Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 21, 2018

နိုင်ငံသားပေးနေတာ တကယ့်လား???ယုံစားမိ၍ နောင်တရ။



တင်ဆက်> နတ်မျက်စိ|

[ဥပဒေအရ ဖြစ်ထိုက်တဲ့သူကို ငါးလအတွင်း နိုင်ငံသားစီစစ်ရေးကတ်ထုတ်ပေးမယ့် ဆိုတဲ့ ကိစ္စပြောပြမယ်]

အချို့ ပုဂ္ဂိုလ်တွေက ဒေါက်တာတွေ ဘာတွေညာတွေ ဂုဏ်ပုဒ်ပေးထား ဒါပေမယ့် ဦးဏှောက်အခြောက်ပဲ။ 


“အမုန်းတရားရဲ့အားက ဘွဲ့ဂုဏ်အားထက်ကြီးသွားရင် အဲဒီ ဘွဲ့ဂုဏ်ပုဒ်က အလုပ်မဖြစ်တော့ဘူး။  အပြောက မာယာနဲ့ အလုပ်ကျတော့…မုန်းရေလွှမ်းပဲ။”
 ပြောရရင် ရိုတွေက နိုင်ငံသားထုတ်ပေးဖို့ တောင်းဆိုနေတာက အသားနားခံနေတာ မဟုတ်ဘူးဆိုတာကို ဦးစွာ နားလည်ဖို့လိုတယ်။ သူတို့ထံမှ လိမ်လည်ကောက်ကျစ်တဲ့ ပရိယာယ်အမျိုးမျိုးနဲ့ သိမ်းယူခဲ့တဲ့ နိုင်ငံသားအခွင့်အရေး ကြွေးမြီးကို ပေးဆပ်ပေးဖို့ပြောနေတာနော့်။ ခေတ်အဆက်ဆက်က ထောင်သောင်းချီတဲ့ လူတွေ အသက်စွန့်ပြီး တောင်းနေတဲ့ အရာတစ်ခုဖြစ်တယ်။  ရခိုင်ပြည်ပြဿနာရဲ့ အဓိက ဇာတ်မြစ် တစ်ခုလဲ ဖြစ်တယ်။ ဒီအချက်ကို မျှမျှတတ မှန်မှန်ကန်ကန် မဖြေရှင်းသရွေ့ ရခိုင်ပြည် အေးချမ်းနိုင်ပါမလား လို့ မေးခွန်းထုတ်စရာ…။ ဖိနှိပ်မှုရှိသရွေ့ တော်လှန်ရေးက ခုခံမြဲရှိတာက ဓမ္မတာပင် ဖြစ်ပါတယ်။ 

ဒီလူတွေ နိုင်ငံသားဖြစ်ပြီးသား၊ သူတို့ ဘိုးဘွားဘီဘင်တွေက နိုင်ငံသား အခွင့်အရေး ရရှိခဲ့တဲ့ အကြောင်းကိုလဲ လက်ရှိ အမုန်းတိုက်နေတဲ့ သူတွေလည်း သိတယ်၊ ကမ္ဘာကလဲ အသိပဲ။ တမင် နှိပ်စက်ပြီး ၈၂ ဥပဒေ၊ နစက ဥပဒေ ဘာညာ ဆိုပြီးတော့ ဥပဒေတွေနဲ့ နှိပ်ကွပ်ချင်လို့ လုပ်နေတာ သက်သက်ဖြစ်တယ်။  မုတ်ဆိတ်ကို ကြောက်နေတာလို့လဲ အသံတွေကြားနေရတယ်။ လူပေါ့ချည်းပဲ။ 

အစိုးရပြောင်းတယ်…စကားပြောင်းတယ်…ပရိယာယ်ပြောင်းတယ်၊ အလုပ်ကျတော့ အဘကြီးတွေ အတိုင်းပါပဲ။ ပြောင်းလဲချိန်တန်ပြီ လို့ ဆောင်းပုဒ် နဲ့ နိုးဆော်သော်လည်း တကယ်ပြောင်းလဲတာက အပြောပရိယာယ်သာ ဖြစ်တယ်။ မြင်နေသူက ဖိပြောလိုက်ရင် လုပ်နေပြီ၊ ကြိုးစားနေတယ်၊ ငါးလ အတွင်း ရအောင် လုပ်ပေးမယ်၊ မျိုးဆက်သုံးဆက် နေထိုင်ခဲ့ရင် ပူစရာမလိုဘူး စတဲ့ အင်တာဗျူးတွေ လုပ်ရိုး၊ statements တွေ ထုတ်ရိုးပဲ။ မီးလဲငြိမ်း သံလဲအေး၊ သံချောင်းက အရင်အတိုင်းပါပဲ။ 

ကဲ အာတိတ်မှာ ဘယ်လိုဘယ်လို နှိပ်ကွပ်ခဲ့တာတွေ၊ ဘယ်လိုဘယ်လို ပဋိပက္ခတွေ ဖန်တီးပေးပြီး အပြီးရှင်းတာတွေကို အားလုံးသော ပြည်သူက အသိဖြစ်တယ်။ တစ်ချို့က မသိယောင် နေတာပဲရှိမယ်။ မိမိနံမယ်ကို မိမိကိုယ်တိုင် မည့်ခေါ်ခွင့်ကိုတောင် ပိတ်ပင်ထားတယ်မလား။  အဲဒါကို ခဏလေး ထားတော့…လက်တလော့ ဖြစ်နေဆဲ အကြောင်းပြောပြမယ်။

ရိုတွေကို ယာယီပေးခဲ့တဲ့ ကတ်ပြားတွေ ဦးသိန်းစိန်အစိုးရက သိမ်းပြီးတော့ လုံးဝဗမာပြည်နဲ့ ဆက်စပ်မှုမရှိအောင်  ကြံလိုက်တဲ့ NVC ခေါ်တဲ့ ကတ်တစ်မျိုး ထုတ်တယ်။ အဲ့ဟာကို ကိုင်ဆောင်ဖို့အတွက် အမျိုးမျိုး ခြိမ့်ခြောက်တယ်။ အမျိုးမျိုး အချိုမှုန့်ပေးတယ်။ တချို့ကို ရန်ကုန် လည်ပတ်ခွင့် တစ်ပတ်တောင် ပေးခဲ့တာ ရှိတယ်။ ဟား…ဟား…အချိုမှုန့်လေ။ public place မှာ လိုက်လံရိုက်သတ်ပြီးတော့ အတင်းယူခိုင်းနေတယ်။ သူတို့ရဲ့ ကျွန်ပေါက်သားတွေကို ယူခိုင်းတယ်။ ပြီးရင် နိုင်ငံသားလျှောက်ခိုင်းတယ်။  လျှောက်တာနဲ့ နိုင်ငံသားစီစစ်ရေးကတ် ထုတ်ပေးမယ်၊ ဘာညာ အခွင့်အရေးတွေ ပေးမယ်လို့ သူတို့ရဲ့ ထောင်ချောက်ထဲ သွင်းနိုင်အောင်  ဆွယ်တယ်။ တချို့ ဘက်တော်သားတွေက ရက်စက်ညဉ်းဆဲမယ့် စက်ကွင်းမှာ ကျမှာ စိုးလို့ သူတို့စကားကို ယုံစားမိပြီးတော့ လျှောက်တယ်။ တစ်ရာမှာ တစ်ယောက်ကို ကတ်ထုတ်ပေးတယ်။ (ဟန်ပြပေါ့) တစ်ဖက်က ရန်ငြိုးထားတဲ့ လူတစ်စုကို မြှောက်ပေးတယ်။ မြောက်ပေးတိုင်း အဲ့ကောင်တွေလဲ ထကကြတာပေါ့။ ဘယ်သူတွေနစ်နာနေတာ မစဉ်းစားဘူး။ (နောက်ဆယ်စုနှစ် တစ်စုလောက်ကြာသွားရင် ရခိုင်ပြည်ဟာ ဗမာပြည်ဖြစ်ဖွယ်ရှိနေပြီ)။ ခွေးဟောင်တိုင်း လိုက်ဟောင်တာချည်းပဲ။ လမ်းပေါ်ထွက် ခွေးရူးလို ဆန္ဒရိုင်းပြကြတာပေါ့။ (ကမ္ဘာက လူစိတ်မရှိတဲ့ လူလိုအမျိုး ဆိုပြီးတော့ စာရင်းသွင်းခံရတယ်)။ အဲ့ဒါနဲ့  လုပ်ငန်း ရပ်စဲတယ်။ လတွေကြာ ပြန်စ၊ နည်းပြောင်း လူဆွယ် စသည်ဖြင့်ပေါ့။ 

