Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 7, 2021

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးမှသည် ကာယဗလချန်ပီယံတစ်ဦးအဖြစ်သို့

 



ရိုဟင်ဂျာဒုက္ခသည်တစ်ဦးမှသည် ကာယဗလချန်ပီယံတစ်ဦးအဖြစ်သို့

Unicode

ဇွန် ၈၊ ၂၀၂၁ |

အသက် ၂၅နှစ်အရွယ် နူးရ်ကဘီရ်ဟာ ကော့ဘဇားဒုက္ခသည်စခန်းမှာ သူရရှိတဲ့စားနပ်ရိက္ခာဝေစုနဲ့အသက်ရှင်အောင် နေထိုင်ဖို့နေသားကျနေခဲ့ပါပြီ။ ဒါပေမယ့်လည်း သြစတြေးလျကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူဟာက ကြံ့ခိုင်ရေးနဲ့ကျန်းမာရေးပိုင်းအပေါ်မှာ စိတ်နှစ်မြုပ်ထားခဲ့ပြီး ယခု ကာယဗလချန်ပီယံတစ်ယောက် ဖြစ်လာနေပြီပဲဖြစ်ပါတယ်။

သူဟာမကြာသေးမီက ဘရစ်ဘိန်းကာယဗလပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လက်ရှိမှာတော့ သူဟာ လာမဲ့စက်တင်ဘာမှာ နိုင်ငံလက်ရွေးစင်ပြိုင်ဘက်ဖြစ်သူနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေပါတယ်။ ဒါပေမယ့်လည်း သူ့ဘဝအကြောင်းကလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ကဘီရ်ကို သူ့မိဘတွေနေထိုင်ခဲ့တဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ နေရာကျဉ်းကျဉ်းလေးလေးမှာ လူအများကြီးနဲ့နေထိုင်ရတဲ့ ကဘီရ်ဟာ ဒုက္ခသည်စခန်းကတစ်ခြားသူတွေလိုပဲ နေ့စဉ်အစားအစာအလုံအလောက်နဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ရဖို့အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။

“စခန်းအပြင်ကျွန်တော်တို့ထွက်လို့မရဘူး။ ဒါကြောင့်ရတဲ့အစားအစာဝေစုပေါ်မှာသာ မှီခိုရပါတယ်။ ဘယ်တော့မှလုံလောက်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ကြီးပြင်းလာတဲ့ထိတိုင် ဒီအတိုင်းပဲရရှိခဲ့တာပါ” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ကဘီရ်ဟာ သူအသက် ၁၆နှစ်အရွယ်မှာ လှေနဲ့ သြစတြေးလျကို တစ်ဦးတည်းရောက်လာခဲ့ပါတယ်။ သြစတြေးလျမှာ နှစ်နှစ်ကြာထိန်းသိမ်းခံရပြီးနောက် ယာယီနေထိုင်ခွင့်ဗီဇာရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၇ခုနှစ်မှာ ကြံ့ခိုင်ရေးကာလဗလမောင်တစ်ဦးဖြစ်လာဖို့ သူ့စိတ်ကူးကို စတင်အကောင်အထည်ဖော်အောင် အားပေးခဲ့တဲ့ ဒုက္ခသည်ဆိုင်ရာ စေတနာ့ဝန်ထမ်းဆရာဖြစ်သူ ဖီလ်နီဇွန်နဲ့ မတွေ့ခင်ထိ ဝန်ပင့်ယာဉ်(Forklift) ဒရိုင်ဘာတစ်ဦးအဖြစ် အလုပ်ရရှိခဲ့ပါတယ်။

ကဘီရ်ဟာ အရည်အသွေးပြည့်မီတဲ့ ပါဆင်နယ်ထရိန်နာတစ်ဦးဖြစ်လာဖို့ စတင်လေ့လာခဲ့ပါတယ်။ ကာယဗလနည်းပြဆရာတစ်ဦးဖြစ်တဲ့ စီမွန်စထရော့တန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကာလဗလပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ စတင်အလုပ်လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဒုတိယမြောက်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ကဘီရ်ဟာ အလုပ်ကြိုးစားဆုံးသူတစ်ဦးဖြစ်ကြောင်း စထရော့တန်က ဖော်ပြပြောဆိုခဲ့ပါတယ်။ “သူ့မျိုးရိုးနောက်ခံအကြောင်း ကျွန်တော့်ကိုသူပြောပြခဲ့ပါတယ်။ ကိုယ်အောင်မြင်ဖြစ်ထွန်းချင်တဲ့ အရာဘာပဲဖြစ်ဖြစ် အောင်မြင်အောင်ကိုယ်တိုင်စွမ်းဆောင်နိုင်တယ်ဆိုတာ သူ့နိုင်ငံကကျန်ခဲ့တဲ့သူတွေကို သူကပြသချင်တာပါ” လို့ စထရော့တန်ကပြောပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း ကဘီရ်ဟာ ရာမသွာန်ဥပုသ်စောင့်ထိန်းခဲ့ပြီး သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု စွမ်းရည်ကိုပြသခဲ့သလို နှိမ့်ချရိုကျိုးမှုကိုလည်းပြသခဲ့တယ်လို့ စထရော့တန်ကချီးကျူးခဲ့ပါတယ်။ ကွင်းစ်လန်းက ကာယဗလပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းကဘီရ်ကပြောပါတယ်။ “ဒုက္ခသည်စခန်းမှာ ကျွန်တော်ခက်ခဲမှုတွေနဲ့တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒီစိတ်ဓာတ်ကို လေ့ကျင့်ရေးထိကျွန်တော်ယူခဲ့ရုံပါပဲ သြစတြေးလျမှာတင်မကပဲ ကမ္ဘာ့ပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့လူမျိုးစုကိုယ်စားပြု ယှဉ်ပြိုင်ချင်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


