Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 26, 2020

"ရေလှိုင်းစီးတဲ့ ရိုဟင်ဂျာ သမီးလေး"

 


"ရေလှိုင်းစီးတဲ့ ရိုဟင်ဂျာ သမီးလေး"

ကမ္ဘာ့ အရှည်လျားဆုံး ပင်လယ်ကမ်းခြေ တစ်ခုဖြစ်တဲ့ ကော့စ်ဘားဇား ပင်လယ်ကမ်းခြေမှာ ရေလွှာလှိုင်းစီးသူ ရေကစားသူနှင့် ပင်လယ်ရေမှာ ရေကူးသင်ကြားသူများနဲ့  အမြဲစည်းကားလျက် ရှိတတ်ပါတယ်။ (ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အမျိုးသမီး ရေလွှာလျှော်စီးသူ မရှိသလောက်ပါ) 

ကော့စ်ဘားဇား ပင်လယ်ရေမှာ ထူးထူးခြားခြား ရေလွှာလျှော်စီးတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးကတော့ Saima ဆိုတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သမီးလေးဖြစ်ပါတယ်။ Saima က ရေလွှာလှိှိုင်းစီးတာကို ပိုင်ပိုင်နိုင်နိုင် စီးနိုင်တဲ့အပြင် ရေလှိုင်းပေါ်မှာ ခုန်ကျော်နိုင်တဲ့ အထိ တတ်ကျွမ်းပါတယ်။

Saima လေးရဲ့ ရေလွှာလှိှိုင်းစီးမှုကို မြင်ရသူတိုင်း မချီးကျူးဘဲမနေနိုင်အောင် ဖြစ်ရပါတယ်။ ကော့စ်ဘားဇားခရိုင် ရေလွှာလှိုင်းစီးရေး အဖွဲ့အစည်းတခုက သူမကို အဆင့်မြင့်သင်တန်းပို့ ချပြီး နိုင်ငံတကာအဆင့် ရေလွှာလျှော်စီးသမား တစ်ယောက်ဖြစ်အောင် သင်တန်းပေးဖို့ ကမ်းလမ်းခံရပါတယ်။ 



မြန်မာနိုင်ငံမှာ သူမကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာများကို ပြန်လည်ကုစားနိုင်အောင် ပင်လယ်ရေပေါ်မှာ ရေလွှာလှိုင်းစီးကစားရင်းနှင့် အချိန်ပိုင်းစာသင်ရင်း ကုန်ဆုံးစေပါတယ်။ 

"WE SHALL OVERCOME ONE DAY"


Arif Kassim

27-10-2020

Saturday, October 24, 2020

Flocavulary

 




Flocavulary (ဖလိုကတ်ဗြူလရီ)


ဟစ်(ပ)ဟော့ ဒါမှမဟုတ် ရက်(ပ)ဂီတလို့ခေါ်တဲ့ ဂီတဟာ ၁၉၇၀ ပြည့်နှစ်လာက်က နယူယောက်မြို့ရှိ လမ်းတွေနဲ့ ကလပ်တွေမှာ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ နိုင်ငံများစွာမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဟစ်(ပ)ဟော့ ဂီတတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယင်းဂီတအမျိုးအစားရဲ့မူလဇာတ်မြစ်ဟာ ရက်ဂေး၊ ဒစ္စကိုနဲ့ ဖန့်(ခ) ဂီတ တို့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဂီတရဲ့ ရစ်သမ်ကို စကားပြောခြင်းလို့ အဓိပ္ပာယ်ရတဲ့ ရက်(ပ)ဂီတဟာ ဟစ်(ပ)ဟော့ဂီတရဲ့ အရေးပါးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ဘဝနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ဖော်ပြဖို့ ရက်(ပ)ဂီတကို ဖန်တီးကြတာပါ။ 


