Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 15, 2024

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"

 



"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"


လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 

မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။

ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 

"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 

ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။

ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။

သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။

အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 

ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။

နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။


(၂) 

အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 

ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 

ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 

- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"

- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"

- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။

ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။

သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။

သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။

ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 

မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 


ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 


RYanLinn 


[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]



Monday, August 5, 2024

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)

 

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)


မောင်တောမြို့၏ အထင်ကရ ဆရာဝန် ဒေါက်တာကာမာလ် သည် ဩဂုတ်လ ၄ ရက်နေ့ ည ၇း၃၀ နာရီခန့်တွင် ရခိုင်လက်နက်အဖွဲ့ #AA က အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒေါက်တာကာမာလ်သည် ဆရာဟာဆောင်းအာလီ၏ သားဖြစ်ပြီး မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင် နေထိုင်သည်။ ရန်ကုန်မှ MBBS ဆရာဝန်ဘွဲ့ ရရှိထားကာ မောင်တောဒေသခံများကို ဆေးဝါးကုသမှုဖြင့် နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်သည်။  ဒေါက်တာသည် မောင်တောမြို့၏ ထင်ရှားသော ဇီဝဗေဒပြဆရာ ဆရာဦးဇော်ဇော်လတ် ၏ ဖခင်ဖြစ်သည်။ ဆရာဇော်ဇော်လတ်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


#well_known_Rohingya

Friday, July 12, 2024

မောင်တောမြို့ ဝါရင့်အင်္ဂလိပ်ဆရာ ဟူးဆောင် ကွယ်လွန်

 



𝐈𝐧𝐧𝐚 𝐋𝐢𝐥𝐥𝐚𝐡𝐢 𝐖𝐚 𝐈𝐧𝐧𝐚 𝐈𝐥𝐚𝐲𝐡𝐢 𝐑𝐚𝐣𝐢𝐮𝐧 😢😧😢😧😢😧

မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်နေ ဟာဂျီ ဆရာဦးဟူဆောင် အသက် - (၇၆)နှစ်၊ ( ၁၁- ၇- ၂၀၂၄ ) ခုနှစ် ကြာသပတေးနေ့  နံနက် (၆ နာရီ ၃၀ မိနစ်) အချိန်တွင် အလ္လာဟ်အမိန့်ခံသွားပါသဖြင့် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ 


မိတ်ဆွေ သူငယ်ချင်းအားလုံးတို့သည် မာဂ်ဖိရသ်အတွက် ဒိုအာပြုပေး ကြပါရန် မေတ္တရပ်ခံပါသည်၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်ပြီး ဂျန္နသ်ဥယျာဉ်သို့ ရင်းရင်းနှီးနှီး ကြိုဆိုပါလေ။ 

ဂျနာဇာနာမဇ် ဝတ်ပြုမယ်နေရာ - ယနေ့ (၁၁ - ၇ -၂၀၂၄) ခုနှစ် ကြာသပတေးနေ့ ဇူဟာရ် နာမဇ် (၂ နာရီ ) အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မသ်ချိုး ဗလီကြီး ကဘရ်စတန်တွင် ဂျနာဇာ ဆွလားသ် ဝတ်ပြုပြီး ဒဖနာပါမည်လို အသိပေးအပ်ပါသည်။


Re: 𝐌𝐚𝐮𝐧𝐠𝐝𝐚𝐰 𝐂𝐥𝐨𝐜𝐤 𝐓𝐨𝐰𝐞𝐫 𝐂𝐮𝐩


Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချဈဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများ၏ တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။

Friday, May 24, 2024

အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့


အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့

ဆောင်းပါးခေါင်းစဉ် မြင်လိုက်ရင်ပဲ မြန်မာ့မျိုးချစ်တွေ နှာခေါင်းရှုံ့ချင်မလား မပြောတတ်ဘူး။ မင်းတို့ဟာကလဲ အင်္ဂလိပ်စကားကို တိုက်ရိုက်မွေးစားထားတာချည်းပါလားလို့ ဆိုချင်ဆို။ မတတ်နိုင်ဘူး။ စစ်ရေး အောင်ပွဲတွေ ရလာတဲ့ အေအေကို မှားမှားမှန်မှန် မျက်စိမှိတ်ထောက်ခံလိုက်မဟဲ့ ဆိုသူတွေ၊ ရိုးတွင်းခြင်ဆီအထိ မဟာလူမျိုးကြီးဝါဒ စိမ့်ဝင်နေသူတွေကို ဒီလိုပဲ လိပ်မူရလိမ့်မယ်။ လူမျိုးကြီးဝါဒလို့ ပြောလိုက်ရင် ဗမာလူမျိုးကြီးဝါဒတမျိုးပဲ ရှိနေတယ်လို့ မထင်လိုက်နဲ့။ 

ရိုဟင်ဂျာကို ရိုဟင်ဂျာလို့တောင် မခေါ်နိုင်ရှာတဲ့ အေအေ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှာ မဟာရခိုင် လူမျိုးကြီးဝါဒ တင်းပြည့်ကျပ်ပြည့် ရှိနေတာပဲ မဟုတ်လား။ ဒါလဲ ရှိူဗင်ဝါဒ တမျိုးပါပဲ။ အေအေရဲ့ ရက္ခိတ လမ်းစဉ်ကို ဆန်းစစ်ကြည့်ရင် ရှိူဗင်နစ်(စ်) အတွေးအခေါ်တွေ လွှမ်းမိုးနေတာ အထင်အရှား တွေ့ရမယ်။ 

ဒါတွေ ဘာ့လို့ ပြောနေရသလဲ။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ဘူးသီးတောင်မြို့ကို အေအေက အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့တယ်။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့လဲ ပြာကျသွားခဲ့ပြီ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်။ ထွက်ပြေးနေရတယ် ဆိုသော်ငြား တကယ့်တကယ်ကျ ပြေးစရာမြေ မရှိပါဘူး။ အရေအတွက် အတိအကျ မသိနိုင်တဲ့ ရိုဟင်ဂျာတွေ အသတ်ခံရ၊ လုယက်ခံခဲ့ရတယ်။ 

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသမို့ အများပြည်သူအနေနဲ့ ဒီဖြစ်စဉ်တွေကို ရေရေရာရာ မသိနိုင်ဘူး။ ဒါ့ကြောင့်မို့ အငြင်းပွားသံတွေ ပိုကျယ်လောင်လာခဲ့တယ်။ အေအေဘက်က သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ဘူးသီးတောင်မြို့ မီးလောင် ပြာကျသွားခဲ့တာလို့ ဆိုထားတယ်။ 

သို့သော် ဒေသခံ မျက်မြင်သက်သေတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေရဲ့ ထွက်ဆိုချက်ကတော့ အေအေကို လက်ညှိုးထိုးနေတယ်။ အမှန်တရားကို ကြာကြာဖုံးထားလို့ မရပါဘူး။ တကယ်လို့သာ အေအေဘက်က မကျူးလွန်ခဲ့ရိုးမှန်ရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ရေးကို ဘာကြောက်စရာလိုသလဲ။ အခုလို ဘူးကွယ်ငြင်းပြီး စစ်ကောင်စီနဲ့ ပုလင်းတူဗူးဆို့တွေလို့ စွပ်စွဲနေစရာ မလိုပါဘူး။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ အရပ်ဒေသမှာ ခိုလှုံနေတယ် (ဝါ) အေအေက ကယ်တင်ထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ အသံထွက်ခွင့်၊ ပြောဆိုခွင့် ပေးရဲရမယ်။ 

မြို့လုံးကျွတ် မီးရှို့ခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားရသူ အဖိနှိပ်ခံ လူမျိုးစုတခုဘက်က ရပ်တည်ပေးသူတွေကို ဝါးလုံးရှည်သိမ်းရမ်းပြီး အနောက်အလိုတော်ရိတွေ၊ စစ်ကောင်စီ ဘက်တော်သားတွေလို့ စွပ်စွဲပုတ်ခတ်နေသူ အေအေ လော်ဘီ ရှိူဗင်ဝါဒီတွေကို မေးရလိမ့်မယ်။ အေအေက ဘူးခါလိုက်ရုံနဲ့ပဲ အေအေ မကျူးလွန်ခဲ့ပါဘူးလို့ ဘာ့ကြောင့် မျက်စိမှိတ် အော်ရဲတာလဲ။ အေအေ ကျူးလွန်ခဲ့ပါတယ်လို့ ပြောနေသူတွေက အကြောင်းမဲ့၊ အထောက်အထားမဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ ဒီတော့ အေအေ လော်ဘီတွေအနေနဲ့ ကိုယ့်လူကိုယ် ယုံတယ်ဆိုရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ပေါ်ထွက်လာရေး၊ ကျူးလွန်ခံထားရသူ ရိုဟင်ဂျာတွေကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးကို ပြတ်ပြတ်သားသား တောင်းဆိုပေးသင့်တယ် မဟုတ်လား။ ခင်ဗျားတို့ မျက်စိမှိတ်အော်နေသလို အေအေ မကျူးလွန်ခဲ့ဘူးဆိုရင်လဲ မကျူးလွန်ကြောင်း သက်သေနဲ့တကွ ပြနိုင်သလို အေအေရဲ့ ဂုဏ်တောင် တက်သွားနိုင်သေးတယ်။ အဲသလို မဟုတ်ရင်တော့ ခင်ဗျားတို့ဟာ အေအေရဲ့ စစ်အင်အားကိုကြည့်ပြီး မျက်စိမှိတ်ထောက်ခံနေတဲ့ လူယုတ်မာတွေပဲ ဖြစ်လိမ့်မယ်။ 

လူယုတ်မာတွေလို့ ပြောတာ မနာပါနဲ့။ မြို့လုံးကျွတ် မီးရှို့ဖျက်စီးခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားသူ၊ ဂျီနိုဆိုက် ကျူးလွန်ခံထားရသူ လူမျိုးစုတစုကိုတောင် မစာမနာ ပြောနေကြသေးတာပဲ၊ ကိုယ့်အလှည့်ကျမှ လူယုတ်မာလို့ အပြောခံရတာ မနာသင့်ပါဘူး။ 

အေအေက စစ်ပြေး ဒုက္ခသည် ရိုဟင်ဂျာတချို့ကို ခိုလှုံခွင့် ပေးထားတာပဲ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ်ကို မီးရှို့ဖျက်စီးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုကြတယ်။ ခေတ်အဆက်ဆက်က မြန်မာ စစ်တပ်လဲ လူထု အကျိုးပြု ပုံရိပ်တွေ ထုတ်ပြခဲ့တာပဲ။ ဒါပေမယ့် ပြည်သူလူထုကို ပြန်သတ်ခဲ့တာပဲ မဟုတ်လား။ ဒါ့ကြောင့် ရိုဟင်ဂျာ ကယ်ဆယ်ရေး ပုံရိပ်လေး ထုတ်ပြပြီး အေအေမှာ လူမျိုးကြီးဝါဒ မရှိဘူး၊ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုတွေ မကျူးလွန်ပါဘူးလို့ ပြောရင် မြန်မာပေါကား ဆန်လွန်းပါတယ်။ 

