Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 24, 2019

ရိုဟင်ဂျာစကားတန်ဆာအမျိုးမျိုး


ရိုဟင်ဂျာစကားတန်ဆာအမျိုးမျိုး (အပိုင်း-၁)

အာရဗီ-အာရီယန် အုပ်စုနွယ်ဖြစ်တဲ့ ရိုဟင်ဂျာဘာသာစကားသည် ရိုဟင်ဂျာလူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ အမှတ်အသားတစ်ခုဖြစ်တယ်။ ခေတ်အဆက်ဆက် ရောနှောပျက်စီးမှု ဂယက်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရပေမယ့် ယနေ့တိုင် ဘာသာစကား၏ ကိုယ်ပိုင် ဂုဏ်အင်္ဂါရပ် အဆင့်အတန်းနဲ့ တင့်တယ်ထယ်ဝါနေဆဲဖြစ်ပါတယ်။ 


ဘာသာဗေဒပညာရပ်ရဲ့ ဗဟုသုတနည်းတဲ့ လူအချို့က ရိုဟင်ဂျာဘာသာစကားသည် ဘင်္ဂလီစကားဖြစ်တယ်လို့ ကိုယ့်အထင်နောက်လိုက် စွပ်စွဲနေကြတာ တွေ့ရပါတယ်။ အဖ်အေမ် အသံက အသံလွင့်တာလည်း ကြားရတယ်။ တစ်ခါတစ်ခါ ဘင်္ဂလီစာနဲ့ သက်ဆိုင်ရာ ဘာသာပြန် ဖြန့်ဝေဖို့ကြိုးစားတာလဲတွေ့ရတယ်။ ဒါတွေက မကောင်းကြံဆောင်သူတွေက တမင် ဇာတ်သွင်းဖို့ ကြိုးစားတဲ့ ရယ်စရာ ပြဇာတ်ပါပဲလို့ ပြောရပါမယ်။ တကယ့်တော့ ရိုဟင်ဂျာဘာသာစကားနဲ့ ဘင်္ဂလီဘာသာစကားဟာ ရေနဲ့ဆီလို ကွဲပြားခြားနားလှတယ်။ ရေနဲ့ဆီ မခွဲခြားတတ်တဲ့ ငအ တွေ အဖို့တော့ ခက်ခဲလိမ့်မယ်။ မြန်မာဘာသာစကားတွင် ပါဠိ စကားလုံးအချို့ ရောနေခြင်းကြောင့် ဗမာစကားဟာ ပါဠိစကားဖြစ်မသွားပေဘူး။ ထိုနည်းတူ ဗမာစကားတွင် အင်္ဂလိပ်စကားလုံးအချို့ ပါဝင်လာမှုကြောင့် ဗမာစကားဟာ အင်္ဂလိပ်စကားဖြစ်သွားပါမလား။ အဖြေက မဖြစ်ဘူးပဲ ထွက်မယ်။ ဒါတွေက ခေတ်ကာလအလျောက် အကြောင်းအမျိုးမျိုးကြောင့် ရောနှောသွားခြင်းဟာ ဘာသာစကားတိုင်းမှာ ရှိတာကို ငြင်းဖွယ်ရာမဟုတ်ပါဘူး။ (တခြားဆောင်းပါး တစ်ပုဒ်တွင် အထောက်အထားနဲ့တကွ အကျယ်တဝန်း ဖော်ပြပေးပါမယ်။)


အဲဒီလို အခြေအမြစ်မရှိ စွပ်စွဲပုတ်ခတ်သူတွေကို "ဘာသာစကားကို သေသေချာချာ တတ်ကျွမ်းအောင် လေ့လာပါ။ ပြီးမှ ကြိုက်သလို ဝေဖန်ပါ "လို့ အကြံကောင်းပါးချင်ပါတယ်။ ဘုမသိဘမသိ မဆင်မခြင် ဝေဖန်ခြင်းက မိမိကိုယ့်ကို အောက်တန်းကျတယ်လို့ ဝန်ခံသလို ဖြစ်သွားလိမ့်မယ်။


