ်ရန်နိုင်ကို ရခိုင်ဘက်သို့ လွှတ်ခဲ့သည်။ ဗိုလ်ရန်နိုင် နှင့် အပေါင်းအပါများအား အဝကျွန်းသားတစ်ဦး ဦးဆောင်၍ မည်သို့ဒုက္ခပေးခဲ့သည်ကို သမိုင်းသိသူ တိုင်း သိကြမည်သာ။ ဒီမိုအရေး လှုပ်ရှားသူအားလုံးက အာဏာရှင်စစ်အစိုးရအား ဆန့်ကျင်တော်လှန်ရန် ရုန်းကန် လှုပ်ရှားလာသော်လည်း အဝကျွန်းသားများမှာ အာဏာရှင်များကိုသာ ဖက်တွယ်ထားကြသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ NLD က အပြတ်အသားအနိုင်ရရှိ၍ အစိုးရဖွဲ့ခွင့်ရသည့်အခါလည်း အဝကျွန်းသားများ ဦးဆောင်သည့် ANP က အာဏာရှင်ဘက် ရပ်တည်လျက် NLD ကိုအမျိုးမျိုး ဒုက္ခပေးနေသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရပြီ။

အဝကျွန်းသားများ နှင့် ရခိုင်ပြည် ဖွံ့ဖြိုးမှု
------------------------------------------
အဝကျွန်းသားများကို တစ်စိုက်မတ်မတ် သွေးတိုးလှုံ့ဆော်နေကြသည့် ဂျပန်ရောက် ပြည်ပျက်အေးချမ်း နှင့် အမေရိကရောက် အဝကျွန်းသားတချို့က ရခိုင်ပြည်နယ်မှာရှိသော အဝကျွန်းသားများကို အသုံးချ၍ မြန်မာနိုင်ငံ အား ပြိုကွဲရန် ကြံစည်နေကြခြင်းသာ ဖြစ်သည်။ အေးချမ်းက ရခိုင်လူမျိုးကောင်းစားရေးအတွက် ဘာများလုပ်ပေးခဲ့ ပါသလဲ။ သူက ဂျပန်မှာ ဇိမ်နှင့်နေပြီး ငတ်ပြတ်နေသည့် ရခိုင်များကို သူ့အိပ်မှ ပိုက်ဆံတစ်ပြားပေးခဲ့ဖူးပါသလား။ အဝကျွန်းသားဒေါက်တာအေးမောင် အုပ်စုက ရခိုင်ပြည်သူအတွက် ဘာလုပ်ပေးခဲ့သလဲ။
(၂၀၁၀)မတိုင်ခင် နှင့် ယခု လက်ရှိအခြေအနေကို လေ့လာကြည့်ကြပါ။ ရခိုင်ပြည်သည် (၂၀၁၀)ထက် အဆပေါင်းမည်မျှ ဆင်းရဲမွဲပြာကျ သလဲ။ (၂၀၁၂)မှာ သိန်းစိန်အစိုးရ နှင့် ပေါင်းပြီး ရိုဟင်ဂျာများကို မီးရှို့သတ်ဖြတ်ခြင်းဖြင့် မည်သူအတွက် အကျိုးရှိ ခဲ့သလဲ။ အဝကျွန်းသား အေးမောင်တို့ အုပ်စုက ရန်ကုန်မှာ လုံးချင်းအိမ်ဝယ်ဖြစ်ခြင်းမှလွဲ၍ ရခိုင်ပြည် ဖွံ့ဖြိုးရေးအတွက် ဘာများဆောင်ကြဉ်းပေးနိုင်ခဲ့သလဲ
(၂၀၁၂)မှစ၍ အဝကျွန်းသားတို့၏ လောဘကြောင့် အရက်သမား၊ ဆေး သမားများသာ တစ်ရက်ထက် တစ်ရက် တိုးများလာပြီး သာမန်လူတန်းစားများက အိမ်ခြံမြေကို ရောင်း၍ ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ဒဂုံဘက်သို့ ပြောင်းနေရပြီ။

