Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 29, 2018

အာင်ချီး (Añgcí) စားကြမယ်!

ရေးသား        🌺 ရိုဟင်လေး
အမျိုးအစား     🌿 Rohingya Traditional Foods |

🍍အာင်ချီး (Añgcí)🍍


အမျိုးသမီးတွေရဲ့ အသည်းခိုက်ဖြစ် အချဉ်ယိုဟာ ရိုဟင်ဂျာ အစားအစာထဲ  နေရာ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ထားပါတယ်။ အချဉ်ယိုကို ရိုဟင်ဂျာ စကားမှာ အာံဆာရ် Añsar/ ဟောရော် အာံဆာရ် Hóro Añsar လို့ခေါ်ကြတယ်။ သရက်သီး၊ ဆီးသီး၊ မန်းကျည်းသီး စတဲ့ ရာသီပေါ် အသီးအနှံတွေကို ပျစ်ပျစ်ကျိုချက်ကာ ယိုသနပ်စုံ စားဖွယ် ပြုလုပ် စားသုံးခြင်းဖြစ်တယ်။ အဲ့ထဲမှာ အာင်ချီး ဆိုတဲ့ ယိုက သိပ်ကို ထင်ရှားတယ်။ အချဉ်ချိုကို ယေဘုယျအားဖြင့် အာင်ချီးလို့လဲ ခေါ်ကြတယ်။   အင်ချီးဆိုတာက သရက်နဲ့ လုပ်ထားတဲ့ သရက်သီးယို ဖြစ်ပါတယ်။ အင်ချီး စကားလုံးဟာ အာမ်ချီး ဆိုတဲ့ ရိုဟင်ဂျာ စကားနှင့် ဗမာစကား ပေါင်းစပ်ပြီးတော့ အသံပြောင်းဖြစ်လာတဲ့ စကားလုံး ဖြစ်တယ်။ ‘အာမ်’ဆိုတာက သရက်သီး၊ ‘ချီး’ ဆိုတာက ဗမာစကား ‘သီး’ မှ အသံပြောင်းတာ ဖြစ်တယ်။ အဲ့တော့ ‘အာင်ချီး’ စကားလုံးအနက်က သရက်သီး လို့ အဓိပ္ပာယ်ရပါတယ်။ 

ရိုဟင်ဂျာ လူမျိုးတို့သည် အာင်ချီးကို  သရက်သီးပေါ်ချိန်၌ ပြုလုပ်သိမ်းဆည်းတာဖြစ်တယ်။ အဲ့ဒါကို တစ်နှစ်ပတ်လုံး နည်းအမျိုးမျိုးနဲ့ သုံးဆောင်ကြတာပေါ့။ ကောင်းကောင်းမွန်မွန် ပြုလုပ်ထားတဲ့ အာင်ချီး ယိုကို ၂ နှစ် ၃ နှစ်တာင် ထားနိုင်ပါတယ်။ ချွတ်ယွင်းချက်မကင်းဖြစ်နေတဲ့ အာင်ချီး ယိုကိုမူ တစ်လတောင် ကြာကြာ မထားနိုင်ပါဘူး။ မှိုတက်ပြီး စားမရ ဖြစ်သွားတယ်။ 

အာင်ချီးယို ဟာ အခန်းကဏ္ဍများစွာ၌ ပါဝင်ကြတယ်။ ငါးဟင်း ချက်တဲ့ခါ ဟင်းထဲ နည်းနည်းထည့်ပေးကာ ဟင်းအရသာကို ထူးကဲစေတယ်။ ထမင်းနဲ့လဲ ဟင်းအဖြစ် တို့စားကြတယ်။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ အော့အန်ခြင်း စသည်တို့တွင် သရက်သီးယိုကို ဆေးအဖြစ်သုံးဆောင်ကြတယ်။ တကယ့် အစွမ်းတက်တယ်လို့ ပြောကြတယ်။ နွေရာသီ စကားဝိုင်းတွေမှာလဲ မုန့်ပဲသရေစာ အဖြစ် အိမ်ရှင်က အာင်ချီးယိုနဲ့ ဧည့်ခံတဲ့ ဓလေ့ရှိပါတယ်။ မင်္ဂလာပွဲတွင် သတို့သမီးကို မိဘထံမှ  အချဉ်ယိုဘူးမျိုးစုံ ခန်းဝင် ပစ္စည်းအဖြစ် ပေးရိုးရှိပါတယ်။ 

လိုအပ်တဲ့ပစ္စည်းများ
၁) သရက်သီးစိမ်း   (Aam)
၂) ဆီ                     (Tel)
၃) ငရုတ်ကောင်း   (Gul Moris)
၎) ကြက်သွန်ဖြူ      (Ruon)
၅) ဆား                  (Nun)
၆) ငရုပ်သီးခြောက် (Fúwana Moris)

အာင်ချီးပြုလုပ်နည်း (၁)

ဦးစွာ သရက်သီးကို အစိတ်စိတ် ပိုင်းဖြတ်ရတယ်။ ပြီးတော့ ဆားလူးပြီး သို့တည်းမဟုတ် ဆားရည်ထဲ သုံးလေးရက်လောက် စိမ့်ထားရတယ်။  ပြီးရင် သုံးလေးရက်လောက် နေပူလှန်လိုက်တော့။ တခြောက်ခြောက်ဖြစ်လာတာနဲ့  တခြား ပစ္စည်းတွေကို ဆီများများထဲ ကြော်ရပါတယ်။  ကြက်သွန်ဖြူတွေ လုံးဝကြွပ်ကြွပ်ဖြစ်သွားအောင် ကြော်ရတယ်။ သရက်သီးအစိတ်တွေ ဆီထဲလုံးဝနစ်သွားအောင် ဆီထဲရပါမယ်။ ပြီးရင် အအေးခံထားရမယ်။ အေးသွားလျှင် သုံးဆောင်လို့ရပြီ။ ဘူးထဲသိမ်းထားတော့…။ တနှစ် နှနှစ်အာမခံတယ်။ စားချင်စိတ်ရှိတဲ့ခါ စိတ်တိုင်းကျစားပေါ့။ 

အာင်ချီးပြုလုပ်နည်း (၂)

လုံးဝခြောက်သွားအောင် ကောင်းကောင်း နေပူလှန်ရတယ်။ ခြောက်တခေါက်ခေါက်ဖြစ်သွားတဲ့ သရက်သီးစိတ်ခြောက်တွေကို အပေါင်ခံရပါတယ်။ ဆီနဲ့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် မဆလာ တွေ ကြော်ထားရမယ်။ ပြီးရင် အပေါင်ခံထားတဲ့ သရက်သီးစိတ်နဲ့ ကြော်ထားတဲ့ ဆီတွေကို သမအောင် ရောစပ်ရပါတယ်။ လုပ်ပြီးရင် အအေးခံပေါ့။ ဘူးထည့်ပြီး သိမ်းထားလေတော့။

အာင်ချီး အရသာ ခံစားရအောင် ရိုစတိုင်လ်ကျကျ လုပ်ကြည့်ကြစို့…။ 

🍏🍎🍈🍇🍅🍎🍏🍄🍋🍊 🍓🍒🍑🍐🍍🌰🍈

No comments:

Post a Comment