Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 29, 2021

Fúad Nái (Rohingya Old Poetry)



 Fúad Nái 


Ataá háilam 

Fata háilam 

Bátor fúad nái.

Forór maáre

Maa búlilám 

Mator fúad nái. 


- Osin Cayér (RohingyaOldPoetry) 


Translation 


တောဩဇာသီး စားကြည့်တယ်

ဟင်းရွက်နုနယ် မြိန်းကြည့်တယ်

ထမင်းအရသာတော့ မရဘူးကွယ်။


တပါးသူရဲ့ အမေကို

မေမေလို့ ခေါ်ကြည့်တယ်

စကားအရသာတော့ မရှိဘူးကွဲ့။ 

 


Saturday, June 19, 2021

ဘင်္ဂါလီ (၅) သိန်းခန့် ခိုးဝင်ပြီး အခြေချနေထိုင်သွားခြင်း စွပ်စွဲချက်ကို စိစစ်ခြင်း


 ဘင်္ဂါလီ (၅) သိန်းခန့် ခိုးဝင်ပြီး အခြေချနေထိုင်သွားခြင်း စွပ်စွဲချက်ကို စိစစ်ခြင်း


" Bangladesh and Burma. He admitted that there were upward of - million bangalee trespassers in Arakan whom the Burmese had some right to eject. He had implored the Burmese authorities not to press this issue during Bangladesh's present troubles and had been pleased that the burmese had not taken advantage of his country's  misfortunes in this respect. He denied that there had been any fresh exodus into burma of refugees from Bangladesh. The recent troubles and scarcely affected the ordinary bangalee who was now happily anticipating a bumper rice crop. Mr. Kaiser's consul in Akyab had, in fact, spent an unusually queit late summer and autumn. "


"ဘင်္ဂလားဒေ့ရ်ှနှင့် ဗမာ ဆက်ဆံရေး။ ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားကျူးကျော် ခိုလှုံလာသူ သန်းတစ်ဝက်လောက် ရှိတယ်လို့ သူက ဝန်ခံခဲ့တယ်။ သူတို့ကို မြန်မာအစိုးရက နှင်ထုတ်ခွင့်ရှိတယ်။ သို့သော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခရောက်နေသည့်ယခုအချိန်တွင် ဤကိစ္စနှင်ပတ်သတ်၍ ဖိအားမပေးသင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင်ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့်အတွက် ၀မ်းသာမိကြောင်း ၎င်းက မြန်မာအာဏာပိုင်တွေကို ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရ်ှမှ ဒုက္ခသည်အသစ် ဝင်ရောက်ခြင်းမရှိခဲ့ကြောင်း ၎င်းက ငြင်းဆိုခဲ့တယ်။ ……………။ "

အထက်ပါ စာပိုဒ်ပါ ကော်ပီစာမျက်နှာတစ်ခုက အွန်းလိုင်းပေါ် တော်တော်ပျံ့နေတာကို တွေ့ရတယ်။ ဘင်္ဂလီတွေ မြန်မာပြည်ကို ခိုးဝင်လာတဲ့ အထောက်အထားဆိုပြီးတော့ ပို့စ်တင်တော့ မြန်မာပြည်သူတွေအကြား အတော်ပဲ မျက်နှာသာရခဲ့တယ်။ အာရကန်ဒေသက ရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ အခွင့်ကောင်းတစ်လက် ရသွားပြီပေါ့။ ဦးကိုကိုလှိုင် ဆိုတဲ့သူရဲ့ ဘလော့က တဆင့် စတင်ပျံ့နှံ့တယ်လို့ ထင်ရပါတယ်။

ကဲ... ဒီစာသားက ရန်ကုန်ရှိ ဗြိတိန်သံအမတ်ကြီး T.J O'Brein နဲ့ ဘင်္ဂလားဒေ့ခ်ျသံအမတ်ကြီး Mr. KM Kaiser တို့ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြောဆိုတဲ့ မှတ်တမ်းမှ ကောက်နုတ်ထားတဲ့ အချက်နံပါတ် (၅) ဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ တဆင့်ခံ ရေးထားတဲ့ မှတ်တမ်းဖြစ်တယ်။ ဘင်္ဂလာဒေ့ခ်ျသံအမတ်ကြီးက ပြောတယ်လို့ ဗြိတိန်သံအမတ်က ရေးမှတ်ထားတာလောက်ပဲ။ ဗြိတိန် စာကြည့်တိုက်တစ်ခုမှာ သိမ်းထားတဲ့စာလို့ ဒေါက်တာအေးချမ်းရဲ့ အဆိုအရ သိရတယ်။ ဘယ်အတိုင်းအတာအထိ ခိုင်လုံသလဲ၊ ယုံရမလဲတော့ မပြောတတ်ဘူး။ ထားပါတော့…။

၁၉၇၅ ခုနှစ်က မှတ်တမ်းဆိုတော့ အာဏာရှင်ဗိုလ်နေဝင်း ချုပ်ကိုင်ထားတဲ့ မဆလခေတ်ပေါ့။ ၁၉၆၅ ခုလောက်မှာ ဗိုလ်နေဝင်းက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်မှ ရုပ်သိမ်းခဲ့ပြီး အပြတ်ရှင်းဖို့ အစီအစဉ်ရေးဆွဲပြီးတဲ့ ကာလလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မျက်ခြေမပြတ် ချုပ်ချယ်ဖိနှိပ်နေတဲ့ အချိန်ဆိုရင်လည်း မမှားပါဘူး။ 

- အထက်စာပိုဒ်မှာ လူ (၅) သိန်း ကိစ္စကို သုံးသပ်ကြည့်ရအောင်။  ဘင်္ဂါလီ သန်းတစ်ဝက် ဝင်ရောက်လာတာ ရှိတယ်လို့ ပါတယ်။ ဒါပေမဲ့ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ဒါမှမဟုတ် မူဆလင်လို့တော့ ဘယ်နေရာမှာမှ သဲသဲကွဲကွဲဖော်ပြထားတာ မရှိဘူး။ ဘင်္ဂါလီလို့ ကြားတိုင်း မုတ်ဆိတ်နဲ့ ကုလားတွေကို ပြေးမမြင်ကြနဲ့ဟ။ ဘင်္ဂါလီ က ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားကို ဆိုလိုတာပါ။  သူများယောင်တိုင်း လိုက်ကပြရင်ဘယ်ရမလဲ။ မိမိတို့ရဲ့ ဉာဏ်အားတွေလည်း အသုံးချကြည့်သင့်တယ်။ အဲ့ဒီ ဝင်ရောက်လာတဲ့ ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံသားဆိုတဲ့သူတွေဟာ အိစ္စလာမ်ဘာသာဝင်တွေလည်း ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း ဖြစ်နိုင်တယ်။ 

- ဒီအဖြစ်အပျက်က ၁၉၇၁ ခုနှစ်မှာ ဘင်္ဂါလားဒေ့ခ်ျ-ပါကစ္စတန် စစ်ပွဲကြီးဖြစ်တော့ ပြည်သူတွေက အသက်ကယ်ရာ စစ်ဘေးရှောင်ပြေးထွက်ကြတဲ့ခါ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဘယ်နေရာမဆို စစ်ပွဲဖြစ်လာရင် စစ်ဘေးရှောင်တဲ့ အခြေအနေ ပေါ်လာတတ်တယ်။ ဒါက ဖြစ်ရိုးဖြစ်မြဲ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ခ်ျ စစ်တကောင်းအပိုင် ခရိုင်တွေဟာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ၊ ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေ၊ ဟိန္ဒူဘာသာဝင် ဘင်္ဂလီတွေ ရောနှောနေထိုင်တဲ့ ဒေသဖြစ်တယ်။ အဲ့လူတွေက လူများစုပဲ။ တခြား ခရစ်ယာန်စတဲ့ ဘာသာဝင်တွေက လက်ချောင်းချိုး ရေတွက်နိုင်သလောက်သာ ရှိတာကိုး။ 