ကျွန်ဘဝမှ ထွက်ပေါက်ရှာရင်း လမ်းမမြင် ကမ်းမမြင် ဒေသခံတစ်ချို့က သူတို့ရဲ့ ကောက်ကျစ်တဲ့ စကားကို ယုံစားမိ၍ လျှောက်လိုက်တဲ့အခါ အောက်တွင် ဖော်ပြထားသလို ၈၂ မပြောနဲ့ ၈၂ ကိုတောင် ကျော်ပြီး စိတ်ကြိုက်ဥပဒေနဲ့ ချလိုက်တာသတဲ့။ 

သည်တစ်ခါ ဖြစ်ထိုက်သူတွေအား နိုင်ငံသားကတ် ထုတ်တာကိုတော့ သင်ခန်းစာအဖြစ် ကြည့်ကြရအောင်။

(က) အမျိုးသား မှတ်ပုံတင်ကတ် (၇) ခု ပါတဲ့သူတွေရဲ့ ဆုံးဖြတ်ချက် ထွက်မလာ။  (ငွေ ကတ် သန်း ကဏန်း မပါရင်ပေါ့) 

(ခ) အင်္ဂလိပ်လက်ထက်မတိုင်မီ အထောက်အထားပါရင်လဲ အမျိုးသား မှတ်ပုံတင်ကတ် မပြည့်စုံရင် ပြုနိုင်ငံသားတဲ့။

(ဂ) မျိုးဆက် (၃) ဆက် မပြောနဲ့၊ (၇) ဆက်နေထိုင်ခဲ့တဲ့ အထောက်အထား သက်သေခံတွေ ပါရင်လဲ ငွေ မပါရင် ပြုနိုင်ငံသားတဲ့။

(ဃ) ၁၉၅၃ မတိုင်မီ ကွယ်လွန်သွားခဲ့တဲ့ ဘိုးဘွားတွေရဲ့ ကတ်မပြနိုင်ရင် ပြုနိုင်ငံသားတဲ့။
(သူတို့ကွယ်သွားခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံတောင် လွတ်လပ်ရေး မရသေးဘူး ၊ ကတ်ဘယ်က ရမတုံး။ ဗိုလ်ချုပ်အောင်ဆန်းမှာလဲ အမျိုးသားမှတ်ပုံတင်ကတ် မရှိဘူး။ ဒါဆို ဒေါ်စုလဲ ခိုးဝင်လာတာလား။) 

(င) အမျိုးသား မှတ်ပုံတင်ကတ်ပါပါ၊ မပါပါ NVC မပါရင် လျှောက်ခွင့် မရှိဘူးတဲ့။ 

(စ) အိမ်တစ်အိမ်မှာ ညီကို မောင်နှမ ငါးယောက်ရှိတယ်။ အစ်ကိုက နိုင်ငံသား ပန်းရောင်ရပြီ၊ ညီကျတော့ ပြုနိုင်ငံသားတဲ့။ ဟား…ဟား…

(ဆ) ပိုက်ဆံ သိန်း ငါးဆယ်လောက် ပေးနိုင်ရင် ဘာမှ မလိုဘူးတဲ့။ တစ်ပတ်အတွင်း ပန်းရောင်ကတ် လက်ထဲ။ 

ဒါတွေက တကယ့် ဖြစ်ရပ်မှန်တွေပါ။ အနုစီး ဖြစ်နေတဲ့ မောင်းတော ဘူးသီးတောင်ဒေသက အခြေအနေတွေဖြစ်တယ်။  အမုန်းတိုက်နေတာမဟုတ်ဘူး။ နံမယ်၊ လိပ်စာ၊ နေ့ရက်တွေတောင် အထိအကျ ဖော်ပေးနိုင်တယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့ နိယာမတစ်ခုက အမှန် ဖွင့်ဟသူ အကြမ်းဖက် သို့မဟုတ် ထောင်ချောက်ဆင်တယ်မလား။ ကာယာကံရှင်တွေ ဒုက္ခရောက်မှာ စိုးလို့ နံမယ်နဲ့ မဖော်ပြတာပါ။ 

အထက်လူကြီးမင်းတွေ AC ခန်းမှာ ထိုင်ပြီးတော့ တိုင်းရေးပြည်ရေး စဉ်းစားနေတာကိုး။ ဒါတွေတော့ သူတို့ ဘယ်သိမှာလဲ။ သိရင်လဲ ‘ငါ့တွက်လဲ ယူထားနော်’ပေါ့။ 

ဒီလိုနည်းနဲ့ ၅ လ အတွင်း ထုတ်ပေးမယ်လို့ လေလွင့်နေတာပဲ။ ဥပဒေအရ ဆိုတာက စိတ်ကြိုက်တွေးကရ ဥပဒေကိုပဲ ပရိယာယ်ရှိရှိ ရည်ညွှန်းနေတာဖြစ်မယ်။ မောင်တောဘူးသီးတောင်မှာ အာဏာပိုင်ရဲ့ နှုတ်ထွက်စကားကို  ဥပဒေလို့ သတ်မှတ်ရတယ်။ 

နောက်ဆုံးအနေနဲ့ တစ်ခု အကြံပေးပါရစေ။  တကယ့်အပြုသဘောဆောင်ပြီး လုပ်ပေးချင်တယ် ဆိုရင် တစ်ရက်တည်းနဲ့ ဒီဟာကို ဖြေရှင်းနိုင်တယ်။ ဆွေးနွေးပွဲ တစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်တယ်။ ဗမာပြည်လွတ်လပ်ရေး ရပြီး ဒီလူတွေရဲ့ အခြေအနေကိုလေ့လာ ပြီးတော့ သူတို့ပြောနေတဲ့အတိုင်း ဟုတ်မဟုတ် သမိုင်းကိုစစ်ဆေး၊ မှန်ရင် တောင်းပန်ပြီးတော့ နိုင်ငံသားကတ်ထုတ်ပေး၊ မမှန်ရင် ကမ္ဘာစင်ပေါ်တင် နှစ်ဘက် သမိုင်းပညာရှင်ချင်း Debate ထိုး၊ နိုင်တဲ့ဘက် အတည်ပေါ့။ ကမ္ဘာသူကမ္ဘာ အားလုံးဟာ ဗလာမျိုးချစ်လို မျက်ကန်းတွေ မဟုတ်ကြဘူး။  ပြဿနာရှင်းပြီ…။ 

-------------------------------------
ကူးယူးဖော်ပြသည်။ာ

Tuesday, April 17, 2018

Make Annandacandra Inscription as a UNESCO Intangible Cultural Heritage


By Aman Ullah|


A seminar was held a seminar at the name and style of “Seminar on Sanskrit Literature of Rakihine” at Tawin Gurdan Hotel of Rangoon on 24th January 2018. It was participated with many including two foreign scholars and a Rakhine scholar speaker and led by U Zaw Aye Maung, Minister of Rakine National Affairs Rangoon Division.


The seminar discussed mainly on Annadacandra inscription which was about 1300 years old and very important cultural heritage of Arakanese peoples. The seminar unanimously decides to put it to the UNESCO as a Intangible Cultural Heritage.

An Intangible cultural heritage (ICH) is a practice, representation, expression, knowledge, skills – as well as the instruments, objects, artefacts and cultural spaces that are considered by UNESCO to be part of a place's cultural heritage. Intangible cultural heritage is considered by Member States of UNESCO in relation to the tangible World Heritage focusing on intangible aspects of culture.


