၂၀၂၄ ခုနှစ် ဂျော်ဂျီယားပြည်နယ်၏ ဩဇာအရှိဆုံး အာရှအမေရိကန်သားများစာရင်း GAT 25 တွင် ရိုဟင်ဂျာတစ်ဦးပါဝင်
၂၀၂၄ ခုနှစ် ဂျော်ဂျီယား ဩဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းကို Georgia Asian Times မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထို ဩဇာအရှိဆုံးပုဂ္ဂိုလ်များစာရင်းတွင် ရခိုင်ပြည်သား ရိုဟင်ဂျာတစ်ဦး ရွေးချယ်ခြင်းခံခဲ့ရသည်။
GAT 25 စာရင်းသည် ဂျော်ဂျီယားဒေသရှိ စီးပွားရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း ဝန်ဆောင်မှုမှ နိုင်ငံရေးအထိ နယ်ပယ်အသီးသီးမှ ထူးချွန်ထင်ရှား၍ ဩဇာအရှိန်အဝါကြီးသော အာရှအမေရိကန် ပစိဖိတ်ကျွန်းသား ၂၅ ဦးကို Georgia Asian Times မှ အသိအမှတ်ပြု ရွေးချယ်လေ့ရှိသည်။
Asian American Pacific Islanders Heritage Month အား ဂုဏ်ပြုသည့်အနေဖြင့် Georgia Asian Times သည် နှစ်စဉ် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ထူးများဂုဏ်စာရင်းကို ဂုဏ်ယူစွာ ရွေးချယ်ဖော်ပြလေ့ရှိသည်။ “သြဇာအရှိဆုံး ပုဂ္ဂိုလ်များ” စာရင်းကို အွန်လိုင်းရွေးချယ်မှုတစ်ခုမှတစ်ဆင့် စာရင်းတင်သွင်းပြီး အဖွဲ့၏ ရွေးချယ်မှုစံနှုန်းများနှင့်အညီ စစ်ဆေးအတည်ပြုသည်။
၂၀၂၄ ခုတွင် စာရင်းဝင်သွားသော ရိုဟင်ဂျာတစ်ဦးမှာ Burmese Rohingya Community of Georgia (BRCG) ကို ဥက္ကဋ္ဌနှင့် ထည်ထောင်သူ အာယုပ်မိုဟာမတ်(ခ) ဦးကျော်မောင် ဖြစ်သည်။ BRCG သည် မက်ထရိုအတ္တလန်တာမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသော လူမူအသိုက်အဝန်းအခြေပြု လူမှုရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းကို ၂၀၁၄ ခုနှစ် မေလတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို အသိပေးနှိုးဆော်ရေး အလေးထားဆောင်ရွက်လေ့ရှိသည်။ လက်ရှိတွင် ဂျော်ဂျီယာရှိ Clarkston တွင် ပြန်လည်အခြေချနေထိုင်လာသော မိသားစု ၁၀၀၀ ကျော်ရှိသည်။ မိုဟာမက်သည် ဂျော်ဂျီယာတွင် အခြေချနေထိုင်သည့် ပထမဆုံး ရိုဟင်ဂျာဒုက္ခသည်များထဲမှ တစ်ဦးဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည်များအတွက် ၎င်းတို့၏လူမှုရေးဝန်ဆောင်မှုလိုအပ်ချက်များ၊ ဘာသာပြန်မှုများ၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များကို ကူညီပေးရန် BRCG ကို တည်ထောင်ခဲ့သည်။
၂၀၂၄ ခုနှစ် GAT 25 တွင် ရွေးချယ်ခံရသော ပုဂ္ဂိုလ်များမှာ အောက်အတိုင်းဖြစ်ပါသည်။
၁။ Neera Bahl
Appellate Judge & Director, Georgia State.
Board of Workers Compensation
၂။ Tian Chang
Vice President ၊ JP Morgan
၃။ Brenda Lee Gapasin Chatmon
Clinical Nurse Lead, MSN, RN, CCRN
Atrium Health Navicent Medical
၄။ Jacky Cheng
Vice President of Finance
Bridge Logistics Properties
၅။ Jane Ewe
CEO ၊ Sweet Hut Group
၆။ Jack Hu, Ph.D.
Senior Vice President for Academic Affairs & Provost ၊ University of Georgia
၇။ Jenny Jang
Senior Manager, Community Relations and Diversity, Equity and Inclusion
TKE Elevator
၈။ Michelle Kang
CEO ၊ AAPI Outreach & Engagement
၉။ Jaesen Kounthalangsy
President ၊ Asian Pacific American Council of Georgia (APAC)
Laotian American Society
၁၀။ Sonjul Kumar
Partner ၊ Kumar Prabhu Patel & Bannerjee
၁၁။ Goodwin Law
Co-Founder & CEO
Farmer's Basket Restaurant Group
၁၂။ Joon S.Lee, MD
Chief Executive Officer ၊ Emory Healthcare
၁၃။ Annie Ray Magsalin
Director of Operations ၊ Live Forward
၁၄။ Ayub Mohammad
President ၊ Burmese Rohingya Community of Georgia
၁၅။ Paul Nguyễn
Chief Financial Officer ၊ YMCA Metro Atlanta
၁၆။ Tra My Nguyen
President ၊ Georgia Vietnamese American Community
၁၇။ Monica Nim Nuth
President ၊ Cambodian American Association of Georgia
၁၈။ John Park
Mayor ၊ City of Brookhaven
၁၉။ Sarah Park
Special Projects Coordinator &
Executive Assistant to Communications Director-Gwinnett County Government
President, Korean American Council
၂၀။ Bryan C. Ramos
Chief Judge of Municipal Court
City of Brookhaven
၂၁။ Andrea Sieber
External Affairs Area Manager
Georgia Power
၂၂။ Weonhee Shin
Founder and Executive Director
Asian Americans Voices for Education
၂၃။ Amy Tep
CEO ၊ LaTep Real Estate Group
၂၄။ Long Tran
State Representative (GA-80)
၂၅။ Von Tran
CEO and President
First Senior Center (FSC) Healthcare
(ရိုဟင်လေး)
No comments:
Post a Comment