ဒီတော့ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံဘက်ကို စစ်ဘေးရှောင် ခိုလှုံလာမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ။ ဘယ်လူမျိုးက အများဆုံးဖြစ်မလဲ။ ဘက်မလိုက်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ဝန်ခံမယ်ဆိုရင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီတွေပဲ အများဆုံး ဖြစ်မယ်လေ။ ဒါက ရှင်းရှင်းလေးပဲ။ တခြား အိစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေလည်း အနည်းနဲ့အများတော့ ပါနိုင်တယ်။ မပါဘူးလို့ မငြင်းဘူး။ (မယုဒေသမှာ မွတ်စလင်များတယ်ဆိုလို့ အိစ္စလာမ်ဘာသာဝင်တွေကိုပဲ ပြေးမမြင်ကြနဲ့။)

- နောက်တစ်ချက်ကတော့ ခိုလှုံလာခဲ့တဲ့လူတွေကို မဆလအစိုးရက ဒီတိုင်းလွတ်ထားခဲ့တာတော့ မဟုတ်ဘူးဗျာ။ သေသေချာချာ စာရင်းဇယား ပြုစုပြီးတော့ Public Place တွေဖြစ်တဲ့ ကျောင်းဝင်း၊ ဆေးရုံးဝင်း၊ အလွှတ် အစိုးရအဆောက်အအုံ၊ နေရာလပ်တွေမှာ နေရာချပေးထားခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံ ဒုက္ခရောက်နေချိန်မှာ ကူညီခဲ့တဲ့ သဘောပဲဗျာ။ ဒီလူတွေက နောက်ပိုင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တည်ငြိမ်းအေးချမ်းလာတဲ့ခါ နှစ်နိုင်ငံအစိုးရ အစီအစဉ်ဖြင့် သူ့မြေကို သူတို့ပြန်သွားကြတာပါပဲ။ ဒါကို တချို့မျိုးချစ်တွက မသိကျွန်ပြု ဟန်ဆောင်နေတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ချေမှုန်းနေတဲ့ မဆလခေတ်မှာ အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ ဘယ်ပုန်းဝှက် နေရဲပါ့မလဲ။ အဲဒီချိန်မှာ ဗမာပြည်က အာဏာရှင်လက်အောက်မှာဖြစ်နေတယ်။ သို့သော် ခိုလှုံလာတဲ့ သူတို့ရဲ့မြေက လွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာကိုး။ ပြီးတော့ သူတို့ရဲ့ အိုးအိမ်၊ လယ်မြေပိုင်ဆိုင်မှု၊ အဆွေအမျိုးတွေ အကုန် ဘင်္ဂလားဒေ့ခ်ျမှာ ရှိနေတယ်လေ။ သူတို့ကို ကြိုးနဲ့တုပ်ပြီးတော့ နေစေခဲ့ရင်လဲ ပြန်ထွက်ပြေးမှာပဲ။ 

- ဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်။ "ဟုတ်တယ်… မင်းတို့ကို လယ်မြေတွေပေးမယ်၊ အိုးအိမ်တွေဆောက်ပေးမယ်။ အလုပ်အကိုင်တွေရအောင် လုပ်ပေးမယ်"လို့ အစိုးရက ကတိနဲ့ အာမခံပေးမယ်ဆိုရင်တော့ တချို့သူတွေ နေကောင်းနေနိုင်တယ်။ အဲလိုကတိကဝတ်တွေကို အာဏာရှင်အစိုးရက အိစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေအား ဘယ်တော့မှ ပေးမှာမဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေကိုတော့ အစိုးရက ကတိပေးကောင်းပေးနိုင်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာလည်း အဲ့လို ကတိကဝတ်တွေပေးပြီးတော့ တဖက်နိုင်ငံက ဘာသာတူတွေ ခေါ်လာတာကို တွေ့ရပါတယ်။ 

- ဒီစာပိုဒ်ထဲမှ စာတစ်ကြောင်းကို အမှန်တရား မဖော်လိုတဲ့ သူတချို့က ဖုံးကွယ်ထားတယ်။ အဲတာက "နောက်ထပ်အသစ် ဒုက္ခသည်တွေ ရောက်လာခြင်းမရှိဘူး" လို့ သံအမတ်ကြီးက ငြင်းခဲ့တဲ့ စာကြောင်းပေါ့။ ဒီစာကြောင်းက ဘာကို ထောက်ပြနေသလဲဆိုရင် ဘင်္ဂလား-ပါကစ္စတန်စစ်ပွဲ ဖြစ်ခဲ့တဲ့အချိန်က ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေမှအပ နောက်ထပ် ဒုက္ခသည်တွေ ရောက်လာတာမရှိဘူး။ စစ်ပွဲတုန်းက ဝင်လာခဲ့တဲ့ ဒုက္ခသည်တွေဟာ နှစ်နိုင်ငံအစီအစဉ်နဲ့ ပြန်လည်ထွက်ခွာသွားတာ၊ ကျန်နေနိုင်တဲ့သူတွေက မူဆလင်တွေမဖြစ်နိုင်တာကို အထက်မှာ တင်ပြပြီးပြီ။ 

- ဗိုလ်နေဝင်းအစိုးရက ၁၉၇၈ မှာ ကြောက်မက်ဖွယ် နဂါးမင်း စစ်ဆင်ရေးဆိုတာကို ဆင်နွှဲခဲ့တယ်။ အိမ်တိုင်ရာရောက် စစ်ဆေးခဲ့တယ်။ ရိုဟင်ဂျာတွေကို စစ်ဆေးခဲ့တာနော်။ ရခိုင်တွေကို စစ်ဆေးတာ မဟုတ်ပါဘူး။ စစ်တာလည်း ရိုးရိုးသားသား မဟုတ်ဘူး။ ဖိနှိပ်ညှည်းပန်းမှုပေါင်းစုံနဲ့ အသက်အန္တရာယ်ပြု စစ်ဆေးတာပဲ။ ဒါနဲ့ ရိုဟင်ဂျာတွေက မိမိတို့ အိုးအိမ်တွေကို စွန့်ပြီးတော့ အသက်ကယ်ထွက်ပြေးရတယ်။ အဲ့ဒီလူတွေကို ဗမာအစိုးရက တစ်ခါ ပြန်ခေါ်တယ်။ ပြန်ခေါ်တာကလည်း "အနောက်တံခါး ဖွင့်ပေးတယ်။ လာကြ… လာကြ" နဲ့ မဟုတ်ဘူး။ စစ်ဆေးရေးစခန်းတွေဖွင့်ပြီးတော့ သေချာစစ်ဆေးပြီးမှ မှန်ကန်တဲ့ အထောက်အထားတွေကို ပြနိုင်မှသာလျှင် ပြန်လာခွင့်ပေးတာနော်။ လက်ခံစာတွေလည်း တစ်ပါတည်း ပေးခဲ့တယ်။ ဒီမှာ တစ်ချို့ မျိုးချစ်တွေက ပြောကြတာရှိတယ်။ "နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ပြန်ခေါ်ရတာတဲ့။" စဉ်းစားရမှာက ဗမာပြည်ကို မတရားချုပ်ကိုင်ထားတဲ့ အာဏာရှင် ဗိုလ်နေဝင်းအစိုးရက နိုင်ငံတကာရဲ့ မတရားဖိအားတွေကို ကြောက်မလို့လား။ အဲ့လို နိုင်ငံတကားဖိအားကို ကြောက်မယ်ဆိုရင် အာဏာတောင် သိမ်းမှာမဟုတ်ပါဘူး။ တဖက်က အစိုးရမှာ ဘင်္ဂလား သံအမတ်ကြီးက ဝန်ခံထားတဲ့ ဝန်ခံချက်တွေရှိနေတယ်ဆို။ ခေါ်လာစရာ အကြောင်းတောင်မရှိဘူး။ ကလေးဆန်တဲ့ စကားတွေ မပြောကြပါနဲ့ဗျာ ကိုမျိုးချစ်ရာ။ ဇွတ်မငြင်းပါနဲ့။