The Convention for the Safeguarding of Intangible Cultural Heritage was passed by the UNESCO General Conference held in 2003. At that time, the international community recognised the need to raise awareness about cultural manifestations and expressions that until then had no legal or programmatic framework to protect them.



Anandacandra Stone Inscription is a stone inscription which was erected by King Anandacandra and is a prasasti of king Anandacandra who ruled Arakan about 720 CE. That’s why it is called Anandacandra Stone inscription. Since it is now sited at the Shitthaung, it is also called the Shitthaung Pillar.



According to Pamela Gutman of Australia National University, the inscription found in Arakan dating between the 5th and 11th centuries enable us to reconstruct, in fairly broad sense, the history of the period. The most important are the royal edicts, the prasastis, which provide the framework for the political history.



The Anandacandra inscription is a priceless document, which not only has lists of the personalities of each monarch, but also some of the major events of every reign. It is not only an important epigraphic record but also it was part of a ceremonial tarana (portal) bristling with mystical connotations. The components forming this doorway were the pillar itself, a lintel, an octagonal column and a swinging gate.



The early history of this inscription pillar is a blank. It was first mentioned in the Rakhaing chronicles when it was conveyed from Vaishali on the orders of King Mong Ba Gree (reigned 1531-1553) to his Shitthaung pagoda at Mrauk U, nine miles to the south. Ten various dates are given for this event, such as 1534, 1535 and 1536. The north entrance of the pagoda then became the Inscription's new home. On the death of Mong Ba Gree in 1553, the pillar was neglected, and thereafter for over four centuries abandoned and finally used as a gatepost.



As noted rightly by Noel Singer, “if Johnston had not been translated the contents of the Inscription, it may be remained inaccessible for well over a thousand years, would never have been known. Although the Rakhaihg chroniclers, monks and laymen alike, were incapable of deciphering the Sanskrit text, they were not above providing fictitious names and accounts of the rulers of this and other ancient sites.” (Noel F. Singer, ‘Vaisali and the Indianization’pp.39-40)



The Shitthaung pillar was first notice by Dr E. Forchhammer. According to him, “about half a mile north of the palace, is the Shiithaung pagoda erected by King Minbin, the 12th of the Mrauk-U dynasty who reigned over Arakan from A. D. 1531 to 1553. The shrine is the work of Hindu architects and Hindu workmen; the skill and art displayed in its construction and ornamentation are far beyond to what the Arakanese themselves have ever attained to; the entire structure is alien in its main features to the native architectural style....to the left hand of the entrance (north side) of the shrine a square stone pillar rises to the height of 3.3m from the socket ; each side is 2 4"(.7m) broad ; three sides are covered with inscriptions in Nagari characters; that facing the east is almost entirely defaced and the text cannot be recovered ; the inscription on the north side is also much damaged; the lines are very irregular and the letters badly engraved ; that on the west side is best preserved; the south side of the pillar has not been inscribed; the stone exhibits no ornamental designs.”(Arakan..Forchhammer p.20)



Although Forchhammer first brought this inscription to the notice of scholars, it was not until 1929, when Duroiselle sent an apparently inferior set of rubbings to the Government Epigraphist in India, that preliminary account was published ASI 1929-26 pp.146-148 and ASB 1929-26, pp. 27-30 and 59-60. A number of misconception found in this reading have been perpetuated by some Indian scholars. Under the instigation of Professor Luce, a new set of rubbings, prepared by his able assistant U Sein was sent to Professor E. H. Johnston at Oxford. With the aid of an unpublished reading of the last fifty lines prepared by Dr N. P. Cakravarti, one-time Government Epigraphist for India, Johnston made an almost complete annotated transliteration of the inscription intended for Epigraphia Birmanica. The break in publication due to the war, and Johnston’s sudden death in 1942 led to his posthumous article “Some Sanskrit Inscription in BSOAS XI (1944) prepared by Prof. Luce “from old notes on the backs of envelopes” and with an excellent translation and further annotation of the transcription by Professor L. D. Barnett. A good rubbing was published in IB IV (pls. CCCXLVIII and CCCXLIX), together with bibliography. Although the importance of the inscription was now recognized, it was not until D.C Sircar in his article “Inscription of the Chandras of Arakan” in EI XXXII made new observation about the date and edited three new Chandra inscriptions that any significant progress in its elucidation was made.



The work of Johnston and Sircar was broght to the notice of Burmese scholars by U Myint Swe in his paper “ Annadacandra’s Sanskrit Inscription” in the Union of Burma Journal of literacy and Soial Science Vol. II,3 (Sept 1969) and again by the U Than Tha Aung, Director General of Higher Education, in his book “Annandacandra Inscription, publish by Rangoon University in 1976. (Gutman’s Ancient Arakan pp.35-36)



The Annandacandra Inscription is an invaluable heritage of Arakan, which Arakanese people regard to be very authentic and they are proud of it. It monument is the historical Heritage of all the peoples of Arakan.



Hence, we all raise our voice to make this monument to be Intangible cultural heritage (ICH) and the UNESCO must consider it in relation to the tangible World Heritage focusing on intangible aspects of culture.



However, it is worth mentioning that, the language that used in that inscription was different from Rakhine people but similar to Rohingya language.



Some of the usage of Inscription which are current or near to current in Rohingya language are: -

In the inscription Rohingya English
vasti vasti village
maya maya love
iva iva/ eva this
Pradesa Fordesh foreign country 
Jagata Jagat World
Satam Shat Hundred 
Krtm Karten Did
Rajyan Rashtri/rajastri Reign
Tena Tene/tain He
Nama Naame Name
Raja Rajah King

  
  
  

Sunday, April 15, 2018

Síra Oibár Nái (မခွဲကြေး)



Síra Oibár Nái


Hañsé taki óiye duré,
Dahá nofai fet fure.
Háñsá hoilé nái síra óibar 
Fírit gorí fissá zai bar.
Háñsa adorór rasta behañ,
Huwa asé burá-burír hotá.

Kuwal ot hát di báfi sailé,
Aññár vuk gán dóme.
Hóñl faki torloi taile duré
Morizayum vuk or zalaye.
Kiyólla aññárá duizon oré,
Kiyá síra gorér, aññí zainle yó…
Añártú hoité himmot e node.

Tui yó feccanit  mui buzómor,
Maa-bab ar mor mazé toró mug cóñro. 
Ek din Maa-bab e buzí aibo, 
mor báfa tor loi milibo.
Aññár dillan bazí nofaré fán súta fai,
Ze honó baána yé hárai bar nái.

Hoilla duddufaní barar zala, 
aññí yó fool boinni ebela,
Akhéri niyaic fán ador goitto dooná.

Hañsé taki óiye duré,
Deha nofai fet fure.
Soyi hoile nái síra oibar 
Fírit gorí fissá zai bar.
Háñsá adorór rasta behañ,
Huwa asé bura-burir hotá.

Biccáic gor, gor biccáic,
Dil besara dukfa de 
hotá ek fúrá hoibisaic.
Adoror rastat keñra uját taile yó 
fissá maaná mumé zaic. 

✂✂✂✂✂✂✂✂✂✂✂✂
Fáida Halu

April 14, 2018 (sat)
💺💺💺💺💺💺💺💺💺💺💺💺

Saturday, April 14, 2018

မော်တော်ယာဉ်ဥပဒေ စာအုပ်

ယာဉ်ပိုင်ရှင်များ လက်ကိုင်ထားသင့်သည့် ယာဉ်ဆိုင်ရာ ဥပဒေ စာအုပ် ဒီနေရာတွင် ဒေါင်းယူပါ။

Download Here: 


MYANMAR TRAFFIC LAW



အခြားသုတရသ စာအုပ်စာပေ၊ ဆောင်းပါးများ ဖတ်ရှူရန် ဤ ဆိုဒ်တွင် လာလှည့်ပါ။ 

Thursday, April 12, 2018

“၁၅၀၀ အချစ်” နဲ့ “၅၂၈ မေတ္တာ”



အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရ တာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့ မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?

မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ "ဂျူး" ရေးတဲ့"မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -

၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၎/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)


အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -

- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး


ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -

( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်


၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -
(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ တို့ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။

အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -

ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ

၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈) မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ
ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။

Wednesday, April 11, 2018

ရွှေနှင့်ယိုးမှားပန်းစကား

Mount Poppa, Bagan, Burma.


 ရွှေနှင့်ယိုးမှားပန်းစကား 



“ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည် ရွှေနှင့်ယိုးမှား
ပန်းစကား။” တဲ့

မြန်မာတွေရဲ့ အစောဆုံးကဗျာလေး ပုဂံခေတ်ကရေးတယ်၊ ရေးသူ အမည်မသိနိုင်ဘူးပေါ့။  မြန်မာ့ အစောဆုံးရေမြေမှာ ပုပ္ပါးမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ ချော်ရည်တွေ စူထွက်ခဲ့တဲ့ နေရာကလေးကို တောင်ကလပ်လို့ခေါ်ပြီး မြန်မာတွေ အားတိုင်းသွားကြတယ်။

ရှေးဦး အာဒိကပ္ပကျမ်းတွေမှာလည်း ပုပ္ပါးတောင်မြေမှ စုန့်စုန့်ထွက်ခြင်းကို အထင်ကရအဖြစ် ထည့်ထည့်ရေးတတ်ပါတယ်။

ဗုဒ္ဓဘာသာကို အိန္ဒိယကနေ ယူတယ် ကိုယ့်ရေကိုယ့်မြေနဲ့ ကိုက်ညီတဲ့ ထေရဝါဒဖြစ်အောင် ခေတ်အဆက်ဆက် သန့်စင်ပြီးကျင့်သုံးတယ်၊ အိန္ဒိယမှာ နတ်တစ်ကုဋေရှိတယ်၊ ကိုယ့်ရေ ကိုယ့်မြေနဲ့ မကိုက်ညီလို့ နတ်တစ်ပါးမှပါမလာပါ၊ ကိုယ့်ရေမြေနဲ့ ကိုက်ညီမယ့်နတ်ကို ကိုယ့်ဖာသာ မွေးယူကြတော့ မင်းမဟာဂီရိဆိုတဲ့ အမည်နဲ့နတ်ကို အစောဆုံးရေမြေက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မီးတောင်သေပေါ်မှာတင်ပြီး နယ်မြေအပိုင်စားပေးကာ ကိုယ်တိုင်မွေးဖွားပေးခဲ့တယ်။

ပထမဆုံးပေါ်ထွန်းခဲ့တဲ့ လက်နက်နိုင်ငံတော် အင်ပါယာဖြစ်သော ညောင်ဦးကမ်းပါးက အရိမဒ္ဒနပူရ် ဆိုတဲ့ ပုဂံမြို့တံခါးဦးမှာ အစောင့်အဖြစ် တာဝန်ပေးခဲ့ရင်း၊ ကိုးကွယ်ပသ တင်မြှောက်ခဲ့ကြတယ်၊ အခုထိ သရပါ တံခါး မှာ ဆောင့်ကြောင့်ထိုင်ပြီး သူစောင့်ပေးနေတုန်းပဲ။

ခေတ်ကမ္ဘာကလူတွေကလည်း ၂၀၁၆ မော်ဒယ် အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ကာဒီးလက်စ် မော်တော်ကားကို ဝယ်လာလည်း ဒီ မင်းမဟာဂီရိနတ်ရုပ်ကို လာပြနေကြတုန်းပဲ။ ပြီးတော့လည်း ယနေ့ထိမြန်မာတွေက ကိုယ့်ရဲ့အိမ်တွင်းနတ်အဖြစ်ချင်ခင်စွာနဲ့ ပေါင်းသင်းပြီး ကိုးကွယ်နေလိုက်တာမှ မြို့တိုင်း နယ်တိုင်းမှာ ဒီနတ်မောင်နှမ အတွက် အုန်းသီးကိုးကွယ်ဖို့နဲ့ အဖြူအနီပိတ်စ နှစ်စကို အလွယ်တကူ ဝယ်ယူလို့ ရနေတုန်း။

ပန်းအိုးထိုးတာကိုပဲ တစ်အိုးက လည်ရစ်ကလေးနဲ့ အဖိုအစ်မခွဲပြီး နတ်က မောင်နှစ်မဖြစ်လို့ တစ်အိုးနဲ့ တစ်အိုးမထိရဘူး၊ မီးနဲ့သေခဲ့တဲ့ နတ်ဖြစ်လို့ ညနေ မှောင်လို့ လျှပ်စစ်မီးထွန်းတယ်ဆိုရင်ပဲ မီးရောင် မမြင်ရအောင် လိုက်ကာလေး ချရတယ်လို့ သားသမီးမြေးမြစ်ကို လက်ဆင့်ကမ်းပေးနေတုန်း။

နတ်အုန်းသီးကိုးကွယ်တာ လိုလို့လားလို့ မမေးနဲ့တော့ပေါ့။ ဒါက မြန်မာတို့ရဲ့ အစောဆုံးရေမြေနဲ့ အစောဆုံးနိုင်ငံတော်က ရှေးမြန်မာ ဘိုးဘွားတို့ရဲ့ လက်မွန်မဆွ အသက်သွင်းလိုက်ကြတဲ့ ယဉ်ကျေးမှု တစ်ခုကို ဒီနေ့ထိ သယ်ဆောင်လာတဲ့ မြန်မာတို့ရဲ့ နှလုံးသားပါ။ ဒါလေးက လှတယ်။

ကိုယ့်ရေမြေသဘာဝကို ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ သက်သေသာဓက ဂရန်စာချုပ် ထက်လည်းလှပြီး အစောဆုံးရေမြေပေါ်ကို ကိုယ်နေထိုင်ဖို့ အသက်သွင်းယူလိုက်တဲ့ သပ်ရပ် လှပတဲ့ လုပ်ရပ် လည်းဖြစ်တယ်။
ကြည့်ပါလား ဒီဆက်နွယ် ဆန့်တန်းမှုလေးကို ရှေးမြန်မာတို့ရဲ့ လူမှုနယ်ပယ်က မြန်မာမိန်းမပျိုလေးရဲ့ အချစ်ရေးတစ်ပိုင်း တစ်စကနေ သူတို့တွေ ဘယ်လိုစိတ်ထား အဆင့်အတန်းနဲ့ နေထိုင်ခဲ့ကြလည်း
ဘယ်လိုနှလုံးသားတွေနဲ့လည်း၊ ယဉ်ကျေးမှုတွေကို အစောဆုံးရေမြေမှာပဲ ဘယ်လို ပိုင်ဆိုင်ထားကြပြီလည်း ဆိုတာ --

“သိုး က လေ” တဲ့
ဦးထုတ်ဆောင်းထားတဲ့ နတ်မင်းကြီးရယ်လို့ အဓိပ္ပါယ်တွေဖွင့်ကြတယ်၊ ပုပ္ပါးတောင်ကို အဝေးက ကြည့်ရင် ဦးထုတ်နဲ့တူလို့တဲ့၊ မကိုဋ်ဆောင်းထားတဲ့ မင်းမဟာဂီရိ နတ်မင်းကြီးလို့လည်း ထင်ကြည့်ချင်ပါသေးတယ်၊ 
သူက အိမ်တွင်းနတ်မဟုတ်လား၊ ပုဂံခေတ်မိန်းမပျိုကလေးက နတ်ကို ရင်းနှီး ချစ်ခင်စွာနဲ့ သူ့အချစ်ရေး နှလုံးသားကိစ္စကို တိုင်တည်ရင်ဖွင့်ချင်လို့ မင်းမဟာဂီရိနတ်မင်းကြီးရယ်လို့ နှုတ်ကနေ ထုတ်ဖော်ပြီး တ လိုက်တာပါ။

“ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား 
စုံတောပြား၌ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစကား။”
စုံလည်းတော၊ တောလည်းတော၊ ပြားလည်းတောပါပဲ၊ နတ်တောင်လို့ ရှင့်ကို အပိုင်စားပေးထားတဲ့ ပုပ္ပါးတောင်ရဲ့အမြင့်ဆုံးအခေါင် အဖျားက တောထဲမှာ သူ့အချိန် သူ့အခါရောက်မှ အလွန်တရာမှ ရှားပါးတဲ့ 
အနံ့ကလေးလှိုင်ပြီး မွှေးကြိုင်နေအောင် ပွင့်တတ်တဲ့ စကားပန်းလေးက ရွှေနဲ့ယိုးမှားရလောက်အောင် ဝင်းဝါတဲ့ အဆင်းနဲ့ မဟုတ်လားတဲ့။

“သိုးကလေ
စကားပွင့်နှင့် နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ်သည်ပင်သည် ခရီးသား။”
မင်းမဟာဂီရိကို ဆက်ပြီးပြောပြနေတယ်၊
သူက အဲဒီရွှေရောင် စကားပန်းလေးနဲ့ နှိုင်းယှဉ်လို့ရတဲသူပါတဲ့၊ ရဲရင့်တဲ့အမျိုးအနွယ်က ဆင်းသက်လာပြီး အသိနဲ့ယှဉ်တဲ့သူပါတဲ့၊ အသားအရေ ညက်ညောပြီး နူးညံ့စင်ကြယ်တဲ့ အမျိုးသမီးပါ၊ သူ့ ခင်ပွန်းက ခရီးသွားနေသူ ဖြစ်ပါတယ်တဲ့။

“သိုးကလေ
မြိတ်လွတ် စုလည်း
အငယ်တည်းက ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား စောင့်တရား။”
မင်းမဟာဂီရိကို သူ့နှလုံးသားရေးရာကို တိုင်တည်တယ် ဆိုတာဒါပါပဲ၊ 
အိမ်တွင်းနတ်ဆိုတဲ့ အဓိပ္ပါယ်လည်း ပိုသက်ရောက်တယ်လို့ထင်မိပါတယ်။
မြိတ်လွတ်၊ စုလည်း ဆိုတာ ရှေးက ဆံထုံးထုံးတဲ့ပုံစံကို ဆိုတာပါ။ ဒါပေမယ့် အသက်အရွယ် အပိုင်းအခြား အမှတ်အသားကိုလည်း ညွှန်းဆိုပြီးသားဖြစ်ပါတယ်၊ နဘူးရှေ့က ချထားတဲ့ ဆံမြိတ်ကလေးတွေ လွတ်သွားပြီး  မြိတ်လွတ်ဆံပင်တွေကို အုတ်လုံးသိမ်းပြီ ဆိုတာ အပျိုဖြစ်ခါစ ပါတဲ့၊ စုလည်းဆံထုံး ထုံးပြီ ဆိုတာ လက်ထပ်လို့ရပြီပေါ့ စုလျားရစ်ပတ်နဲ့ အဓိပ္ပါယ် ကပ်ရက်တွေပါ။

ငယ်စဉ်ကတည်းက ချစ်ခဲ့ကြတာတဲ့ အပျိုဖြစ်ကာစ ကတည်းကပေါ့၊ ဟုတ်မှာပါ ခင်ပွန်းက  မွေးသဖခင်ရဲ့ တူအရင်းတဲ့ လက်ပွန်းတနှီးရင်းနှီးတဲ့သူ ဆိုတော့ ငယ်ကတည်းက ချစ်ခဲ့ကြရာမှာ အဲဒီချစ်ခြင်းတရားက ချစ်ခြင်းစုရုံးလို့ ပြောတာက မွေးဖတူရင်းလို့ ဆိုထားလို့ မောင်နှစ်မလိုရော၊ လင်လိုမယားလိုရော ချစ်ကြ ပါတယ်လို့ ပြောချင်တာဖြစ်ပါလိမ့်မယ်၊ အဲဒီချစ်ခြင်း မေတ္တာတရားကို သူ့အသက်နဲ့ထပ်တူ၊ သူ့နှလုံးသားနဲ့ ထပ်တူ စောင့်ထိန်းပါသတဲ့။

“ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ ။”
မိဘဆွေမျိုးများရယ်တဲ့
အနံကြီးပိတ်ချောထည်ကို ဝတ်ဆင်ထားပြီး ပုဝါကို ခါးမှာစည်းထားတဲ့ ဖွံ့ဖွံ့ထွားထွားနဲ့ စင်ကြယ်စိုပြည်တဲ့ အမတ်ကြီးအဖြစ် လျာထားခြင်းခံထားရတဲ့ သူ့ချစ်သူကို သူချစ်ကြိုက်မိတာ အပြစ်မရှိပါဘူးတဲ့။

ကဗျာလေးကဒါပဲ ကိုယ် ရှင်းပြနေရတာကမှ ရှုတ်နေသေးတယ်။ အပေါ်ယံမှာတင် မြင်နေရသားပဲ။

ပုပ္ပါးနတ်တောင်လို့ ညွှန်းကတည်းက မင်းမဟာဂီရိပဲ၊ သူ့ကိုတိုင်တည်ချင်လို့ သူအပိုင်စားရတဲ့ ပုပ္ပါးတောင်ပေါ်က စကားဝါပန်းလေးကို ပွင့်ပြတာပါပဲ။
ပထမအပိုဒ်က ပန်းကလေးအကြောင်း၊ ဒုတိယပိုဒ်မှာ မိန်းမပျိုလေးက သူ့အကြောင်း၊ တတိယအပိုဒ်က သူတို့ချစ်ခြင်းဇာတ်ကြောင်း၊ စတုတ္ထအပိုဒ်က သူ့ချစ်သူအကြောင်း။

ပုပ္ပါးတောင်ဘေးရပ်တော့ ဒီကဗျာ(၄) ပိုဒ်ကိုထပ်ပြီး သတိရတယ်။
စကားပန်းလေးမှာ အချင်းရော အဆင်းရောရှိတယ်လို့ပြောတယ်၊ အရည်အချင်းက နံ့ရှားကြိုင်လွင့်တဲ့ ရှားပါးတဲ့ မွှေးကြိုင်တဲ့အနံ့ အပေါ်ယံဆင်းပြင်သွင်လျာက ရွှေနဲ့ယိုးမှားရလောက်အောင် ဝင်းဝါတယ်။
မိန်းမပျိုလေးက သူလည်းအဲဒီလိုပဲ အဆင်းရော အချင်းရောပြည့်စုံတယ်တဲ့။ အရည်အချင်းက ရဲအမျိုးသမီးတဲ့၊ အဆင်းက ညက်လှပြာစင်တဲ့။ ဒါ့ကြောင့် သူကအဆင်းရော အချင်းရောရှိတဲ့ ချစ်သူကိုရထားတာတဲ့

သူ့ချစ်သူရဲ့ အရည်အချင်းက အမတ်ကြီးအဖြစ်လျာထားခြင်းခံထားရပြီ။ အဆင်းက ကျိုင်းစင်မြဝါတဲ့ ဖွံ့ဖွံ့ထွားထွားနဲ့ စင်ကြယ်စိုပြည်သူတဲ့။ အချင်းနဲ့ အဆင်းကို ယှဉ်ယှဉ်ပြပြီး နှိုင်းသွားတဲ့ အနှိုင်းရော အနှိုင်းခံတွေပါ ဂုဏ်ချင်းပြည့်စုံ ကိုက်ညီပြီး လှသားပဲ။

နတ်ကို နားဝင်အောင်ပြောလိုတဲ့ ရည်ရွယ်ချက်ကို ရောက်အောင်ပို့ဆောင်ပုံကလည်း အစောဆုံးစာပေမှာ ကတည်းက အဆင့်အတန်းရှိနေပါလားပေါ့။
ဒါဆို ရည်ရွယ်ချက်က ဘာများပါလိမ့် --
အိမ်တွင်းနတ်တင်မကဘူး မိဘဆွေမျိုးတွေကိုပါ သူ့ချစ်ခြင်းက မှန်ကန်ပါတယ်လို့ တစ်ခါတည်းပြောခဲ့သေး တယ်၊ စကားပန်းတွေပွင့်တဲ့ တောင်ပေါ်က မင်းမဟာဂီရိကို စကားပန်းလေးကိုပြပြီး နားဝင်အောင်
တိုင်တည်တဲ့ ရည်ရွယ်ချက်က သူ့ သစ္စာတရားပါပဲ။

