Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 8, 2021

Fíriñg (႐ိုဟင္ဂ်ာစကားပေဒသာ ၅)

 



#ရိုဟင်ဂျာတို့ပြောစကားထဲက_ဥပမာအလင်္ကာ


Fíríng ngoñt dóil - နှံကောင်အတိုင်း/ နှံကောင်လို 


စကားပြောတဲ့အခါ တစ်ခါတလေ ဥပမာပေးပြီး ပြောလေ့ပြောထရှိပါတယ်။ ဥပမာပေးပြီး ပြောတဲ့အချက်က ကိုယ်ပြောတဲ့စကားကို သူတစ်ပါးက လွယ်လွယ်ကူကူ နားလည်အောင်လို့ပါပဲ။ 


အဲ့လိုမျိုး ဥပမာနဲ့ပြောတဲ့အခါ တန်ဆာဆင်တဲ့သဘောပါခဲ့ရင်တော့ ​မြန်မာစာမှာ ဒါကို ဥပမာအလင်္ကာမြောက်တဲ့အဖွဲ့လို့ ခေါ်ပါတယ်။ 


ကျွန်ုပ်တို့ ရိုဟင်ဂျာတွေကလဲ စကားပြောတဲ့အခါ ဥပမာအလင်္ကာတွေ သုံးကြတာရှိပါတယ်။ အဲ့လိုပြောတဲ့ ​ထဲမှာ ❝ Firíng ngoñt dóil - နှံကောင်အတိုင်း❞ ဆိုတဲ့ အသုံးအနှုန်းလဲပါဝင်ပါတယ်။ 


ဒီနေရာမှာ မြန်မာစာပေရဲ့ ဥပမာအလင်္ကာအကြောင်း နားလည်ရင် ရိုဟင်ဂျာတို့သုံးတဲ့ ဥပမာအလင်္ကာအသုံးအနှုန်းရဲ့သဘောတရားကို နားလည်ဖို့ အထောက်အကူဖြစ်စေမှာပါ။ 

(ဒီ link ထဲက ဝင်ဖတ်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=283182156977198&id=236426761652738)။


▪Fíríng (Eng) Grasshopper

(မြန်မာ) နှံကောင်


ဒီနှံကောင် (Fíríng) ဆိုတဲ့ ပိုးကောင်မှာ အငြိမ်မနေတတ်တဲ့အကျင့် ရှိတယ်။ သူတို့ဟာ နေရာတစ်ခုမှာ ကြာကြာ နားမနေတတ်ပါဘူး။ အမြဲပဲ ခုန်ရင်းလွှားရင်း နေတတ်တယ်။ ဟိုအပင်ကနေ ဒီအပင်ဆီ၊ ဒီအကိုင်းကနေ ဟိုအကိုင်းဆီ ပေါ့ပေါ့ပါးပါး ခုန်ပေါက်နေတတ်တယ်။ အဲ့လို ပေါ့ပေါ့ပါးပါး ခုန်လွှားနိုင်တာဟာ နှံကောင်တွေရဲ့ သွက်လက်မှု၊ ဖျတ်လတ်မှု စွမ်းရည်ပါပဲ။ သူတို့ဟာ မထိုင်းမှိုင်းဘူး။ မလေးကန်ဘူး။ အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်နိုင်တယ် ဆိုတဲ့သဘောပါ။


ရိုဟင်ဂျာတွေကလဲ လူတစ်ယောက်ကို ''အလုပ်လုပ်တဲ့အခါသွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ရှိတယ်၊ လျင်မြန်မှု ရှိတယ်၊ တစ်နည်းအားဖြင့် မထှိုင်းမှိုင်းဘူး၊ မလေးကန်ဘူး၊ ရေသာမခိုတတ်ဘူး'' စတဲ့အနက်တွေနဲ့ တင်စားပြီးပြောချင်တဲ့အခါ ❝Firíng ngoñt dóil - နှံကောင်အတိုင်း❞ ပဲလို့ ပြောကြပါတယ်။ 


သာဓက -


▪ Khon Thar bishí chuçúr cháçúl. Fóe fóé firíng ngoñt dóil. 


▪ ခွန်သာဟာ အင်မတန် သွက်လက်တယ်။ လုံးဝကို နှံကောင်အတိုင်းပါပဲ။ (Fóe fóé ဆိုတာ နှံကောင်ကို ကြည့်ရင် ခွန်သာကို မြင်ရမယ် ဆိုတဲ့သဘော)။ 


chuçúr cháçúl (အသံထွက် - ချူရုရ် ချရုလ်) = ဖျတ်လတ်သော၊ သွက်လက်သော။


▪ Gaálí goíllé torki noibá. Firíng ngoñt dóil bonóh. 

▪ ပျင်းရိနေလို့ကတော့ တိုးတက်မှာ မဟုတ်ဘူး။ နှံကောင်လို ဖြစ်လော့။ 


◼ သီချင်းထဲမှာ သုံးနှုန်းပုံ


ဒီ ❝Firíng ngoñt dóil❞ ဆိုတဲ့ အလင်္ကာကို ဒေါက်တာဘော်ရှိရ်က ရိုဟင်ဂျာ အချစ်ရေးသီချင်းတစ်ပုဒ်မှာ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းမှာတော့ ဒေါက်တာက ကျွန်တော်အပေါ်က ပြောပြတဲ့ အနက်နဲ့ သုံးထားတာမဟုတ်ဘဲ တခြားအနက်နဲ့ သုံးထားတာတွေ့ရပါတယ်။ သီချင်းထဲမှာဆိုတော့ လင်္ကာဆန်ဆန် လှလှပပ ဖွဲ့နွဲ့ သုံးနှုန်းသွားတယ်လို့ပဲ မြင်ပါတယ်။ 


