အိပ်ရေးပျက် ဒုက္ခ
ဌာနေဇာတိ မွေးတဲ့အိမ်မှာ
အိပ်စက်နားယူ ထိုတစ်နေ့ခါ
သေနတ်ပစ်သံ တုန်လှုပ်ချောက်ချား
ဝါဂွမ်းစို့နား အိပ်စက်နေစဉ်
အိပ်မက်ထဲမှာ ဓါးသွေးသံကြား
ကြောက်လန့်တကြား နှိုးထလာကာ
နှလုံးတုန်မြန် ချွေးထွက်အလွန်
ဘေးပတ်ကိုကြည့် မီးပုံကလွှမ်း။
လောင်ချာပစ်သံ မစဲမပြတ်
ခြိမ့်ခြိမ့်ထွက်လာ ဒီဝန်းကျင်က
ငရဲပြည်နှင့် သဏ္ဍန်တူလာ:
ရှောင်ကာထွက်ပြေး ရိုဟင်ဂျာများ
ဘယ်မှာအိပ်ရေး မပြည့်တစ်ရေး။
ဒုက္ခသည် စခန်းရောက်သော် ...
အပင်ရှားတဲ့ တောင်ကတုံးပေါ်
နားခိုစရာ တဲလေးဆောက်လည်း
နေမင်းအပူ မီးနှင့်အတူ။
မိုးရွာပြန်သော် ကြမ်းပြင်ရေလွမ်း
ခေါင်မိုးပျော့မှ မိုးရည်ယိုလျှံ
တဲတစ်ခုလုံး လှဲစရာရှား။
နေမင်းပူပူ မိုးကရွာရာ
ဒီတဲကလေး စည်းစိမ်မကျ
နေ့ရောညပါ အိပ်ရေးပျက်တတ်။
မွေးရပ်မြေမှာ တို့အရာရာ
စွန့်လွတ်လိုက်ရ ပူဆွေးတမ်းတ
အတိတ်နေ့ရက် တွေးပြန်ကြည့်လျှင်
အဆက်မပြတ် မျက်ရည်ဝဲလို့
ခေါင်းချသည့်အုံး စိုစွတ်လာတတ်။
မောပန်းလွန်းခါ အိပ်ပျော်ခဏ
နစ်မြုပ်နေတဲ့ လှေကလေးကို
ကယ်မယ့်သူရှား ပင်လယ်ပြင်မှ
လူ့အော်သံက လန့်နိုးစေရာ
ဒီလိုအိပ်မက် မက်ဖန်များတယ်။
အိပ်မောကျကျ အိပ်ရေးဝဝ
အိပ်မရတဲ့ နေ့ညတွေဟာ
ပို၍ပို၍ တိုးပွားလို့လာ။
ဒါတွေဟာ ...
ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခြင်းကင်းမဲ့တဲ့
ရို-တို့ရဲ့ ပကတိဘဝ။
ရေးသူ__အေနာမုလ် ဟားဆောင်း
မွမ်းမံ တည်းဖြတ်သူ__ဆရာ ဇင်မင်းဖြိုး
No comments:
Post a Comment