- ဒါ့အပြင် ရိုးရိုးသားသား ဝန်ခံထားတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် အမျိုးသားတစ်ချို့ရဲ့ တင်ပြချက်ကိုလည်း လေ့လာကြည့်ပါဦး။ ခိုးဝင်လာသူတွေ ဘယ်သူဘယ်ဝါဆိုတာ ပို၍ ထင်ရှားသွားပေလိမ့်မယ်။ ဦးမြစိန်ထွန်းပါ (၅) ဦးက (အသိအမြင်ရှိ နယ်စပ်ဒေသမှ ရခိုင်တိုင်းရင်းသားများ) အမည်ဖြင့် ရန်ကုန်မြို့ ရခိုင်သဟာယအသင်းသို့ တင်ပြခဲ့သည့် (၁၀.၁.၁၉၉၇) ရက်စွဲပါ စာ-၄တွင်-

"လွန်ခဲ့သော နှစ်၂၀/၂၅နှစ်အတွင်းက ဘင်္ဂလီများ ခိုးဝင်လာခြင်း မရှိကြောင်း၊ ခိုးပြေးသူများသာရှိကြောင်း၊ တဖက်ဒေသမှ ရခိုင်လူမျိုး (၅)သိန်းခန့် ဝင်ရောက်လာပြီး ပြည်နယ်အနှံ့ နေထိုင်လျက်ရှိကြောင်း အစိုးရဌာန အဖွဲ့အစည်းများ၌ အမှုထမ်းနေကြကြောင်း" အသေးစိတ် ရေးသားတင်ပြထားတာကို တွေ့ရှိရတယ်။(ပုံကိုရှုပါ)



- ဘင်္ဂလား- ပါကစ္စတန် စစ်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီရွာ ၁၀၀ ခန့် လုံးလုံး ပျောက်သွားတယ်လို့ ရခိုင်မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ နာမည်နဲ့ တကွ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီလူတွေက ဘယ်ကို ရောက်သွားသလဲ။ ရိုဟင်ဂျာလို Genocide လုပ်ခံလိုက်တာလား။ ဒါမှမဟုတ် တခြားတစ်နေရာရာမှာ ရောက်သွားတာလား။ မစဉ်းစားချင်ဘူးလား။

- ၁၉၇၄ မှ ၁၉၇၈ ခုနှစ်အတွင်းက ဘင်္ဂလားအဝကျွန်းတွင် မွေးဖွားခဲ့သူ ဗိုလ်မှူးကျော်မောင် ရခိုင်ပြည်နယ်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ကာလလည်းဖြစ်၊ ရိုဟင်ဂျာတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းနေတဲ့ အာဏာရှင်ချုပ်ကိုင်ထားတဲ့ ပြည်သူ့ကောင်စီခေတ်လည်းဖြစ်ရာ ရခိုင်အမျိုးသား ဦးမြစိန်ထွန်းပါ(၅)ဦးရဲ့ တင်ပြချက်အရသော်၎င်း၊ ရခိုင်ပြည်အတွင်း ဝင်ရောက်လာသူ (၅)သိန်းမှာ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီ (အနောက်သားရခိုင်)ဆိုသူတွေသာ ဖြစ်တယ်ဆိုခြင်းမှာ ပို၍ မှန်ကန်ပါမယ်။ 

- ဒါ့အပြင် စကားထဲက ဇာတိပြဆိုတဲ့ စကားအတိုင်း စစ်တွေမြို့ပေါ်က "ဝါး ၁၀၀ ဓနိ ၁၀၀" ဆိုတဲ့ စကားတစ်ခုကို လေ့လာကြည့်ပါ။ ဒီစကားက စစ်တွေမြို့ပေါ်ကသူတွေ အသိဆုံးဖြစ်တယ်။ စစ်တွေမြို့မှာ အနောက်သားရခိုင်တွေကို ဝါး ၁၀၀ ဓနိ ၁၀၀ အတွက် မျှောလာသူတွေဟု လောင်ပြောင် ခေါ်ဝေါလေ့ရှိတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားစစ်ပွဲဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ခိုလှုံလာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂါလီတွေကို ဝါး ၁၀၀ ဓနိ ၁၀၀ ဆီ၊ ဆန် စတဲ့ဟာတွေကို ထောက်ပံ့လေ့ရှိခဲ့တယ်။ ထိုသို့ ဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်ဘင်္ဂလီတွေမှာ ယခုအခါ မောင်တော၊ စစ်တွေမြို့(ဘောလုံးကွင်းတဝိုက်)၊ ပေါက်  တော၊  မြေပုံ၊ မင်းပြား၊ သံတွဲ နှင့်တခြားမြို့နယ်များတွင် ပျံနှံနေထိုင်လျက်ရှိပါတယ်။ ဒေသခံတွေက သူတို့ကို အနောက်သားရခိုင်များဟု ခေါ်ကြတယ်။ ရခိုင်ပြည်နယ်အပြင် ပြည်မ ရန်ကုန် ရှိ ပုဇွန်တောင်၊ အင်းစိန်၊ သမိုင်း၊ လှိုင်သာယာ၊  ရွှေပြည်သာ၊ နိုင်ငံအနှံ့  ရောက်ရှိနေပါပြီ။

မြန်မာနိုင်ငံတွင် အထက်တန်းစား ရာထူးတွေ၊ ဒေသခံရခိုင်လူမျိုး မျက်နှာဖုံးလူကြီးတွေ ဖြစ်နေပါပြီ။ ဝန်ကြီး  ဇော်အေးမောင်   ယောက္ခမ ဦးအနီမောင်၊ ANP ပါတီအတွင်းရေးမှုး ထွန်းအောင်ကျော်ရဲ့မိန်းမ စတဲ့သူတွေလည်း ခိုးဝင်လာတဲ့ ဗုဒ္ဓဘာသာဘင်္ဂလီတွေ ဖြစ်တယ် (ပုဂ္ဂိုလ်ရေးတိုက်တာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ)။ ၎င်းတို့ကို ဦးနေ၀င်းအစိုးရလက်ထက်မှာ အရေးယူမှုအချို့လည်း ရှိခဲ့တယ်။ ဒေါက်တာကျော်လှစိန် (ဘောလုံးကွင်း) ကဲ့သို့ ဆရာဝန်ကို အစိုးရရာထူးမှ ဖြုတ်ချခဲ့တယ်။ အလားတူ ရေတွက်လို့မကုန်နိုင်အောင် အများကြီးရှိခဲ့တယ်။ ယနေ့ထိလည်း ခိုးဝင်လာနေတဲ့ သူတွေရှိနေပါတယ်။ မြန်မာနိုင်ငံက အထောက်အထား မပြနိုင်လို့ မှတ်ပုံတင်ကတ် မထုတ်နိုင်သေးတဲ့ ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေ တစ်ပုံကြီး ရှိနေတယ်။ 

- ဓနသဟာယ၏ မှတ်တမ်းပါစာတွင် ဘင်္ဂလီ(၅)သိန်းဝင်ရောက်ခဲ့ကြောင်း ဝန်ခံထားသော်လည်း မွတ်ဆလင်များ ဖြစ်ကြတယ်လို့ တစ်လုံးတပါဒမျှ မပါရှိပါဘဲလျက် ဒေါက်တာအေးချမ်းက ထိုသူတွေဟာ မွတ်ဆလင်ဟု ထင်မြင်ချက်ပေးခြင်းက အဘယ်အတိုင်းအတာအထိ ယုတ္တိရှိတာကို စဉ်းစားတတ်တဲ့ပရိသတ်တို့သာ ဆုံးဖြတ်လိုက်ပါတော့။

(လူထုဝဏ္ဏ)


ကိုးကား-

အွန်းလိုင်း စာစုနှင့် မှတ်တမ်းပုံများ


Sunday, June 13, 2021

DCT welcomes new Head for ECMS


DCT welcomes new Head for ECMS

24 May, 2021  

PROFESSOR AMAN OO

The School of Engineering, Computer and Mathematical Sciences has welcomed Professor Aman Oo as its new Head of School.