အထက်ကဖော်ပြပေးသလို ရိုဟင်ဂျာဘာသာစကားသည်    အဆင်တန်ဆာ အမျိုးမျိုးနဲ့ သစ်လွင်သတို့သမီးလို အဆင်အယင်နဲ့ ခမ်းနားလျောက်ပတ်လျက်ရှိပါတယ်။ အဲဒီ ရိုဟင်ဂျာစကားရဲ့ စကားတန်ဆာ အမျိုးမျိုးကို အကျယ်တဝင့် ရှင်းလင်းရေးသားမယ်ဆိုလျှင် စာအုပ်ငယ်တစ်အုပ်နဲ့ လောက်မယ်လို့ မထင်ပါဘူး။ အတွဲဆက် ကျမ်းနဲ့ ရေးသားထုတ်ဝေမှ ဖြစ်ပါမယ်။ ဒီ ဆောင်းပါးမှာ အောက်ဖော်ပြပါ ရိုဟင်ဂျာ စကားတန်ဆာအချို့ကို အတိုချုပ်၍ ဖော်ပြပေးပါမယ်။ 


(၁) Boson (စကားပုံ)

(၂) Sóllúk (စကားထာ)

(၃) Tek Hotá (သွယ်ဝိုက်စကား)

(၄) Dastan (အတွေးဒဿန)

(၅) Ták Hotá (စကားထစ်)

(၆) Hoc Hotá (သျှသံတွဲစကား)

(၇) Argua Hotá (စကားကျောပြန်)

(၈) Hotár battara (ဖိုမစကား)

(၉) Burá Burír Hotá (အဆိုအမိန့်)



(၁) Boson

Boson ဆိုတာက စကားပုံ ဟု အဓိပ္ပာယ်ရတယ်။ ဘောစောန်ဟာ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံ၍ လူအများ စံပြုပုံခိုင်း ပြောဆိုလေ့ရှိတဲ့ စကား၊ ပြောထုံးစကားဟူ၍ ဖြစ်တယ်။ တစ်နည်းအားဖြင့် boson ဆိုတာ စကားပြောဆိုရာတွင် ပိုမိုထိရောက်စေရန် ပုံခိုင်းပြောဆိုလေ့ရှိတဲ့ စကားမျိုးဖြစ်တယ်။

ရိုဟင်ဂျာစကားပြောရာတွင် မပါမပြီးသော အဆင်တန်ဆာဖြစ်၍ လက်ဆင့်ကမ်းရောက်လာတဲ့ စကားပုံတွေကို အတုယူသုံးနှုန်းပြောဆိုတတ်ကြပေတယ်။ စကားပုံကြောင့် စကားရွှင်၍ အသက်ဝင်တယ်။ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ပြောဆိုရမည့် စကားကို တိုတိုနှင့် ထိထိမိမိပြောနိုင်တယ်။

Boson ကို စကားပြောဆိုရာတွင် မိမိပြောလိုတဲ့အကြောင်းအရာ ပိုမိုပေါ်လွင်အောင်၊ ရှေးက မှားယွင်းစွာဆောင်ရွက်ခဲ့ဖူးတဲ့ဟာတွေကို နှောင်းလူတို့ သိရှိသတိရရှောင်လွှဲစေနိုင်အောင်၊ အစဉ်အလာအလေ့အထ ရှိဖူးတဲ့ဟာတွေကို သတိပြုလိုက်နာစေရန် စတဲ့ ရည်ရွယ်ချက်တို့ဖြင့် ဥပမာပေးခိုင်းနှိုင်းမှုတွေပါဝင်ပြီး တိုတိုနှင့်ထိမိအောင် တန်ဆာဆင်ပြောကြတဲ့ စကားအသုံးတွေဖြစ်တယ်။


နမူနာ-

- Ári no faillé bañdir fout dóre.

- Docor laçí ek or fuzá.

