Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 17, 2018

ကျွန်တော်သိတဲ့ မြင်စိုင်းပြည်

ကျွန်​​တော်​သိတဲ့ မြင်​စိုင်း​ရွှေပြည်
(တက္ကသိုလ်​ဝင်​တန်း မြန်​မာစာသင်​​ထောက်​ကူပြု)


ခေတ်​         - ပင်းယ​ခေတ်
စာဆို         - ငါးစီးရှင်​​ကျော်​စွာ
အမျိုးအစား - ကာချင်း
ရည်​ရွယ်​ချက်​ - မြင်​စိုင်းပြည်​၏ သာယာလှပပုံနှင့်​ မြင်​စိုင်းသားတို့၏ ဇာတိ​မာန်​စိတ်​ထက်​သန်​ကြပုံများကို သိရှိ​စေရန်​။

ပုဂံပြည်​ကြီး (ပုဂံ​ခေတ်​) ပြိုကွဲပုံ

အရိမဒ္ဒနာပူရ်​ဟု အမည်​ရ​သော ရန်​သူအ​ပေါင်းကို နှိမ်​နင်း​အောင်​နိုင်​​တော်​မူ​သည့်​ တိုင်းပြည်​ (သို့) ပုဂံပြည်​ကြီး​ခေတ်​သည်​ အ​နော်​ရထာမင်းလက်​ထက်​မှ စတင်​ကာ ၁၁ ဆက်​​မြောက်​​သော မင်းဖြစ်​သည့်​ တရုတ်​​ပြေးမင်းဟု လူသိများသည့်​ နရသီဟပ​တေ့မင်းလက်​ထက်​ထိ ဖြစ်​သည်​။ ထို​နောက်​ဆုံးမင်းသည်​ သိင်္ဃသူ့သမီး​ကျောက်​စာ (တက္ကသိုလ်​ဝင်​တန်း ၊ မြန်​မာစာစကား​ပြေ) အား ​ရေးထိုးခဲ့သည့်​ မိဖုရား၏ လင်​​ယောက်ျားဖြစ်​သည်​။ ထိုနရသီဟပ​တေ့မင်းလက်​ထက်​ ​အေဒီ ၁၂၈၃ ခုနှစ်​၌
မန်​ချူးတရုတ်​စစ်​သည်​တို့ ပုဂံသို့ စစ်​ချီတိုက်​လာသဖြင့်​ ​နရသီဟပ​တေ့မင်းသည်​ ကျူး​ကျော်​စစ်​ကို ကာကွယ်​နိုင်​ခဲ့​ခြင်းမရှိဘဲ ပုသိမ်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​ခဲ့ရ၏။ မန်​ချူးတရုတ်​တပ်​များ ပုဂံပြည်​မှ ပြန်​လည်​ထွက်​ခွာသွားအခါမှ နရသီဟပ​တေ့မင်းသည်​ ပုဂံပြည်​သို့ ပြန်​လာရန်​ စီစဉ်​၏။ ထိုမင်း ပုဂံပြည်​သို့ ပြန်​လာသည့်​ လမ်းခုလတ်​ပြည်​မြို့၌ သား​တော်​ဖြစ်​သူ၏ အဆိပ်​ခတ်​လုပ်​ကြံခြင်းကို ခံခဲ့ရပြီး ပုဂံပြည်​ကြီး မငြိမ်​သက်​​တော့ဘဲ ပြိုကွဲရ​လေ၏။