Professor Oo joins the Faculty of Design and Creative Technologies from Deakin University in Victoria, Australia, where he was Head of its School of Engineering.


He is excited to meet the team behind DCT’s largest school, and get to know the challenges and solutions our students and academics are working on.


“My long term goal for the school is championing our industry-ready graduates. I want every parent to have AUT at the top of their minds as great place for their daughters or sons to study, and I want every industry colleague to be eager to hire our graduates, and to be part of our industry partnerships.


“I want ECMS to be known for its research that makes an impact on both community and industry, and to be actively sought out for its expertise by policy makers and industry partners.”


Professor Oo’s expertise is renewable energy, and he has been involved in many projects in Australia, working with a range of different communities and both federal and state governments to develop strategies related to their renewable energy targets in response to climate change.


“The environment and government targets relating to climate change are obviously different in New Zealand, but I’m looking forward to championing AUT’s expertise and contributing to the conversation, and potentially building our expertise, for example around hydrogen.”


Read Here profile of Dr. Amam Oo

Wednesday, June 9, 2021

အာရကန် လွတ်လပ်ရေး မဟာမိတ်အဖွဲ့ (AIA) ပေါ်ပေါက်လာခြင်း

 


အာရကန် လွတ်လပ်ရေး မဟာမိတ် (AIA) ပေါ်ပေါက်လာခြင်း


၁၉၇၇ ခုနှစ်တွင် အာရကန်ပြည်သား အချို့က ကြံစည်ခဲ့သော အာဏာသိမ်းမှု အကြံအစည်တစ်ခု ပျက်ပြားသွားခဲ့သည်။ ဤအာဏာသိမ်းမှုကို အောင်စိန်သာ၊ ထင်လင်းနှင့် ကျော်လှ (ခ) မုစ်တာဖာကာမာလ် တို့က ကြိုးကိုင်ကြံစည်ခဲ့သည်။ မြန်မာ့ထောက်လှမ်းရေးက ရန်ကုန် ဘင်္ဂလားဒေ့ရှ် သံရုံးရှိ စစ်သံမှူးကို ကြံစည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ပွင့်ပွင့်လင်းလင်း စွပ်စွဲပြီး မည်သို့မျှ လက်မခံနိုင်ဟု ပြောဆိုကာ နှင်ထုတ်ခဲ့သည်။ 

ဗိုလ်ချုပ်နေ၀င်းက “ ဓားနှင့် ဓား” ကို စိန်ခေါ်ရန်၊ ရိုဟင်ဂျာသာမက ဘင်္ဂလားဒေ့ရှ်အစိုးရကိုပါ သင်ခန်းစာပေးရန် အခွင့်အလမ်းရသွားသည်။ သူသည် ၁၉၇၈ ခုနှစ်တွင် တရားမ၀င် ၀င်ရောက်လာသူများကို စစ်ဆေးယောင် ဟန်ဆောင်ကာ "နဂါးမင်း" ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေး စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့သည်။ စစ်တပ်၏ ရက်စက်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှုသတင်းများ ပျံ့နှံ့နေစဉ် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းရှိ နယ်စပ်တစ်လျှောက် ရိုဟင်ဂျာဒုက္ခသည် ၃ သိန်းခန့် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့လေသည်။

ထိုအတောအတွင်း မြန်မာစစ်တပ်သည် ဒေသအသီးသီးရှိ ရခိုင် လက်နက်ကိုင်အဖွဲ့များကိုလည်း ချေမှုန်းခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီ (Arakan Communist Party) ဥက္ကဋ္ဌ ဦးကျော်ဇံရီ  ဖမ်းဆီးခံခဲ့ရသည်။ ပြောက်ကျားအင်အား ၇၅၀ ပါသည့် ACP ပါတီသည် လုံးဝ လက်မြောက်ရှုံးနိမ့်သွားခဲ့သည်။ ဦးရွှေသာ ဦးဆောင်သည့် ACP ၏ အကြွင်းအကျန်တပ်သားများသည် ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီ Arakan Liberation Party (ALP)နှင့် ရခိုင်လွတ်လပ်ရေးအဖွဲ့ Arakan Independence Organization (AIO) တို့သည် အင်အား ၃၀၀ ကျော်ဆုံးရှုံးခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံခဲ့သည်။ ဦးမောင်စိန်ညွန့် ဦးဆောင်သည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ Arakan National Liberation Party (ANLP) သည်လည်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ ရောက်လာလေသည်။

ထိုအချိန်မှစ၍ ရခိုင်အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် ရိုဟင်ဂျာအဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် ၄င်းတို့၏ တည်မြဲမှုနှင့် ရပ်တည်မှုအတွက် ရုန်းကန်လှုပ်ရှားမှုများမှတစ်ဆင့် အချင်းချင်း ပိုမိုနီးကပ်လာခဲ့သည်။ သူတို့ ရပ်တည်မှုနှင့် ရှေ့ဆက်ရေးအတွက် တစ်ဦးကိုတစ်ဦး လိုအပ်နေကြောင်း သဘောပေါက်နားလည်ခဲ့ကြသည်။ သူတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ရန်၊ အချင်းချင်း လေးစားနိုင်ရန်၊ ညီအစ်ကို ရဲဘော်ရဲဖက်ကဲ့သို့ လက်ခံ သဘောထားနိုင်ရန် ကြိုးစားခဲ့သည်။ အခြားတစ်ဖက်မှကြည့်လျှင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကိုအသုံးမပြုရန် ကန့်သတ်ချက်ဖြင့် ရခိုင်နှင့် ရိုဟင်ဂျာအဖွဲ့အစည်းများကို ခိုလှုံရာ နေရာပေးခဲ့သည်။ ရခိုင်ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့်ဆက်ဆံရာတွင်လည်း ရိုဟင်ဂျာခေါင်းဆောင်များ၏ အကူအညီ အမြဲလိုအပ်လျက်ရှိသည်။

၎င်းတို့အကြား တရားဝင်နှင့်အလွတ်သဘောဆွေးနွေးမှုများ အများအပြားရှိခဲ့ပြီး ၎င်းတို့လူကြီးသူကောင်း သဘောတူညီချက် သို့မဟုတ် စာနှင့်ပေနှင့် ရေးသားမှတ်တမ်းတင်သော သဘောတူညီချက်အထိ ရှေ့တိုးရောက်လာခဲ့သည်။ ဥပမာ-  ARIF၊ ALP နှင့် RNP တို့၏ သဘောတူညီချက်၊ RSO, ARIF နှင့် NUFA တို့၏ သဘောတူညီချက်၊ RSO နှင့် Arakan Army ကို ဦးဆောင်သော Bo Raza သဘောတူညီချက် တို့ဖြစ်ကြသည်။ ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် Arakan National Union Party (NUPA) နှင့် Arakan Rohingya National Organization (ARNO) တို့အကြား သဘောတူညီမှု တစ်ခုရရှိခဲ့သည်။

NUPA နှင့် ARNO မှ ကိုယ်စားလှယ်များသည် အမျိုးသားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ရှုထောင့်များတွင် ဘုံရပ်တည်ချက်၊ ဘုံသဘောထားအမြင်ရှိ၍ နိုင်ငံရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတွင် သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပါတီနှစ်ခုအနေဖြင့် ရခိုင်ပြည်သူတို့၏ လွတ်လပ်ရေးကို အရေးဆိုခဲ့သည်။ 

