ရှေးစကား ရွှေအလား ၁၀
ရှေးစကား ရွှေအလား ၁၀
သွား ၁ချောင်းပဲ ကျန်တဲ့အထိ ဖျောက်ဖျက်ခံခဲ့ရတဲ့ ကွန်ဂိုအာဇာနည်
လူမမ်ဘာ ကို ၁၉၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ လယ်သမားမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကက်သလစ် မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး ခရစ်ယာန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ဆရာတွေရဲ့ အမှားတွေကိုပါ ထောက်ပြတတ်လို့ စိတ်ကြီးဝင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူဟာ ဘာသာစကား ၅ မျိုး (Tetela, Lingala, French, Swahili, Tshiluba) ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကတခွင် လွတ်လပ်ရေး လှုပ်ရှားမှုတွေ အားကောင်းလာချိန် လူမမ်ဘာ လည်း နိုင်ငံရေးကို စတင် စိတ်ဝင်စားလာပါတယ်။ ၁၉၅၆ ခုနှစ်မှာ စာတိုက်ကနေ ဒေါ်လာ ၂,၅၀၀ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ (ဒီငွေတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သုံးစွဲခဲ့တယ်လို့ ယူဆရပါတယ်)။
ထောင်ကလွတ်လာပြီးနောက် Mouvement National Congolais (MNC) ဆိုတဲ့ လက်ဝဲယိမ်း နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်ကြောင့် လူထုထောက်ခံမှု အများအပြား ရရှိခဲ့ပါတယ်။
အဲဒီညီလာခံကနေ ကွန်ဂိုနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့မှာ လွတ်လပ်ရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအကြပ်အတည်းတွေကြားကနေ နောက်ဆုံးမှာ လူမမ်ဘာ က ဝန်ကြီးချုပ်၊ တခြားပါတီခေါင်းဆောင် Kasa-Vubu က သမ္မတအဖြစ်နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။
လွတ်လပ်ရေး အခမ်းအနားမှာ ဘယ်လ်ဂျီယံဘုရင် Baudouin က ကွန်ဂိုပြည်သူ ၁၀ သန်းလောက်ကို ရက်ရက်စက်စက် သေစေခဲ့တဲ့ ဘုရင်ဟောင်း Léopold II ကို ချီးကျူးဂုဏ်ပြုတဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်သွားတဲ့ လူမမ်ဘာ က ချက်ချင်းပဲ တုံ့ပြန်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ပြိုင်ဘက် ခေါင်းဆောင် Moïse Tshombe က နိုင်ငံတောင်ပိုင်း Katanga ပြည်နယ်ကို ခွဲထွက်ကြောင်း ကြေညာလိုက်ပါတယ်။
အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂဆီက အကူအညီတောင်းပေမဲ့ မရတဲ့အတွက် ဆိုဗီယက်ယူနီယံဆီ အကူအညီတောင်းခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအတွက် သူ့ကို ဖယ်ရှားဖို့ အကြောင်းပြချက် ကောင်းကောင်း ဖြစ်သွားပါတယ်။
ဒီအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး သမ္မတနဲ့ သဘောထားကွဲလွဲရာကနေ နှစ်ယောက်သား အပြန်အလှန် ရာထူးကနေ ထုတ်ပယ်ကြပါတယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီး Mobutu က စစ်တပ်နဲ့ အာဏာသိမ်းလိုက်ပြီး လူမမ်ဘာ ကို ဖမ်းဆီးလိုက်ပါတယ်။
၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သူ့ကို စစ်တပ်စခန်းတစ်ခုမှာ အကျဉ်းချထားပြီး အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ လူမမ်ဘာ နဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်ခဲ့ပါတယ်။
လူမမ်ဘာနဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တာက Katangese ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီပစ်ခတ်မယ့် တပ်ဖွဲ့ကို အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး အမိန့်ပေးခဲ့တာကတော့ ဘယ်လ်ဂျီယံ စစ်ဗိုလ် ကက်ပတိန် Julien Gat ဆိုသူ ဖြစ်ပါတယ်။
ဒီကွပ်မျက်မှုကို ခတန်းဂါး ခွဲထွက်ရေးခေါင်းဆောင် Moïse Tshombe နဲ့ သူရဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ကွပ်မျက်ပြီးနောက် အလောင်းတွေကို အနီးအနားမှာပဲ ယာယီ မြေမြှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လူမမ်ဘာရဲ့ အုတ်ဂူဟာ နောက်ပိုင်းမှာ အာဇာနည်ဗိမာန်လို ဖြစ်လာပြီး ပြည်သူတွေရဲ့ ပုန်ကန်မှုတွေ ထပ်ဖြစ်လာမှာကို ဘယ်လ်ဂျီယံတွေက အလွန်စိုးရိမ်ခဲ့ပါတယ်။
ဒါကြောင့် မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာ အလောင်းတွေကို မြေမြှုပ်ထားရာကနေ ပြန်ဖော်ပြီး အစအနမကျန်အောင် အက်ဆစ်နဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတော့ ဒီကြံစည်မှုမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ နဲ့ ဘယ်လ်ဂျီယံ အစိုးရတို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ပေါ်ပေါက်လာပါတယ်။
သေဆုံးချိန်မှာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ လူမမ်ဘာ ရဲ့ နိုင်ငံရေးသက်တမ်းဟာ အလွန်တိုတောင်းလှပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကြောင့် ကွန်ဂိုမှာသာမက တကမ္ဘာလုံးက ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် ယနေ့တိုင် အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။
အရည်ဖျော် ဖျက်ဆီးခံခဲ့ရတဲ့ လူမမ်ဘာရဲ့ ခန္ဓာကိုယ်ထဲကနေ ရွှေသွားတစ်ချောင်း သာ ကျန်ရစ်ခဲ့ပြီး အဲဒီရွှေသွားကို ဘယ်လ်ဂျီယံ ရဲအရာရှိတစ်ဦးက အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀၂၂ ခုနှစ် ရောက်မှသာ ဘယ်လ်ဂျီယံအစိုးရက အဆိုပါ ရွှေသွားကို လူမမ်ဘာရဲ့ မိသားစု နဲ့ ကွန်ဂိုနိုင်ငံထံသို့ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။
နာမည်ကျော် လူမည်းအခွင့်အရေး လှုပ်ရှားသူ Malcolm X က "ပက်ထရစ် လူမမ်ဘာ ဟာ အာဖရိကတိုက်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးသမျှ လူမည်းတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ" လို့ ဂုဏ်ပြုပြောကြားခဲ့ပါကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ရပါတယ်။
ကူးယူ- သုတဇုံ
မယားများပြိုင်ယူတဲ့ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ
စစ်ကိုင်းတိုင်း၊ မုံရွာ၊ သာစည်နယ်မှာ "ဦးဘိုးရှိ" ဆို ခုထိ သိနေကြတုန်း။ နာမည်ကြီးနေတုန်း။ စံပြ ပြောဆိုနေရတုန်း။
အဘယ်သို့ကြောင့် ဆိုတော့...