ဒေါက်တာရဲ့ သီချင်းထဲက သုံးနှုန်းပုံကို လေ့လာကြည့်ကြရအောင်။ 


"Ashique kír etó zalaa zanitáam, honódín aíñ ashíque nogoittaam [ချစ်​​ခြင်းရဲ့ ဒီလောက် ရက်စက်မှုကို ကြိုသိခဲ့မယ်ဆိုရင် ငါ (မင်းကို) ဘယ်တော့မှ မချစ်ခဲ့လောက်ဘူး]'' အစချီတဲ့ ဒီသီချင်းမှာ - 


Ashique hoddé ki nosiní, fíríng ngoñt dóil oiñnot zaáb dii, chaantíi aáchílde chóril gaan zaalii felaí laam....


ဘာသာပြန်ရရင် ❝အချစ်ဆိုတာ ဘာမှန်းမသိခဲ့ဘဲ ''နှံကောင် မီးကိုတိုးသလို'' တိုးခဲ့ပြီး (ငါ့) အေးချမ်းဖူးတဲ့ နှလုံးလိပ်ပြာကို လောင်မြိုက်ပြာကျစေခဲ့တယ်❞ တဲ့။


ဘယ်လိုတောင် လှပတဲ့ ကဗျာဆန်ဆန် ဖွဲ့နွဲ့မှုပါလိမ့်။ 


အဲ့ဒီထဲမှာ - 


▪Fíríng ngoñt dóil oiñnot zaáb díi, 

(ဘာသာပြန် - နှံကောင် မီးကိုတိုးသလို တိုးခဲ့ပြီး)


သီချင်းထဲက ဒီအသုံးအနှုန်းဟာလဲ ဥပမာအလင်္ကာမြောက်ပြီး ဒီအလင်္ကာဟာ သွက်လက်ဖျတ်လတ်မှုရှိတယ်ဆိုတဲ့အနက်ကို ဖော်ပြတာထက် ''ရူးသွပ်တာ၊ ရူးမိုက်တာ၊ ရမ်းကားတာ၊ ရဲရင့်တာ'' ဆိုတဲ့အနက်မျိုးစုံကို ဖော်ပြနေပါတယ်။ 


❝မင်းရဲ့အချစ်က အချစ်တုပါပဲ။ အချစ်တုအတွက် ငါပေးဆပ်ခဲ့တာ အလကား ဖြစ်သွားတယ်။ ငါ့ကို ခံစားစေတယ်။ မင်းက သစ္စာဖောက်ပါပဲ❞ ဆိုပြီး ရိုးရိုးပြောတာထက် ...


❝Firíng ngoñt dóil oiñnot zaáb díi - နှံကောင် မီးကိုတိုးသလို တိုးခဲ့တယ်❞ ဆိုပြီး သုံးလိုက်တော့... 


❝မင်းရဲ့အချစ်ဟာ ငါ့အတွက် မီးဖြစ်ခဲ့တယ်။ မီးမှန်းသိလျက်နဲ့ ရှေ့တိုးမိခဲ့တဲ့ ငါပဲ မှားခဲ့တာပါ။ မင်း အရမ်း ရက်စက်တတ်သူ၊ လိမ်လည်လှည့်ဖျားတတ်သူပဲ။ မင်းကြောင့် ငါ့ဘဝ ပျက်ပြီ❞ ဆိုတဲ့ အနက်ပါ ဒွန်တွဲပါလာတော့တယ်။ အဲ့ဒီ မီးလိုအချစ်ကိုရဖို့ ငါ ❝လုံလောက်အောင် ရဲရင့်ခဲ့တယ်။ ရူးသွပ်သလောက် ရူးသွပ်ခဲ့တယ်။ ရမ်းကားချင် ရမ်းကားခဲ့တယ်နော်❞ ဆိုတဲ့အဓိပ္ပါယ်တွေလည်း ရောပါနေတယ်။ 


ဒီသီချင်းနားထောင်နေသူဟာ အချစ်ရူး ရူးနေသူလေးနဲ့ တစ်ဖက်ရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့ ဝေဒနာကို အလူးအလဲ ခံနေရသူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်လာမှာ မလွဲပါဘူး။ တကယ် ထိရောက်တဲ့ အသုံးအနှုန်းပါပဲ။ 


မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတို


မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတိုးသလို❞ ဆိုတဲ့အသုံးအနှုန်းပါ။ ငါဟာ မင်းရဲ့အချစ်မှာ ''ပိုးဖလံ မီးကိုတိုးသလို တိုးမယ်'' ဆိုပြီး သုံးလို့ရပါတယ်။ 


မလုပ်သင့်တဲ့အလုပ်တစ်ခုကို မလုပ်ဖို့ သတိပေးပြောချင်တဲ့အခါလဲ ဒီအလင်္ကာကို သုံးလို့ရပါတယ်။


▪ Tiyañllah bólí hoí WY besa kina nogorísh naaw. Firíng ngoñt dóil oiñnot zaáb díyós faán oiboó.