ခရီးသည်၊ မတ်ကြီးလျာဆိုမှတော့ သူ့ချစ်သူ မောင်ကြီးက စစ်ထွက် နေပါလိမ့်မယ်၊ ကျန်ရစ်တဲ့ မိန်းမပျိုလေး က နှလုံးမခြားစောင့်တရားနဲ့ သူ့ချစ်သူ အပေါ် ချစ်ခြင်းမှာ သစ္စာရှိပါတယ်တဲ့ ဒီတော့ စစ်ထွက်နေတဲ့ ချစ်သူ ခင်ပွန်း အိမ်သားအပေါ် ဘေးမသီရန်မခအောင် စောင့်ရှောက်ပေးပါလို့ ပြောလိုရင်းပဲ။
ရှေးမြန်မာတွေ သယ်ဆောင်ခဲ့တဲ့ ယဉ်ကျေးမှုတွေထဲမှာ ချစ်သူခင်ပွန်း စစ်ထွက်ရင်သော်လည်းကောင်း၊ ခရီးထွက်ရင်သော်လည်းကောင်း ကျန်ရစ်သူ  ဇနီးမယားက သစ္စာစောင့်သိရင် ရှေ့ကလူ ဘေးမသီရန်မခနဲ့ အန္တရာယ်ကင်းပြီး အိမ်မှာ ကျန်ရစ်သူဇနီးမယားက သစ္စာဖောက်ဖျက်ရင် ရှေ့ကလူ အန္တရာယ် ဘေးဒုက္ခနဲ့ တွေကြုံရတတ်တယ်လို့ ယုံကြည်ခဲ့ကြပြီး အိမ်သူသက်ထား ဇနီးမယားတွေက အဲဒီလို အချိန်တွေမှာ ခါတိုင်းထက်တိုးပြီး သစ္စာစောင့်ထိန်း နေထိုင်လေ့ရှိပါတယ်။

ဒီယဉ်ကျေးမှုရဲ့ စတင်မြစ်ဖျားခံရာဆီက ဒီကဗျာလေးဟာ မင်းမဟာဂီရိ ရဲ့ နယ်ပယ် အပိုင်စား ရရာ အစောဆုံးရေမြေက လှပတဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်းရံနေတဲ့ပုပ္ပါးမီးတောင်ဟောင်းပေါ်မှာ သူ့အချိန် သူ့အခါရောက်မှ သစ္စာရှိရှိ ပွင့်တတ်တဲ့ ရွှေနဲ့ယိုးမှားတဲ့ စကားပန်းလေးကို ဒီနေ့ဒီအချိန်ထိ ပွင့်လန်း
စေခဲ့တဲ့ ယဉ်ကျေးတဲ့ ရှေးမြန်မာတွေရဲ့ သက်သေခံပေါ့။ ခေတ်အဆက်ဆက် ပွင့်လန်းစေပြီး သယ်ဆောင်လာခဲ့တဲ့ ဒီယဉ်ကျေးမူကို ကိုယ် ကရော ဘယ်လိုသယ်ဆောင် လက်ဆင့်ကမ်းမှာလည်း
ခေတ်ကမ္ဘာက လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်ပါ သက်ရောက်စေတဲ့ ယဉ်ကျေးမူဖြစ်တယ်ဆိုရင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာ့အဆင့်နဲ့ ထိန်းသိမ်းစောင့်ရှောက်တာရှိပါတယ် World Heritage ဆိုတဲ့ စာရင်းပါ။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ ကမ္ဘာ့သဘာဝ အမွေအနှစ်အဖြစ် စည်းမျဉ်း ကိုက်ညီမှု သတ်မှတ် ချက်တွေရှိပါတယ်၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်၂၀၁၄ ခုနှစ်က ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃) မြို့ စာရင်းဝင်ရောက်ခဲ့ပြီး အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ နိုင်ငံသားတို့ရဲ့ ဆန္ဒအတိုင်း
စီမံခန့်ခွဲမှု စနစ်တစ်ရပ် ရေးဆွဲကာ ကမ္ဘာ့ကုန်ကျစားရိတ်နဲ့ UNESCO က ထိန်းကျောင်း လျောက်လှမ်းရင်း အမွေအနှစ်ကို ကမ္ဘာတည်သ၍ ရည်ရွယ်ပြီး ကာကွယ်စောင့်ရှောက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ သဘာဝ အမွေအနှစ်အဖြစ် ဂျပန်တွေက ဖူဂျီယာမာတောင်ကို ထည့်သွင်းနို င်ခဲ့ကြတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ခေါင်းစဉ်ရဲ့ အောက်မှာ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေလို ဆုတ်ကိုင်လို့ မရတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဆိုတာတွေကိုလည်း ကမ္ဘာ့အဆင့်နဲ့ ထိန်းသိမ်းစောင့်ရှောက်မယ် ဆုံးဖြတ်တဲ့အခါ ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းစဉ်လာတွေ၊ တေးဂီတတွေ၊ ကကြိုးကကွက်တွေ စသည်ဖြင့် Intangible Culture Heritage အဖြစ် သတ်မှတ်ပါတယ်။

ဒီလို စည်းမျဉ်းကိုက်ညီမှုတွေထဲမှာ အရေးအကြီးဆုံးအချက်က ရိုးရာအစဉ်အလာတစ်ခုကို မိသားစုတစ်စု၊ မျိုးနွယ်စု တစ်စု၊ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံက နှစ်ပေါင်းများစွာကတည်းက စွဲမြဲလက်ခံကျင့်သုံးပြီး၊
လက်ဆင့်ကမ်းလာခဲ့တယ်၊ အခုထိလည်း ထိန်းသိမ်းစောင့်ရှောက်ထားပြီး အခုထိလည်း လက်ခံ ကျင့်သုံးဆဲပဲ၊ အဲဒီအစဉ်အလာ ဓလေ့ဟာ ကမ္ဘာမှာတစ်ခုတည်း တစ်နိုင်င်္ငတည်းမှာသာ ရှိရမှာဖြစ်ပြီး တစ်ဖက်ကလည်း လူ့ဘောင်သမိုင်းကို အကောင်းဖက်က ဖြည့်စွက်ခဲ့ခြင်းသာဖြစ်ရပါမယ်၊ ဒါဆိုရင်ပြီးပါပြီ။

ပန်းစကားကဗျာလေးနဲ့ လမ်းညွှန်ခဲ့တဲ့ မြန်မာတို့ရဲ့ အစောဆုံးရေမြေက မင်းမဟာဂီရိနတ်ကို ကိုးကွယ်တဲ့ အလေ့ဟာ ပထမမြန်မာနိုင်ငံတော်  ပေါ်ထွန်းစဉ်ကပင် လက်ခံကျင့်သုံးခဲ့ပြီး ခေတ်အဆက်ဆက် လက်ဆင့်
ကမ်းလျက် ယနေ့တိုင်လည်း စွဲမြဲစွာ ကျင့်သုံးခဲ့ပြီး အိမ်တွင်းနတ်အဖြစ် ကိုးကွယ် လက်ခံဆဲ ဖြစ်ပါတယ်၊ လူ့ဘောင် သမိုင်းကိုလည်း အကောင်းဖက်က စွက်ဖက်ခဲ့ခြင်းဖြစ်တယ်--