စာသင်ခန်းထဲမှာ ရက်ပဂီတကို ဖန်တီးခြင်း

သင်စာခန်းထဲမှာ ရက်ပဂီတကို ဖန်တီးချင်ပါသလား။ တကယ်တော့ ဟစ်ပဟော့ ဂီတကို အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်းပေါင်းတစ်သောင်းကျော်မှာ ဖန်တီးနေကြပြီဖြစ်ပါတယ်။ ဘာ့ကြောင့်ပါလဲ။ "ဖလိုကဗြူလရီ" လို့ခေါ်တဲ့ ကျောင်းပရိုဂရမ်အသစ်တစ်ခု ရှိလာပြီ။ အဲ့ဒီမှာ ဆရာတွေက ကျောင်းသင်ဘာသာရပ်များစွာကို သင်ကြားရာမှာ အထောက်အကူပြုတဲ့ ပြဋ္ဌာန်းစာအုပ်တွေနဲ့ ဟစ်(ပ)ဟော့ စီဒီချပ်တွေကို အသုံးပြုကြပါတယ်။ သီချင်းစာသားတွေထဲမှာ ကျောင်းသားတွေလေ့လာနေတဲ့ဘာသာရပ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် ပါဝင်ပါတယ်။ အဲ့ဒါက လွယ်လွယ်ကူကူပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူစေခဲ့ပါတယ်။ စာမေးပွဲ ရမှတ်တွေမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို မြင်တွေ့ရတဲ့ခါ ကျောင်းသားတွေနဲ့ ဆရာတွေဟာ အံ့ဩသွားခဲ့ကြပါတယ်။ ဆရာတစ်ယောက်က "ကျွန်တော့် စာသင်ခန်းမှာ ဟစ်(ပ)ဟော့သီချင်းတွေကို အသုံးပြုလိုက်တော့ သမိုင်းဘာသာရပ်မှာ ဒီလောက်စိတ်အားထက်သန်တဲ့ ကျောင်းသားတွေကို မမြင်ဖူးဘူး။ ကျွန်တော်သင်ကြားတာတွေကို ကျောင်းတွေမှတ်မိတာ မယုံနိုင်စရာပါပဲဗျာ။ အဲ့ဒါက ကျွန်တော်တို့  ကိုယ်ပိုင်သီချင်းတွေ ရေးဖို့တောင် စိတ်ကိုလှုံဆော်ပေးပါတယ်"လို့ ဆိုပါတယ်။


ဖလိုကတ်ဗြူလရီ က ဘယ်သူရဲ့ အယူအဆပါလဲ။ 

အထက်တန်းကျောင်းတစ်ယောက်ဖြစ်တဲ့ ဘလိတ်ဟာ ရစ်ဆန်ဟာ flocavulary ဆိုတဲ့ အယူအဆကို ပထမဆုံး စဉ်းစားမိခဲ့သူဖြစ်ပါတယ်။ ဖလိုကတ်ဗြူလရီ ဆိုတဲ့ ဝေါဟာရဟာ  flow နဲ vocabulary ဝေါဟာရတွေကနေ ဆင်းသက်လာခဲ့တာပါ။ ဖလိုး ဆိုတာ စတိုင်ပုံစံအတွက်ပေးတဲ့ ရက်(ပ) ဂီတ စကားလုံးပါ။ တစ်နည်းပြောရရင် ရက်(ပ) ဂီတသမားတစ်ယောက်က သီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို ပြောပြတဲ့ပုံစံပါပဲ။ သူ ဒီလိုအယူအဆကို ဘယ်လိုရခဲ့တာလဲ။ ဟစ်(ပ)ဟော့ သီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို အလွန်လွယ်လွယ်ကူကူ မှတ်နိုင်တာကို သူသဘောပေါက်ခဲ့တယ်။ ဒါဆို ကျောင်းသင်ခန်းစာတွေကို အဲ့ဒီသီချင်းထဲ ထည့်သွင်းလို့ မရဘူးလားပေါ့။ ဒီနေ့မှာ တေးရေးဆရာ အဲလက်(ပ်) ရီပါပေါ့နဲ့အတူ ဘလိတ်ဟာ သင်္ချာ၊ သိပ္ပံနဲ့ စာပေဘာသာရပ်တွေမှာ ဟစ်(ပ)ဟော့ သီချင်းတွေကို ဖန်တီးနေပါတယ်။ အခုအချိန်မှာတော့ ဒါကို ကျောင်းတွေမှာ သုံးလာတာ အောင်မြင်မှုကြီးမားစွာ ရရှိနေပြီ ဖြစ်ပါတယ်။ 

ရှေးစကားရွှေအလား-၆



 ရှေးစကာရွှေအလား (6)


“Nir gun e daru, súré Ferainna zadu.”


ဤဆိုရိုးစကားသည် ရှေးအမှောင်ခေတ်က ရိုဟင်ဂျာတို့၏ အယူအဆဓလေ့တစ်ခုကို ဖော်ပြနေသည်။ ဆေးဝါးအစွမ်းမတက်သော ကလေးကို စွန့်၍ ပြန်ကောက်ယူလာခြင်းဖြင့် ရောဂါဘယ သက်သာစေသည်ဟု ဆိုလိုသည်။ ရှေးပဝေသဏီက ရိုဟင်ဂျာတို့သည် ဤသို့ ယူဆခဲ့ကြသည်။ 

ရောဂါဘယ မကင်းသော ကလေးသူငယ်များဖြစ်စေ၊ စုံလတွင် သွားပေါက်သော ကလေးသူငယ်များကို ဖြစ်စေ ဤဓလေ့ဖြင့် ကုသလေ့ရှိသည်။ ဆရာသမားတော်များ ထံတွင် အကြိမ်ကြိမ်အထပ်ထပ် ကုသ၍ ရောဂါမပျောက်နိုင်သော ကလေးများကို ဤနည်းကို သုံးကြသည်။ စုံလတွင်သွားပေါက်သော ကလေးသည် ရောဂါမကင်း ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် စုံလသွားပေါက်သောကလေးကိုလည်း ဤဓလေ့ကို သုံးကြသည်။