ရိုဟင်ဂျာအရေး
----------------
မဆလ၏ မဟာလူမျိုးကြီးဝါဒကြောင့် (၁၉၇၀)မှစ၍ ရိုဟင်ဂျာလူမျိုးများ ကမ္ဘာအနှံ့ထွက်ပြေးနေရသည်။ "ကုလားဆို အခွင့်အရေးမပေးဘူး" ဟူသည်ကို လူတိုင်းသိကြသည်။ ရိုဟင်ဂျာလူမျိုးကို ခိုးဝင်ဘင်္ဂလီအဖြစ်ပြောင်း၍ လူမျိုးတုံး သတ်ဖြတ်ရန် စနစ်တကျ စီစဉ်ခဲ့ကြသည်။ "ရိုဟင်ဂျာ"မရှိဘူးဟု ကြွေးကြော်သူများ ယောင်္ကျားမှန်လျှင် သတ္တိရှိရှိ အမှန်တရား ကို လက်ခံကြပါ။ အနိုင်ကျင့် ဗိုလ်ကျခြင်းကို သတ္တိလို့ မခေါ်ပါ။ အစိုးရပိုင် လဝကရုံးချုပ်၏ မှတ်တမ်းပေါင်းများစွာမှာ ရိုဟင်ဂျာ ဟူသော စကားလုံးကို မပြနိုင်လျှင်ကျွန်တော်ကြိုးပေး ကွပ်မျက်မည်ကိုပါ ကြည်ဖြူစွာ လက်ခံပါမည်။ အမှန်တရားကို လက်ခံ ရဲသော ယောက်ျားမှန်လျှင် ယဉ်ကျေးသော လူပီပီ သက်ကြေးပေးလောင်းကြစို့လား။

မြန်မာနိုင်ငံထဲ့သို့ မည်သူ ခိုးဝင်လာပါသလဲ။
----------------------------------------------
ရိုဟင်ဂျာမွတ်စလင်များကို မဆလအစိုးရလက်ထက်မှစ၍ ဖိနှိပ်ချုပ်ချယ်လာခဲ့သည်ကို အများသိပြီး ဖြစ်၏။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအစစ အရာရာတွင် လူသားမဆန်စွာ ဖိနှိပ်ချုပ်ချယ်ထားသော ရိုဟင်ဂျာ လူမျိုးများက ရခိုင်ပြည်နယ်ကို စွန့်ခွါထွက်ပြေးနေသည်မှာ (၁၉၇၀)ဝန်းကျင်မှ စ၍ ယနေ့အထိပါ။
ဦးနှောက်အသိဉာဏ်ရှိသူတိုင်း ဝေဖန်ပိုင်ခြား သုံးသပ်နိုင်သောအချက်များ -

(၁) မည်သည့်ဆိုရှယ်လစ်နိုင်ငံကိုမျှ ဒီမိုကရေစီနိုင်ငံမှ ခိုးဝင်လေ့မရှိ။
(၂) အဖိနှိပ်ခံရန် ငရဲဘုံသို့ ဝင်ရောက်မည့်လူသား ကမ္ဘာမှာမရှိ။
(၃) ရိုဟင်ဂျာကို ဘင်္ဂလီလုပ်ခြင်းဖြင့် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံကို ပျက်စီးရန် ကြံစည်ခြင်း ဖြစ်သည်။
(၄) ဘာသာရေးကို အသုံးချ၍ ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်နေခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာသာမ က မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အိုးမည်းသုတ်လိုက်ခြင်း ဖြစ်သည်။
(၅) လက်နက်ကိုင် အဝကျွန်းသားများ နှင့် လက်နက်မဲ့ ငတ်ပြတ်နေသော ရိုဟင်ဂျာဒုက္ခသည်များအနက် မည်သူက ပို၍ အန္တရာယ်ပေးနိုင်သနည်။