ပင်းယ​ခေတ်​ စတင်​ပုံ

ပုဂံပြည်​ကြီး ပြိုကွဲပြီး​နောက်​ မြန်​မာနှစ်​ ၆၆ဝ နှစ်​အလွန်​၌​ မြင်​စိုင်း ၊ စစ်​ကိုင်း ၊ ပင်းယ ဟူ​သော ပြည်​ငယ်​ (၃) ခု​ပေါ်​ပေါက်​လာပြီး အဆိုပါ ပြည်​ (၃) ခုအား မြန်​မာ့ယဉ်​​ကျေးမှုကိုမြတ်​နိုးသည့်​ ရှမ်းညီ​နောင်​သုံးဦးဖြစ်​​သော ရာဇသင်္ကြန်​ ၊ အသင်္ခယာ ၊ သီဟသူတို့က အသီးသီးမင်းပြုခဲ့ကြ၏။ထိုညီ​နောင်​သုံးဦးအနက်​မှ အငယ်​ဆုံးညီဖြစ်​သူ သီဟသူက ပင်းယကို မြန်​မာသက္ကရာဇ်​ ၆၇၄ ခုနှစ်​တွင်​ တည်​​ထောင်​ခဲ့သည်​။ ထို့​ကြောင့်​ ပင်းယခေတ်​ကို ​ရေတွက်​ရာ၌ သီဟသူမင်းဆက်​မှ စ၍ ​ရေတွက်​ရခြင်းဖြစ်​​ကြောင်း သိရသည်​။

ပင်းယတည်​​သူ သီဟသူ

သီဟသူသည်​ မြန်​မာနှစ်​ ၆၇၄ ခုနှစ်​တွင်​ ပင်းယကို တည်​​ထောင်​ပြီး​နောက်​ တိုင်းပြည်​အ​ခြေအ​နေ ငြိမ်​သက်​​ရေး ၊ ပြည်​ပကျူး​ကျော်​ရန်​များ ကာကွယ်​နိုင်​​ရေးနှင့်​ ပြည်​တွင်းစစ်​အင်​အား ​တောင့်​တင်းလာ​စေ​ရေးတို့အတွက်​ မကြာခဏဆိုသလိုပင်​ စစ်​​ရေးပြပွဲများ ပြုလုပ်​ခဲ့​ကြောင်း သိရ၏။ အထူးသဖြင့်​ ပြာသိုလ၌ မြင်းခင်းသဘင်​ပွဲများ ပြုလုပ်​ပြီး ဆင်​​ရေး ၊ မြင်း​ရေး ၊ ဓား​ရေး ၊ လှံ​ရေး ​ပြိုင်​ပွဲများ ပြုလုပ်​ကျင်းပခဲ့သည်​။ ၄င်းပြပွဲပြိုင်​ပွဲများ၌ ဓား​ရေးပြသည့်​ ကာ​ရေးပြခြင်းလည်း ပါဝင်​ခဲ့သည်​။ ကာ​ရေးပြသည်​ဟု ဆိုသည်​မှာ ဗန်းငယ်​ကဲ့သို့ ခပ်​ဝိုင်းဝိုင်းသဏ္ဌာန်​ရှိ​သော "ကာ"ကိုကိုင်​၍ ဓား​ရေးပြကပြခြင်းဖြစ်​သည်​။ထို​ခေတ်​က မြင်​စိုင်းသားတို့သည်​ ကာ​ရေးပြရာတွင်​ ထူးချွန်​ခဲ့ကြသည်​ဟု ယူဆရပြီး "ကာ​ရေး"ပြရန်​အတွက်​ ကာချင်းများကို ​ရေးဖွဲ့သီဆိုခဲ့ကြ​ကြောင်း သိရသည်​။သီဟသူကိုယ်​တိုင်​ပင်​ သူ၏ ​နောက်​လိုက်​တပည့်​စစ်​သည်​များ စစ်​​သွေးစစ်​မာန်​များ တက်​ကြွလာ​စေရန်​ "ခါး​ပတ်​​တော်​မှာ ​ရွှေချည်​စုံ ၊ မှိုင်းလုံး​ရွှေဝတ်​လုံ ၊ မလုံသာချမ်း​အေးမြ"ချီတျာချင်းကို ​ရေးစပ်​ကာ ကိုယ်​တိုင်​ကပြခဲ့​ကြောင်း သိရသည်​။