- Háñt doróni fuwa mare.

- Rot táite áñro, cómbottí taité baço.



(၂) Sóllúk


ဆောလ္လုခ် ဆိုတာက အဖြေဝှက်ထားတဲ့ ပဟေဠိလို၊ စကားဝိုက်တွေလို၊ အမေးပုစ္ဆာလို စကားတွေဖြစ်ပါတယ်။ မြန်မာလို တိုက်ရိုက်ပြန်ဆိုရင် "စကားထာ" ဖြစ်ပါတယ်။ ဆောလ္လုခ်တွေဟာ အများအားဖြင့် မိမိဒေသပတ်ဝန်းကျင်ရှိ အရာတွေကို အမေးပုစ္ဆာ ဖန်တီးကာ မေးတမ်းကစားတာဖြစ်ပါတယ်။ အသိဗဟုသတ ကြွယ်စေတဲ့အပြင် ဉာဏ်ရွှင်စေပါတယ်။ စကားကြွယ်စေပါတယ်။    

ဆောလ္လုခ်တွေကိုလဲ ဘောဆောန် (စကားပုံ)လို လင်္ကာပုံစံနဲ့ ပြောဆိုလဲရှိပါတယ်။ ဆောလ္လုခ်တွေကို လ့လာခြင်းဖြင့် သက်ဆိုင်ရာ လူမျိုးစုရဲ့ နေထိုင်မှုအဆင့်အတန်း၊ ဘာသာစကား အဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းတွေကို သိရှိနိုင်ပါတယ်။


ဆောလ္လုခ်ကို အပိုင်း (၂)ပိုင်း ခွဲခြားနိုင်တယ်။  ဆောလ္လုခ်နဲ့  ဂေါနီသ် ဆောလ္လုခ် (ဂဏန်းစကားထာ) ဖြစ်တယ်။ 


နမူနာ-

- Ek dhul gusso ekkán háñddhí

အဖြေ- ကောက်ရိုးပုံ။

- Gór asé duwar nái, manúic asé matbul nái.

အဖြေ- သင်္ချိုင်းကုန်း။

- Gasór uore gúñwádo.

အဖြေ- မန်ကျည်းသီး။



(၃) Tek Hotá


အကြောင်းအရာတစ်ခုကို ပြေပြေပြစ်ပြစ် ရှင်းရှင်းလင်းလင်း ဒိုးဒိုးဒေါက်ဒေါက် မပြောဆိုဘဲ ခိုင်းနှိုင်းတင်စား၍ တန်ဆာဆင်ပြောဆိုတဲ့    စကားဖြစ်တယ်။ တန်ဆာဆင်စကား (အလင်္ကာ)လိုပါပဲ။ ရိုဟင်ဂျာ နေ့စဉ်သုံးစကားတွင် အင်မတန် အသုံးဝင်တဲ့ စကားတန်ဆာလည်း ဖြစ်ပါတယ်။ 


နမူနာ-

- Hát bari 

(တိုက်ရိုက်အဓိပ္ပာယ်- လက်တို၊ ဆိုလိုရင်း-ငွေမလွယ်ခြင်း)

- Undure fori nak siyara báñger 

(တိုက်ရိုက်အဓိပ္ပာယ်- ကြွက် လုကျ၍ နှာခေါင်းရိုးကျိုးသည်။ | ဆိုလိုရင်း- စားဝတ်နေရေး ခက်ခဲခြင်း။)

- Lota cíyoñr bicí 

(တိုက်ရိုက်အဓိပ္ပာယ်- အမြစ်အနွယ်များသည်။| ဆိုရင်း- သားမြေးဆွေမျိုး များသည်။)

- Dhali diyé 

(တိုက်ရိုက်အဓိပ္ပာယ်- နစ်မြုပ်စေသည်။ ဆိုရင်း- ဆုံးရှုံးသည်။)