ဦးဘိုးရှိဟာ အင်္ဂလိပ်ခေတ်တုန်းက အတော်လေး နာမည်ကြီးတဲ့ သူဌေးကြီးဖြစ်ပြီး လယ်ဧက သောင်းချီပိုင်သလို စားရင်းရှိ မယားတင် ၃၃ ယောက် ရှိသတဲ့။ မင်းတုန်းမင်းနီးနီး ပေါ့။
ဦးဘိုးရှိမှာ မိန်းမ အယောက် (၃၀) ကျော်ပေမဲ့ အချစ်ဦးကတော့ ဒေါ်ရံတဲ့။ ဒီလောက် မိန်းမတွေ အများကြီး ယူထားပေမဲ့ ဦးဘိုးရှိရဲ့ မိန်းမတွေဟာ သင့်မြတ်ကြတယ်တဲ့။ ဦးဘိုးရှိဟာ မိန်းမတစ်ယောက်ကို သဘောကျပြီဆိုရင် ပေါ်ပေါ်ထင်ထင် မိသားစုကို တောင်းရမ်းယူလေ့ရှိသူလည်းဖြစ်တယ်။
မိန်းမသွားတောင်းတဲ့အခါ မိဘတွေကို ငွေကျပ် ၅၀၀ ပေးခဲ့တယ်။ အဲခေတ်နဲ့ဆိုရင် ရွှေ ၂၀ သားတန်ဖိုးရှိတယ်လို့ပြောတယ်။ ဒါတင်မဟုတ် လက်ဝတ်လက်စားအဖြစ် ရွှေလက်ကောက် ၁၀ ရံ၊ ရွှေဆွဲကြိုး ၃ ကုံး ဥဿဖရား နားကပ်ပါ ဆင်ပေးတာလို့ပြောကြတယ်။ ယူပြီး နောက်ပိုင်းလဲ စိန်တစ်ဆင်ဆာဆင်ပြီး သေချာကိုထားသတဲ့။
ဦးဘိုးရှိက သဘင်တော့ အတော်လေး ကြိုက်ပြီး သူနေတဲ့ ၃ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ဇာတ်စင်ကြီး ဆောက်ထားသတဲ့။ ဦးဘိုးရှိကိုယ်တိုင်လဲ အချို့ ဇာတ်တွေမှာ ဝင်ကပြလေ့ရှိတယ်သလို ကိုယ်တိုင် ရှင်ဘုရင်အဖြစ်ကပြတဲ့အခါ သဏ္ဍာန်လုပ် သရုပ်ပါလွန်းလို့ ပွဲကြည့်ပရိသတ်တွေ သိပ်သဘောကျသတဲ့။ ပြီးတော့သူတင်မဟုတ် သူ့ရဲ့ ဇနီးမယားတွေကိုလဲ ဝင်ကခိုင်းသေးတယ်။
ကိုလိုနီခေတ် သူဌေးဆိုတော့ ဦးဘိုးရှိမှာ ကောင်းသတင်းရှိသလို မကောင်းသတင်းတွေလည်း များပါတယ်။ သူ့အကြောင်းကို ရှိနဲ့ သူ၏ချစ်သူများဆိုပြီး စာအုပ်ရေးထားလည်းရှိပါတယ်။
ဦးဘိုးရှိ နေထိုင်ခဲ့တဲ့ သုံးထပ်တိုက်ကြီးကတော့ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့ပေမယ့် ဒီတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များက အောင်မြေ နင်းသည်ဟု ယူဆကာ လာရောက်ကြည့်ရှု့မှုများလည်း ရှိကြပါတယ်။
ကဲ မုံရွာသားတွေ၊ သာစည်သားတွေ ဂုဏ်ယူရတဲ့ ဦးဘိုးရှိဆိုတာ ဒါပါပဲ ခင်ဗျာ။ ထပ်သိချင်ရင်တော့ သာစည်သားတွေ၊ မုံရွာသားတွေကို မေးကြည့်ကြပေတော့။
#သာစည်
#မုံရွာ
#ဦးဘိုးရှိ #
#komin.min45
![]() |
| တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ |
— ဘီအေ ဂျာဖေါ့ရ်
![]() |
| ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. |