အေအေ ပြောခွင့်ရ ခိုင်သုခ နရဉ္ဇရာမှာ ပြောသွားတာလေးကလဲ ‘သင်း’သဗျ။ လူ့အခွင့်အရေးလို့ ပြောရင် လူမျိုးတမျိုးတည်းကိုချည်း ကွက်မပြောပါနဲ့၊ ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးကို ပြောပါတဲ့။ သူတို့ကို ခွဲခြားခွဲခြား မလုပ်ပါနဲ့တဲ့။ ‘တယ်ဆိုတဲ့ စာပဲ’။ 

ခိုင်သုခကို ပြန်မေးရမယ်။ ရွှေတောင်ကြားက မြန်မာတယောက်နဲ့ မောင်တောက ရခိုင်တယောက်ကို ညီမျှခြင်းချပြီး လူ့အခွင့်အရေးစကားပြောရင် ခိုင်သုခ လက်ခံနိုင်မလား။ စစ်တွေမြို့နဲ့ အနီးအနားဒေသမှာ အတူနေကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတောင် အခြေအနေချင်း တခြားစီပဲ။ မယုံရင် မိုခါကို ပြန်ကြည့်။ မိုခါမှာ စစ်တွေမြို့ပေါ်က မြန်မာတွေ၊ ရခိုင်တွေ၊ နိုင်ငံခြားသားတွေ ဘယ့်နှယောက် သေခဲ့လဲ။ စစ်တွေအနီးအနား ရွာတွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ ဘယ့်နှယောက် သေခဲ့လဲ။ ဒါတွေ ဘာ့လို့ မတူတာလဲ။ အဖြေက ရှင်းတယ်။ အခြေအနေချင်း မတူလို့ပေါ့။ ဒါဆိုရင် အခြေခံချင်း မတူတာကို ညီမျှခြင်းချပြီး abstract ဆန်ဆန် ပြောတာဟာ စကားကပ်ပြောတာပဲ။ 

ရိုဟင်ဂျာတွေကို racial segregation လုပ်ထားပြီး စစ်တွေမြို့ပေါ်လောက်ကို သွားလာခွင့် မပေးခဲ့ဘူး။ ဒီအခြေအနေကို တိုက်ဖျက်ပြောင်းလဲပစ်ဖို့ ရခိုင်လူထုကြား လှုံ့ဆော်စည်းရုံးတာမျိုး အေအေ အပါအဝင် ဘယ်ရခိုင်နိုင်ငံရေး အဖွဲ့အစည်းက လုပ်ခဲ့ဖူးလဲ။ ဒါ အနိမ့်ဆုံး လုပ်သင့်တဲ့ လုပ်ငန်းစဉ်တရပ်ကို နမူနာ ထောက်ပြတာ။ အနိမ့်ဆုံး ဒီလောက်လေးမှ မလုပ်ခဲ့ဖူးဘဲ ‘မင်းတို့က ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးချည်း ပြောနေတာပဲ’လို့ အော်ရင် အတော်ကြောင်သူတော်ဆန်တာပဲ။ အနိမ့်ဆုံးအဆင့် ဒီလောက်ကလေးမှ အသံမထွက်ခဲ့ဖူးဘဲ လူမျိုးစုနှစ်ခုကြား သွေးစည်းညီညွတ်မှု ဘယ်လို ရှိလာနိုင်မလဲ။ မယုံကြည်မှုတွေ ဘယ်လို ချေဖျက်နိုင်မလဲ။ 

စစ်တွေက အေအေ ထိန်းချုပ်မှုအောက် မရောက်သေးတဲ့မြို့မို့ အဲသလို မဝေဖန်နဲ့လို့ စောဒကတက်ချင်သေးလား။ ရပါတယ်။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြေပုံကို နမူနာပေးမယ်။ မြေပုံက ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာခွင့် ရပြီလား။ မြို့ပြင် ပင်လယ်စပ် တောင်ကုန်းဘေးက ဝက်အိုင်တောထဲ မောင်းထုတ်ခံထားရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ မြေပုံမြို့ထဲ ဝင်ခွင့်ရပြီလား။ အေအေနဲ့ သူ့လော်ဘီတွေ သက်သေအထောက်အထားနဲ့တကွ ဖြေရမယ့် မေးခွန်းတွေမို့ စာရှုသူများ သိချင်ရင် သူတို့ကိုသာ မေးကြပေတော့။ ဒါမှသာ ‘အေအေဟာ ရိုဟင်ဂျာတွေရဲ့ မိတ်ဆွေအစစ်၊ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်စီးသူ မဟုတ်’ ဆိုတဲ့ သူတို့ narrative နဲ့ ရှေ့နောက်ညီမယ်။ 

ဒီမြေပြင် ပကတိ အချက်အလက်တွေကို ခိုင်သုခ အင်တာဗျူးတွေ၊ ထွန်းမြတ်နိုင် အင်တာဗျူးတွေမှာ မိတ်ဆွေတို့ ကြားဖူးပါသလား။ မကြားဖူးဘူးဆိုရင် သူတို့ဘာ့ကြောင့် အသံတိတ်နေတာလဲ။ ဒီအချက်တွေ ထည့်မပြောဘဲ အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်တွေလို့ အေအေရဲ့ ကြေညာချက်မှာ ဘာ့ကြောင့် စွပ်စွဲထားသလဲ။ 


၂၀၂၄ ခုနှစ်၊ မေလ (၂၀)ရက်နေ့ထုတ် အေအေရဲ့ ကြေညာချက်မှာ ‘အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်အရေအတွက် အများအပြားအား အကြမ်းဖက်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိ ဖြစ်ပွားနေသော အာရက္ခဒေသ တိုက်ပွဲများအတွင်း အသုံးပြုခြင်း’ လို့ စွပ်စွဲထားတယ်။ 


အာဏာသိမ်း မင်းအောင်လှိုင် စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြီး နေရာအသီးသီးက လူငယ်တွေကို အတင်းအကြပ် စစ်တပ်ထဲဆွဲသွင်းနေတာ အားလုံးအသိပဲ။ အဲသလိုပဲ ပြေးစရာမြေမရှိ၊ ထွက်ပေါက်မဲ့နေတဲ့ ရိုဟင်ဂျာတွေကိုလဲ အတင်းအကြပ် စစ်ထဲဆွဲသွင်း၊ ရက်တိုစစ်သင်တန်းပေး၊ မီးကျိုးမောင်းပျက် သေနတ်လောက် ပေးပြီး အသေခံ တိုက်ခိုင်းနေတာလဲ အားလုံး အမြင်ပဲ။ မမြင်သေးရင် အေအေ လက်ထဲ စစ်သုံ့ပန်းဖြစ်သွားတဲ့ ရိုဟင်ဂျာတွေ၊ စစ်ပြေးပြီး ဘင်္ဂလားဒေ့ရ်ှရောက်သွားတဲ့ ရိုဟင်ဂျာတွေကို ကြည့်ပါ။ ဒီလူတွေကို forced conscription အလုပ်ခံထားရသူတွေလို့ အေအေ ခေါင်းဆောင်တွေက မြင်ပုံမရဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် လှောင်ပြောင်ခဲ့သေးတယ် မဟုတ်လား။ ဒါတင် အားမရသေးဘဲ၊ အဖွဲ့အစည်း ထုတ်ပြန်ချက်ထဲမှာပါ ‘အကြမ်းဖက်လိုသော အစွန်းရောက်တွေ’အဖြစ် စွပ်စွဲထားတာ။ 

အဲသလို စွပ်စွဲ၊ ဘင်္ဂါလီ စစ်သွေးကြွတွေလို့ တံဆိပ်ကပ်ပြီးမှ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီဘက်က ကြိုးပမ်းနေတယ်လို့ ဆိုပြန်တယ်။ စစ်ကောင်စီဘက်က ကြိုးပမ်းနေမှန်း သိသာထင်ရှားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ရိုဟင်ဂျာ ဆန္ဒပြပွဲတွေ၊ forced conscription လုပ်ရပ်တွေကို သက်သေအနေနဲ့ ဆွဲထုတ်လို့ရတယ်။ ဒါပေမယ့် အေအေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေကရော လူမျိုးစုနှစ်ခုကြား ချစ်ကြည်မှု ပိုတိုးစေမယ့် အရာတွေလား။ 

RSO, ARSA, ARA တို့ကို ဖော်ပြပြီး ကျန်ရိုဟင်ဂျာ လူငယ်တွေကို အခုလို စွပ်စွဲလိုက်တဲ့ အေအေရဲ့ လုပ်ရပ်က ဟမတ်(စ်)တွေကို လက်ညှိုးထိုးပြီး ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ဇိုင်ယင်နစ်(စ်) အစ္စရေး နိုင်ငံတော်နဲ့ သွားတူနေတယ်။ 

ဒီဆောင်းပါးမှာ အေအေ လော်ဘီတွေကို နာမည်တပ်ပြီး တဦးချင်းဝေဖန်တာမျိုး မလုပ်လိုဘူး။ ဒါပေမယ့် ရခိုင်သတင်းထောက်တဦး လူလည်လုပ် မေးခွန်းထုတ်ထားတာတော့ နည်းနည်းထည့်ပြောချင်တယ်။ ရခိုင် သတင်းထောက်ဆိုလို့ ရခိုင်စစ်မြေပြင်မှာ ဒုက္ခခံနေရသူ မဟုတ်ပါဘူး။ အနောက်နိုင်ငံတခုမှာ ဘေးကင်းကင်းနဲ့ နေနေရသူပါ။ ဒီတော့ အဖိနှိပ်ခံ ကိုရခိုင်လေးကို မဟာမြန်မာကြီးက မစာမနာ ပြောနေတယ်လို့ လာမစွပ်စွဲလေနဲ့။ သူမေးတာက ရိုဟင်ဂျာတွေ ဘယ်သူ့ ဦးဆောင်မှုနောက် လိုက်မှာလဲ၊ ရိုဟင်ဂျာတွေကို ဘယ်အဖွဲ့အစည်းက ကိုယ်စားပြု စကားပြောမှာလဲတဲ့။ 