သီဟသူ၏ တျာချင်း

"ခါး​ပတ်​​တော်​မှာ ​ရွှေချည်​စုံ ၊ မှိုင်းလုံး​ရွှေဝတ်​လုံ ၊ မလုံသာချမ်း​အေးမြ ၊ မိုး​သောက်​ထ ​ရောင်​ဖြူလာငယ်​ကို ထိပ်​ပန်းပန်​ငယ်​ မြင်းခင်းကြွပါလို့​လေး။ အလှငယ်​လာမည့်​ လမ်းငယ်​ကို ၊ ​မျှော်​​ယောင်​တမ်းလို့​လေး ၊ ယမန်​ယမန်​လယ်​တွင်​ မြင်​ပါလိုက်​ငဲ့ မယ့်​ထိပ်​တင်​ ၊ မြင်းတဲ့ မြင်းဖြူရှင်​။ ​လျှောင်​တွင်​​လေတင့်​ဆုံး ၊ နားမှာသာ ပန်းကြက်​ရုန်းငယ်​​နှင့်​​လေး။ ​လျှောင်​နားလုံးတွင်​ အပြည့်​သာဆင်​ မြင်​ပင်​ မြင်​ပါလိုက်​ပါစ​လေး ။ ​ရွှေနန်း​ငွေနန်းသူ ၊ ငယ်​မူငယ်​ယာသားနှင့်​ ၊ သနားချစ်​စရာ။"

သားငယ်​ ငါးစီးရှင်​​ကျော်​စွာ

ကျော်​စွာသည်​ သီဟသူ၏ သား​တော်​ငယ်​ဖြစ်​ပြီး ​နောင်​​တော်​ ဥဇနာကဲ့သို့ပင်​ ဘုရင့်​သား မြို့စားတစ်​ဦးဖြစ်​ပြီး ပင်​လယ်​မြို့ကို အပိုင်​စားရ​ကြောင်း သိရသည်​။ ထို​ကျော်​စွာ အပိုင်​စားရသည့်​ နယ်​​မြေမှ ပထမဆုံး ဆင်​ဖြူတစ်​စီးထွက်​​ပေါ်လာခဲ့ပြီး နဂါးပတ်​ရိုးစိုင်​ဖြူ​နေ​သော ထိုဆင်​ဖြူ၏ အမည်​ကို "ပုလဲတမူး"ဟု ​ကျော်​စွာက မှည့်​ခဲ့​ကြောင်းသိရသည်​။ ထို့​နောက်​တွင်​ ​ကျော်​စွာသည်​ "မဟာ​ကေသရ"အမည်​​သော ဒုတိယဆင်​ဖြူတစ်​စီးကိုလည်း​ကောင်း ၊ "သန်​မြန်​စွာ"ဟု အမည်​ရ​သော တတိယ​မြောက်​ဆင်​ဖြူကိုလည်း​ကောင်း ၊ "ဥ​ပေါသထ"မည်​​သော စတုတ္တ​မြောက်​ ဆင်​ဖြူကိုလည်း​ကောင်း ၊ "ချစ်​စွမရဲ" အမည်​ရ​သော ပဉ္စမ​မြောက်​ ဆင်​ဖြူတစ်​စီးကိုလည်း​ကောင်း ရရှိခဲ့​ကြောင်း သိရသည်​။ နောင်​​တော်​ဥဇနာကလည်း ​ပြည်​သူများက ချစ်​ခင်​နှစ်​သက်​သည့်​ ဆင်​ဖြူငါးစီးရ ​ကျော်​စွာအား ကိုယ်​တိုင်​ထီးနန်းတင်​ခဲ့​ကြောင်း သိရသည်​။ ထို့​ကြောင့်​ ​ကျော်​စွာသည်​ မြန်​မာနှစ်​ ၇ဝ၄ ခုနှစ်​တွင်​ ပင်းယ၌ ဘုရင်​ဖြစ်​လာပြီး "ငါးစီးရှင်​​ကျော်​စွာ"ဟု အမည်​ရလာ​ကြောင်း သိရသည်​။