▪ ငွေအတွက် ဆိုပြီး WY မူးယစ်ဆေးဝါးတွေ အရောင်းအဝယ် မလုပ်နဲ့နော်။ နှံကောင် မီးကိုတိုးသလို ဖြစ်နေအုံးမယ်။ 


ဆိုလိုတာက ❝မီးဆိုတာသိလျက်နဲ့ သွားမတိုးနဲ့။ သေလိမ့်မယ်။ ဒုက္ခရောက်မယ်၊ အကျိုးယုတ်မယ်❞ ဆိုတဲ့သဘောပါ။ 


ချုပ်ရရင် -


❝ ခိုင်းနှိုင်းဥပမာပေးတဲ့သဘောလဲ ပါမယ်၊ တိုက်ရိုက်တဲ့တိုးပြောတာ မဟုတ်ဘဲ သွယ်ဝိုက်တဲ့သဘောလဲ ပါမယ်၊ တန်ဆာဆင်တဲ့ သဘောလဲပါမယ်'' ဆို အဲ့ဒီအဖွဲ့အနွဲ့ကို ဥပမာအလင်္ကာမြောက်တဲ့ အဖွဲ့အနွဲ့လို့ ခေါ်နိုင်ကြောင်းပါ ခင်ဗျား။ ❞


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။ 

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား) 

၉၊ ၁၁၊ ၂၀၂၁


- ရိုဟင်ဂျာတို့ပြောစကားထဲက ဥပမာအလင်္ကာတွေ comment ထဲမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ 


- Firíng ngoñt dóil oiñnot zaáb díi လို အချစ်ရူး ရူးနေတဲ့ ကိုယ့်မိတ်ဆွေတွေကို Mention ခေါ်နိုင်ပါပြီ။ 😁


Tuesday, November 2, 2021

အာရကန်ပြည်သို့ ခိုးဝင်ကျူးကျော်ဝင်ရောက်လာသူတွေ ဘယ်သူလဲ?

အာရကန်ပြည်သို့ ခိုးဝင်ကျူးကျော်ဝင်ရောက်လာသူတွေ ဘယ်သူလဲ?


ကိုယ်တိုင်စစ်ပြီးမှ ယုံပါ။…

အာရကန်ပြည် ဖွံ့ဖြိုးရေးဆိုင်ရာ ဗြိတိသျှ အစီရင်ခံစာ စာအုပ် Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892) တွင်

- ၁၈၂၄ ခု၌ အာရကန်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးချိန်တွင် အာရကန်ပြည်၏ ဌာနေ လူဦးရေမှာ ၁၀၀,၀၀၀ ရှိခဲ့ကြောင်း

- ၁၈၅၃ ခုတွင် အာရကန်ပြည်၏ လူဦးရေမှာ ၃၆၆,၃၁၀ ထိ တိုးလာခဲ့ကြောင်း

- ဤမျှ လူဦးရေအလွန့်အလွန် တိုးလာခြင်းမှာ အဓိကအားဖြင့် ဗမာပိုင်နက် လက်အောက်ခံ ဒေသများမှ လူများ အုပ်လိုက်စုလိုက် ရွှေ့ပြောင်းလာခြင်းကြောင့် ဖြစ်ကြောင်း

- အထူးသဖြင့် ပဲခူး မှ ဖြစ်ကြောင်း (ပဲခူးနေပြည်တော်ကို ဒုတိယ အင်္ဂလိပ်-မြန်မာကျူးကျော်စစ် ၁၈၅၃ ခုတွင် အင်္ဂလိပ်တို့က သိမ်းယူခဲ့သည်။)

- ပဲခူး ကို သိမ်းပိုက်ပြီးနောက်ပိုင်း အာရကန်သို့ ထပ်မံ ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း

- ဤသို့ ဖမ်းဆီးအရေးယူမှုကြောင့် လူဦးရေ အဆမတန် ဖောင်းပွမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း

အင်္ဂလိပ်အုပ်ချုပ်ရေး ပထမ နှစ် ၂၀ တွင် အာရကန်ဒေသ၏ လူဦးရေ ၁၀၀,၀၀၀ မှ ၃၆၆,၃၁၀ ထိ (၂၆၆,၃၁၀) တိုးလာခဲ့သော်လည်း

ဒုတိယ နှစ် ၂၀ တွင် ၃၆၆,၃၁၀ မှ ၄၉၂,၀၇၃ အထိသာ (၁၂၅,၇၆၃) တိုးလာခဲ့ကြောင်း

ဖော်ပြထားပါသည်။

ဤအစီရင်ခံစာကို ထောက်ရှုခြင်းအားဖြင့် အာရကန်ပြည် (ယနေ့ ရခိုင်ပြည်နယ်) သို့ မတရားကျူးကျော် ခိုးဝင်နေထိုင်သူများမှာ အခြားမဟုတ် ဗမာပြည်က ပြည်သူများသာဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့ရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ကျူးကျော်ဝင်ရောက်လာသူများသည် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ပေါင်းသင်း၍ ဌာနေရခိုင်လူမျိုးနှင့် ရောနှောသွားခြင်း ဖြစ်လေသည်။