(၄) Dastan/Burá Hotá


Dastan ဆိုတာကတော့ လူတို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝအတွေ့အကြုံအရ မှတ်ချက်ပေးတဲ့ မှတ်သားဖွယ်ရာ အဆိုအမိန် အတွေးစကားဖြစ်ပါတယ်။ ခုခေတ်သုံး မြန်မာစကားနဲ့ ပြောရရင် ဒဿနအတွေးပါပဲ။ ဒါစတန် ဆိုတဲ့စကားလုံးဟာ ဟိန္ဒီဘာသာစကားမှ မွေးစားထားတာဖြစ်ပါတယ်။ အဓိပ္ပာယ်က ပုံပြင်၊ စကား စတဲ့ အနက်ထွက်ပါတယ်။

ဒါစတန်ကို Burá Hotá လို့လဲ ခေါ်ကြတယ်။ အဓိပ္ပာယ်က ရင့်ကျက်လေးနက်တဲ့စကား၊ လူကြီးစကား ဖြစ်တယ်။ အဆိုအမိန့် လိုပါပေါ့။  


နမူနာ-

- “Cómazore torki goittó mone hoilé, maiya ré taalimot do.”

(လူမှုအသိုင်းအဝိုင်းကို ဖွံ့ဖြိုးတိုးတက်စေလိုသော်  အမျိုးသမီးများကို ပညာသင်ကြားပါ။) 

- “Fisé fise zailé age foñsibi honnotté. Age foñsíbar mon tákilé rasta bana tui nize.” 

(နောက်ကပဲလိုက်နေရင် ဦးဆုံး အဘယ်သို့ ရောက်နိုင်မလဲ။ အဦးဆုံးရောက်ချင်ရင် ကိုယ့်လမ်းကိုယ်ဖောက်ကြပါ။)



(၅) Ták Hotá


Ták Hotá ဆိုတာ ဌာန် ကရိုဏ်းတူ စကားလုံးတွေစုပေါင်းထားတဲ့  အသံတူတွေကို လျှာခလုတ်တိုက်မိအောင် ဖွဲ့စည်းထားတဲ့ စကားဖြစ်ပါတယ်။ မြန်မာလို ပြောရရင် စကားထစ်တွေပါပဲ။ ထပ်ခါတလဲလဲ ထစ်ထစ်ငေါ့ငေါ့ ရွတ်ဆိုရတဲ့အတွက် ရွတ်ဆိုရခက်တယ်လို့ ဆိုရပါမယ်။ အသံထွက်ရာ မှားတတ်ပါတယ်။ 

ရိုဟင်ဂျာစကားရဲ့ Ták Hotá စကားထစ်အချို့ကို နမူနာအဖြစ်လေ့လာနိုင်အောင် ဖော်ပြပေးပါတယ်။ 

နမူနာ-

 - Áñrgua hórgua Aargua górgua

 - Lal kurár lal ran, lal goru lal téng 

 - Gutguitta gula gasór gúittha 

 - Háñcor túth shetthá, kurár túth muinna 


 

(၆) Hoc Hotá


Hoc Hotá ဆိုတာ “သျှသံ” တွဲပြောဆိုတဲ့ စကားပုံစံတစ်မျိုးဖြစ်ပါတယ်။ စကားလုံးတစ်လုံးရဲ့ အစပထမ ဝဏ္ဏတွင် သျှသံတွဲပြီးတော့ ထိုစကားလုံးပြန်ဆိုရတယ်။ 

နမူနာ-

- Tuic Tui = မင်း။ 

- Moc moré = ငါ့ကို။ 

- Dic dibiné = ပေးမလား။ 

- Noc no dic diyum = မပေးဘူး။ 

Tui ဆိုတဲ့ ပင်တိုင်စကားလုံးကို "သျှ"သံတွဲပြီးတော့ ပင်တိုင်ရှေ့ထည့်ဆိုတဲ့ခါ Tuic tui ဖြစ်သွားလေတယ်။ ဝဏ္ဏ တစ်ခု နှစ်ခုပါတဲ့ စကားတွေမှာ ဝဏ္ဏတိုင်းကို သျှသံတွဲစရာမလိုဘဲ ရှေ့ဆုံးက ဝဏ္ဏကို "သျှ"သံတွဲလိုက်ရင်တော်ပါပြီ။ dibiné ဆိုတဲ့ ပင်တိုင်စကားလုံးမှာ ပထမဝဏ္ဏ di ကို သျှသံတွဲရင် dic dibiné ဖြစ်သွားပါတယ်။  