ငါးစီးရှင်​ရဲ့ ကာချင်း

ငါးစီးရှင်​​ကျော်​စွာသည်​ ထီးနန်းစိုးစံကာ ဘုရင်​ဖြစ်​လာပြီး​နောက်​ ဖခင်​သီဟသူကဲ့သို့ပင်​ စစ်​​ရေးဖက်​၌ ထူးချွန်​သည်​သာမက စာ​ပေဗီဇရှိသူ​လည်း ဖြစ်​သဖြင့်​ ​သူ၏ ငယ်​စဉ်​ကတည်းကပင်​ ဖခင်​၏ စစ်​​ရေးပြအခမ်းအနားများနှင့်​ ဖခင်​ကိုယ်​တိုင်​စပ်​ဆိုခဲ့သည့်​ "ခါးပတ်​​တော်​မှာ ​ရွှေချည်​စုံ ၊ မှိုင်းလုံး​ရွှေဝတ်​လုံ ၊ မလုံသာချမ်း​အေးမြ "ချီ တျာချင်းကို အထူးနှစ်​သက်​ခဲ့သူဖြစ်​​​ကြောင်း သိရသည်​။ ထို့​ကြောင့်​ သူ ဘုရင်​ဖြစ်​လာ​သောအခါ "မြင်​စိုင်း​ရွှေပြည်​" ကာချင်းကို ကိုယ်​တိုင်​စပ်​ဆို​ကာ​ ကာရေးပြခဲ့​ကြောင်း သိရသည်​။

ကာချင်းဆိုသည်

ကာချင်းဆိုသည်​မှာ လက်​ယာလက်​က ဓား ၊ လက်​ဝဲလက်​က "ကာ"ကိုကိုင်​ကာ တစ်​ဖက်​က တိုက်​ခိုက်​လာသည်​ကို ကာကွယ်​ ဟန်​၊ ဓားခုတ်​ဟန်​ ၊ ဓားဝင့်​ဟန်​များဖြင့်​ ​ခြေကို သိုင်းကွက်​ကျနင်း၍ ကရာတွင်​ သီဆိုရ​သော ​တေးကဗျာတစ်​မျိုးဖြစ်​သည်​။ တစ်​နည်းအားဖြင့်​ စစ်​​သွေး စစ်​မာန်​ အားမာန်​တက်​ကြွ​စေ​သော ​သီချင်းတစ်​မျိုးလည်း ဖြစ်​​ကြောင်း တက္ကသိုလ်​ ဝင်​တန်း ၊ မြန်​မာစာပြဋ္ဌာန်းစာအုပ်​တွင်​ ​ဖော်​ပြထားသည်​။

မြင်​စိုင်းမြို့ တည်​​နေရာ

မြင်​စိုင်းမြို့​ဟောင်းသည်​ မန္တ​လေးတိုင်း ၊ ​ကျောက်​ဆည်​မြို့၏ အ​ရှေ့ ​တောင်​ယွန်းယွန်း ၄ မိုင်​ခန့်​အကွာတွင်​ တည်​ရှိခဲ့​ကြောင်း သိရပြီးအဆိုပါ​နေရာတွင်​ မြို့ရိုး​ဟောင်း ၊ ​ရှေ့​ဟောင်း​စေတီပုထိုးများကို ​တွေ့မြင်​နိုင်​​ကြောင်း သိရသည်​။ ​ရှေး​ဟောင်း​စေတီပုထိုးများဖြစ်​သည့်​ လက်​သယ်​ဘုရား ၊ ချမ်းသာရဘုရား ၊ နန်းဦးဘုရား ၊ ​လေးမျက်​နှာဘုရားနှင့်​ ​ရွှေဥမင်​​စေတီတို့က ထင်​ရှား​သည်​။ထိုအထဲမှ ​ရွှေဥမင်​​စေတီနှင့်​ ၄င်းအတွင်းရှိ ပန်းချီလက်​ရာတို့သည်​ စိတ်​ဝင်​စားဖွယ်​ရာ​ ကောင်းသည်​"ဟု ​ရှေး​ဟောင်းသု​တေသနအစီရင်​ခံစာ (၁၉၆၄/၉၅) ခုအတွက်​ နှစ်​ချုပ်​အစီရင်​ခံစာတွင်​ ဆိုထားသည်​။ ယခု ကုလား​ကျောင်းတည်​​နေရာသည်​ မြင်​စိုင်းမြို့​ဟောင်း​နေရာ ဖြစ်​သည်​။