ထို့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ရခိုင်ပြည်နယ်သို့ အဘက်ဘက်မှ ဗုဒ္ဓဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုများ အဆက်မပြတ် ရှိခဲ့သည်။ ၁၉၇၅ ခု ဧပြီလ ၄ ရက်နေ့ထုတ် အထက်ပါ သတင်းစာတွင် စားဝတ်နေရေးကြပ်တည်းမှု အမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရ်ှမှ မဂ် ရခိုင်လူမျိုး နေ့စဉ် ခိုးဝင်လာနေဟု အတိအလင်း ဖော်ပြထားသည်။ နေ့စဉ် ခိုးဝင်လာသူပေါင်း ၂၀ မှ ၂၅ ယောက် အထိ ရှိကြောင်း ဖော်ပြထားသည်။ ထို မဂ်ရခိုင်များသည် စစ်တကောင်းနယ် ပရွတ်ချောင်း၊ ပန်းဝါးချောင်း၊ အင့်ဗိုလ်မင့်တောင်နယ်တို့မှ အများစုဖြစ်ကြောင်း တိတိကျကျဖော်ပြထားသည်။ မတ်လ ၃၁ ရက်တွင် မောင်တောမြို့နယ် ပြည်သူ့ကောင်စီရုံတွင် နယ်စပ်ပိတ်ဆို့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးကြောင်း၊ ပြည်သူ့ကောင်စီ ဥက္ကဌ ဦးရွှေသာအောင်၊ ပါတီယူနစ်ဥက္ကဋ္ဌ ဦးစောအောင်၊ မြို့နယ် ဦးစီးမှူး ဦးရွှေပိုး၊ အကောက်ခွန်မှ ဦးလှကြိုင်နှင့်   ရဲတပ်ဖွဲ့၊ တပ်မတော် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ 

အထက်ပါကိုးကားချက်ကို ထောက်ဆလျှင်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက် ဘင်္ဂလားဒေ့ရ်ှမှ မဂ်ရခိုင်များ ခိုးဝင်လာမှုများရှိခဲ့သည်။ တစ်နှစ်လျှင် လူပေါင်း ၁၀၀၀၀ ခန့်  ခိုးဝင်လာခဲ့ကြောင်း သိရှိရသည်။ သို့သော် ထိုအချိန်က ဗုဒ္စဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုကို ဖုံးကွယ်ရန် ဗိုလ်နေဝင်းအစိုးရက ရိုဟင်ဂျာလူမျိုးအပေါ် အပြစ်ပုံချ၍ နဂါးမင်း စစ်ဆင်ရေးအမည်နဲ့ သောင်းကျန်း နှိပ်စက်ကာ သူတို့၏ ဇာတိမြေ မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့သည်။

သမိုင်းကို မည်မျှပင် ဖုံးကွယ်အမှောင်ချသည်ဖြစ်စေ အမှန်တရားတော့ ပျောက်ကွယ်ရိုးမရှိပါ။ ရခိုင်ပြည်နယ်သို့ ခိုးဝင်နေထိုင်မှု ပြဿနာတွင် အမှန်တကယ် လက်ညှိုးထိုးရမည့်သူများကို လူမသိသူမသိအောင် ဖုံးကွယ်ထား၍ ဘာသာခြားလူနည်းစုကို တမင်သက်သက် စွပ်စွဲသည်ကား အလွန် ရှက်စရာကောင်းလှပါသည်။


(လူထုဝဏ္ဏ တင်ပြသည်)


ကိုးကား-

Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892)


#Zawgyi

 အာရကန္ျပည္သို႔ ခိုးဝင္က်ဴးေက်ာ္ဝင္ေရာက္လာသူေတြ ဘယ္သူလဲ?


ကိုယ္တိုင္စစ္ၿပီးမွ ယံုပါ။…


အာရကန္ျပည္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ၿဗိတိသွ် အစီရင္ခံစာ စာအုပ္ Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892) တြင္

- ၁၈၂၄ ခု၌ အာရကန္ကို အဂၤလိပ္တို႔က သိမ္းပိုက္ၿပီးခ်ိန္တြင္ အာရကန္ျပည္၏ ဌာေန လူဦးေရမွာ ၁၀၀,၀၀၀ ရိွခဲ့ေၾကာင္း

- ၁၈၅၃ ခုတြင္ အာရကန္ျပည္၏ လူဦးေရမွာ ၃၆၆,၃၁၀ ထိ တိုးလာခဲ့ေၾကာင္း

- ဤမွ် လူဦးေရအလြန္႔အလြန္ တိုးလာျခင္းမွာ အဓိကအားျဖင့္ ဗမာပိုင္နက္ လက္ေအာက္ခံ ေဒသမ်ားမွ လူမ်ား အုပ္လိုက္စုလိုက္ ေရႊ႕ေျပာင္းလာျခင္းေၾကာင့္ ျဖစ္ေၾကာင္း

- အထူးသျဖင့္ ပဲခူး မွ ျဖစ္ေၾကာင္း (ပဲခူးေနျပည္ေတာ္ကို ဒုတိယ အဂၤလိပ္-ျမန္မာက်ဴးေက်ာ္စစ္ ၁၈၅၃ ခုတြင္ အဂၤလိပ္တို႔က သိမ္းယူခဲ့သည္။)

- ပဲခူး ကို သိမ္းပိုက္ၿပီးေနာက္ပိုင္း အာရကန္သို႔ ထပ္မံ ဝင္ေရာက္လာသူမ်ားကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း

- ဤသို႔ ဖမ္းဆီးအေရးယူမႈေၾကာင့္ လူဦးေရ အဆမတန္ ေဖာင္းပြမႈကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း

အဂၤလိပ္အုပ္ခ်ဳပ္ေရး ပထမ ႏွစ္ ၂၀ တြင္ အာရကန္ေဒသ၏ လူဦးေရ ၁၀၀,၀၀၀ မွ ၃၆၆,၃၁၀ ထိ (၂၆၆,၃၁၀) တိုးလာခဲ့ေသာ္လည္း