နှစ်ဖက်သောပါတီများက သဘောတူခဲ့သော အချက်များမှာ -

၁။ အာရကန်ပြည်ရှိ ရခိုင်နှင့် ရိုဟင်ဂျာ အဓိက လူမျိုးနှစ်မျိုးအပါအဝင် မြို (မရိုန်)၊ ခမီ၊ အနု၊ ခေါင်စော၊ လုံကဲ၊ ချန်ဒူ၊ ရှော့၊ ဆက္ကမာ(သက်)၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီး (ဘရူဝါ) ဟူသော တိုင်းရင်းသားလူမျိုးများသည် အဓမ္မကျွန်ပြုခံရခြင်း၊ အကြမ်းဖက်ခြင်း၊ ဖိနှိပ်ညှည်းပန်းခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ချုပ်နှောင်မှု၊ ဗမာကိုလိုနီစနစ်နှင့်နယ်ချဲ့ဝါဒတို့၏ လက်အောက်မှ  မိမိကိုယ်မိမိ လွတ်မြောက်ရန် ဆုံးဖြတ်ခြင်း၊

၂။ မိမိတို့နှင့် မိမိတို့ နောင်လာနောင်သား မျိုးဆက်များ၏ အနာဂတ် ကောင်းမွန်သေချာစေရန်အလို့ငှာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအနေနှင့် မိမိတို့လူမျိုး၏ ကံကြမ္မာကို မိမိတို့စိတ်သဘောအလျောက် ဖန်တီးပုံဖော်ရန် ရည်ရွယ်ချက် ကြီးမားစွာထားရှိခြင်း(အကောင်အတည်ဖော်ခြင်း)။

၃။ National United of Arakan (NUPA) နှင့် Arakan Rohingya National Organisation (ARNO) တို့သည် ရခိုင်ပြည်သူတို့၏ တရားဝင် ကိုယ်စားပြုပါတီများဖြစ်၍ ပါတီနှစ်ခုအကြား အပြန်အလှန်အသိအမှတ်ပြုမှုကို ထပ်မံအတည်ပြုသည်။ 

၎။ နှစ်ဖက်စလုံးမှ နားလည်မှုနှင့်ခင်မင်ရင်းနှီးမှုဖြင့် ပါတီနှစ်ခုအကြား ထင်ရှားသောပြဿနာဟူသမျှကို ငြိမ်းချမ်းစွာဖြေရှင်းမည်။


NUPA မှ ကိုယ်စားလှယ်များမှာ-

   ၁။ ဦးခင်မောင်၊ ဥက္ကဋ္ဌ

   ၂။ ဘစိုးအောင်၊ ဒု-ဥက္ကဋ္ဌ

   ၃။ မောင်ကျော်နု (N Alam Chowdhury)၊ ဒု-ဥက္ကဋ္ဌ

   ၄။ ခိုင်မြတ်ကျော်၊ အထွေထွေအတွင်းရေးမှူး

   ၅။ ဦးရွှေသာ၊ နာယက (၃) တို့ဖြစ်ကြသည်။ 


ARNO မှ ကိုယ်စားလှယ်များမှာ

၁။ နူရ်အီစ္စလာမ်၊ ဥက္ကဋ္ဌ

၂။ ဖောယာစ်အဟ်မတ်၊ ဘဏ္ဍာရေးနှင့်ပြန်ကြားရေးအတွင်းရေးမှူး ဖယာစ်အာမက်၊

၃။ ဆော်လီမုလ္လာ၊ ကွပ်ကဲရေးဦးစီးချုပ်

၎။ မောင်ကိုလေး (က) N K Shuja, NSC တို့ဖြစ်ကြသည်။ 


စက်တင်ဘာလ ၁၆ ရက် သမိုင်းဝင်သဘောတူညီချက်အပေါ် အခြေခံ၍ NUPA နှင့် ARNO ပါတီနှစ်ခုမှ ခေါင်းဆောင်များသည် ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် “ အာရကန်လွတ်လပ်ရေးမဟာမိတ်အဖွဲ့ (အေအိုင်အေ) [Arakan Independence Alliance, Arakan (AIA)] အမည်ဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ပူးတွဲကြေညာသည်။ သူတို့၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပါတီတစ်ခုမှ အဖွဲ့ဝင် ၃ ဦးစီ ပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ 








AIA သည် အာရကန်ပြည်ရှိ လူမျိုးအားလုံး၏ တပူးတတွဲ လွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်သည်။ လူမျိုး၊ အသားအရောင်နှင့် ဘာသာရေး ခွဲခြားမှုမရှိဘဲ အာရကန်ပြည်သူလူထု၏ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့်အညီ သူတို့၏ အနာဂတ်နှင့် သူတို့၏ နောင်လာနောင်သား မျိုးဆက်တို့၏ အနာဂတ် ကောင်းမွန်သေချာစေရန်အလို့ငှာ အာရကန်ပြည်သူ၏ ကံကြမ္မာကို ပုံဖော်အကောင်အထည်ဖော်ရန်ဖြစ်သည်။ AIA သည် အာရကန်လူ့အဖွဲ့အစည်း၏ မတူကွဲပြားသောသဘာဝကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးနွယ်စုများအကြား “ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း”၏ အခြေခံသဘောတရားကို ထိန်းသိမ်းရန် ကတိကဝတ်ပြုသည်။ အာရကန်မြေပေါ်ရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် မွတ်စလင်အသိုင်းအ၀ိုင်းတို့၏ တညီတညွှတ် ပူးပေါင်းကြိုးပမ်းမှုသည် ဗမာတို့၏ ကိုလိုနီထမ်းပိုးမှ လွတ်မြောက်၍ မိမိတို့၏ဇာတိမြေအား ငြိမ်းချမ်းသော "ဒီမိုကရေစီ အာရကန်"ကို ထူထောင်ရန် မဖြစ်မနေလိုအပ်သည်ဟု ယုံကြည်သည်။ 

ဒေါက်တာရွှေလူမောင်၏အဆိုအရ ဤအယူအဆများနှင့်အမြင်များအရ NUPA သည် ရိုဟင်ဂျာများအား တရားဝင်အသိအမှတ်ပြုပြီး ARNO နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဤနေရာတွင် NUPA ၏ ထင်ရှားသောခေါင်းဆောင်များကို ဖော်ရမည်။

၁။ ဦးပဒီးဖြူ၊ ဥက္ကဋ္ဌ၊ ခမီးအမျိုးသားတော်လှန်ရေးပါတီ

၂။ ဦးရွှေသာ ၊ ဥက္ကဋ္ဌ၊ ရခိုင်ကွန်မြူနစ်ပါတီ (ACP)၊

၃။ ဦးမောင်စိန်ညွန့်၊ ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ၊

၎။ မောင်သျှောင်ကြီး ဦး ဝီမလဗုဒ္ဓီ၊ အတွင်းရေးမှူး၊ ရခိုင်လွတ်လပ်ရေးအဖွဲ့ (AIO, အဖွဲ့-၁)၊ 

၅။ ဒေါက်တာခင်မောင် (AIO, အဖွဲ့-၁)၊

၆။ ဘိုခိုင်ရာဇာ၊ ဗိုလ်မှူးကြီး၊ ရခိုင့်တပ်မတော် (ALP မှ ခွဲထွက်အဖွဲ့)၊

၇။ ဦးကျော်လှိုင်၊ ဥက္ကဋ္ဌ၊ ရခိုင်လွတ်လပ်ရေးအဖွဲ့ (AIO အဖွဲ့-၂) နှင့်

၈။ ၁၉၉၄ ခုနှစ်တွင် NUPA သို့ ၀င်ရောက်ခဲ့သည့် ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့မှ ခေါင်းဆောင်များဖြစ်သည်။ ဤခေါင်းဆောင်များနှင့် သူတို့၏ ပါတီများသည် ရိုဟင်ဂျာများအား အသိအမှတ်ပြုခဲ့သည်။

