မျက်နှာဖုံး ပုံမှာပါတဲ့အထဲမှာ ရှေ့ဆုံးတန်းက (ဘယ်ဘက်ထောင့်) ထမိန်အမဲနဲ့က ဒေါက်တာခင်မေဝင်း (တွဲဖက်ပါမောက္ခ ၊ ရူပဗေဒဌာန(လွိုင်ကော်)(အငြိမ်းစား)၊ သူ့ဘေးက ယခုလက်ရှိပါမောက္ခ ဒေါက်တာကက်သရင်း ( အမည်မှန်ကိုလုံခြုံရေးကြောင့်မပြောချင်ပါ)၊ သူ့အမျိုးသားကလည်း ပါမောက္ခဒေါက်တာတာဂျွန်၊ အလယ်က မ Najmar Ara (ဒေါ်ခင်မြင့်မြင့်)၊ ညာဘက်ထောင့်အဖြူရောင်ဝတ်စုံနဲ့တစ်ယောက်က ဒေါက်တာခင်မေ (မလေးရှားမှာကိုယ်ပိုင်ဆေးခန်းနဲ့အလုပ်လုပ်နေတယ်) အလယ်ကမျက်မှန်နဲ့အန်ကယ်ကြီးက ဆရာဦးလှမောင် (ဒေါက်တာကက်သရင်းရဲ့အဖေ၊ သမိုင်းဌာနကထိက/ပါမောက္ခ)ပါ 1978-80
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ရာပြည့်သဘင်က သတိရတမ်းတစေသော တစ်ချိန်တုန်းက "ရိုဟင်ဂျာ တက္ကသိုလ်ကျောင်းသားများအသင်း "၏ သမိုင်းတစေ့တစောင်း
-----------------
ထိုစဉ်က ထိုအသင်းအဖွဲ့မှ ဦးဆောင်၍ ရိုဟင်ဂျာ မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို နစ်စဉ်အများပြည်သူအားလပ်ရက်ဖြစ်သော မတ်လ၂၇ ရက်နေ့ တော်လှန်ရေးနေ့နောင်တွင်(တပ်မတော်နေ့)တွင် ပြည်လမ်းမာလာဆောင်ရှေ့ ယုဒသန်ခန်းမဆောင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းခဲ့ကြောင်းကိုလည်း သိရှိခဲ့ပါသည်။
ယခင်ခေတ်များက လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းကျွန်တော်တို့ခေတ်တွင် အစဉ်အလာမပျက် အခက်ခဲများကြားမှ ကျင်းပနိုင်ခဲ့ပါသည်။
ကျွန်တော်တို့သည် ယခင်ယခင်နောင်တော်ကြီးများ သယ်ဆောင်လာသည့် အမွေကောင်းကို ကျွန်တော်တို့ မျိုးဆက်သစ်များအနေဖြင့် ဆက်လက် သယ်ဆောင်လာရာ ကျွန်တော်အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်၍ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် ၂၀၀၉-၂၀၁၀ ပညာသင်နှစ် B.Tech နှစ်မှစတင်၍ ရိုဟင်ဂျာကျောင်းသားများအသင်း တက္ကသိုလ်များရန်ကုန်၏ EC တစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ခုနှစ် 5BE နှစ်တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါသည်။
ကျွန်တော်တို့ ရိုဟင်ဂျာကျောင်းသားအသင်းသည် Youth for Future ဆိုသည့်အမည်နာမဖြင့် ပရဟိတလုပ်ငန်းများကို ပူးတွဲတာဝန်ယူပြီး ဒုက္ခသည်များကို သွားရောက်ကူညီခဲ့သည့် အစဉ်အလာကောင်းများကိုလည်း ထိမ်းသိမ်းနိုင်ခဲ့ပါသည်။