လုပ်သည့်နည်းကတော့ ကလေးငယ်ကို အမိဖြစ်သူက သုံးခွလမ်းဆုံတွင်  ပစ်ချရသည်။ ထိုပစ်ချထားသော ကလေးကို အခြားမိန်းမ တစ်ဦးမှ ပြန်ကောက်ယူရသည်။ ထိုကောက်ယူထံမှ ပြန်တောင်းယူရသည်။ ထိုမိန်းမက  တောင်းခံသော ငွေကို ပေးချေကာ ကလေးကို ပြန်လည်လက်ခံယူရသည်။ 

ထိုကောက်ယူသော သားသမီး နာမည်များကိုတောင် “ဖေရိုင်န္နာ၊ ဖေရာန်အလီ၊ ဖေရိုင်န္နီ”  စသည်ဖြင့် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ ယခုထက်တိုင် ထိုနာမည်မျိုးများ အာရ်ကာန်ပြည် တစ်ဝိုက်တွင် တွေ့ရှိရသည်။

သို့သော် ဤဓလေ့သည် အီစ္စလာမ်တရားတော်၏ ပညတ်ချက် လုံးဝ လုံးဝ မဟုတ်ပါ။ ရိုဟင်ဂျာလူမျိုးတို့၏ ရှေးခေတ် ဓလေ့ထုံးတစ်ခုသာ ဖြစ်ပေသည်။

ရှေးခေတ်တွင် ရောဂါဘယများကို အမျိုးမျိုးသော ဒေသထွက် အပင်အမြစ်များ၊ အပြားပြားသော ယုံကြည်ချက်တို့ဖြင့် ကုသလေ့ရှိခဲ့သည်။ ယင်းကုသမှုတို့သည် သူတို့၏ အားကိုးရာဖြစ်ခဲ့သည်။ လူတို့၏ အသိတရား တိုးတက်လာသည်နှင့်အမျှ အမှောင်ခေတ်က ယုတ္တိမဲ့သော၊ အယူသည်းသော အယူအဆ ဓလေ့ထုံးစံများလည်း တဖြေးဖြေး ကွယ်ပျောက်လာလေသည်။  ယနေ့ခေတ်တွင်မူ လုံးဝ ပျောက်ကွယ်သွားသည်။ 

ရှေးခေတ်က ရိုဟင်ဂျာတို့၏ နေထိုင်မှုဓလေ့ထုံးစံများ တစ်စိတ်တစ်ဒေသကို ယနေ့ခေတ်က လူငယ်များ လေ့လာသိရှိနိုင်ရန် တင်ပြပေးခြင်းဖြစ်ပါသည်။ 

(ရိုဟင်လေး ရေးသည်။)

Thursday, October 15, 2020

Boil

 


Boil


Dánor tara zunaa loi bañdi 

Fara maijjé holát túli. 

Zúna goru muiyá di 

Dán uñrár sóu lele didi.


-RohangKing

(23-7-2020)


#RohingyaPoetry

Photo credit: Internet



Monday, October 5, 2020

ဂျမီယာတုလ် အိုလမာ ပေါ်ပေါက်လာခြင်းနှင့် ၎င်း၏ လှုပ်ရှားမှုများ






ဂျမီယာတုလ် အိုလမာ ပေါ်ပေါက်လာခြင်းနှင့် ၎င်း၏ လှုပ်ရှားမှုများ

(လူထုဝဏ္ဏ)


ရခိုင်ပြည်နယ်၏ ပထမဆုံးသော နိုင်ငံရေးပါတီ ဂျမီယာတုလ် အိုလမာ အာရ်ကာန်-မြောက်ဘက်ကို ၁၉၃၂ ခုနှစ်တွင် မော်လနာ အဗ္ဗဒူ ဆူဘာဟာန် မိုဇဟေရီက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ မော်လနာ ဟာဘီဘူရာဟ်မာန်၊ မော်လနာ အာမီရ်ဟာမ်ဇာဟ်၊ မုဖ်သီ ဆယောဒူရာဟ်မာန်၊ မော်လနာ ဆယောတ်အာဇီမ်၊ မော်လနာ ဆုလ်တာန်အဟ်မတ်၊ မော်လနာ အဗ္ဗဒူရှုက္ကုရ် နှင့် မော်လနာ အာဘူလ်ခိုက်ရ် တို့သည် ထင်ရှားသော နာယက အဖွဲ့ဝင်များ (Majlis-e Shoura) ဖြစ်ကြပါသည်။ ထိုအချိန်တွင် ဂျမီယောတေ ခုဒ္ဒါမုလ်အိစ္စလာမ် (Jamiate Khuddamul Islam) အမည်ဖြင့် အခြားကျောင်းသားအဖွဲ့ တစ်ဖွဲ့လည်းရှိခဲ့သည်။ ယင်းအဖွဲ့သည် ဂျမီယတုလ် အိုလမာ၏ အဖွဲ့ခွဲတစ်ဖွဲ့ ဖြစ်ပါသည်။ ခုဒ္ဒါမုလ်အိစ္စလာမ် ကို ၁၉၃၇ ခုတွင် မော်လနာ မီရ်အဟ်မတ်(နာဇေမ်ဆာပ်)၊ မုဖ်သီဆုလ်တာန်အဟ်မတ်၊  မော်လာနာ အဗ္ဗဒူဂျလိလ် နှင့် မော်လနာ မိုဟာမတ်ရှဖီး တို့က ဖွဲ့စည်းခဲ့သည်။ 