မုန်တိုင်းတိုက်လို့တောင် ပြေးခိုစရာ မြေမရှိတဲ့ လူမျိုးစုတခု၊ မြို့လုံးကျွတ် မီးရှို့သတ်ဖြတ်ခံရချိန်မှာတောင် လက်သည်မပေါ်တဲ့ လူမျိုးစုတခု။ သူတို့ နစ်နာချက်တွေကို ပီပီမြည်မြည် အသံထွက်ခွင့်မရလို့ စာနာသူတွေက အသံထုတ်ပေးပြန်တော့ စစ်ကောင်စီနဲ့ ပေးစားသူကပေးစား၊ အနောက်အုပ်စု အလိုတော်ရိလို့ စွပ်စွဲသူက စွပ်စွဲ။ အဲသလို လူမျိုးစုတခုမှာ လွတ်လပ်စွာ အသံထွက်ခွင့်၊ သွားလွာခွင့် နတ္ထိ၊ နေရတော့ ဝက်လူးအိုင်သာသာ ဒုက္ခသည်စခန်းတွေမှာ။ အဲသလို လူမျိုးစုတခုကို နိုင်ငံရေးအရ ကိုယ်စားပြု အဖွဲ့အစည်းတခု ပီပီပြင်ပြင် ရှိပြီလား၊ မရှိရင် အေအေ ခေါင်းဆောင်ကို မင်းတို့ လက်ခံနိုင်သလားလို့ မေးတာလောက် လူလည်ကျတာ ရှိဦးမလား။ တနည်းပြောရရင် အငုံ့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရှိူဗင်ဝါဒကို လှစ်ဟပြလိုက်တာပဲ။ ရိုဟင်ဂျာတွေကို အဲသလို မေးရအောင် သူတို့တတွေ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေလောက်ကို နိုင်ငံရေးအရ ဘယ့်လောက်များ အသံထွက်ပြောခဲ့ဖူးလဲလို့ အဲဒီရခိုင်သတင်းထောက်ကို ပြန်မေးရလိမ့်မယ်။ ခြေနှစ်ဖက်ပြတ်နေသူ ရှေ့သွားပြီး မင်းနဲ့ငါ စက်ဘီးပြိုင်စီးရအောင် မင်း စက်ဘီးပေါ် အရင်တက်ပြစမ်းလို့ မျက်နှာပြောင်တိုက် ပြောနေသလိုပဲ။ 

အေအေ လော်ဘီ ရှိူဗင်ဝါဒီ ဗားရှင်းတမျိုးကျ တော်လှန်ရေး မျက်နှာဖုံးကလေးနဲ့ဗျ။ ဒီအုပ်စုကလဲ မနည်းလှဘူး။ ဒီကနေ့အချိန်မှာ အားလုံးရဲ့ ဘုံရန်သူဟာ စစ်အုပ်စုပဲတဲ့။ ဒီအချိန်မှာ စစ်အုပ်စုကို အထိနာအောင် တိုက်နေတဲ့ အေအေကို မျက်မာန်တော်ရှအောင် သွားမလုပ်ရဘူး။ သွားလုပ်သူတွေဟာ အလကားနေရင်း အာချောင်ပြီး စစ်ကောင်စီ အားပေး လုပ်ရာကျသတဲ့။ ဒါ့ကြောင့် သူတို့က ရိုဟင်ဂျာအရေး ပြောသူတိုင်းကို ‘သခွပ်ပင်က မီးတကျည်ကျည်’ လုပ်သလို ပုတ်ခတ်လေ့ရှိတယ်။ 

သူတို့ စွပ်စွဲချက်ကို တချက် ဆန်းစစ်ကြည့်ရအောင်။ အဖိနှိပ်ခံ လူထုတရပ်လုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဆိုတာ ငြင်းစရာမရှိဘူး။ အဲဒါကြောင့်ပဲ အေအေက မြို့လုံးကျွတ် မီးရှို့လဲ ပါးစပ်ပိတ်နေရမယ်ဆိုတာ ဘာဆိုင်သလဲ ပြန်မေးရမယ်။ မြို့တမြို့ကို သိမ်းနိုင်ပြီဆိုရင် ဘာ့ကြောင့် မီးရှို့ဖို့ လိုအပ်တာလဲ။ မြို့ကို မီးရှို့လိုက်လို့ တော်လှန်ရေးအတွက် ဘာအကျိုးရှိသလဲ။ တကယ်တော့ အဲဒီလော်ဘီတွေ အော်နေတာ တော်လှန်ရေးအတွက် မဟုတ်ပါဘူး။ စစ်အင်အားကြီးသူတွေလုပ်တဲ့ လုပ်ရပ်မို့ တော်လှန်ရေးနာမည်တပ် ဖုံးဖိပေးနည်းတမျိုးပါပဲ။ သူတို့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရိုဟင်ဂျာ မုန်းတီးရေး အခံကြောင့်လဲ အခုလို ပြောတာ ဖြစ်လိမ့်မယ်။ မြင့်မြတ်သော တော်လှန်ရေးကြီးမှာ ဒီရိုဟင်ဂျာတွေအရေးက တဒုက္ခလို့ သူတို့တွေးနေပုံပဲ။ သူတို့မတွေးရဲတာက ရန်သူထွက်ပြေးသွားတဲ့ မြို့တမြို့ကို ဘာ့ကြောင့် မီးရှို့တာလဲ ဆိုတဲ့ မေးခွန်း။ 


ဒီလိုပြောရင် အေအေက မြို့လုံးကျွတ် မီးရှို့တာ မဟုတ်ပါဘူးလို့ တွင်တွင်ငြင်းဦးမှာပဲ။ ဒါဆိုရင်တော့ မဟုတ်ပါဘူးလို့ ဘူးခါနေသူတွေကို အပေါ်မှာ မေးခွန်းထုတ်ထားတာသာ ပြန်ဖတ်ကြည့်။ ဟုတ်နေရင် ဘယ်လိုလုပ်မှာလဲလို့ သူတို့တခါမှ မစဉ်းမိဘူးလား။ 

ရိုအရေး တက်ကြွသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စသဖြင့် လက်ညှိုးမျိုးစုံထိုး တံဆိပ်မျိုးစုံကပ် ပြောချင်ရာ ပြောလို့ရပေမယ့် ဘူးသီးတောင်မြို့ ပြာကျသွားပြီး အသတ်ခံရသူ၊ လုယက်ခံရသူတွေလဲ ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်အကြောင်းပြချက်နဲ့မှ ဖုံးကွယ်လို့ မရပါဘူး။ အဲသလိုပဲ အခုချိန်မှာ သက်သေအစုံအလင် ထွက်မလာသေးပေမယ့် တချိန်ချိန်မှာ မျက်မြင် သက်သေတွေ၊ ရုပ်သံအထောက်အထား၊ ဓာတ်ပုံ အထောက်အထားတွေ၊ မြေပြင်အထောက်အထားတွေ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ ဖုံးကွယ်လို့ ရမှာမဟုတ်ဘူး။ ၂၀၁၇ ဆိုတာ ဘာမှမဝေးသေးပါဘူး။ အဲဒီတုန်းကလဲ အခု ခိုင်သုခတို့ပြောသလို ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးသွားကြတာပဲလို့ ပြောခဲ့ကြတယ်၊ ရေးခဲ့ကြတယ် မဟုတ်လား။ နောက်မကြာခင် အဖြစ်မှန်ပေါ်တာပါပဲ။ သမိုင်းကို ကြာကြာလိမ်လို့ မရစကောင်း။ 

အန်းဂယ်(လ်စ်) စကားနဲ့ပဲ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်တယ် - 

“A people which oppresses another cannot emancipate itself. The power which it uses to suppress the other finally always turns against itself.” [Frederick Engels 1874]

- သူရိန်မွန်



ပုံစာ။  ။ မေလ ၁၇ နှင့် ၁၈ ရက်နေ့တွင် မြင်တွေ့ရသော ဘူးသီးတောင်မြို့၏ ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများ [Images©2024 Maxar Technologies, accessed via CNN news]

(Revolutionary Marxism Pageမှ ကူးယူဖော်ပြသည်)


Monday, May 6, 2024

၂၀၂၄ ခုနှစ် ဂျော်ဂျီယားပြည်နယ်၏ ဩဇာအရှိဆုံး အာရှအမေရိကန်သားများစာရင်း GAT 25 တွင် ရိုဟင်ဂျာတစ်ဦးပါဝင်



၂၀၂၄ ခုနှစ် ဂျော်ဂျီယားပြည်နယ်၏ ဩဇာအရှိဆုံး အာရှအမေရိကန်သားများစာရင်း GAT 25 တွင် ရိုဟင်ဂျာတစ်ဦးပါဝင်

၂၀၂၄ ခုနှစ် ဂျော်ဂျီယား ဩဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းကို Georgia Asian Times မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထို ဩဇာအရှိဆုံးပုဂ္ဂိုလ်များစာရင်းတွင် ရခိုင်ပြည်သား ရိုဟင်ဂျာတစ်ဦး ရွေးချယ်ခြင်းခံခဲ့ရသည်။ 

GAT 25 စာရင်းသည် ဂျော်ဂျီယားဒေသရှိ စီးပွားရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း ဝန်ဆောင်မှုမှ နိုင်ငံရေးအထိ နယ်ပယ်အသီးသီးမှ ထူးချွန်ထင်ရှား၍ ဩဇာအရှိန်အဝါကြီးသော အာရှအမေရိကန် ပစိဖိတ်ကျွန်းသား ၂၅ ဦးကို Georgia Asian Times မှ အသိအမှတ်ပြု ရွေးချယ်လေ့ရှိသည်။ 

Asian American Pacific Islanders Heritage Month အား ဂုဏ်ပြုသည့်အနေဖြင့် Georgia Asian Times သည် နှစ်စဉ် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ထူးများဂုဏ်စာရင်းကို ဂုဏ်ယူစွာ ရွေးချယ်ဖော်ပြလေ့ရှိသည်။ “သြဇာအရှိဆုံး ပုဂ္ဂိုလ်များ” စာရင်းကို အွန်လိုင်းရွေးချယ်မှုတစ်ခုမှတစ်ဆင့် စာရင်းတင်သွင်းပြီး အဖွဲ့၏ ရွေးချယ်မှုစံနှုန်းများနှင့်အညီ စစ်ဆေးအတည်ပြုသည်။ 

၂၀၂၄ ခုတွင် စာရင်းဝင်သွားသော ရိုဟင်ဂျာတစ်ဦးမှာ Burmese Rohingya Community of Georgia (BRCG) ကို ဥက္ကဋ္ဌနှင့် ထည်ထောင်သူ အာယုပ်မိုဟာမတ်(ခ) ဦးကျော်မောင် ဖြစ်သည်။ BRCG သည် မက်ထရိုအတ္တလန်တာမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသော လူမူအသိုက်အဝန်းအခြေပြု လူမှုရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းကို ၂၀၁၄ ခုနှစ် မေလတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို အသိပေးနှိုးဆော်ရေး အလေးထားဆောင်ရွက်လေ့ရှိသည်။ လက်ရှိတွင် ဂျော်ဂျီယာရှိ Clarkston တွင် ပြန်လည်အခြေချနေထိုင်လာသော မိသားစု ၁၀၀၀ ကျော်ရှိသည်။ မိုဟာမက်သည် ဂျော်ဂျီယာတွင် အခြေချနေထိုင်သည့် ပထမဆုံး ရိုဟင်ဂျာဒုက္ခသည်များထဲမှ တစ်ဦးဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည်များအတွက် ၎င်းတို့၏လူမှုရေးဝန်ဆောင်မှုလိုအပ်ချက်များ၊ ဘာသာပြန်မှုများ၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များကို ကူညီပေးရန် BRCG ကို တည်ထောင်ခဲ့သည်။

၂၀၂၄ ခုနှစ် GAT 25 တွင် ရွေးချယ်ခံရသော ပုဂ္ဂိုလ်များမှာ အောက်အတိုင်းဖြစ်ပါသည်။

၁။ Neera Bahl

 Appellate Judge & Director, Georgia State. 