"မြင်​စိုင်း​ရွှေပြည်​"ကာချင်းကို စကား​ပြေပြန်​ခြင်း

"တာဝတိံသာ နတ်​ရွာ​လော ​နတ်​ရွာ​လော
ဟုတ်​တည်း ရှင်​ချင်း ရှင်းချင်း
ဟုတ်​တည်း ​ဆွေရင်း ​ဆွေရင်း
ဟုတ်​တည်း သည်​ရင်း သည်​ရင်း"

ဤပြည်​သည်​ တာဝတိံသာ နတ်​ပြည်​ဟုတ်​ပါသလား ...ဟုတ်​ပါတယ်​ ... ​သေ​ဖော်​ ရှင်​ဖက်​ ငါ့အရှင်​တို့ ...ဟုတ်​ပါတယ်​ ... မိတ်​​ဆွေ အ​ပေါင်းအသင်း ​ရောင်းရင်းတို့ ...ဟုတ်​ပါတယ်​ ... ချစ်​ဇနီး ကြင်​​ဖော်​တို့ ...�
(အထက်​ပါစာသားများကို ခြုံငုံကြည့်​ရမည်​ဆိုပါက မြင်​စိုင်းပြည်​သည်​ တာဝတိံသာနတ်​ပြည်​တစ်​မျှ ခမ်းနားလှပ ၊ သာယာ​နေ​ကြောင်း ​ထောက်​ခံ​ပြောဆိုကြခြင်း ယူဆရပါသည်​)

"မြင်​စိုင်းဟူသည်​ ​ရွှေပြည်​ ​ရွှေပြည်
မြင်​စိုင်း​ရွှေပြည်​ ပန်းသင်း​ခွေ
ပင်​​ခြေချုံထက်​နွယ်​ ချုံထက်​နွယ်​"

မြင်​စိုင်းဆိုသည်​မှာ မိမိတို့ ချစ်​မြတ်​နိုး​သော ​ရွေပြည်​ဖြစ်​သည်​။ မြင်​စိုင်းပြည်​၌ ​နွေရာသီတွင်​ သင်း​ခွေပန်းများသည်​ သစ်​ပင်​ကြီး​အောက်​​ခြေမှ ပန်းရုံအဖြစ်​အထက်​သို့ နွယ်​တက်​ကာ ပွင့်​လန်း​နေပါသည်​။

"​တောင်​​လေရှုန်းရှုန်း မိုးခတ်​အုန်း
ကင်​ပုန်းပွင့်​ချီချယ်​ ပွင့်​ချီချယ်​"
တောင်​​လေ တရှုန်းရှုန်းတိုက်​ခတ်ပြီး မိုးတအုန်းအုန်းရွာသန်းသည့်​ မိုးရာသီ၌ကား ကင်​ပုန်းပန်း​လေးများက ချီချီကြွကြွ ဖူးဖွင့်​​နေကြပါသည်​။

"နွယ်​ပန်းခွာညို ပွင့်​​ပေလို
ပြာသို​ဆောင်းလလယ်​ ​ဆောင်းလလယ်​"
နိုင်​ငံတစ်​လွှားတွင်​ မြင်းခင်းသဘင်​ပွဲများ ကျင်းပသည့်​ ​ဆောင်းရာသီပြာသိုလ၌ ခွာညိုနွယ်​ပန်းက ​ဝေ​ဝေဆာဆာ ဖူးပွင့်​​နေသည်​ကို ​တွေ့မြင်​နိုင်​ပါသည်​။