၁၉၄၂ ခုနှစ် ကြောက်မက်ဖွယ် အဓိကရုဏ်းတွင် လူပေါင်း တစ်သိန်းကျော် သတ်ဖြတ်ခံရပြီး ၅ သိန်းကျော်ခန့်ကို မိမိနေရပ်မှ မောင်းထုတ်ခြင်းခံရလေသည်။ ယင်းမှ ၅ သောင်းခန့်သည် ဗြိတိသျှ-အိန္ဒိယရှိ ရာမ်ပူရ် ဒုက္ခစခန်း၌ ခိုလှုံခဲ့ရသည်။ 


ရိုဟင်ဂျာ အိုလမာ၊ ပညာရှိများ၊ စာတတ်ပေတတ်များနှင့် အခြားထင်ရှားသော ပုဂ္ဂိုလ်များကို  လူယုတ်တို့က ပစ်မှတ်ထား သတ်ဖြတ်လိုက်ခြင်းဖြင့် ခေါင်းဆောင်မှုပိုင်းတွင် ကြီးမားသော ဟာကွက်ဖြစ်လာခဲ့သည်။  ရိုဟင်ဂျာတို့သည် မိမိတို့ အခွင့်အရေးကို ကာကွယ်ရန်နှင့် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေခံရန် ကြံ့ခိုင်သော ခြေလှမ်းမလှမ်းနိုင်ခဲ့ချေ။ ယင်းသို့ ဖြစ်ခဲ့ရသော်လည်း ဂျမီယာတုလ်အိုလမာသည် ရိုဟင်ဂျာလူမျိုးအတွက် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတစ်ခုရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ သီးခြားနယ်ပယ်ဒေသရရှိမှသာလျှင် လူမျိုးခြားတို့၏ရန်မှ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြသည်။ ၁၉၄၂ ဇွန်လ ၁၀ ရက်တွင် တရားဝင် ကြေညာခဲ့သည်။ 


ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ရက်စက်ယုတ်မာမှုကို ခုခံနိုင်အောင် Peace Committees ခေါ် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ ပထမခြေလှမ်း၏ အကျိုးဆက်ရလဒ်အဖြစ် အာရ်ကာန်မြောက်ပိုင်းကို သီခြားနယ်ပယ်အဖြစ် ထူထောင်နိုင်ခဲ့သည်။ ၁၉၄၂ ခု ဇွန်လ ၁၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ထိုချိန်က ရိုဟင်ဂျာပညာရှင်များသည် ဒေသကောင်းစားရေးနှင့် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ မော်လနာ ဟာဘီဘုလ္လာသည် ရောန်ပူရ်မှ ဒုက္ခသည်များကို နေရပ်ပြန်ခေါ်လာရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ထို့ကြောင့်သာ မယုမြစ်နှင့် နတ်မြစ်ကြားဒေသသည် မွတ်စလင်တို့၏ ဒေသဖြစ်ကြောင်း ၁၉၄၅ ခု ဒီဇင်ဘာလ ၃၁ ရက်တွင် ဗြိတိသျှကိုလိုနီအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။


၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံညီလာခံ၌ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ရိုဟင်ဂျာတို့ကို ထိုညီလာခံ၌ ဖိတ်ခေါ်ခြင်းမပြုဘဲ လျစ်လျူရှုခဲ့သည်။ ဗမာမွတ်စလင်ကွန်ဂရက်(ဗမက) ဥက္ကဋ္ဌ ဆရာကြီး ဦးရာဇတ်သည် ဗမာပြည်ရှိ မွတ်စလင်အားလုံး၏ ကိုယ်စားပြုတက်ရောက်သည်ဟု ဆိုခဲ့သည်။ အခြားတစ်ဖက်တွင် ရခိုင်အမျိုးသား ဦးအောင်ဇံဝေသည် ရခိုင်ပြည်ရှိ ပြည်သူ တစ်ရပ်လုံး၏ ကိုယ်စားပြု တက်ရောက်လာသည်ဟု လိမ်လည်ပြောဆိုခဲ့သည်။ ထူးခြားချက်မှာ အဆိုပါ ကိုယ်စားပြုဟု ဆိုသူသည် ကိုယ်စားပြုခြင်းခံရသူများထံမှ မည်သည့်ခွင့်ပြုချက်မှ ရယူခဲ့သည်မရှိခဲ့ချေ။ သဘောတူညီချက် ရရှိခဲ့သည်လည်း မရှိခဲ့ချေ။ ရိုဟင်ဂျာတို့ကို ညီလာခံတွင် မဖိတ်ခေါ်ငြားလည်းပဲ မွတ်စလင်များကို ထိခိုက်စေမည့် မည်သည့်ဆုံးဖြတ်ချက်များ မချက်မှတ်စေရန် ဂျမီယတုလ် အိုလမာက ရိုဟင်ဂျာ ကိုယ်စားလှယ်နှစ်ဦး စေလွှတ်ခဲ့သည်။ ဝမ်းနည်းဖွယ်ရာအချက်က ဆက်သွယ်မှု အဆင်မပြေမှုကြောင့် ကိုယ်စားလှယ်နှစ်ဦး ရောက်သွားချိန်မှာ ညီလာခံပြီးဆုံးခဲ့ပြီဖြစ်လေသည်။ 