(၇) Argua Hotá


Argua Hotá ဆိုတာ စကားကို ရှေ့နောက်ပြောင်းပြန်လို့ ပြောဆိုတဲ့စကားဖြစ်တယ်။ တချို့ဒေသတွင် ulda hotá ဟုလဲ ခေါ်ကြတယ်။ အထူးသဖြင့် လူငယ်တွေ ကစားတဲ့အခါ အသုံးများတယ်။ စကားတတ်ကျွမ်းမှုကို စမ်းသပ်တဲ့ ကစားနည်းတစ်နည်းလို ပြောကြတာများတယ်။ Code language အဖြစ်လဲ သုံးတာတွေရတယ်။ 


နမူနာ-

 - Atba (baat) = ထမင်း။

 - Nífa (faní) = ရေ။

 - Táho (hotá) = စကား။ 


(၈) Hotár Battara


Hotar battara ဟာ ဗမာစကားနဲ့ ပြောရရင် ဖိုမစကားဖြစ်တယ်။ စကားပြောဆိုရာတွင် စကားလုံးအချို့ကို ပြောဆိုရလွယ်ကူအောင် အခြားသံတူ စကားလုံးတစ်လုံးနဲ့ တွဲ၍ ကာရန်ချိတ်ပြောဆိုတဲ့ စကားဖြစ်ပါတယ်။ စကားလုံး နှစ်လုံးတွဲဖြစ်ပေမယ့် အဓိပ္ပာယ်ကတော့ ခြုံငုံပြီးယူကြတယ်။ 


အဲလို သံတူတွဲတဲ့ ဖိုမစကားတွေကို နှစ်မျိုးခွဲခြားနိုင်တယ်။ အဓိပ္ပာယ်ရှိတဲ့ သံတူစကားတွဲတဲ့ ပုံစံနဲ့ အဓိပ္ပာယ်မဲ့ သံတူစကားလုံးတွဲတဲ့ ပုံစံဖြစ်ပါတယ်။ 


နမူနာ-

အဓိပ္ပာယ်မရှိတဲ့ သံတူ စကားလုံးတွဲတဲ့ ပုံစံ

- Fuwa-súwa

- Mas-tas

- Nun-tun

အဓိပ္ပာယ်ရှိတဲ့ သံတူစကားလုံးတွဲတဲ့ ပုံစံ

- Gula-gala

- Fuk-zúk

အထက်နမူနာမှ Mas-tas ကိုလေ့လာကြည့်ရင် mas ဟာ ငါး ဖြစ်တယ်။ tas မှာ အဓိပ္ပာယ် မရှိဘူး။ သံတူယူထားတာပဲဖြစ်တယ်။ Fuk-zúk ကို ကြည့်မယ်ဆိုရင် fuk ဟာ ပိုးမွှားဖြစ်ပြီး zuk ဟာ မျှော့ ဖြစ်တယ်။ ဒီနေရာတွင် အင်းဆက်ပိုးမွှားကို ယေဘုယျအားဖြင့် ဆိုလိုခြင်းဖြစ်တယ်။ 


(ဆက်လက် စောင့်မျှော်ရန်)


-လူထုဝဏ္ဏ

Friday, June 14, 2019

Ek Fiyala Saa



Ek Fiyala Saa


Tuáñr fuñáti boi ek fiyala saá háitó sailam
Rong hora, siní becí, miçá háitó sailam

Beñha rasta fiçót gorí loi giyói aññré tulí
duré zaigói uzu rasta tuwai nó farí

Tuñár fuñáti boi ek fiyala saá háitó sailam,
Rong hora, siní becí, gorom háitó sailam