ဒါဆိုရင် ခေတ်ကမ္ဘာကဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်နေတဲ့ မျက်မှောက်ခေတ်မှာ လူဖြစ်လာတဲ့ မြန်မာတွေက
နတ်အုန်းသီး ကိုးကွယ်တာ လိုလို့ လားလို့ စောကြောချင်တဲ့ဉာဏ်ကို ဒါ တို့ ဘိုးဘွားရှေးမြန်မာတွေရဲ့ အစောဆုံးရေမြေပေါ်က ယဉ်ကျေးတဲ့လုပ်ရပ်၊  နူးညံ့တဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်လေးတွေ၊ ရော့ ကမ္ဘာ့ စားရိတ်နဲ့ထိန်းသိမ်းပြီး ကမ္ဘာကလူတွေကို ပြပေးလိုက်ပါ ဆိုတဲ့ ဉာဏ်အဖြစ် ပြောင်းလဲလိုက်ယုံပါပဲ။
ဒီဉာဏ်လေးပေါ်ကို မမေ့မလျော့ မပေါ့မဆ ခုန်တက်လိုက်တာနဲ့ ကမ္ဘာ့ သဘာဝ အမွေအနှစ်အဖြစ် - 
မြန်မာတို့ရဲ့ အစောဆုံးရေမြေမှာ မြေထဲက စုန့်စုန့်ကြီးထွက်ခဲ့တဲ့ ပုပ္ပါးတောင်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် -
ကိုယ်ပိုင်ဖန်တီးမွေးဖွား ချစ်ခင်ထားအပ်သော မင်းမဟာဂီရိနတ်မင်းက စောင့်ရှောက်လျက်ရှိတဲ့ မြန်မာတို့၏ ပထမဆုံးသောအင်ပါယာ ပုဂံနိုင်ငံတော်က ကြွင်းကျန်ရစ်ခဲ့သည့် နောက်ဆုံးတံခါး သရပါ။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အဖြူအနီ ရှံပန်းနှစ်စ၊ အုန်းသီးတင်ထားကိုးကွယ် ချစ်ခင်မြဲလျက် အိမ်တွင်းနတ် ကိုးကွယ်တဲ့ ဓလေ့ တို့ဟာ ကမ္ဘာတည်သ၍ ဒွန်တွဲလျက် တည်ရှိနေမှာဖြစ်ပြီး ရွှေနဲ့ ယိုးမှားတဲ့ စကားပန်းလေးကလည်း နောက်မျိုးဆက်များဖြစ်တဲ့ ကျိုင်းစင်မြဝါသော မြန်မာအမျိုးသားများ၊ ညက်လှပြာစင်သော မြန်မာ ရဲအမျိုးမီးများအတွက် ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျားမှာ ခေတ်အဆက်ဆက် နံ့ရှားကြိုင်လွင့်လျက်သာ။ ။

🔰🔰🔰🔰
ချစ်ခင်စွာဖြင့် -

ဒီဇိုင်းမျိုးဆွေသန်း

( ၆၊ နိုဝင်ဘာ၊ ၂၀၁၆ နံနက် ၆ နာရီမှ ထွက်သော နေရောင်၏အောက်တွင် ပုပ္ပါးတောင်အား ဓါတ်ပုံရိုက်ရန်
ဝီရိယလွန်လျက် နံနက် ၃ နာရီတွင် သူငယ်ချင်းကိုပြည့်၊ ကိုမင်းမင်း၊ မျိုးဇော်ကို တို့နှင့်အတူ ရောက်နေ၍
ကြက်မောက်တောင်ဆည်၏ ဘောင်ပေါ်တွင် နေကို ထိုင်စောင့်ရင်း အမှောင်ထဲမှ ပုပ္ပါးတောင်အား
ညရောင်ရေးရေးတွင်ငေးရင်း ပေါ်လာသောစိတ်ကူးကို ပိုးစပ်ကောင်များ ဝိုင်းအုံလျက် အမှတ်တရရေးသည်။)


Tuesday, April 10, 2018

ရိုဟင်ဂျာ တော်လှန်ရေးဖခင် ဇာဖောရ်ကာဝါလ် (၁၉၁၅-၁၉၅၃)

Zaffor Kawal, Founder of Rohingya revolution Mujaheed Movement of Arakan.



ရိုဟင်ဂျာ တော်လှန်ရေးဖခင် ဇာဖောရ်ကာဝါလ် (၁၉၁၅-၁၉၅၃)


" တော်လှန်ရေးမသိသောအမျိုး လွတ်မြောက်မည် မဟုတ်"
- ဇာဖောရ်ကာဝါလ်

 ဇာဖောရ်ကာဝါလ်၏ အမည်ရင်းမှာ ဇာဖောရ်ဟူစိန်း ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်၊ အာလီယောင်းကျေးရွာ၌ ၁၉၁၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ သာသနာ့ပညာရှင် မော်လနာ စုလ်တာန်အဟ်မတ် (အဗၺဒုလ္ဘာရီ ဟုလည်း   အဆိုကွဲရှိသည်) ဖြစ်သည်။ မိခင်မှာ ဦးကူတုဗ်၏သမီး ဘာနူရှားခါတွန် ဖြစ်သည်။ ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ 

 ဇာဖောရ် အရွယ်ရောက်လာသောအခါ အိန္ဒိယပြည်သို့ ပညာတော်သင်ရန် ဖခင်က စေလွှတ်ခဲ့သည်။ ထိုအချိန်သည် အိန္ဒိယပြည်၌ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်၍ လွှတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ကာလဖြစ်သည်။ သူသည် အိန္ဒိယ၌ ပညာသင်ရင်း အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရင်းနှီးကာ နိုင်ငံရေးနှင့်တော်လှန်ရေးဘက်သို့ စိတ်ဝင်စားလာခဲ့သည်။ ထို့အပြင် ကာဝါလီ အနုပညာကိုလည်း ဝါသနာအရ စည်းစနစ်မှန်မှန် သင်ယူခဲ့သည်။ 

       မိမိတို့၏ ရိုဟင်ဂျာလူမျိုးတို့ ထိုအချိန်က ရင်ဆိုင်နေရသော အင်္ဂလိပ်အစိုးရ၏ သစ္စာဖောက်မှု၊ တစ်ဖက်က ကိုလိုနီနယ်မြေတဝန်းရှိ လူမျိုးအသီးသီးသည် မိမိတို့အခွင့်အရေးကို သွေးချွေးမြေကျ မရရအောင် ရယူနေကြသည်ကို နမူနာယူလျက် ဇာတိသွေးဇာတိမာန် နိုးဆော်ထကြွလာကာ မိမိတို့အမျိုးသား၏ အခွင့်အရေးကို အရယူရန် တော်လှန်မည်ဟု သန္နိဌာန်ချခဲ့သည်။ ကျောင်းလည်း မပြီးသေး ထိုခေတ်က အာရဗီ ၁၀ တန်းလောက်သာ။ ခေါင်းထဲတွင် အမျိုးသားလွှတ်မြောက်ရေးစိတ်က တဝီဝီနှင့်။ 

 ကျောင်းမှထွက်၍ အိန္ဒိယပြည်သား စာသင်ဖက်တစ်ချို့နှင့်အတူ အိန္ဒိယ တော်လှန်ရေး ခေါင်းဆောင် ဆုဘာခ်ျချော်န္ဒြာ ဘို့စ် (Netaji Subush Chandra Bose) ဦးဆောင်သော အိန္ဒိယ လွတ်မြောက်ရေး တပ်မတော် ILA (India Liberation Army) သို့ ဝင်ရောက်ကာ စစ်ပညာ သင်ယူခဲ့သည်။ အိုင်အလ်အေ၏ စေခိုင်းချက်အရ အထက်မြန်မာနိုင်ငံအခြေစိုက် အိုင်အလ်အေ စခန်း၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်သည် ဒုတိယကမ္ဘာစစ် ဖြစ်နေချိန်ကာလဖြစ်သောကြောင့်ဂျပန်က ဗြိတိသျှကို အနိုင်ချေမုန်းရေးအတွက် အိန္ဒိယ၊ မြန်မာစသည့်မဟာမိတ်များ ပူးပေါင်းကူညီရန် သွေးဆွနေသည့် အချိန်ဖြစ်သည်။ ယင်းအခွင့်အရေးကို ရဲဘော် ပေါက်စလေး ဇာဖော်ရ် ကလည်း ခံစားရခြင်းဖြစ်ပေသည်။ 