၁၉၄၇ ခု မတ်လ ၇ ရက်တွင် ဂျမီယတုလ်အိုလမာ သည် ရှေ့နေ ဒေါက်တာ မော်လနာ ဆော်နာအုလ္လာ ခေါင်းဆောင်မှုနှင့် ဗြိတိသျှ ပါလီမန်အဖွဲ့ဝင်၊ ရို့စ် ဝီလီယမ်ကော်မရှင်၏ ခေါင်းဆောင် ရို့စ် ဝီလီယမ်နှင့် မေမြို့တွင် တွေ့ဆုံခဲ့သည်။ ထို့ပြင် ကုလားတန်မြစ်နှင့် နတ်မြစ်ကြားရှိ နယ်ပယ်ဒေသကို ရိုဟင်ဂျာတို့နှင့် ဆက်နွယ်သော ပြည်နယ်အဖြစ် ကြေညာပေးသင့်သည်ဟု တောင်းဆိုချက်တစ်ရပ် တင်သွင်းခဲ့သည်။ 


တစ်ဖက်က ဂျမီယတေ ခုဒ္ဒါမုလ်အီစ္စလာမ်သည်လည်း အာရ်ကာန်ပြည် မွတ်စလင်တိုင်းရင်းသားတို့၏ အခွင့်အရေးများကို ကာကွယ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍက လှုပ်ရှားလာခဲ့သည်။ ၁၉၄၇ ခုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအဖော်တို့သည် လန်ဒန်သို့ ဗြိတိသျှဝန်ကြီးချုပ် ကလေမန် အက်ထလီနှင့် တွေ့ဆုံရန် သွားသည့် ခရီးစဉ်တွင် ဒေလီမြို့၌ ခေတ္တရပ်နားခဲ့သည်။ ဗိုလ်ချုပ်တို့အဖွဲ့သည် အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်များဖြစ်သော မိုဟာမတ်အာလီဂျိန္နာဟ်၊ ဂျာဝါဟဲရ်လာလ် နေရူး တို့နှင့် တွေ့ဆုံခဲ့သည်။


ဂျမီယတ်တေ ခုဒ္ဒာမုလ် အီစ္စလာမ်သည် ဗိုလ်ချုပ်တို့ လန်ဒန်သွားမည့် ခရီးစဉ်ကို တစ်ပတ်အကြို သတင်းရရှိခဲ့သည်။ ထို့ကြောင့် ဂျီမီယတ်သည် အဖွဲ့ဝင်ခြောက်ယောက်ပါသော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အချိန်မီ ဖွဲ့စည်းကာ ဗိုလ်ချုပ်တို့နှင့် တွေ့ဆုံရန် စေလွှတ်ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ-

(၁) မော်လနာ အဗ္ဗဒုလ်ကုဒ္ဒုစ် မဇာဟေရီ (၁၉၂၄-၁၉၉၃)
ဂျမီယတ်၏ ဥက္ကဋ္ဌ၊ အဖွဲ့ခေါင်းဆောင်။

(၂) မော်လနာ ဆုလ်တာန် အဟ်မတ်
ဂျမီယတ်၏ အထွေထွေအတွင်းရေးမှူး

(၃) မော်လနာ အဘူဘောက္ကောရ် ဆီဒ္ဒီးက်
ဂျမီယတ်၏ အမှုဆောင်အဖွဲ့ဝင်

(၄) ကျန်သုံးယောက်မှ တစ်ယောက်သည် ရန်ကုန်မှ မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သည်


တို့ဖြစ်ကြသည်။ သူတို့အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့နှင့် ဂျဝါဟဲရ်လာလ်နေရူး၏ နေအိမ်တွင် တွေ့ဆုံကြရာ ၂၅ မိနစ် ကြာ စကားပြောဆိုဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ကို သူတို့က တောင်းဆိုချက်တစ်စောင် တင်သွင်းပေးခဲ့သည်။ အဆိုပါ တောင်းဆိုချက်တွင် အောက်ပါအချက်များပါဝင်ခဲ့သည်။


