Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, March 30, 2016

ပင်လုံ အမျိုးသားရေး နှင့် ဦးရာဇတ် အမျိုးသားရေး

ပင်လုံ အမျိုးသားရေး နှင့် ဦးရာဇတ် အမျိုးသားရေး


ရေးသူ :       : အရှင် ပညာ 

(30 - 3 - 2016)

ပင်လုံ အမျိုးသားရေး
အင်္ဂလိပ်အောက်၊ ကျွန်ဘဝ က
ပြည်နယ် ပြည်မ၊ ပေါင်းစည်းပြမှ
ညီညွတ်ကြမှ၊  အတူ တကွ
လွတ်လပ်ရေးကို၊ ပေးမယ်တဲ့ ။

ကားစုတ်တစ်စီး၊  အတူ စီးပြီး
မောရှမ်း ပြည်နယ်၊ လှည့်ကာသွားကာ
ဗမာ တစ်ကျပ်၊ ရှမ်း တစ်ကျပ်
သာတူညီမျှ၊ အေးချမ်း သာယာ
ပြည်နယ် တစ်မတ်၊  ပြည်မ တစ်မတ်
တို့ အားလုံးသည်၊ ဘာသာရေး နှင့်
သွေးစည်းကြမည်၊ လူမျိုးရေး နှင့်
ပေါင်းစည်း ကြမည်၊ ပင်လုံ စိတ်ဓါတ်
ပင်လုံ သွေးစည်း၊ ပင်လုံ အမျိုးသားရေး။

ဦးရာဇတ် အမျိုးသားရေး
ဗိုလ်ချုပ် အမှာစကား၊ ကိုရာဇတ်ရေ
လွတ်လပ်ရေး အတွက်
အမျိုးသားရေး ကျောင်း၊
မြို့ မ ကျောင်း တွေ
ဖွင့်ချင်တယ်ဗျာ၊ ဘယ်လို လုပ်မလဲ
ကြံစမ်းပါအုံ လုပ်ကြပါအုံး ။

အင်္ဂလိပ် စာတတ်၊ လူရာဝင် သလို
ဗမာ စာတတ်၊ လူရာ မြောက်အောင်
ဗျည်း ၃၃ လုံး၊ မင်္ဂလာသုတ်
ယံမင်္ဂလံ၊  မေတ္တာသုတ်တို့
သင်ကြားရအောင်
မြေဝိုင်း မြေလွတ်၊ အလှု ခံပြီး
သခင်မျိုးဟေ့၊ တို့ မပါကို
သခင် မျိုးဟေ့၊ တို့ ဗမာ ဖြစ်အောင်
စွမ်းဆောင်သူက
မူဆလင်ကြီး ကိုရာဇတ်ပါ ။

မြေဝိုင်း ကျောင်းကို
တစ်ထပ် ကျောင်းဖြစ်
တစ်ထပ်ကျောင်းကို
နှစ်ထပ်ကျောင်းဖြစ်
ကျောင်းပေါင်း ညီညာ
ပေါ်ပေါက်လာအောင်
အားထုတ်ရှေ့ဆောင်
ရွက်ဆောင်လာပြီး
အမျိုးသားရေးကျောင်း
မြို မကျောင်း ။

အမျိုးသား စိတ်ဓါတ်
ညီညွတ်ကြ
အမျိုးသား အရေး
ပေါင်းစည်းရေး
ဘာသာ ကွဲပြား
တိုင်းရင်းသား တည်း
လူမျိုး ကွဲပြား
တိုင်းရင်းသား တည်း ။

ဗိုလ်ချုပ် စိတ်ဓါတ်
အမျိုးသား စိတ်ဓါတ်
မြို့မ စိတ်ဓါတ် ။
ဦးရာဇတ် စိတ်ဓါတ်
အမျိုးသား စိတ်ဓါတ်
မျြို့မ စိတ်ဓါတ် ။
တည်ထောင် ခဲ့သည်
ညီညွတ် ခဲ့သည်
ဦးရာဇတ် ကျောင်း
အမျိုးသားရေးကျောင်း
ဦးရာဇတ် စိတ်ဓါတ်
မြို့ မ ကျောင်းတည်း ။
ပင်လုံ အမျိုးသားရေး နှင့်
ဦရာဇတ် အမျိုးသားရေး

No comments:

Post a Comment