    Board of Workers Compensation

၂။ Tian Chang

    Vice President ၊ JP Morgan

၃။ Brenda Lee Gapasin Chatmon

Clinical Nurse Lead, MSN, RN, CCRN

Atrium Health Navicent Medical

၄။ Jacky Cheng

    Vice President of Finance

    Bridge Logistics Properties

၅။ Jane Ewe

    CEO ၊ Sweet Hut Group

၆။ Jack Hu, Ph.D.

    Senior Vice President for Academic Affairs & Provost ၊ University of Georgia

၇။ Jenny Jang

 Senior Manager, Community Relations and   Diversity, Equity and Inclusion

TKE Elevator

၈။ Michelle Kang

   CEO ၊ AAPI Outreach & Engagement

၉။ Jaesen Kounthalangsy

President ၊ Asian Pacific American Council of Georgia (APAC)

Laotian American Society

၁၀။ Sonjul Kumar

Partner ၊ Kumar Prabhu Patel & Bannerjee

၁၁။ Goodwin Law

     Co-Founder & CEO

     Farmer's Basket Restaurant Group

၁၂။ Joon S.Lee, MD

 Chief Executive Officer ၊ Emory Healthcare

၁၃။ Annie Ray Magsalin

     Director of Operations ၊ Live Forward

၁၄။ Ayub Mohammad

President ၊ Burmese Rohingya Community of Georgia

၁၅။ Paul Nguyễn

Chief Financial Officer ၊ YMCA Metro Atlanta

၁၆။ Tra My Nguyen

President ၊ Georgia Vietnamese American Community

၁၇။ Monica Nim Nuth

President ၊ Cambodian American Association of Georgia

၁၈။ John Park

Mayor ၊ City of Brookhaven

၁၉။ Sarah Park

Special Projects Coordinator &

Executive Assistant to Communications Director-Gwinnett County Government

President, Korean American Council

၂၀။ Bryan C. Ramos

Chief Judge of Municipal Court

City of Brookhaven

၂၁။ Andrea Sieber

External Affairs Area Manager

Georgia Power

၂၂။ Weonhee Shin

Founder and Executive Director

Asian Americans Voices for Education

၂၃။ Amy Tep

     CEO ၊ LaTep Real Estate Group

၂၄။ Long Tran

     State Representative (GA-80)

၂၅။ Von Tran

CEO and President

First Senior Center (FSC) Healthcare


 (ရိုဟင်လေး)


Thursday, May 2, 2024

ရခိုင်ပြည်နယ်မှ အနက်ရောင်သဲများအကြောင်းသိကောင်းစရာ

တရုတ် စိတ်၀င်စားနေတဲ့ ရခိုင်ပြည်နယ်မှ အနက်ရောင်သဲများအကြောင်းသိကောင်းစရာ

*********************************

ဒီတလော သတင်းမှာ တွေ့နေရတာကရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် (အငူမော်)ကျွန်းက အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်၀င်စားပြီး လာရောက် စမ်းသပ်မှုတွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။

အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။

Rare Earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါ၀င်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။

အဲဒါတွေက-  

Scandium (Sc-21),

Yttrium (Y-39),

Lanthanum (La-57),

Cerium (Ce-58),

Praseodymium (Pr-59),

Neodymium (Nd-60),

Promethium (Pm-61),

Samarium (Sm-62),

Europium (Eu-63), 

Gadolinium (Gd-64), 

Terbium (Tb-65), 

Dysprosium (Dy-66), 

Holmium (Ho-67),

Erbium (Er-68),

Thulium (Tm-69),

Ytterbium (Yb-70),

and Luteium (Lu-71) တို့ ဖြစ်ပါတယ်။

အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်း သီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။

မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါ၀င်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက်ပါ၀င်နေပါတယ်။

တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။

Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နျူကလီးယားဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။

Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။

တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ်တုကို သုံးထားတာပါ။

အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က စျေးကွက်မှာလုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။

အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။

အဲဒီ သတင်း ကြောင့် rare earth စျေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare ရဲ့ စျေးနှုန်းကတော့ စျေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ စျေးနှုန်းအရ ၁ ကီလိုဂရမ် စျေးကို ဖော်ပြထားပါတယ်။

Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀(၁ ကီလိုစျေး)၊

Terbium metal - ၂၅၀၀၊

Neodymium metal - ၁၁၅၊

Lanthanum metal - ၂၈၊

Europium Oxide - ၂၁၅၀၊

Dysprosium Oxide - ၉၇၅၊

Erbium metal - ၂၇၅၊

Cerium metal - ၂၅ ဒေါ်လာ ....။

ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားရာကအချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rareearth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်းမျှဝေလိုက်ပါတယ်...။


(Rmd Thutazone မှ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပါတယ်)

Saturday, April 27, 2024

ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

 


ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

၂၀၁၆ ခု နိုဝင်ဘာမှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူ့စစ်သင်တန်းကို စစ်တွေမှာ စတင်ခဲ့တယ်။ ပြည်သူ့စစ်အင်အား ၁၀၀ စီကို တပ်ခွဲတခွဲပုံစံဖွဲ့စည်းပေးပြီး ၁၆ ပတ်ကြာ စစ်သင်တန်းပေးခဲ့တယ်။

ရခိုင်မြောက်ပိုင်းက ပြည်သူ့စစ်တွေကို စစ်တွေထိ တကူးတကခေါ်ပြီး စစ်သင်တန်းပေးတာ။  ရခိုင်ပြည်သူ့စစ်တွေဟာ ဌာနေပြည်သူ့စစ်ပုံစံထက် ကျော်လွန်ပြီး ခြေလျင်တပ်သားသစ် အဆင့် လေ့ကျင့်မှုတွေ ရရှိခဲ့ကြတာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ဒီလိုရခိုင်ပြည်သူ့စစ်အဖွဲ့တွေ တောက်လျှောက်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တာ ၂၀၁၈ နှစ်ဆန်းကိုရောက်တော့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၃၀ ကျော်ရှိသွားခဲ့ပြီ။ ဒီရခိုင်ပြည်သူ့စစ်တွေအကြောင်းက ပုန်းလျှိုးကွယ်လျှိုးကိစ္စမဟုတ်ဘူး _ အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်စိုးက တနိုင်ငံလုံးအသိဖြေကြားပေးခဲ့တဲ့ကိစ္စ။


ဒီရခိုင်ပြည်သူ့စစ်တွေဘာလုပ်ခဲ့လဲ သိချင်ရင် ရိုဟင်ဂျာဂျင်နိုဆိုဒ်နဲ့ ပတ်သတ်သမျှ နိုင်ငံတကာရာဇဝတ်အစီရင်ခံစာတွေကိုသာဖတ်ကြည့်။ ရိုဟင်ဂျာရွာတရွာကို စီးနင်းဖျက်ဆီးသတ်ဖြတ်တာတွေလုပ်တော့မယ်ဆိုရင် စစ်တပ် + နယ်ခြားစောင့်ရဲ + ရခိုင်ပြည်သူ့စစ် တွဲဖက်ပီး စစ်ကြောင်းထိုးလေ့ရှိတယ်။ တခါတရံ စစ်တပ်က ဘေးကနေ လုံခြုံရေးရံပေးထားပီး ရခိုင်ပြည်သူ့စစ်တွေကို စိတ်ကြိုက်သောင်းကျန်းဖျက်ဆီးခွင့်ပေးခဲ့တယ်။ အကောင်းနဲ့ ပေးတာမဟုတ်ဘူး _ တချိန်ချိန် နိုင်ငံတကာရာဇဝတ်မှုနဲ့ ညှိရင် စစ်တပ်က လုပ်တာမဟုတ် / ရခိုင်တွေက လုပ်တာပါလို့ အကွက်ဆင်ထိုးချဖို့။ သူတို့ဒီအကွက်က အလုပ်မဖြစ်ပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ စစ်တပ်က အဓိက တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာရာဇဝတ်စုံစမ်းရေးအဖွဲ့တိုင်းက မှတ်တမ်းပြုပီးသားပါ။ ဒါပေမဲ့ ရခိုင်ပြည်သူ့စစ်တွေလည်း လူသတ် မီးရှို့ မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တာကလည်း အတိုင်းအဆ မနည်းခဲ့ကြောင်း အဲဒီမှတ်တမ်းတွေမှာ ပါပါတယ်။ 

ရခိုင်ပြည်သူ့စစ်တွေ ဘာဖြစ်သွားလဲ က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂၀၁၈ မှာ အင်အားထောင်ဂဏန်းရှိတဲ့ ရခိုင်ပြည်သူ့စစ်တွေ  ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ AA တပ်မတော်ကြီး ရုတ်တရတ် အင်ကြီးအားကြီး ပေါ်ထွက်လာတယ်။

၂၀၁၆ /၂၀၁၇ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ယုံကြည်မှု ပျက်ယွင်းမှုက တခြားဒေသတွေလို လွယ်လွယ်နဲ့ပြန်တည်ဆောက်ဖို့ ခက်တာကို မြင်စေချင်တယ်။ 

စစ်တပ်နဲ့ပူးပေါင်းတဲ့ရိုဟင်ဂျာတချို့ရဲ့လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘာလို့ ဒီလမ်းကို ရွေးလဲဆိုတာကို နားလည်ဖို့တော့လိုတယ်။ 

ဒါမှ ကိစ္စကို အဆင်ပြေအောင်ရှင်းနိုင်မယ်။ ကိစ္စကို ဖြေရှင်းချင်တာမဟုတ်ဘဲ လူတွေကို ရှင်းထုတ်ချင်တာဆိုရင်တော့ ဒါတွေကို ခေါက်ထားပြီးပြောဆိုနေမှာပဲ။ 

နဲနဲမြင်အောင်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ထဲအသွင်းခံရတဲ့ရိုဟင်ဂျာတွေကို အပြစ်မတင်ဘဲ AA ကိုကျမှ ဘာကိစ္စ အသံတအားထွက်တယ်ထင်လဲ ? သူတို့က ကျနော်ပြောတဲ့အချက်တွေကို ခေါက်မထားဘူး။ နောက်ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ကျဉ်းထဲကြပ်ထဲက အခြေအနေကို နားလည်ပေးတယ်။ 

ဥပမာ _ အမေရိကန်တွေကိုကြည့်။ အမေရိကန်တွေ ဂျပန်နဲ့ စစ်အကြီးအကျယ်တိုက်ခဲ့ဖူးတယ်။ ဂျပန်နဲ့ပေါင်းပီး အမေရိကန်ကိုတိုက်တဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်ရှိတယ်။ ကိုရီးယားကို ဂျပန်က ၁၉၁၀ ကတည်းက ကျွန်ပြုအုပ်ချုပ်ခဲ့တယ်။ ကိုရီးယားအမျိုးသမီး သိန်းနဲ့ချီ လိင်ကျွန်အပြုခံရတယ်။ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်တယ်။ ဒါပေမဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်က ဂျပန်ဘက်စစ်ဝင်တိုက်ပေးတယ် / ဂျပန်အတွက်စစ်တိုက်ပေးတာကောင်းလွန်းပြီး ဗိုလ်ချုပ်အဆင့်ရောက်သွားတဲ့ ကိုရီးယားတွေတောင်ရှိတယ်။ ဘာ့ကြောင့်လဲ ?