Saá-fata, siní ar gorur dud aññí anílam,
zaite zaite taim-or tongi gorom hái nó faillam

Ketéli-ttún goli fori nifí giyói tuñcór sulá,
tokdir-or najjol foñsa asé cúde mala

Tuñár fuñáti boi ek fiyala saá háitó sailám
Rong hora, siní becí, miçá háito sailám

Uñçót mazé fiyala lagai bazái raitó sailám
kismot-ór háwá mu firaiyé ki goríyúm aññí

Cít-khál e, kúwa guzori giyói saá hái nó faillám
ekka háñci, goppi sóppí mari no faillám

Lekóya: Ro Mehrooz

Friday, June 7, 2019

လရာဇာ

လရာဇာ


လမျာ့းသခင် ရမဒါန်လေး
ကရုဏာအေး ကုသိုလ်လျှံ။

ဥပုသ်သီလနှင့်
သရဝီ မြတ်ကျိုး
ပျို့စနိဗ္ဗာန်။

ကြိုင်ဆဟဲရီ
အိဖ်တာရီပျော်မွေ့။

အီဒ်နေ့ကယ် ဝင်းရွှင်ပ
ကဒေါရ်ည ထူးကဲ။

(17-5-2019)
လူထုဝဏ္ဏ

Hóñlá: A Traditional Song of Rohingya



ဟောံလား (Hóñlá)


ရေးသား- ရိုဟင်လေး|

ဟောံလားသည် ရိုဟင်ဂျာ ရိုးရာမင်္ဂလာတေး တစ်မျိုးဖြစ်သည်။ မူလသီဆိုသူများ၏ အမည်များကိုမူ အသိရနည်းသည်။ ဤတေးချင်းတွင် ကျေးလက်ဒေသ၏ နေ့စဉ်ဘဝဖြစ်သော ရိုမူရိုရာများကို တွေ့ရသည်။ မြန်မာကဗျာ အိုင်ချင်းနှင့် ခပ်ဆင်ဆင်တူသည်။ ဟောံလားတေး၏ ပိုဒ်ဆုံးတွင် ဟိုင်…ဟိုင်…တေးသံ နှင့် အဆုံးသတ်ရသည်။   

နမူနာ ဟောံလားတေး တစ်ပိုဒ်

Nasito tuli diyé gura gura nattuá, 
Naser de keñl lari la…ri…, mor haiñ haiñ re…. 

Amm fata lorer sorer hathol fata zoorer,  
Hoinnar bourót hon góthana soler lé, mor haiñ haiñ re….
(Re: Shafi)

ဟောံလားကို မည်သည့်ခေတ်ကာလမှစ၍ ပေါ်ထွက်လာသည် တိတိကျကျပြောဆိုရန် ခဲယှဉ်းလှသည်။ ရိုဟင်ဂျာ ရိုးရာတေးများအနက် ရှေးကျသော တေးများထဲမှ တစ်မျိုးဟု ပြောစမှတ်ပြုကြသည်။ ဟောံလား ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ကြာပန်း ဖြစ်သည်။ ဟောံလားတေးကို ပဒုမာကြာပန်းကဲ့သို့ အဆင့်ဆင့်ထပ် သာယာနာပျော်ဖွယ် သီဆိုရသောကြောင့် ကြာတေးဟု အမည်တွင်းခြင်းဖြစ်သည်ဟု ဆိုသည်။ ဟောံလားကို အများအားဖြင့် မင်္ဂလာလက်ထပ်ပွဲများတွင် သီဆိုလေ့ရှိသည်။ အမျိုးသမီးများ စုပေါင်း၍ ဝိုင်းဖွဲ့ သီဆိုရသော မင်္ဂလာ ရိုးရာတေးတစ်မျိုးဖြစ်ပါသည်။ 