(၁) ရက်စက်ညှည်းပမ်းမှုကြောင့် ရခိုင်ပြည်မှ စွန့်ခွာ၍ ဗြိတိသျှအိန္ဒိယ၏ ရောင်ပူရ်၊ ဒီနာဂ်ျပူရ်နှင့် အခြားပြည်နယ်များတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသော အာရ်ကာန်ပြည်မှ မွတ်စလင်များကို ပြန်လည် ခေါ်ယူထူထောင်ပေးရန်။

(၂) ဗမာပြည်တွင် ဘာသာရေးစောင့်ထိန်းခြင်း အခွင့်အရေးကို အမြဲတစေ ငြိမ်းချမ်းစွာ လွတ်လပ်ခွင့်ပေးရန်။

(၃) ဒုတိယကမ္ဘာစစ်ကြီးတွင် ပိတ်ပင်ခံရသော ဘာသာရေးခရီး ဟဂ်ျပြုခွင့် ကို ပြန်လည် အသက်သွင်းပေးရန်။

(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့် ဥပဒေကိုမှ လူနည်းစုများ၏ သဘောထား၊ သဘောတူညီချက်မပါဘဲ မသတ်မှတ်ရန်။

(၅) အလုပ်ခန့်ခြင်းတာဝန်ကို လူနည်းစုများနှင့် လူဦးရေ၊ ကျန်းမာရေးနှင့် အရည်အချင်းအလျောက် အချိုးတူ ထမ်းဆောင်ခွင့်ပေးဆောင်ရန်။

(၆) အစိုးရသည် ဗမာပြည်ရှိ လူဦးရေဒုတိယအများဆုံးဖြစ်သော မွတ်စလင်တို့အား တန်းတူရည်တူထားရှိမှု၊ တရားမျှတမှု၊ ဘက်မလိုက်သောဝါဒကျင့်သုံးမှု အပေါ်အခြေခံ၍ ပါလီမန်၌ တူညီသော နေရာပေးသင့်သည်။


အထက်ဖော်ပြပါ အချက်များမှ နံပါတ် (၁) မှ (၅) အထိကို ဗိုလ်ချုက်အောင်ဆန်းက လက်တွေ့အကောင်အထည်ဖော်ပေးမည်ဟု ကတိပေးခဲ့သည်။ အချက် နံပါတ် (၆) ကိုမူ နောက်မှ ပါလီမန်တွင် ထည့်သွင်းစဉ်းစားမည်ဟု ကတိပေးခဲ့သည်။ 


ဂျမီယတ်၏ ကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်တို့အဖွဲ့ကို အနာဂတ်ဗမာပြည်မွတ်စလင်များ အရေးကို ကျယ်ကျယ်ပြန်ပြန် ဆွေးဆွေးနွေးနိုင်အောင် ဒီယောဘောန်ရှိ ဗဟိုရုံးတွင် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်တို့အဖွဲ့သည် လန်ဒန်မှအပြန်တွင် တွေ့ဆုံဆွေးနွေးမည်ဟု လက်ခံခဲ့သည်။ ဂျမီယတ်အဖွဲ့သည် ဗိုလ်ချုပ်တို့အဖွဲ့ အပြန်ခရီးကို မျှော်ခဲ့နေသော်လည်း ရုတ်တရက် လန်ဒန်မှ ပေးပို့ခဲ့သော ကြေးနန်းတစ်စောင် လက်ခံရရှိသည်။ ကြေးနန်းတွင် ဗမာပြည်လှုံခြုံရေးအခြေအနေ ဆိုးဝါးလာမှုနှင့် ဖွုံ့ဖြိုးမှုလုပ်ငန်းစဉ်များအတွက် ချက်ချင်း ရန်ကုန်သို့ တိုက်ရိုက် ဦးတိုက်သွားရန် ဆုံးဖြတ်လိုက်သည် ဟူ ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်တို့အဖွဲ့က နှစ်ဖက်သဘောတူခဲ့သော အချက်နှင့်စပ်လျဉ်း၍ သင့်လျော်သည့်အချိန်တွင် ရန်ကုန်သို့ လာရောက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ 


ဂျမီယတ်အဖွဲ့သည် သူတို့၏ အတိုင်အပင် ကောင်စီနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် ဒေလီ၌ ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူညီချက်၊ ကြေးနန်းကိစ္စ စသည်တို့ကို အကျယ်တဝန်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ရက်အနည်းငယ်ဆွေးနွေးပြီးနောက် အဖွဲ့ဝင် လေးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရန်ကုန်သို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ-

(၁) မော်လနာ အဘူဘောက္ကောရ် ဆီဒီးက်
(အဖွဲ့ခေါင်းဆောင်)
(၂) မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် မိုဇာဟေရီ
(အဖွဲ့ဝင်)
(၃) မော်လနာ ဆုလ်တာန် အဟ်မတ်
(အဖွဲ့ဝင်)
(၄) မော်လနာ ဇာဖောရုလ်အိစ္စလာမ် (ဘ) အဘုလ်ခိုက်ရ်
(အဖွဲ့ဝင်)
တို့ပါဝင်ခဲ့သည်။ 