ရွေးချယ်ခွင့်မရှိတဲ့ပြဿနာ! လှုပ်မရအောင် အုပ်ချုပ်ခံရတဲ့လူမျိုးတွေမှာ ဒါမျိုးတွေကြုံရတယ်။ ကမ္ဘာပတ်ပြီး ဆရာကြီးလုပ်နေတဲ့အမေရိကန်က ဒါမျိုးဖြစ်စဉ်တွေ သိထားပီးသား။ ဒီလိုမျိုးဖြစ်စဉ်တွေကို အကြောင်းပြုပြီး လှုပ်မရတဲ့လူမျိုးကို အပိုင်နှိပ်ကွပ်ဖို့ လုပ်တတ်တာတွေကိုလည်း သိပြီးသားမို့ ရိုဟင်ဂျာတွေခံရမှ အသံက စီခနဲ ထွက်လာတယ်ဖြစ်ရော။ 



သင်တို့တွင်တာဝန်ရှိသည်

------------------

နောက်ခံအကြောင်းရင်းတွေထဲက တခုကို မြင်သာအောင်ရေးပေးတဲ့ သဘောပါ။ စစ်တပ်နဲ့ ပူးပေါင်းတာကတော့ ရိုဟင်ဂျာတွေအတွက် မှန်ကန်တဲ့လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ ရိုဟင်ဂျာတိုင်း သတိချပ်စေချင်တယ်ဗျာ။

ရိုဟင်ဂျာနယ်မြေ ရဖို့လိုတယ်။ နှစ်ဘယ်လောက်ကြာကြာ ဒါကို လုပ်ယူရမယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ညှိစွန်းပြီး ကိုယ့်လူမျိုးနာမည်ပျက်အောင် မလုပ်မိဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ အရေးတကြီး တာဝန်ရှိတယ်။ ကိုယ်လုပ်နေတာ အဲ့ဒီလမ်းကြောပေါ်ရောက်နေပြီလား ပြန်ဆန်းစစ်ဖို့ လိုတယ်။ 

( ဗမာလူမျိုးဘော်ဒါတွေကိုတော့ အားနာတယ်။ ကိုယ်လည်း ဗမာသွေး အစိတ်သားလောက်ပါတယ်။)

နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ညိစွန်းပြီး ကမ္ဘာမှာ ဗမာလူမျိုးတွေ ရခိုင်လူမျိုးတွေ နာမည်ပျက်သလိုမျိုး ရိုဟင်ဂျာတွေ နာမည်ပျက်တာမျိုး မဖြစ်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ ကြီးကြီးမားမား   တာဝန်ရှိနေပြီ။

ကျုပ်တို့ အသက်အိုးအိမ်တွေ ဆုံးရှုံးရပြီးပြီ။ ဂုဏ်သိက္ခာတော့ အဆုံးရှုံးမခံနိုင်ဘူး။



KyawHlaOo

Wednesday, April 10, 2024

ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား



ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား


"လူမျိုးစုတစ်စုမှာ အခွင့်အရေးပဲ လိုချင်လို့ မရဘူး၊ သူ ဘာတာဝန်ယူသလဲ ဆိုတာလဲ အရေးကြီးတယ်။" 

- ရခိုင့်တပ်တော်ခေါင်းဆောင် ထွန်းမြတ်နိုင်


- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီမှတ်ချက်စကားက မျိုးချစ်ဝေဖန်ရေးသမားတွေအတွက် အမုန်းဖြန့်ဖို့ ဂျင်းစာဖြစ်နေပြီ။ ရခိုင်ပြည်သား ရိုဟင်ဂျာတွေကို မျက်စိပိတ် ပုတ်ခတ်ပြောဆိုလာကြတာ တွေ့နေရတယ်။ ဒီလိုရေးသား ဝေဖန်နေသူတွေက လူမျိုးစွဲဘာသာစွဲနဲ့ တစ်ဖက်သက် ပြောဆိုနေတာချည်းပဲ။ ဆင်ခြင်သုံးသပ်တာမျိုးတော့ မတွေ့ရဘူး။ သူတို့ ဝေဖန်နေတဲ့စကားက ဘယ်လောက် မှန်ကန်မှုရှိသလဲ သုံးသပ်ကြည့်ရအောင်။

- ဗိုလ်ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်စကားရဲ့ တစ်စိတ်တစ်ဒေသက သိပ်ကိုမှန်လှတယ်လို့ ဦးစွာ ဝန်ခံရပါမယ်။ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခွင့်အရေးခံစားခွင့်ကိုသာ စောင့်မျှော်နေလို့ မဖြစ်ဘူး။ ကျရောက်ရာဒုက္ခကို ပုခုံးတန်း ပူးပေါင်းပါဝင် ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ တစ်မြေနေတစ်ရေသောက် လူမျိုးစုအားလုံး အဲလို တစ်ဖက်တစ်လမ်းစီက ယှဉ်တွဲပါဝင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါမှသာလျှင် လူမျိုးစုအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကာ မိစ္ဆာဘေးတွေကို ချေမုန်းလို့ အောင်လံထူနိုင်မှာဖြစ်တယ်။

- ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်သား ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်တာ မလိုလားဘူးဗျာ။ ဒီရခိုင်ပြည် လွှတ်မြောက်ရေး တော်လှန်ရေးမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှု၊ အသိအမှတ်ခံရမှုကို သူတို့က အင်မတန် စိုးရိမ်ပုံရတယ်။ ဒဲ့ပြောရရင် ရိုဟင်ဂျာတွေကို လုံးဝ မပတ်သတ်စေချင်ဘူး။ အဲဒါကြောင့် ရခိုင်လက်နက်ကိုင်တွေရဲ့ ထုတ်ပြန်စာတွေမှာ "ရခိုင်ဒေသမှာ ရခိုင်လက်နက်ကိုင်မှလွှဲလို့ မည်သည့်အဖွဲ့အစည်းမှ မရှိစေရ" ဟူသောမူကို တဇွတ်တိုး ဖော်ပြလေ့ရှိတယ်။ ဒါက အင်မတန် ယုတ်မာတဲ့မူဖြစ်တယ်။ လူမျိုးစုတစ်စုမှာရှိတဲ့ ခုံခံကာကွယ်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မမိစ္ဆာအရိပ်ဆာယာအောက်မှ ကယ်တင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရခိုင်လက်နက်ကိုင်အဖွဲ့က မတရား အဟန့်အထားလုပ်နေခြင်းပင်ဖြစ်တယ်။ ဒါတွေမကသေးဘူး။ တစ်ခြား တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ လှုပ်ရှားလာရင်တောင် ရန်သူလို တိုက်ခိုက်မောင်းထုတ်လေ့ရှိတယ်။ မျိုးချစ်ဝေဖန်ရေးသမားတွေက ဒီလိုမျိုးအခြေအနေတွေကို မသိကျွန်ပြုနေရင် အမှန်တရား ဘယ်သိနိုင်ကြမလဲ။ မြန်မာသတင်းမီဒီယာတွေကလည်း ထုံးစံအတိုင်းပါပဲ။ တိုက်အားကောင်းနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို မဖော်ပြကြဘူး။ 

- သို့ပေမဲ့ အဓမ္မကို ခေတ်အဆက်ဆက် တော်လှန်လာခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အင်အားစုတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း အဓမ္မပပျောက်ရေး စစ်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း မနည်းဘူး။ 

- မောင်တောမြို့ဘက်ဆို တောင်ပြိုဘက်နှင့် မိုင်တိုင် ၅၁-၅၂ ဘက်မှာ ရခိုင်လက်နက်ကိုင်တွေက ရိုဟင်ဂျာလက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့တာ ၄-၅ ကြိမ်လောက်ရှိပြီ။ ဘူးသီးတောင်ဘက်မှာလည်း ၂-၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ရွာအဝင်မပေးဖို့ ရွာတိုင်းရွာတိုင်းကို အမိန့်ထုတ်ထားတယ်။ ရွာမှာ ရိုဟင်ဂျာလက်နက်ကိုင် တော်လှန်ရေးသမားတွေ ဝင်လာတာရှိရင် သူတို့ကို သတင်းပေးဖို့လည်း မှာထားတယ်။ ပြီးတော့ ရွာသားတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း အများကြီးပဲ။ ဒါတွေက မြေပြင်မှာ တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေပဲ။ ရခိုင့်လက်နက်ကိုင်က သူတို့အဖွဲ့မှ လွှဲလို့ ဘယ်သူ့ကိုမှ မြေပြင်မှာ လှုပ်ရှားခွင့် မပေးချင်ဘူးဆိုတာ ဒီလောက်ဆိုရင် သိသွားပြီထင်ပါရဲ့။ 

- ရိုဟင်ဂျာလူမျိုးစုရဲ့ တော်လှန်ရေးဟာ မနက်တနေ့က စတင်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ရရာလက်နက်စွဲကိုင်က ရရာနည်းလမ်းနဲ့ မိစ္ဆာဝါဒီ အာဏာရှင်ကို တော်လှန်လာခဲ့တာ ဖြစ်တယ်။  ဒီတော်လှန်ရေးဟာ အဓမ္မဝါဒီတွေ အမြတ်ပြတ်မရှင်းသွားသရွေ့ အဆုံးသတ်မှာတော့ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရိုဟင်ဂျာတို့ဟာ ခေတ်အဆက်ဆက် ဖိနှိပ်ညည်းပမ်းခံလာခဲ့တဲ့ မြန်မာပြည်ရဲ့ အယုတ်မာဆုံး အာဏာရှင်တွေကို အသက်ပေါင်း မြောက်များစွာ စတေးကာ ထိပ်တိုက်တော်လှန်လာခဲ့တာကို သမိုင်းလေ့လာကြည့်ရင် ဆင်သွားရင် လမ်းဖြစ်သလို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ လက်ပိတ်ကြည့်နေမယ့် အမျိုးထဲက မပါဘူး။ ဘယ်လိုပဲ အတားအဆီးတွေ ရှိစေကာမူ၊ ဘယ်လိုပဲ ယုတ်မာခက်ထန်တဲ့ အာဏာရှင်တွေ ဖြစ်စေကာမူ ဆက်လက် တော်လှန်နေအုံးမှာပဲ။ 