(အထက်​ပါ ကဗျာစာပိုဒ်​များကို ခြုံငုံ၍ ​ပြောရမည်​ဆိုလျှင်​ မြင်​စိုင်း​ပြည်​၌ ရာသီဥတုမျှတ​ကောင်းမွန်​ပြီး ရာသီအလိုက်​ ပန်းများဖြင့်​ ဖူးပွင့်​​ဝေဆာ​နေပုံအား ရည်​ရွယ်​သည်​ဟု ယူဆနိုင်​ပါသည်​)

"​တောင်​ထွတ်​ဖျားဆီ ​ရွှေစာတီ
သရီရ ဓာတ်​စွယ်​ သရီရ ဓာတ်​စွယ်​"
မြင်​စိုင်း​ဒေသ ပတ်​ဝန်းကျင်​တစ်​ခွင်​လုံးရှိ ​တောင်​ထိပ်​ ၊ ​တောင်​ထွတ်​ဖျားများ၌ ​ရွှေ​ရောင်​တဝင်းဝင်းဖြင့်​ ​တောက်​ပထွန်း​ပြောင်​​နေ​သော ​စေတီပုထိုးများကို ​တွေ့မြင်​နိုင်​သည်​။ ထို့​စေတီပုထိုးများသည်​ ဗုဒ္ဓမြတ်​စွာဘုရား၏ ကိုယ်​ခန္ဓာမှ ဖြစ်​​ပေါ်သည့်​ ဓာတ်​​တော်​ ​မွေ​တော်​များအား ဌာပနာထားကာ တည်​ထားကိုးကွယ်​​နေကြသည့်​ ​စေတီ​တော်​များ ဖြစ်​သည်​။

(ဤအချက်​ကို ကြည့်​ခြင်းအားဖြင့်​ ထို​ခေတ်​ ၊ ထိုကာလ မြင်​စိုင်းပြည်​၏ ဘာသာ ၊ သာသနာ စည်​ပင်​ထွန်းကားပုံတို့ကို ​ရည်​ရွယ်​​ကြောင်း ယူဆနိုင်​ပါသည်​)

"​ယာဆီ​မြေ​ကောင်း ကျသည့်​​ပြောင်း
မ​နှောင်းမှည့်​​ဆောလွယ်​ မှည့်​​ဆောလွယ်​"
မြင်​စိုင်း​ဒေသ၏ လယ်​ယာ​မြေများသည်​ ​မြေဆီ​မြေသြဇာ​ကောင်းမွန်​ပြီး စိုက်​ပျိုးကြသည့်​ ဆန်​ ၊ ​ပြောင်း ၊ စပါးခင်းတို့ သည်​ အချိန်​တိုကာလအတွင်း အလွယ်​တကူပင်​ ရင့်​မှည့်​လွယ်​ကြသည်​။

"ခါနှင့်​ ဘုတ်​ချိုး ၊ ကြက်​​တောမျိုး
လိုစိုး ကျက်​​မြေကျယ်​ ကျက်​​မြေကျယ်
ယှဉ်​​ဖော်​မ​ဝေး ​ဖော်​​ရွှေ​ကျေး
စာ​နွှေး စားလိုဖွယ်​ စားလိုဖွယ်​"
မြင်​စိုင်းပြည်​၌ ​မြေဆီ​မြေသြဇာ​ကောင်းမွန်​သဖြင့်​ ပြည်​သူပြည်​သားများအတွက်​သာမက ခါ၊ဘုတ်​ ၊ ချိုး စ​သော ​ကျေးငှက်​သာရကာများအတွက်​ပါ စားနပ်​ရိက္ခာများ ဖုံလုံပြည့်​စုံပါသည်​။ထို​ကျေးငှက်​များသည်​ မြင်​စိုင်းပြည်​၏ ကျယ်​​ပြောလှသည့်​ လယ်​ယာစိုက်​ခင်းများတွင်​ အစာများကို မိမိအ​ပေါင်းအ​ဖော်​များ ကွဲခွာ၍ ​ဝေး​ဝေးလံလံ ရှာ​ဖွေ​နေစရာမလိုဘဲ အလွယ်​တကူပင်​ စားသုံးနိုင်​ကြပါသည်​။
(ဤအချက်​များသည်​ မြင်​စိုင်းပြည်​၌ ​မြေဆီ​မြေသြဇာ​ကောင်းမွန်​သဖြင့်​ ပြည်​သူပြည်​သားများအတွက်​ စားနပ်​ရိက္ခာများ ဖုံလုံရုံသာမကဘဲ ​ကျေးငှက်​များပါ စား​သောက်​မကုန်​နိုင်​​အောင်​ထိ စားနပ်​ရိက္ခာများ ​ပေါကြွယ်​ဝပုံကို ရည်​ညွှန်း​ကြောင်း ယူဆနို​င်​ပါသည်​)

