Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 4, 2016

ငါတို့ ဘုရားသခင်ရဲ့သား (ဗန္ဓာဟ်)

ငါတို့ ဘုရားသခင်ရဲ့သား (ဗန္ဓာဟ်)

''''''''''''''''-'''''''''''''''''-''''''''''''-'''''''''''''''

တေးရေး/ဆို :        : လာရှိုး သိန်းအောင်|

သူတို့လည်း ဘုရားသခင့် သားသမီးတွေ မဟုတ်လား...…။
အပြစ်မယူသင့်ပါဘူး။ ကိုယ်ကျင့်တရားနဲ့အတူတူ၊
မြင်နိုင်ကြဖို့ လိုလိမ့်မယ်……။
××××

ငါတို့လဲ အလ္လာဟ်ရှင်သခင့် သားသမီး(ဗန္ဓာဟ်)တွေပါပဲ……။
အပြစ်မတင်ဘဲနဲ့၊ ကိုယ်ချင်းစာတရား ထားခဲ့ရင်၊ ဒီကမ္ဘာကြီး ချမ်းမြဲငြိမ်းချမ်းမှာပဲ……။
××××

နယ်ခြားပြဿနာ၊  တာဝန်ထမ်းဆောင်နေသူများ……
တရားမျှတစွာ ဆောင်ရွက်ပေး၊ ကမ္ဘာ့တရားဥပဒေ စောင့်ထိန်းမယ်။
အမှိုက်ကစ ပြတ်ထောက် မီးမလောင်စေနဲ့တော့……။
××××

အမိမြေ ပြည်သူပြည်သား
အမှာစကား……
တစ်ဦးနဲ့တစ်ဦး မသင့်မြတ်ရင်လည်း၊ တစ်ဦးကို တစ်ဦး မမုန်းကြပါနဲ့။
ငါတို့ ဗုဒ္ဓဟောခဲ့တာ မဟုတ်လား……။
××××

ရခိုင်မြေပေါ်မှာ ဖြစ်ခဲ့သမျှ
အမြင်မတော်တာတွေကို……
လက်လို့ခြေလို့ ဘာကြောင့် ဖြစ်ခဲ့ရတာလဲလို့……။
မွတ်စလင်ဘာသာ ရိုဟင်ဂျာ
တရားဝင်နေထိုင်ခဲ့တာလည်း……
ရခိုင်ဘုရင်များ လက်ထက်က မဟုတ်လား…။
××××

ငါတို့နိုင်ငံ၊ ဗုဒ္ဓနိုင်ငံ ဟုတ်တယ် ဟိုး……
တရားနဲ့ပဲ ဖြေကြစို့။
လူကို လူလို မြင်ကြဖို့၊
ငါတို့ ဗုဒ္ဓ ဟောခဲ့တာ မဟုတ်လား……။

 ဒီမိုကရေစီလည်းပဲ ရတော့မှာပဲ………။

----------------------------------------------


No comments:

Post a Comment