ရိုဟင်ဂျာ မင်္ဂလာလက်ထပ်ပွဲများတွင် အမျိုးသမီးများက မင်္ဂလာဧည့်ခံပွဲ အစားသောက်များ ပြင်ဆင်ရင်း ဟောံလားတေးကို သီဆိုလေ့ရှိကြသည်။ သီဆိုသူအမျိုးသမီးတစ်ဦးက လင်္ကာသွားများကို ချိုသာသောအသံဖြင့် သီဆိုသည်။ ပိုဒ်ဆုံးတွင် ကျန်အမျိုးသမီးများက တညီတညွတ်တည်း “ဟိုင်…ဟိုင်…ရေ” နှင့် တဆွဲဆွဲ တငင်ငင်ဆိုကာ အဆုံးသတ်ရသည်။ ဤနည်းဖြင့် ကျန်အပိုဒ်များကိုလည်း အလားတူ ဆက်လက် သီဆိုကြသည်။ 

ဟောံလားတေး တစ်ပုဒ်တွင် အနည်းဆုံး အပိုဒ် ၈ ပိုဒ် ပါရသည်။ တစ်ချို့တေးများသည် (၁၀) ပိုဒ် (၁၂) ပိုဒ်တောင် ဖွဲ့ဆိုကြသည်။ လင်္ကာ ပါဒတစ်ခုစီကို နှစ်ကြိမ်စီ သီဆိုကြသည်။ တေးစာသားသည် သတို့သား၊ သတို့သမီး ဘွဲ့များကို ဒေသပတ်ဝန်းကျင် အခြေအနေနှင့် ဆီလျော်စွာ ဖွဲ့ဆိုကြသည်။ ဟောံလားတေးကို ပြုံးရွှင်ဖွယ် တစ်လှည့်၊  ဝမ်းနည်းဖွယ် တစ်လှည့်ဖြစ်အောင် သီဆိုရသည်။ သတို့သား အိမ်တွင် သီဆိုလျှင် သတို့သမီးဖက်ကို သရော်၍ မိမိဖက်ကို ချီးကျုးဂုဏ်မြင့်၍ သီဆိုကြသည်။ သတို့သမီးအိမ်တွင် သီဆိုလျှင် ပြောင်းပြန် သရော်ပြောင်နှောက်၍ သီဆိုကြသည်။ 

ဟောံလားတေးကို ရိုဟင်ဂျာလူမျိုးများသာမက အာရကာန်ပြည်၌ မှီတင်းနေထိုင်သော ဟိန္ဒူများ၊ မရမာကြီးများကလည်း မင်္ဂလာပွဲများတွင် သီဆိုကြကို တွေ့ရသည်။ မြို့ကြီးပြကြီးများတွင် ဟောံလားတေး သီဆိုသည့်ဓလေ့ ပျောက်ကွယ်လုနီးပါးဖြစ်သော်လည်း ကျေးလက်တွင်မူ “ဟောံလားမပါ မင်္ဂလာပွဲမမြောက်” ဆိုသည့်အထိ နှစ်နှစ်ခြိုက်ခြိုက် သီဆိုခဲ့ကြသည်။  ရိုဟင်ဂျာမင်္ဂလာပွဲ၌ နာခ်ျချာဓူလားတေး နှင့် ဟောံလားတေးမှာ အထူးထင်ရှားသည်။  (ရိုအညာမင်္ဂလာပွဲအကြောင်းကို အခြားစာမျက်နှာတွင် ဖတ်ရှုပါရန်)



-----------------------------------------------------------

မိမိတို့ ဒေသပတ်ဝန်းကျင်တွင် တွေ့ရှိရသော ရိုဟင်ဂျာအမျိုးသား ရိုးရာဓလေ့ထုံးစံများကို RSF: International. FB page သို့လည်းကောင်း၊ ဘလောက်၏ ကောမန့် box တွင်လည်းကောင်း ပေးပို့ကာ ရိုဟင်ဂျာယဉ်ကျေးမှုကို ဖော်ထုတ်ရန် ဝိုင်းဝန်းကူညီနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။