အမေရိကန်သမတ အိုဘားမှာသည်ပင် ရိုဟင်ဂျာလူမျိုးများနှင့်ပတ်သက်၍ ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမမှာပင် ကမ္ဘာသိ ကိုယ်ချင်းစာနာမှုကို ပြသခဲ့သည့်က ရန်ကုန်တက္ကသိုလ်တွင် မှတ်တမ်းဝင်သွားပါသည်။
ရိုဟင်ဂျာသမိုင်း ရိုဟင်ဂျာတို့၏ အထောက်အထား ရိုဟင်ဂျာတို့၏ဖြစ်တည်မှု သမိုင်းသည် ပါးစပ်ရာဇဝင်မဟုတ်ပဲ စာအုပ်စာပေ သမိုင်းများဖြင့် ခေတ်နှင့်မကင်းကွာသည့် မော်ကွန်းတင် မှတ်တမ်းတင်ထားသည့် အကြောင်းအရာများဖြစ်ကြောင့် မြန်မာနိုင်ငံတနံတလျားက ပြည်သူများ ရိုဟင်ဂျာလူမျိုးများနှင့်ပတ်သက်၍ သံသယကင်းရှင်းအောင် ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုကြိုဆိုယင်း ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသားများအသင်း သမိုင်းကို လေ့လာတင်ပြခြင်းဖြစ်ပါသည်။
အထက်ပါ ရိုဟင်ဂျာကျောင်းသားများအသင်း တက္ကသိုလ်များ ရန်ကုန်က မွေးထုတ်ပေးခဲ့သော နိုင်ငံအကျိုးပြု ကမ္ဘာ့အကျိုးပြုသားကောင်း သမီးကောင်း ရတနာများအကြောင်း သူတို့၏လူ့အဖွဲ့အစည်းထဲမှ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့်ပုဂ္ဂိုလ်များ နိုင်ငံတနံတလျားတွင် နိုင်ငံအကျိုးပြု ဆောင်ရွက်ခဲ့သူများ၏ အကြာင်းတစ်ချိန်က ထိုလူ့အဖွဲ့အစည်း၏သမိုင်းသည်လည်း မသေးသိမ်ခဲ့ကြောင်းကို တစ်ဦးချင်းအလိုက် အခွင့်အခါသင့်ပါကရေးသားတင်ပြမည်ဖြစ်ပါသည်။
ပုံ- ဦးကျော်သင်း(ဦးစီးအရာရှိ၊ အခွန်ဦးစီးဌာန)၊ ဦးဘသာ (သမိုင်းဆရာ၊ အထွေထွေမန်နေဂျာ၊ ကုန်သွယ်ရေးဘဏ် MFTB)၊ ဦးကျော်မြင့် (ညွှန်ကြားရေးမှူး၊ စာပေစီစစ်ရေး)၊ ဦးဘမြိုင် (ဦးစီးအရာရှိ)မှတ်ချက်။ ။၁၉၉၀ နောက်ပိုင်းမှစ၍ ရိုဟင်ဂျာကျောင်းသားများ၏ ပညာရေးအခွင့်အလမ်းများ လုံးဝဆုံးရှုံးပြီး ပညာသင်ကြားခွင့် ရာခိုင်နှုန်း ဇီရိုးနီးပါးဖြစ်သွားပါသည်။
အနည်းအကျဉ်းတက်ရောက်ခွင့်ရသည့်သူများကိုပင် ဘွဲ့ချီးမြှင့်ခြင်း မရသည့် ဘွဲ့လက်မှတ်မပေးသည့် ဖြစ်ရပ်များလည်း ဒုနှင့်ဒေးရှိသည်ကို ဝ
ဝမ်းနည်းစွာ တွေ့ရပေသည်။ထို့်အပြင် တစ်ချိုးတစ်ချိုးသော တက္ကသိုလ်များတွင် ဘွဲ့တက်ယူရန် လျောက်လွှာတင်သွင်းသည့်အခါတွင် မဆီမဆိုင်သော ခံဝန်ချက်များပေးရခြင်းမျာလည်း ရှိသည်ကိုစိတ်မကောင်းစွာတွေ့ရပါသည်။