ဒုတိယ ႏွစ္ ၂၀ တြင္ ၃၆၆,၃၁၀ မွ ၄၉၂,၀၇၃ အထိသာ (၁၂၅,၇၆၃) တိုးလာခဲ့ေၾကာင္း

ေဖာ္ျပထားပါသည္။

ဤအစီရင္ခံစာကို ေထာက္႐ႈျခင္းအားျဖင့္ အာရကန္ျပည္ (ယေန႔ ရခိုင္ျပည္နယ္) သို႔ မတရားက်ဴးေက်ာ္ ခိုးဝင္ေနထိုင္သူမ်ားမွာ အျခားမဟုတ္ ဗမာျပည္က ျပည္သူမ်ားသာျဖစ္ေၾကာင္း ထင္ထင္ရွားရွားေတြ႕ရပါသည္။ ေနာက္ပိုင္းတြင္ အဆိုပါ က်ဴးေက်ာ္ဝင္ေရာက္လာသူမ်ားသည္ ေဒသခံ ဗုဒၶဘာသာဝင္မ်ားႏွင့္ ေပါင္းသင္း၍ ဌာေနရခိုင္လူမ်ဳိးႏွင့္ ေရာေနွာသြားျခင္း ျဖစ္ေလသည္။


ထို႔အျပင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရရိွၿပီးေနာက္ ရခိုင္ျပည္နယ္သို႔ အဘက္ဘက္မွ ဗုဒၶဘာသာဝင္မ်ား ခိုးဝင္ေနထိုင္လာမႈမ်ား အဆက္မျပတ္ ရိွခဲ့သည္။ ၁၉၇၅ ခု ဧၿပီလ ၄ ရက္ေန႔ထုတ္ အထက္ပါ သတင္းစာတြင္ စားဝတ္ေနေရးၾကပ္တည္းမႈ အမ်ဳိးမ်ဳိးေၾကာင့္ ဘဂၤလားေဒ့ရွ္မွ မဂ္ ရခိုင္လူမ်ဳိး ေန႔စဥ္ ခိုးဝင္လာေနဟု အတိအလင္း ေဖာ္ျပထားသည္။ ေန႔စဥ္ ခိုးဝင္လာသူေပါင္း ၂၀ မွ ၂၅ ေယာက္ အထိ ရိွေၾကာင္း ေဖာ္ျပထားသည္။ ထို မဂ္ရခိုင္မ်ားသည္ စစ္တေကာင္းနယ္ ပရြတ္ေခ်ာင္း၊ ပန္းဝါးေခ်ာင္း၊ အင့္ဗိုလ္မင့္ေတာင္နယ္တို႔မွ အမ်ားစုျဖစ္ေၾကာင္း တိတိက်က်ေဖာ္ျပထားသည္။ မတ္လ ၃၁ ရက္တြင္ ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႕ေကာင္စီ႐ံုတြင္ နယ္စပ္ပိတ္ဆို႔ လံုၿခံဳေရးဆိုင္ရာ ေဆြးေႏြးေၾကာင္း၊ ျပည္သူ႕ေကာင္စီ ဥကၠဌ ဦးေရႊသာေအာင္၊ ပါတီယူနစ္ဥကၠ႒ ဦးေစာေအာင္၊ လူဝင္မႈႀကီးၾကပ္ေရး ျမိဳ႕နယ္ဦးစီးမႉး ဦးေရႊပိုး၊ အေကာက္ခြန္မွ ဦးလွႀကိဳင္ႏွင့္ ရဲတပ္ဖြဲ႕၊ တပ္မေတာ္ တာဝန္ရိွသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း ေဖာ္ျပထားသည္။ 

အထက္ပါကိုးကားခ်က္ကို ေထာက္ဆလွ်င္လည္း ျမန္မာႏိုင္ငံလြတ္လပ္ေရးၿပီးေနာက္ ဘဂၤလားေဒ့ရွ္မွ မဂ္ရခိုင္မ်ား ခိုးဝင္လာမႈမ်ားရိွခဲ့သည္။ တစ္ႏွစ္လွ်င္ လူေပါင္း ၁၀၀၀၀ ခန္႔  ခိုးဝင္လာခဲ့ေၾကာင္း သိရိွရသည္။ သို႔ေသာ္ ထိုအခ်ိန္က ဗုဒၥဘာသာဝင္မ်ား ခိုးဝင္ေနထိုင္လာမႈကို ဖံုးကြယ္ရန္ ဗိုလ္ေနဝင္းအစိုးရက ႐ိုဟင္ဂ်ာလူမ်ဳိးအေပၚ အျပစ္ပံုခ်၍ နဂါးမင္း စစ္ဆင္ေရးအမည္နဲ႔ ေသာင္းက်န္း ႏိွပ္စက္ကာ သူတို႔၏ ဇာတိေျမ ေမာင္းထုတ္ဖို႔႔ ႀကိဳးပမ္းခဲ့သည္။

ပံု(၂) ဘဂၤလားေဒ့ရွ္မွ ခိုလံႈလာေသာ ဘဂၤလီရခိုင္လူမ်ဳိးသတင္း၊ ေမလ၊ ၂၀၁၃။






ပံု(၃) ဘဂၤလားေဒ့ရွ္မွ ဘဂၤလီရခိုင္ မ်ဳိးႏြယ္စုမ်ား ေမာင္ေတာၿမိဳ႕နယ္သို႔ ခိုလံႈ၊ မတ္လ ၂၀၁၈။






ေခတ္ကာလႏွင့္တေျပးညီ ေလ့လာၾကည့္လွ်င္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ဗုဒၶဘာသာဝင္ရခိုင္လူမ်ဳိးမ်ား ေခတ္အဆက္ဆက္ ခိုးဝင္လာမႈမ်ားရိွခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ လြတ္လပ္ေရးတိုက္ျဖစ္ပြားေနခ်ိန္မွာလည္း ရခိုင္လူမ်ဳိး အမ်ားအျပား ရခိုင္ျပည္နယ္သို႔ ခိုးဝင္လာခဲ့သည္။ ယေန႔အခ်ိန္ထိလည္း ခိုလံႈလာမႈ၊ ခိုးဝင္လာမႈမ်ား ရိွေနဆဲျဖစ္သည္။ 