- တော်လှန်နေတယ်ဆိုရုံနဲ့ အလုပ်မဖြစ်ဘူး။ ရလဒ်တွေလည်း မြင်ရဖို့လိုတယ်လို့ ဝေဖန်ရေးသမားတွေက ပြောလာလိမ့်မယ်။ တစ်ဖက်က ယခုတလော ရခိုင်ပြည်မှာ နယ်မြေအများစုကို ညီနောင်သုံးဖွဲ့ရဲ့ အစိတ်အပိုင်း ရခိုင်လက်နက်ကိုင်တွေက စိုးမိုးထားတယ်။ နောက်တစ်ဖက်က ၂၀၁၆-၁၇ အကြမ်းဖက် စစ်အုပ်စုနဲ့ မျိုးချစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်က သန်မာနေဆဲပဲ။ သူတို့ တော်လှန်ရေးလှုပ်ရှားနေဆဲပဲ။ ရိုဟင်ဂျာတွေ လှုပ်ရှားနေတဲ့နေရာမှာလည်း လက်သုံးလက်နဲ့ အင်အားကြီးလာတဲ့ ရခိုင်လက်နက်ကိုင်တွေက လက်နက်ကိုင်အဖွဲ့စည်းမျဉ်းဘောင်ကို ချိုးဖောက်လို့ ဝင်နှောင့်ယှက်တယ်။ အဲလိုနေရာတွေမှာ သူတို့က စစ်ကောင်စီကို တိုက်ခိုက်မယ့်အစား ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပဲ တိုက်ခိုက်ပြန်တယ်။ နှစ်ဖက်ရဲဘော်တွေ အလကား အသက်ဆုံးရှုံးခံရတယ်။ ဒီလိုသာဓကတွေ တပုံကြီးရှိတယ်။ သတင်းမီဒီယာတွေက တဖက်သတ် သတင်းထုတ်ပြန်တာကြောင့် အမှန်တရား ပြည်သူထိ မရောက်တာပဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်က အင်အားကြီးနေတော့ တပြည်လုံး သူ့တို့နယ်မြေပဲလို့ လူမျိုးကြီးဝါဒဆန်ဆန် အတင်းအဓမ္မ လက်ဝါးအုပ်နေတာပေါ့။ တိုင်းပြည်အဖက်ဖက်က တိုက်ပွဲထဲ ဝင်လာတဲ့ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ရိုဟင်ဂျာတွေကတော့ လူမျိုးရေး ပဋိပက္ခ၊ တင်းမာမှုတွေ မလိုချင်ကြဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး အောင့်ခံလို့ ရှောင်သင့်ရာရှောင် ဆောင်သင့်ရာဆောင်နေတာပဲဖြစ်တယ်။

- နောက်တစ်ပိုင်းက အခွင့်အရေးပဲ လိုချင်တယ်ဆိုတဲ့ အပိုင်းကိုလည်း နည်းနည်း ထောက်ပြပါရစေ။ အခွင့်အရေးပဲ လိုချင်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရိုဟင်ဂျာတွေက ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို တောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက ဝေစုတောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တပ်က ရရှိထားတဲ့ လက်နက်ခဲယမ်းတွေထဲက တစ်ဝက်လောက်တောင်းနေတာလား။ အခွင့်အရေးပဲ လိုချင်တယ်ဆို ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း လူပါးဝမလိုက်နဲ့လေ။

- ရိုဟင်ဂျာတွေ ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ အခွင့်အရေးကတော့ အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေဆီကနေ အတင်းအဓမ္မ ရုတ်သိမ်းလိုက်တဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပဲဖြစ်တယ်။ မြန်မာပြည်တွင်မှီတင်းနေထိုင်တဲ့ ဘယ်လူမျိုးစုမဆို ရကိုရရမယ့် မွေးရာပါအခွင့်အရေး၊ ဇာတိမြေအခွင့်အရေး၊ တန်းတူအခွင့်အရေးကိုပဲ လိုချင်တာဖြစ်တယ်။ တစ်စ အပိုလည်း မလိုချင်ဘူး၊ တစ်စ အလျော့လည်း မယူဘူး။ တင်းပြည့်ကျပ်ပြည့်ပဲ။ စစ်အုပ်စုနဲ့ မျိုးချစ်အပေါင်းတို့ရဲ့ ယုတ်မာမှုကြောင့် လုယူခံခဲ့ရတဲ့ အခွင့်အရေးတွေကိုပဲ အရေးဆိုနေတာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်မှ ဝေစုတောင်းနေတာတော့ မဟုတ်ပါဘူး။ 

- ပြီးတော့ မြန်မာပြည်မှာ ဘယ်လူမျိုးစုပင်ဖြစ်စေ တော်လှန်ရေး၌ မပါဝင်ခဲ့ရင် အဲ့ဒီလူမျိုးစုရဲ့ အခြေခံအခွင့်အရေး လုခံရမယ်၊ ရုတ်သိမ်းခံရမယ်ဆိုတာ ဘယ်တရား၊ ဘယ်ဥပဒေမှာ ရှိလို့လဲ။ စစ်အုပ်စုလို အဓမ္မရှိခိုးသူတွေဆိုရင်တော့ မတရားကျူးလွန်ရဲတယ်ပေါ့လေ။ 

- နောက်တစ်ချက်ကတော့ ပြည်သူအများစုက သိပြီးတော့ မသိသလိုဟန်ဆောင်နေတဲ့အချက်ဖြစ်တယ်။ အဲဒါက ရခိုင်လက်နက်ကိုင်တပ်မှာ ပါဝင်တိုက်ပေးနေတဲ့ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ ရှိနေတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါက အခွင့်အရေးလိုချင်လို့ ဝင်တိုက်ပေးနေတာ မဟုတ်ဘူး။ ရခိုင်ပြည်သား ရိုဟင်ဂျာပီပီ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိရှိ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။  တစ်ချို့က ရခိုင်လက်ကိုင်တွေရဲ့ အဖွဲ့အောက်ကနေ မတိုက်ချင်ဘူး။ ကိုယ့်အဖွဲ့ကိုယ့်အလံအောက်နေ တော်လှန်ချင်တယ်ဆို တော်လှန်ခွင့်ရှိရမယ်။ ဒါလည်း လူမျိုးတစ်စုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ အဲဒါကို တစ်ပါတီစနစ်လို လူမျိုးကြီးဆိုင်းပုတ်နဲ့ အဟန့်အထား လုပ်လာတာက သဘောရိုးလား၊ တရားသလား။

- ရိုဟင်ဂျာတွေကို စစ်မှူးထမ်းခိုင်းနေတယ်။ ဆန္ဒပြခိုင်း နေတယ်။ ဒါတွေ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ခိုင်းနေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေက ခေတ်အဆက်ဆက် ဒီလို အတင်းအဓမ္မကို တစ်ဖက်သတ်ခံလာရတာပဲလေ။ အားလုံးသိကြတယ် မဟုတ်လား။ ရိုဟင်ဂျာလူမျိုးစုရဲ့ မဲပေးပိုင်ခွင့်တောင် မိုက်မိုက်ရမ်းရမ်း အဓမ္မလုယူခဲ့တာကိုး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်အုပ်စု စစ်သားစုဆောင်းနေတာကိုး။ အဲဒါတွေကို သတင်းမီဒီယာတွေက မထောက်ပြချင်ကြဘူး။ ရိုဟင်ဂျာတွေကို  ဆန္ဒပြခိုင်းတာ၊ စစ်မှူးထမ်းခိုင်းတာကိုပဲ မြင်နေကြတာ။ တစ်ဘက်ဆွဲ ဝေဖန်နေတာ။ အပြစ်မရှိ ပြစ်ရှာနေတာပဲလား။ 

- အချုပ်အနေနဲ့ ပြောရရင် ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှမပေးဆပ်ဘဲ အခွင့်အရေးသက်သက် လိုချင်နေတာ၊ အကျိုးခံစားခွင့်ကို ထိုင်စောင့်နေတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးစုလောက် အနစ်နာခံခဲ့တာ၊ ပေးဆပ်ခဲ့ရတာ မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက် ဘယ်လူမျိုးမှ မရှိဘူး။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်ကို မစွန့်လွှတ်ခဲ့ဘူး။ ယခုလေသံတွေ အချို့ရခိုင်မျိုးချစ်ဝါဒီတွေကြောင့် ရိုဟင်ဂျာလူမျိုးစုကို ဘေးဖယ်လျစ်လျူရှုထားဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်တယ်။ ဒါက ရခိုင်ပြည်ရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမဟုတ်ဘူး။ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ် နေထိုင်နိုင်ရေးမှသာလျှင် သာယာလှပသော ရခိုင်ပြည်ကြီး ဖြစ်လာမှာတည်း။

- ရိုဟင်းကိန်း

 (၆-၄-၂၀၂၄)

Tuesday, April 2, 2024

Zaruri Amól

 


Zaruri Amól

Modot deki Allah ye dede, lekin kucíc añrartún gorá foribó. Inqilab hode gasór am noo, fagi zorí foritó. Tuáñrtún zori forefán goráforibo.

Añárár mujahid okkól beggún mili Bormar zalem hokúmót oré zodi hámlá chúru gorí de, Allahr modote añárár hóq wafes faite bichí din nolaibo..


O mujahid baiyain okkól, ekká gairot gorí báfiso. Añárá 1942 ot lótí háñtiyar dorónór baade yó ajja 13 bosórjá fuwá ye añárár matár uottún urí bak deer.


Ehón koumor asól dorhari amól oildé watanót zai zalem hókumót oré fáná gorat hissá loon. Añrár nizor watoní hóq, mirasi hóq wafes loon. Añrár asól Moksút yianór muuntú haar za'atí duchmoni sátár doillá. 

O báiyain... Be-usúlí ar hotó goríbá? Usúl hodé doñr hotá. Be-usúlí gorónor duwara ajjá añárár Inqelab oré gair koume fatta yó noder nóní. 13 bosórjjá fuwa ye óddó añára ré añárár watonót hórkót nogorí bollá elaniya máná gorí farer de nóni. "Loo zar, dech tar" burá-burír hotá asé nóní.