"ယရည်းသွန်းသွန်း မြင်းသည်​ဝန်း
လှံချွန်း တွန်းတက်​ပယ်​ တွန်းတက်​ပယ်​"
မြင်​စိုင်းပြည်​ကြီးကို ကာကွယ်​မည့်​ စွင့်​စွင့်​မြင့်​မြင့်​ ဆင်​တပ်​ကြီးကို ထိန်းချုပ်​ ၊ ကွပ်​ကဲကာ ချီတက်​​နေကြသည်​။ အဆိုပါဆင်​တပ်​ကြီးအား မြင်းသည်​​တော်​များတပ်​က ထပ်​ဆင့်​ဝန်းရံကာ ချီတက်​လာပါသည်​။ တဖန်​ လှံတပ်​ ၊ ​ခြေလျင်​တပ်​များကလည်း မိမိတို့တိုင်းပြည်​အား ကျူး​ကျော်​လာမည့်​ ရန်​သူအ​ပေါင်းကို အပြတ်​​ချေမှုန်းတိုက်​ခိုက်​ရန်​ အသင့်​ဖြစ်​​နေသည်​။

(ဤအချက်​မှာ မြင်​စိုင်းပြည်​၏ စစ်​​ရေးအင်​အား ကြီးမား​တောင့်​တင်းပုံနှင့်​ ပြည်​ပကျူး​ကျော်​ရန်​ကို ကာကွယ်ရန်​​အသင့်​ဖြစ်​​နေ​ကြောင်း ရည်​ညွှန်းဟန်​တူပါသည်​)

"​စောလူးစီးတန်​ မျိုးဆက်​ဒန်
လျင်​ထန်​မြင့်​မဆွယ်​ မြင့်​မဆွယ်​"
မြင်​စိုင်းပြည်​၌ မြင့်​မြတ်​ပျိုရွယ်​​သော မင်းများသာ စီးခွင့်​ရ​သည့်​ အ​ရောင်​​ခြောက်​ပါးနှင့်​ ပြည့်​စုံ​သော ဆင်​ဖြူများလည်း ရှိပါသည်​။ ထိုဆဒ္ဒန်​မျိုးနွယ်​ဆင်​များကြီးများက ဆင်​တပ်​ကြီးကို ​ရှေ့ဆုံးမှာ ရပ်​ကာ ဦး​ဆောင်​​နေသဖြင့်​ ရန်​အ​ပေါင်းကို အလျင်​အမြန်​ပင်​ ဖြိုခွင်းနိုင်​ပါသည်​။

(ဤအချက်​က မြင်​စိုင်း​ဒေသသည်​ မြင့်​မြတ်​​သော ဆဒ္ဒန်​အနွယ်​ဝင်​ ဆင်​ဖြူ​တော်​များဖြင့်​ ကျက်​သ​ရေမြင့်​ ဂုဏ်​တင့်​​နေ​သော နိုင်​ငံ​တော်​ဖြစ်​​ကြောင်း ယူဆရပါသည်​)

"​မြှောက်​စည်​လတီး ဝင်​ခါနီး
စောထီး နန်းထက်​ကျယ်​ နန်းထက်​ကျယ်​"
မြင်​စိုင်းနန်း​တော်​ထဲ၌ ဧကရာဇ်​ဘုရင်​မင်းမြတ်​တို့ ဝင်​​တော်​မူရန်​ ​မြှောက်​စည်​ကို တီးခတ်​​လေ့ရှိသည်​ကလည်း မြင်​စိုင်းနန်း​တော်​၏ ကိုယ်​ပိုင်​ယဉ်​​ကျေးမှုတစ်​ခုဖြစ်​ပါသည်​။