သမိုင္းကို မည္မွ်ပင္ ဖံုးကြယ္အေမွာင္ခ်သည္ျဖစ္ေစ အမွန္တရားေတာ့ ေပ်ာက္ကြယ္႐ိုးမရိွပါ။ ရခိုင္ျပည္နယ္သို႔ ခိုးဝင္ေနထိုင္မႈ ျပႆနာတြင္ အမွန္တကယ္ လက္ညိွဳးထိုးရမည့္သူမ်ားကို လူမသိသူမသိေအာင္ ဖံုးကြယ္ထား၍ ဘာသာျခားလူနည္းစုကို တမင္သက္သက္ စြပ္စြဲသည္ကား အလြန္ ရွက္စရာေကာင္းလွပါသည္။


(#လူထုဝဏၰ တင္ျပသည္)


ကိုးကား-

Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892)





#Arakan

#BurmeseMigrationToArakan

#RSF





လိင်အင်္ဂါ ချုပ်ပိတ်တဲ့ ရှေးမြန်မာ့ဓလေ့


လွန်ခဲ့တဲ့ နှစ် ၄၀၀ က မြန်မာမိန်းကလေးတွေ မွေးခါစမှာ မိန်းမအင်္ဂါကို ဆီးသွားနိုင်ရုံ နေရာချန်၊ အပ်နဲ့ချုပ်လိုက်ပြီး၊ လက်ထပ်တော့မှ ချုပ်ရိုးဖြေကြတယ်ဆိုရင် ယုံကြမလားဗျာ?

လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာမယ့် လူက မြန်မာပြည် အကြောင်း ရေးခဲ့တယ် ဆိုရင်ကော ယုံကြမလား ခင်ဗျား? ဟုတ်တယ်။ ကျွန်တော်လည်း မယုံတစ်ဝက်၊ ယုံတစ်ဝက်ပဲ။ နားရှက်စရာဖြစ်ပေမဲ့ အခြားအကြောင်းတွေလဲပါတဲ့ ခိုင်လုံတဲ့ အံ့ဩစရာ သမိုင်းမှတ်တမ်းတစ်ခု သွားတွေ့လို့ အများသိအောင် သမိုင်းဆရာများ သိအောင် ရေးလိုက်ရပါတယ်။.

သမိုင်း စိတ်ဝင်စားသူတွေ သိရအောင် ကျွန်တော် အတိုချုံ့ဘာသာ ပြန်ပေးလိုက်ပါတယ်။

စာမျက်နှာ-၂၉

.

Of the Coasts and Islands of Aracan, Pegu & Sian

Chapter 17

၁) အချို့က သမီးမိန်းခလေးမွေးလာရင် မွေးပြီးခါစမှာ အမျိုးသမီး လိင်အင်္ဂါကို ဆီးသွားနိုင်ရုံလောက် အပေါက် သေးသေးလေးပဲချန်ပြီး ချုပ်ပစ်လိုက်တယ်တဲ့ဗျ။ အဲဒီ မိန်းခလေး လက်ထပ်တဲ့အခါ ကျတော့မှ လင်ယောက်ျား ဖြစ်သူက အမျိုးသမီး အင်္ဂါကို လှီးဖြတ်ပြီး (ချုပ်ရိုးဖြည်ပြီး) ပြန်ဖွင့်လေ့ ရှိတယ်တဲ့ဗျာ။


(ပူးတွဲပါပုံတွေထဲက စာမျက်နှာ 29 လို့ ရေးထားတဲ့ စာမျက်နှာ၊ ညာဘက် ကော်လံ၊ ခလယ်လောက်မှာ ကြည့်ပါ။ မယုံနိုင်စရာပါပဲ။ ဘယ် မြန်မာ သမိုင်းစာအုပ်ထဲမှာမှ မတွေ့ဖူးတာတွေ တွေ့ရပါတယ်။ ဒီစာအုပ်ရေးတဲ့ Jan Huyghen ကိုယ်တိုင်လည်း မယုံ့တယုံနဲ့ပဲ၊ ပဲခူးမှာ နေတဲ့ ခရစ်ယာန်တွေ ပြောပြလို့ သိခဲ့ရတယ်လို့ ရေးထားပါတယ်။ ရေးထားတာက လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က old English ဖြစ်နေတဲ့အတွက် ကျွန်တော် ဘာသာပြန်တာလည်း ၁၀၀% မသေချာပါ။ ၁၀၀% အတည် မယူကြပါနဲ့ ခင်ဗျာ။ မူရင်း ရှေးအင်္ဂလိပ်စာကို ကြိုးစား ဖတ်ကြည့်ကြပါဗျာ။ အခုခေတ် အင်္ဂလိပ်စာနဲ့ စာလုံးပေါင်းတွေ နဲနဲလေး ကွဲပါတယ်။ အင်တာနက်ပေါ်မှာ old English dictionary တွေ ရှိပါတယ်။ google လုပ်ပြီး ရှာဖတ်ကြည့်ပါ။) သူရေးထားပုံက-- "There are like-wise some among them that doe sowe up (do sowed up) the private member (လိင်အင်္ဂါကို ဆိုလိုသည်) of their female children as soon as they are borne (born), leaving them but a little hole to avoid their water (ဆီးသွားရန်ဟု ဆိုလိုသည်); and when the marrieth the husband cutteth (cut) it open, and maketh (make) it as great or as little as hee will, which they with a certaine ointment or salue (glue?) can quickly heale." :o

.