Añárá báiye baiyé mara-mari di di nize yó hálak oi zairgoidé nóní. Nize hálak oun maáni qoum ó hálak oizon nóni. Óiye... Mara-mari fisé diyo. "Uite gom, ite hóráf" ittar ekká ar no tuaiyó. Age asól moksút tán fura goró. Nizor za'atí duchmoniré ek díkká rakí, agé nizor asól duchmon zalem kaafér oré hálák gorí.


O báiyain... goittó sailé beggún gorí faré. Ek tonzim óttún ek chót, ek chót bonduk tákilé oddó 4-5 chót háñtiyar oibo. Ek chót, ek chót jawan tákilé oddó 4-5 chót jawanor choinnó boni bo. Niyot, Niyom, Usúl arde Insáf oré sóyi gorí añrá zodí watón ót lamilé kamiyabi zaibo horé. 


Zulúm hardé koumor waasté 

biggun mili zaigoi ek abase.

Kempot hokúmot chúrídi,

Watonót inqalab chúrugorí.

Nizor duchmonir fisé goijjo insáf

Beil tákité zalem kaférór lo hísáf.


#RK

(3-4-2024)


#ARSA

#RSO

#ARA

#IMA

Sunday, March 24, 2024

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

 


ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..  

စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ

ရေးသူ-         လူထုဝဏ္ဏ

ဘာသာစကား-  မြန်မာ

ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄

ဆိုက်-          7 MB


* Pcloud Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

* Website Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

*Scribd Link

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ



Muhibullah by Kuwaiccorjja Bai on Scribd

Tuesday, February 13, 2024

ပြည်သူ့ လွှတ်တော်အမတ် အောင်ဇော်ဝင်း

ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇော်ဝင်း။

ပြည်သူ့လွှတ်တော်အမတ် အောင်ဇော်ဝင်း


ဦးအောင်ဇော်ဝင်းကို မြန်မာနိုင်ငံတွင် မသိသူ မရှိသလောက်ရှားပါးမည်။ ဦးအောင်ဇော်ဝင်းသည်  ပြည်သူ့လွှတ်တော်အမတ်တစ်ဦးအပြင် အထင်ကရ စီးပွားရေးလုပ်ငန်းရှင်၊ ရိုဟင်ဂျာနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ 

အောင်ဇော်ဝင်းကို ၁၉၆၃ ခုနှစ်တွင် မောင်တောမြို့နယ် ငါးခူးရကျေးရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဇော်ကိရ်အမတ်ဖြစ်သည်။ အခြေခံပညာကို ငါးခူရ၌ သင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာဘွဲ့ရယူခဲ့သည်။ အောင်ဇော်ဝင်းသည် ရန်ကုန်မြို့နေ ဦးမောင်စိန် (ခ) မိုဟာမတ်အယုဖ်၏ သမီးကြီး ဒေါ်သန်းသန်းဦး (ခ) မိုင်မွန်နာ နှင့် နဖူးစားဆုံခဲ့သည်။

အောင်ဇော်ဝင်းသည် ရန်ကုန်တွင် ဆောက်လုပ်ငန်း လုပ်ကိုင်ရာမှ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီလီမီတက် နှင့် Esperado Hotel လုပ်ငန်းကို ထူထောင်သည်။ 

၂၀၀၉ ခုနှစ်တွင် စစ်အာဏာရှင်တို့၏ အထူးကမ်းလှမ်းချက်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ မြန်မာ့နိုင်ငံရေးလောကတွင် ခြေချခဲ့သည်။ ၂၀၁၀ ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲတွင် ဦးအောင်ဇော်ဝင်းသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၀ မှ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ်ဖြစ်တုန်းက ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ 

လွှတ်တော်တွင် ရိုဟင်ဂျာအရေးကို တရားမျှတမှုရှိရှိ ဖြေရှင်းပေးရန်၊ ရိုဟင်ဂျာလူမျိုးအပေါ် ကျူးလွန်နေသော ဖိနှိပ်ပိတ်ပင်မှုများကို ရပ်စဲပေးရန်၊ ရိုဟင်ဂျာလူမျိုးအား တိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် သတ်မှတ်ပေးရန် သမိုင်းအထောက်အထားနှင့်တကွ တင်ပြခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

အောင်ဇော်ဝင်းသည် အလှူဒါနပြုရာ၌ အလွန်စိတ်အားထက်သန်သည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်တွင် ဆိုက်ကပ်လာခဲ့သော နာဂစ်ကပ်ဘေးတွင် ဒုက္ခရောက်ပြည်သူလူထုကို ထိပ်ဆုံးကနေ ရက်ရက်ရောရော ကူညီခဲ့သူတစ်ဦးဖြစ်သည်။ ကိုဗစ်ကပ်ဘေးကာလတုန်းကလည်း ထပ်ဆုံးက ကူညီခဲ့သည်။ 

ဦးအောင်ဇော်ဝင်းသည် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဘူးသီးတောင်-မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဌအဖြစ်တာဝန်ယူကာ မောင်တော၊ဘူးသီးတောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်မြင့် ဆောင်ရွက်ခဲ့သည်။ ကျောင်း၊ လမ်း၊ တံတား၊ ကန်၊ ဘာသာရေးအဆောက်အအုံ စသည်တို့ကို ဆောက်လုပ်ပေးခဲ့သည်။

ဦးအောင်ဇော်ဝင်းသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဘန်ကောက်သို့ သွားရန်လမ်းကြောင်းပေါ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။ သူသည် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ကို ငွေကြေးထောက်ပံ့သည်ဟူသော အစွန်းရောက်ရခိုင်အချို့၏ မဟုတ်မမှန် အငြိုးတေစွပ်စွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၂၀၁၈ ခု ဇွန်လ ၂၀ ရက်နေ့တွင် ဦးအောင်ဇော်ဝင်း အပြစ်ကင်းရှင်းကြောင်း မောင်တောခရိုင်တရားရုံးမှ စစ်ဆေးတွေ့ရှိကာ တရားရှင် လွှတ်မြောက်လာခဲ့သည်။ 


သူ၏ဇနီး ဒေါ်သန်းသန်းဦး (ရှိုင်းဆောက်လုပ်ရေးနှင့် Esperado Hotel မန်နေဂျင်ဒါရိုက်တာ)၊ အသက် ၅၈ နှစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သူ့ဟိုတယ်၏ ၃ လွှာရှိ ရုံးခန်း၌ အလုပ်ထုတ်ခံရသည့် အစွန်းရောက်ဗမာ ဝန်ထမ်းတစ်ဦးက ဓါးနှင့်ထိုးသတ်ရာ ကွယ်လွန်ခဲ့ရှာသည်။ 

ဦးအောင်ဇော်ဝင်းသည် အာရကန် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အင်စတီကျူး၏ ဥက္ကဋ္ဌနှင့် စီအီးအို လည်းဖြစ်သည်။ မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့၏ ဒုဥက္ခဌလည်းဖြစ်သည်။ ရန်ကုန်မြို့ တပဲခြမ်းပလီ၏ ဂေါပက ဥက္ကဌလည်းဖြစ်သည်။


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး ဓားထိုးသတ်ဖြတ်ခံရ


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး မိမိ၏ ဟိုတယ်အတွင်း၌ ဓားထိုးသတ်ဖြတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုးသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်းများအရ သိရသည်။ ဒေါ်သန်းသန်းဦးသည် ရှိုင်းဆောက်လုပ်ရေးနှင့် Eperado ဟိုတယ်၏  မန်နေဂျင် ဒါရိုက်တာလည်းဖြစ်သည်။ 

သေဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှုရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက် ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ ဦးမိုဟာမ္မဒ်အယုဖ် (ခ) ဦးမောင်စိန်၏ သမီးကြီး အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီအား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ်ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မညိုဖြစ်ကြောင်း နီးစပ်ရာမွတ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


#crd:

Sunday, February 11, 2024

ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ



ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ  အန္တရာယ်ကြီးကြုံတွေ့နေရ

ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW

ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု  Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။

အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။

ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။

လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။

“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ”  ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။

ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။  "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။

နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။

နတ်မျက်စိ ဘာသာပြန်သည်။

* Human Rights Watch Report 

https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting

Friday, February 9, 2024

တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး

 






တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး


၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခု ကျသွားခဲ့တဲ့ သတင်းကတော့ နောက်ထပ် တော်လှန်ရေး အောင်ပွဲတစ်လှမ်းပါပဲ။ တစ်ပြည်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်အုပ်စု ယိုယွင်းပျက်စီးလာနေတာကို တစ်ဆက်တည်း ကြားနေရလို့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ဒါပေမဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချသလို အကြမ်းဖက်စစ်ကောင်စီကို ချေမုန်းနေတာနှင့်တစ်ပြိုင်တည်း လူမျိုးမတူဘာသာမတူ အဖိနှိပ်ခံရိုဟင်ဂျာကိုပါ ရန်သူလိုသဘောထားကာ ထည့်ညှပ်ချေမုန်းလိုချင်တဲ့ စိတ်ဓာတ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ 

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု ရရှိဖို့အတွက် ပြည်သူအားလုံး အသက်နဲ့ ဘဝနဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ကာလမှာ ဒီလိုမျိုး မဟုတ်မမှန် သွေးတိုးလှုံဆော်မှုဟာ ဖြောင့်မှန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများ ဖြစ်လာကတည်းကစလို့ ရခိုင်စသော အခြားလူမျိုးများနည်းတူ ရိုဟင်ဂျာလူမျိုးတွေကလည်း တိုက်ပွဲဘေးဒဏ်တွေကို ခါးခါးသီးသီး ခံနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ရိုဟင်ဂျာများက အသက်ပေါင်းများစွာပေးဆပ်နေရတယ်။ ဒါပေမဲ့ အင်မတန် ခက်ခဲတဲ့အချိန်တစ်ခုကို ပြည်သူအားလုံး တညီတညွှတ် ရဲရဲရင့်ရင့် ဖြတ်သန်းနေရတာပဲလို့ ခံယူပါတယ်။ အေးအတူ၊ ပူအမျှပေါ့။

ဖေဖော်ဝါရီလ (၇) ရက် ရက်စွဲပါ အေအေတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာတွေအပေါ် အမြင်ကပ် ထပ်မံအမုန်းတရားဖွားလာအောင် တမင်စွပ်စွဲထားခြင်းတွေကိုတော့ အတိအလင်း တွေ့နေရတယ်။ ဒါကတော့ မရိုးသားဘူးလို့ ပြောလိုပါတယ်။ 

- ဒီသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး ထောက်ပြချင်တဲ့အချက်ကတော့ "ဘင်္ဂလီလက်နက်ကိုင်အဖွဲ့" လို့ သုံးနှုန်းသွားတဲ့ အသုံးပါပဲ။