"သာသည့်​​မြေပြင်​ ​စောနတ်​ရှင်
နန်းခွင်​ရှုတင့်​တယ်​ ရှုတင့်​တယ်​"
မြင်​စိုင်းနန်း​တော်​သည်​လည်း သာယာ​ပြန့်​ပျူးသည့်​ ​မြေပြင်​၌ ​ဆောက်​လုပ်​ထားခြင်းဖြစ်​ပြီး နန်း​တော်​အတွင်း၌ ရှုမငြိမ်းနိုင်​​အောင်​ပင်​ လှပတင့်​တယ်​​နေပါသည်​။ ဘုရင်​များကလည်း မင်းကျင့်​တရားများနှင့်​အညီ အုပ်​ချုပ်​​နေပါသည်​။

(ဤအချက်​မှာ မြင်​စိုင်းနန်း​တော်​၏ ခမ်းနားကြီးကျယ်​ပုံနှင့်​ မြင်​စိုင်းကို အုပ်​စိုးသည့်​ ဘုရင်​၏ မင်းကျင့်​တရားနှင့်​ အညီ အုပ်​ချုပ်​ပုံကို ရည်​ရွယ်​​ကြောင်း ယူဆရသည်​)

"အထူး​လော တက်​တိမ်​​လော ​နေ​ရောင်​​လော"
မင်​စိုင်းပြည်​သည်​ အခြားပြည်​များထက်​ ထူးခြားခမ်းနား​သော တိုင်းပြည်​ဖြစ်​ပြီး ​ကောင်းကင်​ထက်​ရှိ တိမ်​တိုက်​အလယ်​က တာဝတိံသာ နတ်​ပြည်​ပမာ ခမ်းနားကြီးကျယ်​သည့်​ တိုင်းပြည်​ဖြစ်​သည်​။

အချုပ်​အ​နေဖြင့်​ ဆိုရလျှင်​ မြင်​စိုင်းပြည်​သည်​ တာဝတိံသာ နတ်​ပြည်​ကဲ့သို့ပင်​ ခမ်းနားကြီးကျယ်​​သော တိုင်းပြည်​ဖြစ်​​ကြောင်း ၊ မြင်​စိုင်းပြည်​၌ ရာသီဥတုမျှတ​ကောင်းမွန်​သဖြင့်​ ရာသီအလိုက်​ ပန်းများ ​ဝေ​ဝေဆာဆာ ဖူးပွင့်​​နေကြ​ကြောင်း ၊ မြင်​စိုင်းပြည်​သည်​ ဗုဒ္ဓဘာသာ ၊ သာသနာ စည်​ပင်​ထွန်းကား​နေ​သော တိုင်းပြည်​ဖြစ်​​ကြောင်း ၊ မြင်​စိုင်းပြည်​၌ ​မြေဆီ​မြေသြဇာ​ကောင်းမွန်​သဖြင့်​ စားနပ်​ရိက္ခာများသည်​ ပြည်​သူများအတွက်​သာမက ​ကျေးငှက်​သာရကာများအတွက်​ပါ ဖုံလုံပြည့်​စုံ​နေ​ကြောင်း ၊ မြင်​စိုင်းပြည်​၏ စစ်​အင်​အား​တောင့်​တင်းပုံ ၊ မြင်​စိုင်းပြည်​၏ ယဉ်​​ကျေးမှု ထွန်းကားပုံနှင့်​ မြင်​စိုင်းနန်း​တော်​၏ ခမ်းနားကြီးကျယ်​ပုံတို့ကို ​ဖော်​ပြထားသည်​ကို ​တွေ့ရပါသည်​။

ဦးမြတ်​စိုး​ကျော်
(မြန်​မာစာ)

No comments:

Post a Comment