ဘာသာပြန်သူ- လူထုဝဏ္ဏ

(9-6-2021)

--------------***------------***----------***---------

Note: သမိုင်းသုတေသီ အာမာန်အုလ္လာ ရေးသားခဲ့သော "The emergence of Arakan Independence Alliance (AIA)" ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ 


ကိုးကား- 

The emergence of Arakan Independence Alliance (AIA) By Aman Ullah


Monday, June 7, 2021

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးမှသည် ကာယဗလချန်ပီယံတစ်ဦးအဖြစ်သို့

 



ရိုဟင်ဂျာဒုက္ခသည်တစ်ဦးမှသည် ကာယဗလချန်ပီယံတစ်ဦးအဖြစ်သို့

Unicode

ဇွန် ၈၊ ၂၀၂၁ |

အသက် ၂၅နှစ်အရွယ် နူးရ်ကဘီရ်ဟာ ကော့ဘဇားဒုက္ခသည်စခန်းမှာ သူရရှိတဲ့စားနပ်ရိက္ခာဝေစုနဲ့အသက်ရှင်အောင် နေထိုင်ဖို့နေသားကျနေခဲ့ပါပြီ။ ဒါပေမယ့်လည်း သြစတြေးလျကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူဟာက ကြံ့ခိုင်ရေးနဲ့ကျန်းမာရေးပိုင်းအပေါ်မှာ စိတ်နှစ်မြုပ်ထားခဲ့ပြီး ယခု ကာယဗလချန်ပီယံတစ်ယောက် ဖြစ်လာနေပြီပဲဖြစ်ပါတယ်။

သူဟာမကြာသေးမီက ဘရစ်ဘိန်းကာယဗလပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လက်ရှိမှာတော့ သူဟာ လာမဲ့စက်တင်ဘာမှာ နိုင်ငံလက်ရွေးစင်ပြိုင်ဘက်ဖြစ်သူနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေပါတယ်။ ဒါပေမယ့်လည်း သူ့ဘဝအကြောင်းကလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ကဘီရ်ကို သူ့မိဘတွေနေထိုင်ခဲ့တဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ နေရာကျဉ်းကျဉ်းလေးလေးမှာ လူအများကြီးနဲ့နေထိုင်ရတဲ့ ကဘီရ်ဟာ ဒုက္ခသည်စခန်းကတစ်ခြားသူတွေလိုပဲ နေ့စဉ်အစားအစာအလုံအလောက်နဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ရဖို့အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။

“စခန်းအပြင်ကျွန်တော်တို့ထွက်လို့မရဘူး။ ဒါကြောင့်ရတဲ့အစားအစာဝေစုပေါ်မှာသာ မှီခိုရပါတယ်။ ဘယ်တော့မှလုံလောက်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ကြီးပြင်းလာတဲ့ထိတိုင် ဒီအတိုင်းပဲရရှိခဲ့တာပါ” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ကဘီရ်ဟာ သူအသက် ၁၆နှစ်အရွယ်မှာ လှေနဲ့ သြစတြေးလျကို တစ်ဦးတည်းရောက်လာခဲ့ပါတယ်။ သြစတြေးလျမှာ နှစ်နှစ်ကြာထိန်းသိမ်းခံရပြီးနောက် ယာယီနေထိုင်ခွင့်ဗီဇာရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၇ခုနှစ်မှာ ကြံ့ခိုင်ရေးကာလဗလမောင်တစ်ဦးဖြစ်လာဖို့ သူ့စိတ်ကူးကို စတင်အကောင်အထည်ဖော်အောင် အားပေးခဲ့တဲ့ ဒုက္ခသည်ဆိုင်ရာ စေတနာ့ဝန်ထမ်းဆရာဖြစ်သူ ဖီလ်နီဇွန်နဲ့ မတွေ့ခင်ထိ ဝန်ပင့်ယာဉ်(Forklift) ဒရိုင်ဘာတစ်ဦးအဖြစ် အလုပ်ရရှိခဲ့ပါတယ်။

ကဘီရ်ဟာ အရည်အသွေးပြည့်မီတဲ့ ပါဆင်နယ်ထရိန်နာတစ်ဦးဖြစ်လာဖို့ စတင်လေ့လာခဲ့ပါတယ်။ ကာယဗလနည်းပြဆရာတစ်ဦးဖြစ်တဲ့ စီမွန်စထရော့တန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကာလဗလပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ စတင်အလုပ်လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဒုတိယမြောက်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ကဘီရ်ဟာ အလုပ်ကြိုးစားဆုံးသူတစ်ဦးဖြစ်ကြောင်း စထရော့တန်က ဖော်ပြပြောဆိုခဲ့ပါတယ်။ “သူ့မျိုးရိုးနောက်ခံအကြောင်း ကျွန်တော့်ကိုသူပြောပြခဲ့ပါတယ်။ ကိုယ်အောင်မြင်ဖြစ်ထွန်းချင်တဲ့ အရာဘာပဲဖြစ်ဖြစ် အောင်မြင်အောင်ကိုယ်တိုင်စွမ်းဆောင်နိုင်တယ်ဆိုတာ သူ့နိုင်ငံကကျန်ခဲ့တဲ့သူတွေကို သူကပြသချင်တာပါ” လို့ စထရော့တန်ကပြောပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း ကဘီရ်ဟာ ရာမသွာန်ဥပုသ်စောင့်ထိန်းခဲ့ပြီး သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းရည်ကိုပြသခဲ့သလို နှိမ့်ချရိုကျိုးမှုကိုလည်းပြသခဲ့တယ်လို့ စထရော့တန်ကချီးကျူးခဲ့ပါတယ်။ ကွင်းစ်လန်းက ကာယဗလပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းကဘီရ်ကပြောပါတယ်။ “ဒုက္ခသည်စခန်းမှာ ကျွန်တော်ခက်ခဲမှုတွေနဲ့တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒီစိတ်ဓာတ်ကို လေ့ကျင့်ရေးထိကျွန်တော်ယူခဲ့ရုံပါပဲ သြစတြေးလျမှာတင်မကပဲ ကမ္ဘာ့ပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့လူမျိုးစုကိုယ်စားပြု ယှဉ်ပြိုင်ချင်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


Dhaka Tribune သတင်းဌာနပါ “From Rohingya refugee to bodybuilding champion” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


Zawgyi




ဇွန် ၈၊ ၂၀၂၁ 








Thursday, June 3, 2021

အိန္ဒိယဘုရင်ခံကို သတ်ဖြတ်ပြီး ဗြိတိသျှကို တုန်လှုပ်စေခဲ့သော အာဇာနည် ရှဲရ်အာလီခါန်း


အိန္ဒိယဘုရင်ခံကို သတ်ဖြတ်ပြီး ဗြိတိသျှကို တုန်လှုပ်စေခဲ့သော အာဇာနည် ရှဲရ်အာလီခါန်း 


"ထီးဖြူရုံပြာသာဒ်နှင့်

မအပ်သည့်အရာ

လာဒ် ဆိုသည့်မိစ္ဆာမှာ

ပိတ်ရှာပြီဇီဝိ

ဘုန်းမတန့် ဘုန်းတန့်ကြံတယ်

ဆုံးရုပ်နာမ် သွားပေါ့ ဝီစိ။


မင်းတုတု ခွေးသေသေ

သွေးတွေတွေယိုဘိ

လာဒ်ရန်ကို ဆဒ္ဒန်ဖိ

နတ်ဖန်သည့်ဘုန်းတော်

ကျွန်းစင်္ကပူ တစ်လွှားမှာ

ရွှေဓားသွား သတ်ရလိမ့်မနော်

လှေကားဆက် တက်အပေါ်မှာ

ထီးဖြူတော်နှစ်လက်ကြောင့်

ဒင်း အသက်ထွက်လွယ်စေ

ဓားနှစ်လက် မွှေ

လေးလက်ဖြင့် လေးချက်မွှေမယ်

ဘေးသက်သေ လက်ငင်းကွဲ့လေး။"


