ရေးသား - ရိုဟင်လေး
“Gánír bolot baijjé holot, Suk tákité añdá, mone mone goijjé gadá, te foiñíccé Sañda.”
အဓိပ္ပာယ်-
“ဆီိဆုံ ထောင်ချောက်မိတဲ့ နွားလား၊ မျက်စိရှိလျက် မျက်ကန်းပါ၊ စိတ်ထဲ တွေးမှတ်နေ သံတွဲကို ဆိုက်ပြီလို့လေ၊ ကိုမြည်း (ငနွား) ရေ…။”
အညာဒေသမှာ ဆီကို ပဲတောင့်၊ မုညှင်း၊ နှမ်း စသည်တို့မှ ဆီဆုံနဲ့ ကြိတ်ကာ ထုတ်ယူတယ်။ ဆီဆုံကို ရိုဟင်ဂျာ စစကားမှာ ဂါးနီး {Gáni} လို့ခေါ်ကြတယ်။ အဲ့ဆီကြိတ်ဆုံ၌ ခိုင်းထားတဲ့ နွားရဲ့ မျက်စိ၌ အဖုံးကာထားတာကို မြင်ဖူးမှာပါ။ တကယ်တော့ ပိုင်ရှင်က နွား စက်ဝန်းအလျှောက် လည်ပတ်တာများတော့ ခေါင်းမူး ပင်ပန်းမှာ စိုးလို့ မျက်စိကာထားတာ ဖြစ်တယ်။ အာ့ကြောင့် သူက ပတ်ဝန်းကျင်ကို မမြင်နိုင်ဘူး။ အလုပ်ခွင် စဝင်ကတည်းက လျှောက်လည်ပတ် နေရတာကိုး။ တနေကုန် လည်ပတ်သွားနေရတော့ ခရီးဝေးတစ်ခုသို့ သွားနေဟန် သူခံစားရတယ်တဲ့။ ကြိတ်ဆုံမှ လွတ်တော့ အစာရေစာ စားသောက်ရန် အလို့ငှာ ပိုင်ရှင်က မျက်စိအဖုံး ဖွင့်ပေးတာပေါ့။ ဒါနဲ့ သူ ကခုန် ဘေးညာ ပြေးတယ်။ အဲ့ ဆင်ခြင်တရားမဲ့ ကိုမြည်း (ငနွား)က မှုန်ရီရီ မျက်သူငယ်နဲ့ သံတွဲမှန်းပြီး ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ ဟိုး နေ့စက စတင် လမ်းလျှောက်ခဲ့တဲ့ ဆီဆုံဘေးနား နေရာမှန်းသိပြီး စိတ်ပျက်ကုန်ရတယ်။
ဒီလင်္ကာက မစူးစမ်း မဆင်မခြင်ဘဲ စိတ်ကူးကြီးကြီးနဲ့ ပေါက်ကရ အားတိုက်အင်တိုက် လုပ်ဆောင်နေသူ တစ်ချို့က ထင်တဲ့အတိုင်း မဖြစ်ဘဲ အချည်းနှီး ဖြစ်သွားကြောင်းကို ဥပမာဆောင်တဲ့ ရှေးစကားဖြစ်တယ်။
--------------------------------------------
ဆက်လက်ပြီး
No comments:
Post a Comment