၂) ပဲခူးမှာ ထူးခြားတဲ့ ဓလေ့ထုံးစံတစ်ခု ရှိတယ်။ လူစိမ်းတစ်ယောက် အခြားနိုင်ငံကနေ ရောက်လာပြီ၊ သူတို့နဲ့ တွေ့ပြီဆိုရင်၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာကို မေးပြီးရင် မိန်းခလေးတွေ အများကြီး ခေါ်လာပေးတယ်။ အကြိုက်ဆုံး တစ်ယောက်ကို ရွေးခိုင်းပြီး မိန်းမ သို့မဟုတ် ကျွန် တစ်ယောက်လို နေ့နေ့ညည အတူနေပြီး ပြုစုခိုင်းတယ်။ လာတဲ့ နိုင်ငံခြားသားကလည်း မိမိ ဇနီးမယားလို သူ့တစ်ယောက်ထဲကိုပဲ တွဲပြီး အခြား မိန်းမနဲ့ တွဲခွင့် မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်ရင် အသက်ကို ရန်ရှာတဲ့အထိ အန္တရာယ်ရှိတယ်။ ပဲခူးကနေ ထွက်ခွာ တော့မယ်ဆိုရင် သဘောတူညီ ထားသလို ပေးချေခဲ့ရလေ့ ရှိတယ်။ နောက်တစ်ကြိမ် ပဲခူးရောက်ရင် အရင်က ခေါ်ဖူးတဲ့ အိမ်အခေါ်ကို ခေါ်ခိုင်းလို့ရတယ်။ ယောကျာ်း ရှိနေပါစေ။ ယောကျ်ားအတွက် ရှက်စရာမဟုတ်သလို ဥပဒေနဲ့ တားလို့လည်း ရတဲ့ ကိစ္စ မဟုတ်ဘူးတဲ့ဗျ။ :o

.

၃) မင်းမျိုးမင်းနွယ် အပါအဝင် ပဲခူးက ယောက်ျားတွေဟာ လက်ထပ်တော့မယ်ဆိုရင် မိမိရဲ့ သူငယ်ချင်း သို့မဟုတ် လူစိမ်းတစ်ယောက်ယောက်ဆီကိုတောင် ချဉ်းကပ်ပြီး၊ သူလက်ထပ်မယ့် သူတို့သမီးနဲ့ မင်္ဂလာဦးညကို အတူနေခိုင်းတယ်တဲ့ ခင်ဗျ။ :o (အံဩကြမှာ အမှန်ပါပဲ။) အဲဒီလို လုပ်ပေးတဲ့ အတွက် သူတို့သားက နာကြင်မှု မခံစားရတော့တဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူကြတယ်တဲ့ ခင်ဗျ။ ဒီဓလေ့က လူကုံတန်တွေတင် လုပ်တာ မဟုတ်ဘဲ၊ ဘုရင်ကိုယ်တိုင် အဲဒီလို သူများကို လုပ်ခိုင်း လေ့ ရှိခဲ့တယ်တဲ့ ခင်ဗျ။ (ခုခေတ် မြန်မာတွေကတော့ ဘယ်လိုမှ ယုံနိုင်မယ် မထင်ဘူးနော် ခင်ဗျ)

.

၄) နောက်တစ်ခုက ပဲခူးက လူတွေက (ကျား-မ ခွဲမပြောထားပါ) အတော် နားဝင်ချိုတဲ့ အသံထွက်တဲ့ ခေါင်းလောင်းလေးတွေကို မိမိတို့ရဲ့ yarde မှာ ချိတ်ဆွဲထားလေ့ ရှိတယ်။ အချို့က ၂ လုံး ဆွဲထားတယ်။ (yarde ဆိုတာ ဘာကို ဆိုလိုမှန်း ရှာမရပါ။ နားရွက်လို့ ထင်တာပဲ ခင်ဗျ) ခေါင်းလောင်း အရွယ်က acorn သီးအရွယ် (၁ လက်မ ဝန်းကျင်) ရှိတယ် လို့ ရေးထားတယ်။

.

၅) ရခိုင်၊ ပဲခူး၊ မုတ္တမ၊ ရှမ်း ဆိုတဲ့ ပဒေသရာဇ် နိုင်ငံတွေက အတော်ကို စည်ပင်သာယာ ဝပြောတယ်။ ရွှေ၊ ပတ္တမြား၊ နီလာ၊ မြ စတဲ့ ရတနာတွေနဲ့ ချမ်းသာကြတယ်။ အဲဒီ နိုင်ငံတွေမှာ ဆင်တွေကို အိန္ဒိယမှာထက် ပိုများတာ တွေ့ရတယ်။ မြင့်မြတ်တဲ့ ဆင်ဖြူတော် ဆိုတာလည်း ပဲခူးမှာ ရှိတယ်။.

စာမျက်နှာ-၃၀

.


၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓန


၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓနိရေ အခါး ထင်တယ်) အကြောင်းလဲ ရေးသွားတယ်။ စိတ်ဝင်စားစရာ ဂုဏ်ယူစရာ နောက်တစ်ခုက Nype de Tanassaria လို့ နာမည်ကြီးပြီး အုန်းသီးကနေ ချက်တဲ့ အရက်လို့ ရေးထားတယ်။

.