အချုပ်တန်းဆရာဖေ၏ အထက်ပါတေးထပ်ကို ကဗျာချစ်မြန်မာပြည်သူတိုင်း သတိရလိမ့်မည် ထင်သည်။ ဆရာဖေ၏ နှုတ်က ဘုန်းမတန်ကံမမျှပဲ ထီးဖြူဆောင်းသော အင်္ဂလိပ်ဘုရင်ခံကို စာချိုးပစ်လိုက်ပုံက ရာဇဝင်တွင်ခဲ့သည်။ ဤ တေးထပ်ကြောင့် ဆရာဖေ ဖမ်းဆီးခံခဲ့ရသည်။ 

ဤတေးထပ်ပါ အဖြစ်အပျက် နောက်ကွယ်မှာ လူငယ်အာဇာနည်သူရဲကောင်း ရှဲရ်အာလီခါန်းဟု ခေါ်သော လူငယ်တော်လှန်ရေးသမားတစ်ဦး ဖြစ်သည်။ အိန္ဒိယတိုက်ငယ်၏ နယ်ချဲ့ဆန့်ကျင်ရေးတွင် ဗြိတိသျှ ရာထူးအကြီးဆုံး အကောင် ဘုရင်ခံတစ်ယောက်ကို သတ်ပစ်ဖြစ်ပြီး ကိုလိုနီအုပ်ချုပ်ရေးကို တုန်လှုပ်စေခဲ့သော လူငယ်ဖြစ်သည်။ 

Sher Ali Afridi (သို့) Sher Ali Khan ကို ၁၈၄၄ ခုနှစ်တွင် ခိုက်ဘာပါစ် (Khyberpas) ရှိ Jamrud ကျေးရွာ၌ မွေးဖွားခဲ့သည်။ ရှဲရ် အာလီသည် ပါတန်လူမျိုးတစ်ဦးဖြစ်သည်။ သူသည် ဆယီဒ်အဟ်မတ် ရှဟီးဒ် (ရဟ) သခင်၏ တပည့်ဖြစ်သည်။


ရှဲရ်အာလီ သည် ၁၈၆၀ ပြည့်နှစ်များတွင် ဗြိတိသျှအုပ်ချုပ်ရေး ပန်ဂျပ်ရဲတပ်ဖွဲ့၌ အလုပ်လုပ်ခဲ့သည်။ သူသည် ပချာဝါရ်ပြည်နယ် ကော်မရှင်နာထံတွင်လည်းကောင်း၊ အမ်ဘာလာ ဗြိတိသျှ မြင်းစီးသူရဲတပ်ရင်းတွင်လည်းကောင်း အမှုထမ်းခဲ့သည်။ ၁၈၅၇ ခုနှစ် အိန္ဒိယပြည်သူများ ပုန်ကန်ထကြွချိန်တွင် ရိုဟိလကန် နှင့် ဩဓ် ဒေသရှိ အရှေ့အိန္ဒိယကုမ္ပဏီ စစ်တပ်တွင် အမှုထမ်းသည်။ သူသည် ပချာဝါရ်၌ ဗိုလ်မှူး ဟက်ဂျမ်စ် (Hugh James) လက်အောက်တွင် မြင်းစီးသူရဲအဖြစ် ထမ်းဆောင်သည့်အပြင် ရယ်နလ်တေလား (Reynell Taylor) ၏ အစေအခိုင်း ရဲဘော်အဖြစ်လည်း အမှူးထမ်းသည်။ တေလားသည် ရှဲရ်အာလီအား မြင်းတစ်ကောင်၊ ပစ္စတိုတစ်လက်နှင့် အမှူးထမ်းကောင်းလက်မှတ်တို့ကို ချီးမြှင့်ခဲ့သည်။ သူ၏ အမူအကျင့်ကောင်းခြင်းကြောင့် အင်္ဂလိပ်များကြားတွင် လူကြိုက်များခဲ့ပြီး တေလား၏ ကလေးများကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။ 


ရှဲရ်အာလီခါန်းသည် ရဲသူလျို့ ဟိုက်ဒါရ်အာလီ အမည်ရှိ လူငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် အင်္ဂလိပ်ဆန့်ကျင်ရေး ထိပ်တန်းခေါင်းဆောင် မော်လနာ ဇာဖောရ် ဒါနိခ်ျဝါရီ အပါအဝင် အခြားတော်လှန်ရေးသမားအချို့နှင့်အတူ ၁၈၆၇ ခုနှစ်တွင် ပချာဝါရ်၌ အဖမ်းခံခဲ့ရသည်။ သို့သော် ထိုလူသတ်မှုကို သူမကျူးလွန်ခဲ့ကြောင်း၊ အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ထွက်ဆိုသည်။ အမှု ရုံးတင်စစ်ဆေးရာမှာ ၁၈၆၇ ခု ဧပြီလ ၂ ရက်တွင် သူ့ကို သေဒဏ်ချမှတ်လိုက်သည်။ အယူခံဝင်ရာမှာလည်း ကာလကတ္တားတရားရုံးချုပ်က သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

၁၈၆၉ ခုနှစ်တွင် မတရား တစ်သက်တစ်ကျွန်း ထောင်ဒဏ်အပြစ်ပေးခံရသူ ရှဲရ်အာလီအား ထိုခေတ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ကာလာပါနီ ခေါ် ကပ္ပလီကျွန်းသို့ ပို့ခဲ့သည်။ သူသည် ထိုအချိန်မှာ အသက် ၂၅ နှစ် အရွယ်ဖြစ်ပြီး အရပ် ၅ ပေ ၁၀ လက်မ ရှိခဲ့သည်။ 

ထိုအချိန်တွင် ကပ္ပလီကျွန်း၌ အကျဉ်းသားများထားရာ လုံခြုံသော အချုပ်ခန်းအဆောက်အဦကြီးများ မဆောက်ရသေးချေ။ အကျဉ်းသားများကို ကျွန်းစုပေါ်တွင် လုံခြုံရေးတင်းကြပ်စွာနှင့် သိမ်းထိန်းထားသော အဆင့်သာရှိခဲ့သည်။ ရှဲရ်အာလီကို ဘလဲယားဆိပ်ကမ်း၏ Hope Town ဧရိယာရှိ ပါနီဂါဌ် (Pani Ghata) တွင် ချုပ်နှောင်ထားခဲ့သည်။

သူသည် အလွန်ရိုးရှင်းကြင်နာပြီး ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်တယ်။ ကပ္ပလီကျွန်းထောင်ထဲမှာ ဆံပင်ညှပ်သမား အဖြစ် လုပ်ဆောင်ခွင့်ရခဲ့သည်။ ရရှိသောလုပ်ခ ငွေအားလုံးကို လက်ထောက်ငယ် အကျဉ်းသားများကို ဖြန့်ဝေပေးလေ့ရှိသည်။ ဤစေတနာက သူ့ကို အကျဉ်းသားများထဲတွင် အလွန် လူကြိုက်များစေခဲ့သည်။ သူရောက်ရှိချိန်မှစပြီး ကောင်းမွန်စွာပြုမူနေထိုင်သည်ဟု အသိအမှတ်ပြုခံခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ အန္တရာယ်ပေါသော အထီးကျန်ကျွန်းပေါ်တွင် ညှင်းပန်းမှုအပေါင်းနှင့် မတရားပြည်နှင်ဒဏ်ခံနေခြင်းကို လက်စားချေရန်နှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပြည်သူများဖက်မှ အားပေးနိုင်ရန် နေ့ရောညပါ စဉ်းစားလျက်ရှိသည်၊။ ၁၈၇၂ ခု ဖေဖော်ဝါရီလ ၈ ရက်တွင် နယ်ချဲ့ဓားပြ အကြီးတန်းစားမိစ္ဆာ အိန္ဒိယ စတုတ္ထမြောက် ဘုရင်ခံ လော့ဒ်မေယို (၁၈၆၉- ၁၈၇၂) သည် ဗမာပြည်ကအပြန် ကပ္ပလီကျွန်းသို့ သွားရောက်လည်ပတ်သည့်အခါ သူစောင့်မျှော်နေသော အဆိုပါ အခွင့်အလမ်းရောက်ရှိလာခဲ့သည်။ 