သူတို့ ရန်ကုန်သို့ မထွက်ခွာမီ မောင်တော၍ လုပ်သားပြည်သူ၊ အိုလေမာ၊ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် အမျိုးမျိုးအဖြာဖြာ ကဏ္ဍများဖြင့် ဆွေးနွေးကာ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိခဲ့သည်။ သူတို့အဖွဲ့သည် စစ်တွေသို့ ရောက်၍ ပြန်တစ်ခါ လူတန်းစားအလွှာလွှာနှင့် ဆွေးနွေးတိုင်ပင်ပြန်သည်။


လမ်းခရီး၌ ဖြစ်ရပ်အချို့ကြောင့် သူတို့အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရန် မဖြစ်နိုင်ခဲ့ချေ။ 

ထို့ကြောင့် ဂျမီယတ်အဖွဲ့သည် အစီအစဉ်ကို ရွေ့ဆိုင်းခဲ့၍ ရုံးချုပ်သို့ အသီးစိတ် အစီရင်ခံခဲ့သည်။ ဆီမ်လာ ရှိ ဗမာပြည် ဘုရင်ခံထံ စာတစ်စောင် ပေးပို့ခဲ့သည်။ နောက်စာတစ်စောင်ကို ဗိုလ်ချုပ်အောင်ဆန်းထံ အစီအစဉ်ပျက်ရခြင်း တောင်းပန်စာအဖြစ် ပေးပို့ခဲ့သည်။ သံအဖွဲ့လည်း ပြန်လာခဲ့လေသည်။ 


၁၉၄၇ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံခြားသား၊ ကျူးကျော်လာသူ အဖြစ် တံဆိပ်ကပ်ကာ မွတ်စလင်အများစုကို မဲစာရင်းမှ ပယ်ချခဲ့သည့် လှို့ဝှက်ကြံစည်မှုတစ်ရပ် ထွက်ပေါ်လာခဲ့သည်။  ဤကြံစည်ချက်သည် ကမ္ဘာသူကမ္ဘာသားများ ရှေ့မှောက်တွင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ဂျမီယတ်အဖွဲ့သည် ဤ ယုတ်မာသော ကြံစည်ချက်ကို အမှန်တရားဖြင့် ခုခံခဲ့သည်။ ထိုပြင် မှန်ကန်သော မဲစာရင်းကို ပြန်လည်တင်သွင်းနိုင်ခဲ့သည်။ ဂျမီယတ်၏ ဥက္ကဋ္ဌ မစ္စတာ ဆုလ်တာန်အမတ် နှင့် ဒုဥက္ကဋ္ဌ မစ္စတာ အဗ္ဗဒူလ်ဂဖားရ် တို့သည် ဗမာတိုင်းပြုပြည်ပြုကောင်စီတွင် အမတ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ 


ထို့ပြင် လွတ်လပ်ရေးရရှိပြီးနောက် ဂျမီယတ်အဖွဲ့သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးတွင် တရားဝင် အရွေးခံခဲ့ရသည်။ အခြားတိုင်းရင်းသားများနည်းတူ ရိုဟင်ဂျာမွတ်စလင်များအတွက်လည်း အာရ်ကာန်ပြည်မြောက်ပိုင်းတွင် သီးခြားပြည်နယ်တစ်ခုရရှိရန် များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ယာယီညွှန့်ပေါင်းအစိုးနှင့်လည်း ပူးပေါင်းခဲ့သည်။ သို့သော် အာဏာရအစိုးရ၏ ဖိအားပေးမှုကြောင့် အရွေးခံ ဂျမီယတ်အမတ်လောင်းများသည် သူတို့၏ နိုင်ငံရေးပုံရိပ်များကိုပင် ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ချေ။ 


ဤဖြစ်စဉ်တွင် မိမိတို့ ဆုံးရှုံးခဲ့သည်ဟူသမျှကို ပြန်လည်အသက်သွင်းပေးရန်  မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် သည် အတွေးအခေါ်အသစ်၊ ရည်မှန်းချက်အသစ်၊ စိတ်ဓာတ်အသစ်တို့နှင့် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၁၉၅၄ ခုတွင် ဂျမီယတုလ် အိုလေမာ အာရ်ကာန်-မြောက်ပိုင်းနှင့် ဂျမီယတေ ခုဒ္ဒာမုအီစ္စလာမ် အဖွဲ့နှစ်ဖွဲ့ကို ရိုဟင်ဂျာ ဂျမီယာတုလ် အိုလေမာ အမည်ဖြင့် ပြန်လည် အသက်သွင်းပေးခဲ့သည်။ 