 နောက်ဆုံးတွင် "အချိန်ရှိခိုက် လုံ့လစိုက်" ဆိုရိုးကို သင်ခန်းစာယူလျက် ပညာတစ်ပိုင်းတစ်ဝက်တွင် မိမိအမျိုးအား တစ်ဖက်သတ်မျက်ကန်းဥပဒေမှ ကယ်တင်ရန် အိုင်အလ်အေမှ ထွက်ကာ အမိမြေ အာရ်ကာန်သို့ ပြန်ကြွလာခဲ့သည်။ အာရ်ကာန်မြေသို့ရောက်ပြီး ဖက်ဆစ်ဂျပန်ကို မောင်းထုတ်ရန် ဗြိတိသျှအကူအညီဖြင့် ဖွဲ့စည်းခဲ့သော ဗွီဖိုစ်(V Force)သို့ ဝင်ရောက်ခဲ့သည်။ သူသည် ကာဝါလီတေးဖြင့် လူငယ်များ၏ အိပ်စက်နေသော မျိုးချစ်စိတ်ကို နိုးဆွစေခဲ့သည်။ တာရာနာ ဟုခေါ်သော မျိုးချစ်တေးများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုကာ အမျိုးဂုဏ် ဇာတိမာန်တို့ကို လှုံဆော်ပေးခဲ့သည်။ စစ်တွေမြို့တွင် မျိုးချစ်ကာဝါလီတေးများ သီဆိုသဖြင့် တရားစွဲခံခဲ့ရသည်။ ခေါင်းဆောင်ကြီးသည် တာရာနာ မျိုးချစ်တေးကို တီထွင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် မျိုးချစ်လူငယ်များကို တဖြည်းဖြည်း စည်းရုံးကာ ရိုဟင်ဂျာတော်လှန်ရေးလမ်းစကို "မူဂျာဟီးဒ် တော်လှန်ရေး လှုပ်ရှားမှု" (Rohingya Mujaheed Movement) (၁၉၄၆-၁၉၆၁) အမည်ဖြင့် အုတ်မြစ်ချပေးခဲ့သည်။ ၁၉၄၂ ခုအဓိကရုဏ်းပြီးနောက် မျိုးစောင့်တပ်ဖွဲ့ငယ်များ ရှိခဲ့သော်လည်း တစ်မျိုးသားလုံး၏ ကိုယ်စားပြုတည်ထောင်သောအဖွဲ့မဟုတ်ချေ။ ခေါင်းဆောင်ကြီး၏ လက်နက်ကိုင်တော်လှန်ရေးတွင် ထင်ရှားသော တိုက်ပွဲ ၂ ပွဲမှာ ဘူးသီးတောင်မြို့နယ် ဖောင်းတောပြင်တိုက်ပွဲနှင့် မောင်တောမြို့နယ် တမန်သားတိုက်ပွဲတို့ဖြစ်သည်။ ၁၉၄၉ ခုတွင် တော်လှန်ရေးတပ်ဖွဲ့ကို နယ်စပ်သို့ ရွေ့ပြောင်း အခြေချခဲ့သည်။ 

ခေါင်းဆောင်ကြီးသည် မျိုးချစ်တော်လှန်ရေးသမားများကို စစ်ပညာသင်ပေးခဲ့သည့်အပြင် ကျွန်ဘဝမှ လွှတ်မြောက်လိုသော သခင်စိတ်ကိုလည်း ထည့်သွင်းပေးခဲ့သည်။ ကာဝါလီ တေးတိုက်ပွဲများ ကျင်းပကာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုင်ရာ တေးများသီဆို၍ ရပ်သူရပ်သားများအား ဝံသာနုစိတ်ဓာတ် ထက်သန်စေခဲ့သည်။ ထိုသို့ ကာဝါလီ တေးတိုက်ပွဲများ၌ သီဆိုရာမှ ဇာဖောရ်ကာဝါလ် ဟူသောအမည်နှင့် ထင်ရှားလာခဲ့သည်။ 

ခေါင်းဆောင်ကြီးသည် မိမိအမျိုးအား ကျွန်ဘဝမှ လွှတ်မြောက်စေရန် (၇)နှစ်နီးပါး တော်လှန်အရေးအဖွဲ့ကို ကိုယ်ကျိုးမဲ့သက်သက်ဦးဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၁ ရက် ၁၉၅၃ ခု ညေန ၁၂ နာရီတွင် မိမိ၏ ခံတပ်၌ အိပ်စက်နေစဉ် မသမာသော လူတစ်ချို့၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့လေသည်။ လက်သည်ရှင်မှာ နူရ်မိုဟာမတ် ဆိုသော သစ္စာဖောက် တစ်ယောက်ဖြစ်သည်။ (ခေါင်းဆောင်ကြီးကို ၁၉၅၀ ပြည့်နှစ်တွင် လုပ်ကြံခံခဲ့ရသည်ဟု အချို့က  ဆိုသည်။)

ခေါင်းဆောင်ကြီး၏ ထင်ရှားသော တာရာနာ တေးတစ်ပုဒ်ကို အောက်တွင် ဖော်ပြထားသည်။ 

Jawan ol, loo dibolla toyar óu,
Ducmon or goddona loibolla toyar óu.

Aiyer búsal abar Arakanor zobinot
Koumor keshti basai bolla toyar óu.

Seton oibar wokto matar uore accé
Mushirik ouloré dorforaiballá toyar ou.

Gumot foijje de Ruwainga re seton gor
Nara e takbir loi kaferore behuñc gór.

Jowan ol, loo dibolla toyar óu,
Koumor keshti basai bolla toyar óu.

— Zafor Kawal (1947)

 မှီငြမ်း
 - အာကာဘရ်အေ အာရ်ကာန်
- ရိုဟင်ဂျာကိုမ်ကိ သဟ်ရိက်

( နတ်မျက်စိ ရေးသည်)


Saturday, April 7, 2018

Hobor or Monot Goró



                            Hazarat Abusayid (ra) e rewayot goijjéde: Ek motto Rosulullah (s) e nomaz foribollá mosoid ót aiyerde ottót manúic hodun é dat dahái háñcer dé dikké. Éottot Rosulullah (s) e,  ossé tuáñra moza beggulun oré súri feliboudé mout or becá bicí monot goríta bóli ehon aññí Rosululla e dekirdé hálot no tákitou bouli hoiyé. Étolla tuáñrá haar moza ré súri felíbou dé mout or becá bicí monot goijjó. Kiyóllah boli hoilé hobor e foitto din een abas nodede din nái. Aññí begenar gór. Aññí ekéla gór. Aññí meitta gór. Aññí fuk zuk or gór. Mumen ugguá ré dofón goradé ottót kobore íbaré hoodé, tui accosde borkot oiyé. Tui accósdé bicí gom óiyé. Aññár fiçór uottú áñritóde mancór bútore mortú toré bicí fosón lagitou. Ajja toré mor hañsé gosái diye. Mor hañse foñcos zehon mor gom taalukat tui dekí bi. Baade kobor murdar eksugor foñt fárot oizaibou. Murdar lá jonnot ottún duwar ekkán kúli dibou. Gunágar yá kafér ugguá ré dofon goráde óttót hobore hoibó de, tui accos dé gom noó. Tui accosdé bicí hóraf oiyé. Mor fiçor uottún áñritó de mancór bútore mortu toré ebbe naforot lagitou. Aijja tore mor hañse zehón gosái diye, tui mor hóraf taalukat oré dekibi. Baade hobore een gorí siban maribodé ekdákor cáitténa arekdákot góli bogói. Rosulullah (s) e hátor oñl oré ekhátor oñl ar ekhát ot gólai oré cáittena endilla gorí góliboi hoói dehái yé. Baade tar uoré Allah taala e 70 gwa háf musolot gorí dibo. E háf gunór bútortun ugguá háf e e duniyait niyaic félailé zobinot mazé kiyamot aiyé fan honó ker nofúribo. É háf okkole gunágar oré kiyamot aiyéfán kúth marat táibou. rosulullah (s) hoiyé. Kobor deki jonnotor bariza ókkol ór bútor tun ekkán bariza óibi. Yá zuzukor gañra okkolor bútortun uggúa gañrá óibou. 

[Tirmidi]