Unicode
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ရာပြည့်သဘင်က သတိရတမ်းတစေသော တစ်ချိန်တုံးက "ရိုဟင်ဂျာ တက္ကသိုလ်ကျောင်းသားများအသင်း "၏ သမိုင်းတစေ့တစောင်း
-----------------
သက္ကရာဇ် ၂၀၂၀ သည် မြန်မာနိူင်ငံအတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ဤနှစ်တွင် မြန်မာ့ရုပ်ရှင်ရာပြည့် ရန်ကုန်တက္ကသိုလ်ရာပြည့် အပြင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလည်း ကျင်းပသည့်အတွက် ပွဲသုံးပွဲကို မြန်မာပြည်သူများ ရှေ့ဆင့်နောက်ဆင့် ဆင်နွဲ့ရသည်က ထူးခြားမှုတစ်ခုဆိုပါက မှားမည်မထင်ပါ။
ထိုပွဲများအနက် ကျွန်တော်စိတ်အဝင်စားဆုံးက ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ပါသည်။အထူးသဖြင့် ထိုစဉ်ကရန်ကုန်တက္ကသိုလ်တွင် ဖွဲ့စည်းခွင့်ပေးခဲ့ည့် မိမိတို့လူမျိူ းများအလိုက် အသင်းအဖွဲ့များတွင် "ရိုဟင်ဂျာကျောင်းသားများအသင်း "ကိုလည်း တစ်ခြားညီနောင်များနည်းတူ (၃-၁၂-၁၉၅၉ )ခုနှစ်တွင် မှတ်ပုံတင်အမှတ် ၁၃၃/၅၉ ဖြင့်၎င်း ၁၉၆၀-၆၁ခုနှစ်တွင် Rg 7/60ဖြင့်၎င်း ဖွဲ့စည်းခွင့်ပေးပြီး သူတို့၏ ကျောင်းသားရေးရာ ကိစ္စအဝဝကို ဆောင်ရွက်ခဲ့ဘူးကြာင်း ရှေ့မီနာက်မီ ပုဂ္ဂိုလ်များမှ လေ့လာတွေ့ရှိရပါသည်။
ထိုစဉ်က ထိုအသင်းအဖွဲ့မှ ဦးဆောင်၍ရိုဟင်ဂျာ မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို နစ်စဉ်အများပြည်သူအားလပ်ရက်ဖြစ်သော မတ်လ၂ရရက်နေ့ တော်လှန်ရေးနေ့နောင်တွင်(တပ်မတော်နေ့)တွင် ပြည်လမ်းမာလာဆောင်ရှေ့ ယုဒသန်ခန်းမဆောင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းခဲ့ကြောင်းကိုလည်း သိရှိခဲ့ပါသည်။
ယခင်ခေတ်များက လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းကျွန်တော်တို့ခေတ်တွင် အစဉ်အလာမပျက် အခက်ခဲများကြားမှ ကျင်းပနိူင်ခဲ့ပါသည်။
ရိုဟင်ဂျာကျောင်းသားများအသင်း တက္ကသိုလ်များရန်ကုန်သည် ညီနောင်တိုင်းရင်းသားများနည်းတူ အရေးကြုံတိုင်း တိုင်းပြည်၏အပြောင်းအလဲတိုင်းတွင် ကျရာကဏ္ဍမှအမြဲပါဝင်လေ့ရှိသည်ကအရှိတရားတစ်ခု ဖြစ်ပါသည်။