၁၉၅၆ ခုတွင် ဂျမီယတ်က တဖန် ယူနိုက်တက် ရိုဟင်ဂျာ အော်ဂနိုက်ဇေးရှင်း (ရိုဟင်ဂျာ ညီညွှတ်ရေးအဖွဲ့)ကို အသစ်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အစည်း၏ ထီးအောက်တွင် နိုင်ငံရေးပါတီ ဟူသမျှ၊ လူမူရေးပါတီ ဟူသမျှ ဝင်ရောက်လာခဲ့သည်။ ရိုဟင်ဂျာ တစ်မျိုးသားလုံး၌ သင့်မြတ်ရေး၊ ညီညွှတ်ရေး၊ အချင်းချင်း နားလည်ယုံကြည်မှုရှိရေး စသော ကြီးမားသောအောင်မြင်မှုများကို ရရှိခဲ့သည်။ ဗမာအစိုးရသည် အာရ်ကာန်မြောက်ပိုင်းကို သီးခြားအုပ်ချုပ်မည့် ဒေသအဖြစ်ကြေညာရန် အာရုံစိုက်လာခဲ့သည်။ ယင်းသည် ရိုဟင်ဂျာတို့အတွက် သီးခြားပြည်နယ်ရရှိရေးအတွက် ပထမခြေလှမ်းဖြစ်ပေသည်။  ထို့အပြင် ရိုဟင်ဂျာတို့၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တို့ကို အသိအမှတ်ပြုလာခဲ့သည်။ သီးခြားရပ်တည်နေသော တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် နိုင်ငံတော်အဆင့် အသိအမှတ်ပြုခဲ့သည်။ အစိုးရ ရေဒီယိုအသံလွှင့်ဌာနမှ ရိုဟင်ဂျာဘာသာစကားနှင့် အစီအစဉ်အမျိုးမျိုး ထုတ်လွှင့်လာခဲ့သည်။


ဤသည်မှာ ရိုဟင်ဂျာ လူမျိုးသည် မိမိတို့၏ ရပ်တည်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်ရန် ဆယ်စုနှစ်ချီ အားကုန်းယမ်းကုန် ကြိုးပမ်းမှုများဖြစ်ကြပါသည်။ သို့သော် ထို့ကြိုးပမ်းမှု၏ အနှစ်သာရသည် ရေရှည်တည်တံ့နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ဗိုလ်နေဝင်းအစိုးရ အာဏာသိမ်းပြီးနောက် ထူးထူးခြားခြား ပြောင်းလဲလာခဲ့သည်။ သူသည် ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးကို ပြစ်ဒဏ်ခတ် ပိတ်ပင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်အပြင် အခြေခံလူ့အခွင့်အရေးများကိုတောင် ရုတ်သိမ်းလိုက်ခဲ့သည်။ အာရ်ကန်ပြည်တွင်နေထိုင်သော မွတ်စလင်များသည် တိုင်းတစ်ပါးသား၊ ကျုးကျော်သူများ စသည်ဖြင့် ကင်ပွန်းတပ်ကာ တဖည်းဖြည်းချင်း မောင်းထုတ်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေများသည် ရိုဟင်ဂျာတစ်မျိုးသားလုံးကို အမှောင်တွင်းသို့ အဓမ္မတွန်းပို့ခဲ့လေသည်။ 


ဂျမီယတုလ်အိုလမာသည် မြေအောက် ပုန်းလျှို့ခဲ့ရသော်လည်း အဖွဲ့ဝင်များသည် အိမ်နီးချင်းနိုင်ငံများတွင် လှုပ်ရှားနေဆဲဖြစ်သည်။ အာရ်ကာန်ပြည်မှ အသက်ကယ်စွန့်ခွာလာသောသော သူများသည် မည်သည့်နေရာတွင် မဆို ခိုလှုံနိုင်ရန် သူတို့တတ်နိုင်သလောက် ဆောင်ရွက်ပေးနေကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း တံခါး ဘင်္ဂလားဒေ့ရ်ှသို့ ကမ္ဘာ့အကြီးမားဆုံး အစုလိုက်အပြုံးလိုက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သည်။ မိမိတို့ လူမျိုး၏ ယုံကြည်မှု၊ ဘာသာရေး၊ ယဉ်ကျေးမှုစသည်တို့ မိမိဘိုးဘွားပေးအမွေ အမိမြေတွင် နေထိုင်၍ ထိန်းသိမ်းပေးနိုင်ရန် များစွာသော အိုလမာများသည် အရှက်ကွဲခြင်း၊ နှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း စသည်တို့ကို ရဲရဲစွမ်းစွမ်းခံနေလျက် ရှိပါသတည်း။


(လူထုဝဏ္ဏ ဘသာပြန်သည်)


Ref: The Emergence of Jamiatul Ulama and its Activities




Friday, October 2, 2020

Andha Códori (Rohingya Poetry)



 Andha Códori


Mone gorílam hoto acá,

Zinai zinai goríyúm nofá

Cókir hát goijjúm lalá

Baníyúm doñr cántir bahá

Atikká ailó zúlar docá

Arang gelgoi hóillá zañrá.


-Kuwaiccójja

(2-10-2020)


#RohingyaPoetry

#RK_Art

#RK_Poetry