မြန်မာနိုင်ငံသား
----------------
တိုင်းရင်းသား၊ နိုင်ငံသားဟူသော စကားလုံးကို လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးလာကြသည်။ သို့သော် ထိုစကားလုံးများ၏ အနက်သဘောကို နားလည်သူ အလွန်ရှား၏။ မြန်မာစာပေ ဝေါဟာရကို နားမလည်ခြင်းလား၊ လူမိုက်လုပ်ခြင်းလား၊ ရိုင်းဆိုင်းမှုကို ယဉ်ကျေးမှုဟု ဖွင့်ဆိုခြင်းလား မသိ။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အချိန်မှစ ၍ ယနေ့အထိ မည်သူကမျှ ကျွန်တော်တိုင်းရင်းသား၊ နိုင်ငံသားပါဟု သက်သေခံကဒ်ပြား ပြနိုင်မည့်သူ မရှိ။ စီစစ် ရေးအဆင့်သာရှိသူက တခြားသူတစ်ယောက်အား နိုင်ငံသား၊ တိုင်းရင်းသား ဟုတ်မဟုတ် စစ်ဆေးခြင်းက ယုတ္တိရှိပါသလား။ သဘာဝကျပါသလား။ ယဉ်ကျေးမှုလား၊ မိုက်မဲမှုလား။ ဦးနှောက်ရှိသူတိုင်း သိကြသည်။
လူမျိုးဘာသာပေါ် အခြေခံသည့် နိုင်ငံများသည် နိုင်ငံတော်ဟု အခိုင်အမာ မထူထောင်နိုင်ကြပေ။ ဘာသာ ရေးကြောင့် အရှေ့အလယ်ပိုင်း ပျက်စီးခဲ့သည်ကို သဘောပေါက်သင့်ပြီ။ အရက်သမားတစ်ဦး သင်္ကန်းဝတ်ရုံဖြင့် ရှိ ခိုးရမည်ဟူသော အယူအဆ ပျောက်သင့်ပြီ။ နိုင်ငံတော်ကို ချစ်သူမှန်လျှင် အမျိုးဘာသာ သာသနာထက် နိုင်ငံတော် အကျိုးကို ဦးစားပေးကြပါ။ လူမျိုးတိုင်းက တိုင်းရင်းသား အခွင့်အရေးပါဆိုပြီး နိုင်ငံတော်ကို စုတ်ဖြဲအောင် လုပ်ခြင်းဖြင့် နိုင်ငံတော် ထူထောင်နိုင်မည် မဟုတ်။
စင်္ကာပူကို နမူနာယူကြပါ။ အာဏာရှင်စနစ်ဖြင့် (၂၅)နှစ် အုပ်ချုပ်ရုံဖြင့် "ကျား"အဆင့်ရောက်သွားပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံတော် ထူထောင်မည့်အစား အာဏာရှင် အုပ်စုတစ်ခုကိုသာ အခိုင်အမာထူထောင်ထားသောကြောင့် သိသာထင်ရှားသည်။

နိုင်ငံတော်တည်ဆောက်လိုလျှင် ဒေါ်ဆောင်ဆန်းစုကြည် နှင့် ပူးပေါင်း၍ လူမျိုးဘာသာသာသနာကို မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စအဖြစ်မှတ်ယူလျက် နိုင်ငံတော်အား အရှေ့တောင်အာရှ၌ ခွပ်ဒေါင်းအဆင့် အရောက်ပို့ပေးနိုင်မည့်သူများကိုအားပေးကြပါ။ အာဏာရှင်အုပ်စုတစ်ခု၏ ကျွန်ဘဝမှ လွတ်မြောက်နိုင်ကြပါ
စေ။

မှတ်ချက် ၊       ။ ဒီပိုစ်ကို Twitter အကောင့်ပိုင်ရှင် @Aungaungsittwe မှရေးသား
ပြီး ပုံတစ်ချို့ကို ဘင်္ဂလီအ၀ကျွန်းသား Tun Naing အကောင့်မှ
ကူးယူဖော်ပြသည်။

No comments:

Post a Comment