ဒါကတော့ တစ်နေ့ထက်တစ်နေ့ အင်အားကြီးထွားနေတဲ့ အေအေတပ်တော်က အသာစီးရနေချိန်မှာ တစ်ဖက်လူမျိုးကို တမင်နှိပ်နှိမ့်သုံးနှုန်းနေတာက အင်မတန် စိတ်ဓာတ်အောက်တန်းကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ရိုဟင်ဂျာလူမျိုးရဲ့ မွေးရာပါ အိုင်ဒင်းတီတီကို စော်ကားရာ ရောက်တာမို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူမျိုးတစ်မျိုးက မခံယူလိုတဲ့ နာမည်တစ်ခုကို ပြန်လည်အသက်သွင်းလာအောင် ကြိုးပမ်းခြင်းက မီဒီယာကျင့်ဝတ်နဲ့လဲ မညီညွတ်သလို ကျော့သားရင်သား မခွဲခြားဘဲ အဓမ္မကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုလဲ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့လဲ ဆန့်ကျင်ရာရောက်တယ်။ အစွန့်ရောက်မျိုးချစ်စိတ်ဓာတ်သန်လာပြီလားလို့ တွေးစရာ။ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဘယ်ခွာခြားနေလို့လဲ။ 

- တောင်ပြိုတိုက်ပွဲမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ စကစနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါပဲ။

ဒါက ရိုဟင်ဂျာတွေကို ကမ္ဘာအလယ်တွင် မျက်နှာပျက်အောင် ကြံစည်ချက်တစ်ခုပဲလို့ ပြောနိုင်တယ်။ ၂၀၁၆-၁၇ မျိုးတုန်းသတ်ဖြတ်မှုတွင် ရိုဟင်ဂျာ တစ်သိန်းကျော် သေကျေပျက်စီးရတဲ့အပြင် တစ်သန်းခန့် ဒုက္ခသည်ဘဝရောက်အောင် ပို့ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စု၊ ခေတ်အဆက်ဆက် အမျိုးဘာသာသာနာ ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံလာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ရိုဟင်ဂျာတွေက ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိပါမလား။ နွေဦးတော်လှန်ရေး တကျော့ပြန်တိုက်ပွဲတွေမှာ နေ့နဲ့ည သေပေးနေရတဲ့ အပြစ်မဲ့ရိုဟင်ဂျာတွေရဲ့ မျက်နှာကို မထောက်မထားဘဲ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတာ ယုံစရာလား။ ဘယ်လိုအခြေမျိုးမှ ရောက်နေသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတွေဟာ အကြမ်းဖက်စစ်အုပ်ကို ရန်သူလို့ပဲ ထာဝရတော်လှန်သွားမှာဖြစ်တယ်။ ရိုဟင်ဂျာတွေ လက်နက်ကိုင်နေရတာက အဓမ္မစစ်အုပ်စုကို တော်လှန်ဖို့သက်သက်ပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေကို တမင်အောက်ကျစေချင်တဲ့ အကြံအစည်လို့ ယူဆပါတယ်။

- စကစနယ်ခြားစောင့်စခန်းရဲ့ အနီးအနားမှာ သူတို့စခန်း တစ်ခု ရှိလို့ ပူးပေါင်းတယ်၊ အပေးအယူရှိတယ်လို့ အတပ်ပြောနိုင်ပါမလား။

အဲဒီလို ဘူးသီးတောင်၊ ကျောက်တော၊ ပုဏ္ဍားကျွန်းစတဲ့ ရခိုင်ပြည်နေရာအနှံ့အပြားတွင် စကစတပ်စခန်းတွေနဲ့ မနီးမဝေး ဓားလွယ်ခုတ်တွင် အေအေတပ်စခန်းတွေလဲ မနည်းရှိနေတာကိုး။ ဒါက ထူးထူးခြားခြား မဟုတ်ပါဘူးလေ။ ဒီလို နီးနီးကပ်ကပ် ရှိနေရုံနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်နိုင်ပါမလား။

- ဘင်္ဂလားဘက်ကို ထွက်ပြေးရာတွင် အကူအညီရရှိရေးအတွက် တာကာငွေ ၁၀ သန်း ဖို့ လက်နက်အရာင်းအဝယ်လုပ်တယ်လို့ စွပ်စွဲမှုကလည်း ရယ်စရာပြက်လုံးကြီးတစ်ခုပါပဲ။ တောင်ပြိုစခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ အဲဒီစခန်းတွေမှာ တာဝန်ကျနေတဲ့ စကစဝန်ထမ်းတွေက ဟင်းစား ဆီဆန်ဆားတွေကိုတောင် ဘင်္ဂလားဖက်က မှာယူစားသောက်ကြတာများတယ်။ နယ်စပ်ကို ဘယ်လို ဖြတ်သွားရတယ်ဆိုတာကို သူတို့လောက် ဘယ်သူမှ မသိဘူး။ နယ်စပ်ဖြတ်ထွက်ပြေးနိုင်အောင် လက်နက်အရောင်းအဝေး လုပ်စရာလိုလို့လား။ အကြမ်းဖက် စကစ နယ်ခြားစောင့်ရဲတွေ ခြံစည်းရိုးတစ်ဖက်က ခုန်ချလိုက်ရုံနဲ့ တခြားဖက်ကို ရောက်သွားလောက်တဲ့ အခြေအနေမျိုးပါပဲဟာ။  ဒါကို လက်နက်ရောင်းလို့ ဘင်္ဂလားဖက်ကို ထွက်ပြေးတာလို့ ဂျင်းထည့်ရကောင်းလား။ ဒါက ကလေးဆန်တဲ့ အကွက်ပါပဲ။

- ARA ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ စခန်းတစ်ခုက အနီးအနားမှာ ရှိနေတယ်လို့ ပြောသေးတယ်။ လူတွေကျတော့ ဘင်္ဂလားဖက်က ဝင်လာတယ်လို့လဲ တစ်ခါ ပြောသေးတယ်။ စကားရှေ့နောက် မညီသလိုပါပဲ။ နောက်ထပ် ဘယ်သူဘယ်သူတွေကိုပါ ထည့်စွက်ချင်တာလဲ မသိဘူး။ 

- ပြီးတော့ စခန်းထဲကနေ အကြမ်းဖက် နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်။ လက်နက်အချို့ သယ်သွားတယ်လို့ အသံထွက်နေတဲ့ကိစ္စကတော့ အေအေ ဝက်ဆိုဒ်က ပြောင်းပြန်လဲလို့ သတင်းမှန် ဖုံးဖိထားရုံ သက်သက်ပါပဲ။ တကယ်တော့ ကျနော်တို့ လေ့လာသိရှိသလောက် ဖြစ်စဉ်က ဒီလိုပါပဲ။ 

အဲဒီနယ်စပ်ဒေသတလျှောက်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တစ်ချို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်။ ၄ ရက်နေ့ အေအေက စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နကိုင်တစ်ချို့ကလည်း ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်းကို တစ်ဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဘယ်သူတိုက်တိုက် ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြတ်ချေမုန်းနိုင်ရင်ပြီးရော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ အဲ့လိုတိုက်ခိုက်ခဲ့ပြီး စခန်းကျသွားတဲ့အခါ သူတို့ရှင်းလင်းနိုင်ခဲ့တဲ့ဖက်ကနေ တွေ့ရှိသမျှ လက်နက်ခဲယမ်းအကြွင်းအကျန်ကို သူတို့ သိမ်းဆည်းယူဆောင်သွားခဲ့တယ်။ ဒါကို အေအေက မကျေနပ်လို့ ARA လက်နက်သိုလှောင်ထားတဲ့ နေရာတစ်ခုကို အင်းအားအပြည့်အဝနဲ့ ပြန်လည်တိုက်ခိုက်တယ်။ အဲဒီမှာ တွေ့ရှိသမျှ လက်နက်ခဲယမ်းတွေနဲ့ သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း AA က သိမ်းယူခဲ့တယ်။ 

ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူပြီးတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချဖို့ အကွက်ဆင်တာပဲဖြစ်တယ်။ တကယ်တော့ ဒါတွေက  အဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ နောက်တစ်ဖွဲ့က အလိုမတုဘဲ ဝင်စွက်ဖက်မှုကြောင့် မလိုအပ်တဲ့ ပြဿနာတွေ တက်လာရတာလို့သာ မြင်ပါတယ်။ ဘယ်အဖွဲ့ပင် ဖြစ်ပါစေ စစ်ကျင့်ဝတ်၊ စစ်စည်းဘောင်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ အချင်းချင်း ရန်သူလို သဘောမထားကာ အားချင်းမပြိုင်ဘဲ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုပဲ တော်လှန်မြစ်လှန်ပစ်တာ အလေးထားသင့်ပါတယ်။  

အေအေတပ်တော်ရဲ့ သဘောထားကို လေ့လာသိရှိသလောက် ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ ရပ်တည်နေတာကို သူတို့ မလိုလားဘူး။ နည်းအမျိုးမျိုးနဲ့ ရှင်းလင်းပြိုကွဲဖို့ပဲ ကြိုးစားတာပဲ တွေ့ရတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အေအေ သဘောထားကြည့်မယ်ဆိုရင်လည်းပဲ တန်းတူဆက်ဆံတာ မမြင်ရဘူး။ ရိုဟင်ဂျာလူမျိုးကို မတတ်နိုင်တဲ့အဆုံး ဒုတိယလူတန်းစားအဖြစ်ပဲ မြင်နေကြတယ်။ တတ်နိုင်ရင်တော့ အကြမ်းဖက်စစ်ကောင်စီလို မျိုးတုန်းသတ်ပစ်ချင်တဲ့ သဘောမျိုးလား မသိဘူး။ ဒါတွေက ရည်ရှည်ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တော်လှန်ရေးရဲ့ နိမိတ်ကောင်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။ 

နောက်ဆုံးပြောချင်တာကတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးလေပြည် ဖော်ဆောင်ဖို့အတွက် အတူတကွနေထိုင်တဲ့ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လျှောက်လှမ်းမှာသာ မျှော်လင့်နေတဲ့အိပ်မက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ တော်လှန်နေတဲ့ အုပ်စုတွေကလည်း ကျော့သားရင်သားမခွဲခြားဘဲ ရဲရဲစွမ်းစွမ်း လက်တွဲဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ အခုလိုမျိုး လူမျိုးတစ်မျိုး ထိခိုက်နစ်နာအောင် မကောင်းတဲ့အမုန်းတိုက်သတင်းတွေဖြန့်ကာ လူမျိုးတစ်စုကို လျစ်လျူရှု ဘေးဖယ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ရေးဆိုတာက အလှမ်းဝေးလို့သာနေလိမ့်မယ်။ လူမျိုးပေါင်းစုံအတူတကွ အေးအေးချမ်းချမ်းနေထိုင်ရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပင်တည်း။ 

#နတ်မျက်စိ

(၉-၀၂-၂၀၂၄)