ရှဲရ်အာလီခါန်းသည် ဘုရင်ခံ လော့ဒ်မေယို၏ အလည်အပတ်ခရီးစဉ် သတင်းကို ကြားသောအခါ သူလုပ်ဆောင်ရမည့် အကြံအစည်ကို ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဖြစ်ပါစေ ဘုရင်ခံလော့ဒ် နှင့် ကပ္ပလီကျွန်း ကြီးကြပ်ရေးမှူး ဝါကာကို သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ကြံစည်မှုကြာင့် သူ ချက်ချင်း ထိန်းသိမ်းခံရမည်ဖြစ်ပြီး သေဆုံးရမည်မှာ သေချာသည်ကိုလည်း ကောင်းစွာ သိရှိသည်။ ဦးစွာ သူသည် သူမှာရှိသောငွေ အနည်းငယ်နှင့် ပေါင်မုန့်ချိုများကို ဟိန္ဒူမူဆလင်အပေါင်းအဖော်များအား ကျွေးလျက် နှုတ်ဆက်ခဲ့သည်။ လုပ်ကြံရန်စီစဉ်ထားသောနေ့တွင် သူသည် နံနက်မိုးလင်းကတည်းက အခွင့်အလမ်းကို စောင့်ဆိုင်းနေသည်။ သို့သော် အခွင့်အရေး မရခဲ့ချေ။


နောက်ဆုံး လော့ဒ်သည် Mount Harriet မှ နေဝင်ချိန်မြင်ကွင်း ဆိပ်ကမ်းနားသို့ ပြန်လာရာ ည ၇ နာရီခန့်ထိုး၍ မိုးချုပ်လာသည်။ သူ့ကို ရှေ့တန်းက မီးထွန်းလင်းပေးလမ်းပြလျက် အထက်တန်း ၀န်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက ဝန်းရံထားသည်။ သူ၏ နောက်က ကပ္ပလီကျွန်း၏ ကြီးကြပ်ရေးမှူး Walker ရှိနေသည်။ သူတို့က ဆိပ်ခံတံတားမှ သူ့ကတော် လေဒီမေယိုရှိရာ လှေငယ်ကိုစီး၍ Glasgow သို့ သွားမည့်သင်္ဘောကို ရောက်ရန်ဖြစ်သည်။ ရုတ်တရက် Walker သည် အခြားသူတစ်ယောက်နှင့် စကားပြောရန် နောက်ကျ ကျန်ရစ်ခဲ့သည်။ ထိုအချိန်သည် ရှဲရ်အာလီအတွက် အခွင့်သာနေချိန်ဖြစ်သည်။  ရှဲရ်အာလီသည် ကျားတစ်ကောင်ကဲ့သို့ အမှောင်ထုထဲမှ ခုန်ချကာ လော့ဒ်၏ နောက်ကျောကို ဖောင့်ဖောင့် ဓားဖြင့်ထိုးနှက်လေသည်။ လော့ဒ်သည် အလုအယက်ပြု၍ မထရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ ကိစ္စအားလုံးက ပြီးဆုံးသွားပါပြီ။ လော့ဒ်သည် ဓားထိုးဒဏ်ရာကြောင့် သေဆုံးသွားလေသည်။

ရှဲရ်အာလီခါန်းကို လုံခြုံရေး ၁၂ ယောက်က ဝန်းရံ၍ ချက်ချင်း ဖမ်းဆီးလိုက်သည်။ နောက်တစ်နေ့တွင် အမြန်ဆုံး စီရင်ချက် ချခြင်းခံရသည်။  သူ့ကို ရုံးတင်စစ်ဆေးချိန်မှာ သူနဲ့အပေါင်းအဖော် တခြားတစ်ယောက်ယောက်ရှိသလားဟု မေးမြန်းသည်။ ကြံစည်မှုတစ်ခုလုံးကို သူတစ်ယောက်တည်းသာကြံစည်သည်ဟု သူတစ်ပါးအား နစ်နာခြင်းမရှိဘဲ ရဲဝံ့စွာ ဝန်ခံခဲ့သည်။ သူ၏ တစ်ဦးတည်းသော အဖော်က အလ္လာဟ်အရှင်တော်မြတ် ပါ။ ကလကတ္တား တရားသူကြီးချုပ် ဂျွန်နော်မန် ကို အဗ္ဗဒူလ္လာဆိုသူက လုပ်ကြံခဲ့ပုံမှ စိတ်တက်ကြွစေပြီးနောက် ဤလုပ်ကြံမှုကို ကြံစည်ခဲ့သည်ဟု ထွက်ဆိုသည်။ သူသည် အသက်ချမ်းသာ ခွင့်လွှတ်တော်မူရန် တောင်းပန်ခြင်း လုံးဝမရှိချေ။ အလင်္ဂလိပ်တို့၏ တရားစီရင်မှုကိုလည်း ရှုတ်ချသည်။ 

သူ့ကို ၁၈၇၂ ခု၊ မတ်လ ၁၁ ရက်တွင် Viper ကျွန်း အကျဉ်းထောင်၌ ကြိုးစွပ်သေဒဏ်ပေးခဲ့သည်။ ကြိုးဆွဲချသည့်နေ့တွင် ကြိုးကွင်းကိုနမ်းပြီး ထိုကြိုးကို ကိုယ်တိုင်စွပ်ကာ ကလိမာ "La ilaha illallahu" နှစ်ကြိမ် ရွတ်ဆိုပြီးနောက် လောကကို နှုတ်ဆက်သွားခဲ့သည်။  ဤသို့ ရဲရင့်သော လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား၏ ဘဝသည် အသက် ၂၈ နှစ်တွင် ဇာတ်သိမ်းခဲ့လေသည်။

ရှဲရ်အာလီခါန်းသည် တိုင်းပြည်ကို ကျွန်ဘဝမှလွတ်မြောက်ရန် ကြီးမားသောတန်ဖိုးကို ပေးဆပ်ရမည်ဟု သူယုံကြည်သည်။ ပေးဆပ်လည်း ပေးဆပ်ခဲ့သည်။ သို့သော် အာဇာနည် ရှဲရ်အာလီခါန်းသည် အိန္ဒိယလွတ်လပ်ရေး သူရဲကောင်းများထဲတွင် မေ့ပျောက်ခံနေရသော သူရဲကောင်းသဖွယ်ဖြစ်နေပါသတည်း။  


(-လူထုဝဏ္ဏ)


မှီငြမ်း : -


1) Narayan Sanyal (2003). Sher-e-Shahid Island. Kolkata: Dev Sahitya Kuti's feet: Li

2) India in the struggle for freedom of A B. Kolkata: West Bengal Bangla Academy. 1996

3) ′′ He is a 'hero', and others?" Anandabazar magazine. Collection date 24 December 2017

4) Gangaw Gaunggin Myanmarsar (ကံ့ကော်ကောင်းကင် မြန်မာစာ) FB Page

5) Wikipedia