၇) AD 1568 မှာ မြန်မာနဲ့ ထိုင်း အကြီးအကျယ် စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲ စဖြစ်ခဲ့ပုံက မြန်မာဘက်က ထိုင်းဘုရင်ကို "ကြိုက်တာ တောင်းပါ ပေးပါ့မယ်။ ဆင်ဖြူတော်ကိုတော့ ပေးပါ" လို့ တောင်းခဲ့တာက စခဲ့တယ်လို့ ဆိုတယ်။ ဆင်ဖြူကို မပေးရာက စစ်ဖြစ်ပြီး၊ နှစ်ဘက်စလုံးက လူ သိန်းကျော် သေကျေခဲ့ကြတယ်။ နောက်ဆုံး မြန်မာဘက်က စစ်နိုင်သွားပြီး၊ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် တစ်ခု ဖြစ်လာခဲ့တယ်။

.

၇) တနင်္သာရီမြို့ က အခုလို မြို့သေးလေး မဟုတ်ဘဲ၊ အရင်က သီးသန့် ကိုယ့်ထီးကိုယ့်နန်းနဲ့ ဘုရင်ရှိခဲ့တဲ့ နိုင်ငံဖြစ်တယ်။

.

စာမျက်နှာ-၃၂၇-၃၂၈


၈) ရခိုင် ပြည်နယ်ကို ရောက်အောင် သီဟိုကို ဖြတ်ပြီး၊ ဘယ်လို သွားရမယ် ဆိုတာတွေ ရေးထားတယ်။ ၂၀ ဒီဂရီလောက်မှာ ရှိတဲ့ အကြောင်း၊ ရခိုင်ကမ်း‌ခြေကို ရေစူး တိမ်တဲ့အတွက် ၃ မိုင်လောက်ထက် ပိုကပ်လို့ မရတဲ့ အကြောင်းတွေ ရေးထားတယ်။


၉) မုတ္တမမြို့ကို သင်္ဘောရွက်လွှင့်တဲ့ လမ်းညွှန်ကို အသေးစိတ် ရေးထားပြီး၊ အခြား စိတ်ဝင်စားစရာ ကိစ္စမပါပါ။

.

.

1598 မှာ ထုတ်ဝေခဲ့တဲ့ ဒီခရီးသွား မှတ်တမ်း စာအုပ်နာမည်က- “Iohn Hvighen Van Linschoten - His Discours of Voyages into East & West Indies” ဖြစ်ပါတယ်။ စာအုပ်ကို ရေးသူက- Dutch East India Company ကို တည်ထောင်ခဲ့တဲ့ ဒတ်ချ်လူမျိုး ဂျန်-ဟျူဖန် (Jan Huyghen van Linschoten, 1563-1611) ဖြစ်ပြီး၊ သူ့ရဲ့ သင်္ဘောတွေက မြန်မာပြည်နဲ့ အကြိမ်ကြိမ် ကုန်သွယ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဂျန်-ဟျူဖန် ဟာ အဲဒီခေတ်က နောက်ပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီခေတ်က သူ့ရဲ့ချမ်းသာမှုကို အခုခေတ်ငွေနဲ့ တိုင်းတာလိုက်ရင် သူ့ရဲ့ Dutch East India Company က ပိုင်ဆိုင်မှုက US$7.9 trillion ဖြစ်နေလို့ပါပဲ။ (အခု Apple Inc. ရဲ့ ပိုင်ဆိုင်မှုက 2 trillion ပဲ ရှိပါသေးတယ်။)

.

ဟံသာဝတီ ပဲခူး နေပြည်တော်၊ မုတ္တမ၊ ရခိုင်တို့အကြောင်းအရာတွေကို chapter ၃ ခုတောင်ရေးခဲ့ပါတယ်။ အင်္ဂလိပ်စာ အတိုင်းလည်း ဖတ်ကြည့်ကြပါ။

.

စာက အင်္ဂလိပ်စာပါပဲ။ ဒါပေမဲ့ old English နဲ့ ရေးထားပြီး Gothic font ဖြစ်နေလို့ နဲနဲတော့ ဖတ်ရခက်ပါလိမ့်မယ်။ ရှေးက u ကို v လို့ ရေးတယ်။ s ကို f လိုလို အတက်မပါတာနဲ့ ရေးတယ်။ ဖတ်တာများရင် အသားကျ လာပါလိမ့်မယ်။

.

အဲဒီစာအုပ်ထဲ ပါလာတဲ့ မြေပုံကို သေခြာကြည့်ကြည့်ပါ။ မြေပုံကြီးရဲ့ ဘယ်ဘက်အောက်ထောင့် ဧရိယာကို အပေါ်ပိုင်းမှာ အကြီးချဲ့ပြထားပါတယ်။ထူးခြားပါတယ်။ ဥရောပတိုက်သားတွေ ကမ္ဘာ့မြေပုံတောင် မှန်အောင် မဆွဲနိုင်ခင်ကတည်းက Bramas, Pegu, Martaban, Aracan, Ava တို့ကို သူတို့က သိနေကြတယ်။ အံ့ဩတယ်ဗျာ။ မြန်မာက ကမ္ဘာအကြောင်း ဘာမှ သိပ်သိခဲ့ပုံ မရဘူး ထင်တာပဲဗျာ။ မြန်မာ့နန်းတွင်းသမိုင်း မှတ်တမ်းတွေ ကောင်းကောင်း မရေးခဲ့တာ၊ ရေးခဲ့တာလေးတွေတောင် ကောင်းကောင်း မကျန်တာ အရမ်း နှမြောမိတယ်။ :(

.

__________ #zshtut