Dhaka Tribune သတင်းဌာနပါ “From Rohingya refugee to bodybuilding champion” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


Zawgyi


႐ိုဟင္ဂ်ာဒုကၡသည္တစ္ဦးမွသည္ ကာယဗလခ်န္ပီယံတစ္ဦးအျဖစ္သို႔


ဇြန္ ၈၊ ၂၀၂၁ 

အသက္ ၂၅ႏွစ္အရြယ္ ႏူးရ္ကဘီရ္ဟာ ေကာ့ဘဇားဒုကၡသည္စခန္းမွာ သူရရွိတဲ့စားနပ္ရိကၡာေ၀စုနဲ႔အသက္ရွင္ေအာင္ ေနထိုင္ဖို႔ေနသားက်ေနခဲ့ပါၿပီ။ ဒါေပမယ့္လည္း ၾသစေၾတးလ်ကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ သူဟာက ၾကံ့ခိုင္ေရးနဲ႔က်န္းမာေရးပိုင္းအေပၚမွာ စိတ္ႏွစ္ျမဳပ္ထားခဲ့ၿပီး ယခု ကာယဗလခ်န္ပီယံတစ္ေယာက္ ျဖစ္လာေနၿပီပဲျဖစ္ပါတယ္။

သူဟာမၾကာေသးမီက ဘရစ္ဘိန္းကာယဗလၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ သူဟာ လာမဲ့စက္တင္ဘာမွာ ႏိုင္ငံလက္ေရြးစင္ၿပိဳင္ဘက္ျဖစ္သူနဲ႔ ယွဥ္ၿပိဳင္ဖို႔ ေလ့က်င့္ေနပါတယ္။ ဒါေပမယ့္လည္း သူ႔ဘ၀အေၾကာင္းကလြယ္ကူခဲ့တာေတာ့မဟုတ္ပါဘူး။ ကဘီရ္ကို သူ႔မိဘေတြေနထိုင္ခဲ့တဲ့ ဒုကၡသည္စခန္းတစ္ခုမွာ ေမြးဖြားခဲ့ပါတယ္။ ေနရာက်ဥ္းက်ဥ္းေလးေလးမွာ လူအမ်ားႀကီးနဲ႔ေနထိုင္ရတဲ့ ကဘီရ္ဟာ ဒုကၡသည္စခန္းကတစ္ျခားသူေတြလိုပဲ ေန႔စဥ္အစားအစာအလံုအေလာက္နဲ႔ သန္႔ရွင္းတဲ့ေသာက္သံုးေရ ရဖို႔အခက္အခဲေတြအမ်ားႀကီး ၾကံဳေတြ႕ခဲ့ရပါတယ္။

“စခန္းအျပင္ကၽြန္ေတာ္တို႔ထြက္လို႔မရဘူး။ ဒါေၾကာင့္ရတဲ့အစားအစာေ၀စုေပၚမွာသာ မွီခိုရပါတယ္။ ဘယ္ေတာ့မွလံုေလာက္ခဲ့ျခင္းမရွိပါဘူး။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ႀကီးျပင္းလာတဲ့ထိတိုင္ ဒီအတိုင္းပဲရရွိခဲ့တာပါ” လို႔သူကထပ္ျဖည့္ေျပာၾကားခဲ့ပါတယ္။ ကဘီရ္ဟာ သူအသက္ ၁၆ႏွစ္အရြယ္မွာ ေလွနဲ႔ ၾသစေၾတးလ်ကို တစ္ဦးတည္းေရာက္လာခဲ့ပါတယ္။ ၾသစေၾတးလ်မွာ ႏွစ္ႏွစ္ၾကာထိန္းသိမ္းခံရၿပီးေနာက္ ယာယီေနထိုင္ခြင့္ဗီဇာရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၇ခုႏွစ္မွာ ၾကံ့ခိုင္ေရးကာလဗလေမာင္တစ္ဦးျဖစ္လာဖို႔ သူ႔စိတ္ကူးကို စတင္အေကာင္အထည္ေဖာ္ေအာင္ အားေပးခဲ့တဲ့ ဒုကၡသည္ဆိုင္ရာ ေစတနာ့၀န္ထမ္းဆရာျဖစ္သူ ဖီလ္နီဇြန္နဲ႔ မေတြ႕ခင္ထိ ၀န္ပင့္ယာဥ္(Forklift) ဒ႐ိုင္ဘာတစ္ဦးအျဖစ္ အလုပ္ရရွိခဲ့ပါတယ္။