ကျွန်တော်တို့သည် ယခင်ယခင်နောင်တော်ကြီးများ သယ်ဆောင်လာသည့် အမွေကောင်းကိုကျွန်တော်တို့မျိူ းဆက်သစ်များအနေဖြင့် ဆက်လက်သယ်ဆောင်လာရာ ကျွန်တော်အနေဖြင့် ၂၀၀၈ခုနှစ်မှစတင်၍ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ပါသည်။အထူးသဖြင့် ၂၀၀၉-၂၀၁၀ပညာသင်နှစ် B.Tech နှစ်မှစတင်၍ ရိုဟင်ဂျာကျောင်းသားများအသင်း တက္ကသိုလ်များရန်ကုန်၏ ECတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၆-၂၀၁ရခုနှစ် 5BE နှစ်တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါသည်။
ကျွန်တော်တို့ ရိုဟင်ဂျာကျောင်းသားအသင်းသည်Youth for future ဆိုသည့်အမည်နာမဖြင့် ပရဟိတလုပ်ငန်းများကိုပူးတွဲတာဝန်ယူပြီး ဒုက္ခသည်များကို သွားရောက်ကူညီခဲ့သည့်အစဉ်အလာကောင်းများကိုလည်း ထိမ်းသိမ်းနိူင်ခဲ့ပါသည်။
အမေရိကန်သမတ အိုဘားမှာသည်ပင် ရိုဟင်ဂျာလူမျိူ းများနှင့်ပတ်သက်၍ ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမမှာပင် ကမ္ဘာသိ ကိုယ်ချင်းစာနာမှုကို ပြသခဲ့သည့်က ရန်ကုန်တက္ကသိုလ်တွင် မှတ်တမ်းဝင်သွားပါသည်။
ရိုဟင်ဂျာသမိုင်း ရိုဟင်ဂျာတို့၏အထောက်အထား ရိုဟင်ဂျာတို့၏ဖြစ်တည်မှုသမိုင်းသည် ပါးစပ်ရာဇဝင်မဟုတ်ပဲ စာအုပ်စာပေ သမိုင်းများဖြင့် ခေတ်နှင့်မကင်းကွာသည့် မော်ကွန်းတင် မှတ်တမ်းတင်ထားသည့် အကြောင်းအရာများဖြစ်ကြောင့် မြန်မာနိူင်ငံတနံတလျားက ပြည်သူများ ရိုဟင်ဂျာလူမျိူ းများနှင့်ပတ်သက်၍ သံသယကင်းရှင်းအောင် ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုကြိုဆိုယင်း ရန်ကုန်တက္ကသိုလ်ရိုဟင်ဂျာကျောင်းသားများအသင်း သမိုင်းကို လေ့လာတင်ပြခြင်းဖြစ်ပါသည်။
(Zar Ni Ko FB account မှ ကူးယူဖော်ပြသည်။)
ရိုဟင်ဂျာ fresher welcome လုပ်မယ်ဆိုရင် ကျနော်တို့အိမ်မှာအစည်းအဝေးလုပ်လေ့ရှိတယ် fresher welcome ကို (Judson Hall) ယုဒသန်ကောလိပ်မှာလုပ်တာများတယ် မယ်လာလုပ်တာများတယ်( မယ်လာ= နွား?ပြီးအမဲသားနဲ့ထမင်းကြွေးခြင်း)
စနေတနင်္ဂနွေဆိုရင် အစ်ကိုတွေအစ်မတွေအဆောင်က လာလည်လေ့ရှိတော့ ကလေးဘဝကတည်းက ဒဂုံ၊ပဲခူး၊စစ်ကိုင်း၊အင်းလျားဆောင်ဆိုတဲ့စကားတွေ ဦးကြက်ဖထမင်းဆိုင်၊ ဦးယမ်းဘီလူးအအေးဆိုင်၊ အင်းလျားကန်ဘူးသီးကျော်ဆိုင်, ဦးချစ်လက်ဖက်ရည်ဆိုင် ဆိုတဲ့ အသုံးအနှုန်းတွေနဲ့အကျွမ်းတဝင်ရှိခဲ့တယ် အခုတော့အားလုံးတစ်ကွဲတစ်ပြားစီ တစ်နေရာစီရောက်နေကျပြီ🙁
No comments:
Post a Comment