ကဘီရ္ဟာ အရည္အေသြးျပည့္မီတဲ့ ပါဆင္နယ္ထရိန္နာတစ္ဦးျဖစ္လာဖို႔ စတင္ေလ့လာခဲ့ပါတယ္။ ကာယဗလနည္းျပဆရာတစ္ဦးျဖစ္တဲ့ စီမြန္စထေရာ့တန္နဲ႔ ေတြ႕ဆံုခဲ့ၿပီးေနာက္ သူတို႔ႏွစ္ဦးဟာ ကာလဗလၿပိဳင္ပြဲေတြမွာ ပါ၀င္ယွဥ္ၿပိဳင္သြားဖို႔ စတင္အလုပ္လုပ္ခဲ့ၾကပါတယ္။ ေနာက္ဆံုးမွာေတာ့ သူ႔ရဲ႕ဒုတိယေျမာက္ၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ပါတယ္။ ကဘီရ္ဟာ အလုပ္ႀကိဳးစားဆံုးသူတစ္ဦးျဖစ္ေၾကာင္း စထေရာ့တန္က ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ “သူ႔မ်ဳိး႐ိုးေနာက္ခံအေၾကာင္း ကၽြန္ေတာ့္ကိုသူေျပာျပခဲ့ပါတယ္။ ကိုယ္ေအာင္ျမင္ျဖစ္ထြန္းခ်င္တဲ့ အရာဘာပဲျဖစ္ျဖစ္ ေအာင္ျမင္ေအာင္ကိုယ္တိုင္စြမ္းေဆာင္ႏိုင္တယ္ဆိုတာ သူ႔ႏိုင္ငံကက်န္ခဲ့တဲ့သူေတြကို သူကျပသခ်င္တာပါ” လို႔ စထေရာ့တန္ကေျပာပါတယ္။

ၿပိဳင္ပြဲတစ္ေလွ်ာက္လံုးမွာလည္း ကဘီရ္ဟာ ရာမသြာန္ဥပုသ္ေစာင့္ထိန္းခဲ့ၿပီး သူ႔ရဲ႕စိတ္ဓာတ္ၾကံ့ခိုင္မႈ စြမ္းရည္ကိုျပသခဲ့သလို ႏွိမ့္ခ်႐ိုက်ဳိးမႈကိုလည္းျပသခဲ့တယ္လို႔ စထေရာ့တန္ကခ်ီးက်ဴးခဲ့ပါတယ္။ ကြင္းစ္လန္းက ကာယဗလၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ပထမဆံုး႐ိုဟင္ဂ်ာအမ်ဳိးသားတစ္ဦးျဖစ္ခဲ့တဲ့အေပၚ ဂုဏ္ယူေၾကာင္းကဘီရ္ကေျပာပါတယ္။ “ဒုကၡသည္စခန္းမွာ ကၽြန္ေတာ္ခက္ခဲမႈေတြနဲ႔တိုက္ပြဲ၀င္ခဲ့ရတာပါ။ ဒီစိတ္ဓာတ္ကို ေလ့က်င့္ေရးထိကၽြန္ေတာ္ယူခဲ့ရံုပါပဲ ၾသစေၾတးလ်မွာတင္မကပဲ ကမ႓ာ့ၿပိဳင္ပြဲေတြမွာလည္း ကၽြန္ေတာ္တို႔လူမ်ဳိးစုကိုယ္စားျပဳ ယွဥ္ၿပိဳင္ခ်င္ပါတယ္။” လို႔သူကဆက္လက္ေျပာၾကားခဲ့ပါတယ္။


Dhaka Tribune သတင္းဌာနပါ “From Rohingya refugee to bodybuilding champion” အမည္ျဖင့္ေဖာ္ျပထားသည့္ သတင္းကိုေညာင္နီရြက္(Myanmar Muslim Media)က ျမန္မာဘာသာသို႔ဆီေလ်ာ္ေအာင္ျပန္ဆိုသည္။

No comments:

Post a Comment